အမျိုးသားရေးဝါဒ စတင်ပေါ်ပေါက်လာခြင်း
အင်္ဂလန်တွင် ပထမမြောက်ဂျိန်းဘုရင် (၁၅၆၆- ၁၆၂၅) က ဘုရင်နှင့် ဘုရားသခင်၏ တန်ခိုးအာဏာ တူညီသည်ဟူသော အယူအဆဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို လွှမ်းမိုး ချုပ်ကိုင်ထားခဲ့သည်။
ထို့အတူယင်းအယူအဆကို လက်မခံသူများက ဆန့်ကျင်ခဲ့ကြပြီး၊ တရားရေးပါရဂူ ဂျွန်ဆဲလ်ဒန် (John Seldon) ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ ဘုရင်ကို ဝေဖန်ခြင်းကြောင့် ခေါင်းဖြတ်စက်ဖြင့် အသတ်ခံရသည်။
နောက်ပိုင်းတွင် ဘုရင်သည်သာ အချုပ်အခြာအာဏာ ပိုင်ရှင်ဖြစ်ကြောင်း ထောက်ခံသည့် ဘုရင့်ဂိုဏ်းသားများနှင့် အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်မှာ ပြည်သူသာ ဖြစ်ကြောင်း လက်ခံထားသည့် ပါလီမန်ဂိုဏ်းသားတို့ တိုက်ခိုက်ခဲ့ကြရာ ၄င်းပြည်တွင်းစစ်တွင် ပါလီမန်ဂိုဏ်း သားတို့ အောင်ပွဲခံနိုင်ခဲ့ကြလေသည်။
ထိုအချိန်ကာလက ဂျိန်းဘုရင်ကို ဆန့်ကျင်တော်လှန်သူများထဲတွင် ပြင်သစ်ဘုန်းတော်ကြီး သြောဂတ်စတင်း ဘာရု(လ်)သည် ထင်ရှားပြီး၊ အမျိုးသားဝါဒ (Nationalism) ဟူသော ဝေါဟာရကို ယင်းက စတင်သုံးစွဲခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် (၁၆) ရာစု နိဂုံးပိုင်းလောက်တွင် ပြင်သစ်နိုင်ငံ၌ ပေါ်လတစ် (Politiques) ဟူသော နိုင်ငံရေးပါတီတခု ပေါ်ထွန်းလာခဲ့သည်။ ယင်းပါတီသည် လူသာ(Luther) နှင့် မက်ခီဗယ်လီ(Machiavelli)တို့၏ အတွေးအမြင်များကို ထောက်ခံသည်။
၄င်းပါတီ၏ အယူအဆသဘောတရားမှာ နိုင်ငံသားတိုင်းသည် နိုင်ငံအပေါ် သစ္စာစောင့်သိရိုသေ ရမည်ဖြစ်ပြီး၊ ဘာသာရေးသည် လူတစ်ဦးချင်း၏ ပုဂ္ဂိုလ်ရေးကိစ္စသာ ဖြစ်သဖြင့် နိုင်ငံသားများအနေဖြင့် မည်သည့်ဘာသာပင် ကိုးကွယ်သည်ဖြစ်ပါစေ နားလည် ခွင့်ပြုပေးရမည် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်မှုပေးခြင်းဖြင့် နိုင်ငံတော်ဟူသော ခေါင်းစဉ်အောက် တွင် စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ကြပါသည်။ ၄င်းတို့က နိုင်ငံရေးနယ်ပယ်အတွင်း ဘာသာရေး ကိစ္စများ ပါ၀င်လာခြင်းကို မလိုလားချေ။
ပြည်တွင်းစစ်များက နိုင်ငံသားအချင်းချင်း ဖိနှိပ်ချု ပ်ခြယ် သတ်ဖြတ်ခြင်းကို ဖြစ်စေကာ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသကဲ့သို့ တိုင်းပြည်အင်အားကို ပြိုကွဲစေနိုင်သည်ဟုလည်း ထောက်ပြကြသည်။
ယင်းတို့၏အယူအဆများမှာ မက်ခီဗယ်လီ၏ အန္ဓိမ ရည်မှန်းချက်ဖြစ်သော နိုင်ငံတော်အကျိုးစီးပွား (National Interest) ကို ရှေးရှုနေကြောင်း တွေ့ရသည်။
