ပထမအပိုင်း
လက်နက်ခဲယမ်း ပြည့်စုံမှု မရှိပေမဲ့ ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်နေကြတာဟာ အမုန်းတရား အလွန်တရာကို ကြီးမား နေကြောင်း သိသာစေပါတယ်။ တကယ်တမ်း လက်တွေ့နိုင်ငံရေးကိစ္စတွေမှာ “နာကြည်းခြင်းကလာတဲ့ အမုန်းတရား” နဲ့ လုပ်ကိုင်လို့ မရသလို အမုန်းတရား ကြီးမားလွန်းနေခဲ့ရင်လဲ နိုင်ငံရေးသဘောတူ ညီချက်ရဖို့ဆိုတာ အတော်ကို အလှမ်းဝေး နေကြအုန်းမှာဘဲ ဖြစ်ပါတယ်။ စိတ်နာကြည်းမှုကလာတဲ့ အမုန်းတရားနဲ့ နိုင်ငံရေးပန်းတိုင်ကို ကွဲကွဲပြားပြား ခွဲခြားနိုင်ဖို့ လိုပါလိမ့်မယ်။
ကြာတောင့်ကြာရှည် ကြာခဲ့တဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကို လူတွေ စိတ်ဝင်စားကြမယ်ဆိုရင်လဲ စိတ်ဝင်စားစရာပါ။ နိုင်ငံရေးကိစ္စကို ဖြေရှင်းရင်းနဲ့ ပြဿနာက ပြေလည်မသွားတဲ့အပြင် တဖြည်းဖြည်း ပိုဆိုးလာပြီး နောက်ဆုံးမှာတော့ တိုင်းပြည်တဝှမ်းမှာ လက်နက်ကိုင်တိုက်ခိုက်မှု ပဋိပက္ခ အသွင်ကို ရောက်ရှိသွားရပါတယ်။
မြန်မာစစ်တပ်ဟာ လက်နက်ကိုင် ပုန်ကန်တဲ့သူတွေကို နှိမ်နှင်းတဲ့အခါ နှစ်ပေါင်းများစွာကတည်းက သူတို့ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာအတိုင်း အခုထက်ထိ ဆက်လက်စွဲကိုင် တိုက်ခိုက်နေဆဲပဲ ဖြစ်ပါတယ်။ အဲ့ဒီနည်းဗျူဟာကို လက်နက်ကိုင် တော်လှန်နေကြတဲ့ လူမျိုးစုတိုင်းရင်းသားနယ်မြေတွေမှာ အစဉ်တစိုက် ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ကျင့်သုံးတဲ့ နည်းဗျူဟာကတော့ လက်နက်ကိုင်တော်လှန်ရေးသမားတွေကို တိုက်ခိုက်ရင်းနဲ့တချိန်ထဲ တော်လှန်ရေးသမားတွေရဲ့ နယ်မြေက အရပ်သားတွေကိုပါ တိုက်ခိုက်တဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေကို ကျွေးမွေးနေတဲ့ ရပ်ရွာတွေကို အပြတ်ချေမှုန်းတဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ စစ်ပွဲနဲ့ ဘာမှမပတ်သက်တဲ့ အရပ်သားနဲ့ သူတို့ရဲ့ လုပ်ငန်း/ပိုင်ဆိုင်မှု နေအိမ်တွေကို ဖျက်ဆီးမီးရှို့ လူတွေကိုလဲ ဖမ်းဆီးသတ်ဖြတ်တဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်တတ်တာကြောင့် တော်လှန် ရေးသမားတွေကို ဘယ်ရပ်ရွာကမှ အနားကပ် မခံဝံ့တော့ပါဘူး။ ရိက္ခာထောက်ပံ့ဖို့လဲ မလုပ်ရဲကြတော့ပါဘူး။ စစ်တပ်ဟာ တော်လှန်ရေးကို အဲ့ဒီနည်းမျိုးနဲ့ တစ်ဖက်တစ်လမ်းကနေ တိုက်ခိုက်ခဲ့ကြတာပါ။ ဒီလိုနဲ့ဘဲ တော်လှန်ရေး လုပ်နေသူတွေကိုယ်တိုင်က စစ်တပ်ကို