နိုင်ငံတော်အကျိုးစီးပွားတိုးပွ ားခြင်းသည် နိုင်ငံသား တစ်ဦးချင်း၏ အကျိုးစီးပွားကို မြှင့်တင်ပေးခြင်းသာ ဖြစ်ကြောင်း ယုံကြည်ထား ကြပါသည်။
အမျိုးသားရေးဝါဒ (Nationalism)၏ မူလရင်းမြစ်
အမှန်တကယ်အားဖြင့် အမျိုးသားရေးဝါဒ (Nationalism)၏ မူလရင်းမြစ်မှာ နိုင်ငံရေးအစွန်းအထင်း ကင်းစင်ပါသည်။
Nasci (မွေးဖွားခြင်း) ဟူသော လက်တင်ဝေါဟာရမှ Nation (နိုင်ငံ) သို့ ပြောင်းလဲလာခြင်း ဖြစ်သည်။
Nation ၏မူလအဖွင့်မှာ မျိုးနွယ်တစုတည်း မွေးဖွားလာသော လူအုပ်စု တစု (သို့မဟုတ်) လူမျိုးစုကိုသာ ညွှန်းပြီး၊ (၁၈) ရာစု ရောက်သော အခါ တွင်မှ ထိုလူအုပ်စု/ လူတဦးချင်းကို နိုင်ငံသားများအဖြစ် သွတ်သွင်းသတ်မှတ်လိုက်ခြင်းဖြင့် နိုင်ငံဟူသော အကောက်အယူအသစ်တခု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် အမျိုးသားရေးဝါဒသည် အုပ်ချုပ်သူ လူတန်းစားမှ အုပ်ချုပ်ခံ လူတန်းစားတို့ကို အလွယ်တကူ အုပ်ချုပ်နိုင်မည့် အကောင်းဆုံးလက်နက်တစ်ခု ဖြစ်လာခဲ့လေသည်။
နိုင်ငံတော်ဟူသော ခေါင်းစဉ်အောက်တွင် ကွဲပြားသော မျိုးနွယ်စုများ၊ ဘာသာများ အတူတကွ တစ်စည်းတစ်လုံးတည်း ရှိနေစေရေးသည် အုပ်ချုပ်သူလူတန်းစားတို့၏ အရေးအကြီးဆုံးသော ရည်မှန်းချက်ပင် ဖြစ်လေသည်။
အုပ်ချုပ်သူလူတန်းစားများအနေဖြ င့် နိုင်ငံသားများအား ပညာရေးတွင် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေသည့်သင်ခန်းစာများ ထည့်သွင်းသင်ကြားပေးခြင်းဖြင့် အမျိုးသားရေး စိတ်ဓါတ်ဟူသော မျက်မှန်အမျိုးအစား တစ်ခုတည်းကို ဆင်တူ တပ်ဆင်ပေးတတ်ကြလေသည်။
အမျိုးသားရေးဝါဒ၏ နောက်ထပ်ရေသောက်မြစ်တစ်ခုမှာ (၁၆၁၈-၄၈) အတွင် းဖြစ်ပွားခဲ့သော နှစ်(၃၀) စစ်ပွဲအပြီး ချုပ်ဆိုခဲ့သော ၀ကျဈဖေးလီယား သဘောတူစာချုပ် (Treaty of Westphalia) ၏ နောက်ဆက်တွဲရလဒ်ပင် ဖြစ်ပါသည်။
ယင်းစာချုပ်က ခေတ်သစ်နိုင်ငံတော်နှင့် နိုင်ငံတော်အဖွဲ့ အစည်းဟူသော ခေါင်းစဉ်တခုကို ဖန်တီးပေးနိုင်ခဲ့ပြီး၊ နိုင်ငံများသည် ၄င်းတို့၏ အဓိကအသက်သွေးကြောမှာ “အချုပ်အခြာအာဏာ”ဖြစ်ကြောင်း နားလည်လာကြလေသည်။
ထိုအယူအဆကပင် ဥရောပရှိနိုင်ငံများအား နယ်မြေကျယ်ပြန့်စေလိုသည့် ချင်ခြင်းကတဘက် ဖြစ်ပြီး၊ ထိုမှ အခြားတဘက်တွင် ကိုလိုနီ လက်အောက်ခံနိုင်ငံများ အား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တော င်းဆိုစေသည့် မီးထိုးပေးမှုကိုလည်း ဖြစ်စေပြန်ပါသည်။
တစ်ကယ်တန်းအားဖြင့်လည်း ပေါ်တူဂီ-ဂျူးကပြားဖြစ်သူ ဘင်နေဒစ် စပီနိုဇာ (Benedict Spinoza, 1632-1677)၊ ဆင်မြူရယ် ပူဖန်ဒေါ့ဖ် (Samulal Pufendorf, 1632-1694)တို့၏ နိုင်ငံတော်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အယူအဆများက ထိုခေတ် ထိုကာလ၏ အမျိုးသားနိုင်ငံတော်များ သဘော တရားကို ကောင်းစွာ လွှမ်းမိုးနိုင်ခဲ့သည် ဟု ယူဆ၍ ရနိုင်ပါသည်။
၁၈၄၈ ခုနှစ်တွင်မူ အမျိုးသားရေးဝါဒသည် ဥရောပရှိ ကိုလိုနီလက်အောက်ခံနိုင်ငံများက အင်္ဂလန်နှင့်စပိန် တို့ကို တော်လှန်ကာ၊ အမျိုးသားနိုင်ငံများ အပြိုင်းအရိုင်း ပေါ်ထွက်လာစေရေးအတွက် အဓိကမောင်းနှင်အား ဖြစ်ခဲ့လေသည်။
ဆိုလိုသည့် အဓိပ္ပာယ်မှာ အမျိုးသားရေးဝါဒသည် သူ့ကျွန်ဘ၀ ကျရောက်နေသေ ာနိုင်ငံများအဖို့ ကိုယ်ပိုင်အချုပ် အခြာအာဏာ ရယူရန်အတွက် တိုက်ပွဲ၀င်အမှတ်တံဆိပ် ပင်ဖြစ်လေသည်။ ဤအမှတ်တံဆိပ်ကပင် နိုင်ငံများ၏ သမိုင်းကြောင်းကို ပုံဖေါ်ပေးနိုင်ခဲ့သည့်အပြင်၊ မျိုးချစ်ဝါဒီတို့၏ တော်လှန်ရေးပေါင်း များစွာကိုလည်း အောင်မြင်စေခဲ့ပါသည်။
ရှေးယခင် ကာလများတွင် ဗြိတိန်နိုင်ငံအပါအ၀င် တိုင်းပြည်အများအပြားသည် နိုင်ငံ (State) ဆိုသည့် အယူအဆထက် ဘုရင့် အုပ်ချုပ်မှုနယ်မြေ ( Kingdom) အဖြစ်သာ မှတ်ယူထားခဲ့ကြသည်။
ထို့အပြင် ယနေ့ခေတ်မှာကဲ့သို့ နိုင်ငံသားများသည် မျိုးချစ်စိတ်ဓါတ်ဖြင့် အမျိုးသားအကျိုးစီးပွား( National Intrest)ကို ရှေးရှုစရာမလိုအပ်ပဲ ထီးနန်းဆက်ခံသူ ဘုရင်/မကိုသာ သစ္စာခံရမည်ဟူသော သတ်မှတ်ချက်သာ ရှိပေသည်။
(၁၇၈၉)ခုနှစ်၌ ပြင်သစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံအစိုးရ (Constitutional Government)ကို လိုလားသော လူလတ်တန်းစား တို့က ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်သူ တော်၀င်လူတန်းစားတို့ ကို တော်လှန်ကာ နိုင်ငံဟူသေ ာအယူအဆကို ပုံပေါ်စေခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်တွင် နပိုလီယံအာဏာရလာပြီး၊ (၁၇၉၂-၁၈၁၅) ခုနှစ်အတွင်း ဥရောပတလွှားရှိ ပြင်သစ်၏ ကိုလိုနီ လက်အောက်ခံနိုင်ငံများ၏ ပြင်သစ်မုန်းတီးရေးနှင့် လွတ်လပ်ရေးစိတ်ဓါတ်များ ပြင်းထန်စွာ ပေါက်ဖွားလာသည်ဟု တစ်ချို့ပညာရှင်များက ထောက်ပြသော်လည်း တစ်ကယ်တန်းတွင်မူ ပြင်သစ်ဘုရင် လူဝီ-၁၄ (Louis XIV, 1643-1715) လက်ထက်တွင်ကတည်းက ယင်း၏ မတော်လောဘကြောင့် ဥရောပနိုင်ငံကြီးများ စစ်မီးလောင်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကာလအတွင်း အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုမှာ ပြင်သစ်နှင့် အင်္ဂလန်တို့၏ နယ်မြေအပြိုင်အဆို င် ချဲ့ထွင်ခြင်း ဖြစ်သည်။ အိန္ဒိယနှင့် အမေရိက တိုက်တို့တွ င် ပြင်သစ်နှင့် အင်္ဂလန်တို့ ထိပ်တိုက်ရင်ဆိုင်မှုများ ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်ပါသည်။