တိုက်ဖို့ခိုက်ဖို့တောင် လက်နှေးလာကြရပါတယ်။ စဉ်းစားလာကြရပါတယ်။ တိုက်ပွဲဖြစ်တိုင်း ကိုယ့်ဆွေမျိုးသားချင်း ကျေးရွာတွေဘဲ ဖျက်ဆီးတိုက်ခိုက်ခံနေရတော့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို အပြစ်တင်လို့လဲ မရနိုင်ပါဘူး။ စစ်တပ်ဟာ အဲ့လိုနည်းဗျူဟာမျိုးနဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့တာပါ။ သူတို့ရဲ့ ရက်စက်စွာကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းကမှ အရေးယူခြင်းမရှိတဲ့အတွက် သူတို့ဟာ အပြစ်ဒဏ်ကနေ impunity လွတ်ကင်းနေတာဖြစ်ပြီး အဲ့ဒီနည်းဗျူဟာကိုဘဲ လုပ်ထုံးလုပ်နည်းတစ်ခုလို သဘောထားပြီး ဆက်လက်သုံးစွဲနေကြတာ ဖြစ်ပါတယ်။
အခုလဲဘဲ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်း နဲ့ ကယားပြည်နယ်တွေမှာ ဖြစ်ပျက်နေတာ မျက်မြင်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန် Arson Attack လို့ခေါ်တဲ့ မီးရှို့သတ်ဖြတ်မှုတွေ လုပ်နေပေမဲ့ အရင်တုန်းက ပြည်နယ်တွေမှာတုန်းကလို – အကြောက်တရား ရရုံနဲ့တင် ရပ်တန့်မထားဘဲ အကြိမ်ကြိမ်ရက်စက်မှုတွေ လုပ်လာတာကြောင့် တိုက်ခိုက်သတ်ဖြတ် မီးရှို့ခံရတဲ့ အရပ်သားတွေဟာ ကြောက်ရွံ့ရတာအပြင် ပြန်နေစရာ အိမ်လဲမရှိ၊ ရှိတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်း တွေလဲ ဖျက်ဆီးခံထားကြရပြန်တော့ နာကြည်းစိတ်နဲ့ စစ်တပ်အပေါ် အမုန်းတရားတွေက ကြီးမားလာကြရတယ်။ နောက်ဆုံးမှာတော့ ဖြစ်ချင်တာဖြစ် တုန့်ပြန်တိုက်ခိုက်မယ်။ တုန့်ပြန် လက်စားချေ သတ်ဖြတ်မယ် ဆိုတဲ့စိတ်နဲ့ မီးကျိုး မောင်းပျက် ရရာလက်နက်ကို ကိုင်စွဲပြီး တော်လှန်ရေးကို ဆင်နွဲလာကြရတာပါ။
စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြတဲ့ မြို့ပြက Gen-Z လို့ခေါ်တဲ့ လူငယ်လူရွယ်တွေကိုလဲ လူစုခွဲဖို့ကို ဥပဒေစည်းမျဉ်းတွေနဲ့ ညီညွတ်မှု မရှိတဲ့ ခေါင်းကို တမင်ချိန်ရွယ်ပြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်လာလို့ ခံပြင်းစိတ် / နာကျည်းစိတ်တွေကတဆင့် စစ်တပ်အပေါ် မုန်းတီးမှုကြီး ဖြစ်လာရတယ်။ နောက်ဆုံးမှာတော့ ရရာလက် နက်ကိုင်စွဲပြီး ပြန်လည်တိုက်ခိုက်တဲ့ နွေဦးတော်လှန်ရေးဆိုတာကြီး ပေါ်ပေါက်လာရပါတော့တယ်။ ဒီလိုနည်းနဲ့ဘဲ စစ်တပ်ကို ပြန်လည်တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုင်းပြည်အနှံ့အပြားမှာ မှိုပေါက်သလို ပေါ်ပေါက်လာကြပါတယ်။ ပြောရမယ်ဆိုရင် မြန်မာတွေ အင်္ဂလိပ်နဲ့ ဂျပန်ကို တော်လှန်တုန်းကထက် အရေအတွက် ပိုမိုများပြားနေတယ်လို့ ခန့်မှန်းမိကြမယ် ထင်ပါတယ်။ လက်နက်ခဲယမ်း ပြည့်စုံမှု မရှိပေမဲ့ ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်နေကြတာဟာ အမုန်းတရား အလွန်တရာကို ကြီးမားနေကြောင်း သိသာစေပါတယ်။