ထိုသို့ဖြင့် နိုင်ငံကြီးများက မိမိတို့ အကျိုးစီးပွားအတွက် သော်လည်းကောင်း၊ နိုင်ငံငယ်များကလည်း မိမိတို့၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် အတွက်သော်လည်းကောင်း နိုင်ငံအချင်းချင်း မဟာမိတ်စာချုပ်များ အပြိုင်အဆိုင် ချုပ်ဆို ကြလေတော့၏။
သို့သော် အဆိုပါစစ်ပွဲများမှာ အုပ်ချုပ်သူဘုရင်များ၏ ကိုယ်ကျိုးစီးပွာ းအလို့ငှာသာ ဖြစ်ပွားခဲ့ကြပြီး၊ နိုင်ငံသားများမှာမူ စစ်ဒဏ်ကို အလှုးအလှိမ့်ခံစားခဲ့ရပါသည်။
ပြင်သစ်နိုင်ငံ၏ အမျိုးသားရေးစိတ်ဓါတ်နှင့် ဘုရင်စနစ်ကို အားပေးထောက်ခံသူများထဲတွင် ပြင်သစ်နိုင်ငံသား ဘာရွန်ဒ် မွန်တက်စ်ကယူး (Baronde Montesquieu, 1689-1755)ဆိုသူမှာ ထင်ရှား၏။
ပြင်သစ်တွင် နပိုလီယံဗိုနာပတ် (Napoleon Bonaparte)၊ (Corsica ကျွန်း- မူလက အီတလီ ပိုင်နက်၌ ၁၇၆၉ ခုနှစ်မွေးဖွားသူ) အာဏာရလာပြီး၊ (၁၇၉၂-၁၈၁၅)ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောစစ်ပွဲများတွင် ယင်း၏ ဗိုလ်ကျခြိမ်းခြောက်မှုကို မခံရပ်နိုင်ကြသော ဥရောပနိုင်ငံများသည် နပိုလီယံကို ဆန့်ကျင် ပုန်ကန်ကြသည်။
၄င်းတို့ထဲတွင် ဦးဆောင်ပုန်ကန်သူများမှာ စပိန်နှင့် ပေါ်တူဂီတို့ဖြစ်ပြီး၊ ယင်းကျွန်းဆွယ်စစ်ပွဲတွင် ပြင်သစ် စစ်ရှုံးခဲ့လေသည်။ ၁၈၁၃ ခုနှစ်တွင် သြစတြီးယား၊ ရုရှား၊ ပရပ်ရှားတို့ ဦးဆောင်သော ဥရောပအမျိုးသားအင်အားစုများ မဟာမိတ်တပ်ဖွဲ့သည် ရုရှားမှ ဆုတ်ခွာလာသော နပိုလီယံ၏တပ်ကို ဝိုင်း ဝန်းခြေမှုန်းကြသည်။ ယင်းစစ်ပွဲကို The War of Liberation ဟုခေါ်တွင်သည်။
၁၈၁၄ခုနှစ်တွင် နပိုလီယံလက်နက်ချပြီးနောက်၊ ဗီယာနာမြို့ (Vienna)တွင် ဥရောပအမျိုးသားနိုင်ငံများ နယ်နမိတ်ပြန်လည်သတ်မှတ်ရေး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။
ဗီယာနာ ကွန်ဂရက် (၁၈၁၄-၁၈၁၅)ခုနှစ်ကို ဦးဆောင် ကျင်းပခဲ့သူမှာ သြစတြီးယား နိုင်ငံခြားရေး၀န်ကြီး မက်တာနစ် (Metternich,1773-1859)ဖြစ်သည်။ သူသည် ဆွေမျိုးစဉ်ဆက် ရာထူးအာဏာဆက်ခံရေးဝါဒ (Legitimacy)ကို လက်ခံယုံကြည်ခဲ့သူလည်းဖြစ်သည်။
ထိုကာလများသည် နပိုလီယံ၏လက်အောက်၌ ဖရိုဖရဲ အလဲလဲ အကွဲကွဲဖြစ်ခဲ့သော ဥရောပနိုင်ငံများအဖို့ နိုင်ငံတည်ဆောက်ရေး ပြုလုပ်သည့် ကာလပင် ဖြစ်သည်။
၁၉ ရာစုတွင် အမျိုးသားနိုင်ငံအများအပြား ပေါ်ထွန်းလာကာ အမျိုးသားရေးဝါဒက ရေးဆွဲပေးသည့် ဥရောပမြေပုံသစ် ပေါ်ထွက်လာခဲ့သည်။
လင်းသက်