စစ်တပ်အနေနဲ့ သူအစဉ်တစိုက် ကျင့်သုံးခဲ့တဲ့ အရပ်သားတွေအပေါ် ရက်စက်တဲ့ နည်းဗျူဟာကို အခုတစ်ခါ ကျင့်သုံး ရာမှာ မကြုံစဖူး ကြီးမားတဲ့ တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်နေကြရပါပြီ။ စစ်ကိုင်း၊ မကွေးလို ဒေသတွေမှာတော့ စစ်တပ်ဟာ သူတို့မျှော်လင့်ထားသလို လူထုကို ကြောက်ရွံ့သွားအောင် မလုပ်နိုင်ခဲ့ဘဲ လူထုဆီက သူတို့ကို နာကြည်းမုန်းတီးမှုတွေဘဲ ပြန်ရခဲ့ပါတယ်။ သူတို့ရဲ့ တရားမဲ့ ရက်စက်မှုတွေဟာ ကျေးရွာ/ ရပ်ကွက်တွေမှာတင် မဟုတ်တော့ဘဲ အထက်မှာ ဖေါ်ပြခဲ့သလို မြို့ကြီးပြကြီးများမှာပါ ပြုကျင့်လာတော့ စစ်တပ်ကို ဆန့်ကျင်သူတွေက ပိုပြီး ပြင်းထန် များပြားလာပါတော့တယ်။ စစ်ဆေးရန် ညဖက်လာခေါ်သွားတဲ့သူကို နောက်တစ်နေ့ မနက်မှာ အလောင်းဘဲ ပြန်ပေးတဲ့ အဖြစ်အပျက်တွေဟာ ရက်စက်မှုအများအပြားထဲက နမူနာတစ်ခုမျှသာ ဖြစ်ပါတယ်။ ပိုဆိုးတာက အခုလိုကျူးလွန်သူတွေကို ဘယ်သူကမှ အရေးမယူသလို ဘယ်သူ့ကိုမှလဲ တိုင်ကြားလို့ မရပါဘူး။ ဥပဒေ စောင့်ထိန်းရမဲ့ သူတွေကိုယ်တိုင် ဥပဒေကို ချိုးဖေါက်နေတာမို့ စစ်ပွဲကြီးတစ်ခု ဖြစ်နေသလို လူထုတွေ ကြုံတွေ့နေကြရတာပါ။
လက်ရှိ အခြေအနေကို အသေးစိပ် လေ့လာကြည့်မယ်ဆိုရင် နိုင်ငံရေးအရ ပြောဆိုနေကြတာ “ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး “ ဆိုတာ တစ်ခုဘဲ ရှိပါတယ်။ ကျန်တာတွေကတော့ သွေးကျွေးမှာ ဆွေးနွေးစရာ မရှိ။ စစ်သားမှန်သမျှ ချေမှုန်းကြ ။ ဒလန်မှန်သမျှ သတ်ဖြတ်ကြစတဲ့ နာကြည်းမှုကနေ ပေါက်ဖွားလာတဲ့ “အမုန်းတရား” တွေကိုဘဲ အခြေခံ ထားကြတာ သတိပြုမိကြမယ် ထင်ပါတယ်။ လူထုဟာ နိုင်ငံရေးပန်းတိုင်ထက် နာကြည်းခြင်း အမုန်းတရားတွေက ပိုပြီးများလာနေတာကို သတိပြုဖို့လိုပါတယ်။ အွန်လိုင်းတွေပေါ်မှာဆိုရင် မုန်းတီးမှုကို ထင်ထင်ရှားရှား ဖေါ်ပြကြတဲ့ မှတ်ချက်တွေက ပလူပျံနေသလို အများအပြားတွေ့ ကြရမှာလဲ ဖြစ်ပါတယ်။ စစ်တပ်ဖက်ကလဲ အွန်လိုင်းပေါ်တက်လာသမျှ အသေးအဖွဲကအစ ဖမ်းဆီးအပြစ်ပေးနေတာက မုန်းတီးမှုတွေကို ပိုပြီးခိုင်မြဲကျယ်ပြန့်လာစေပါတယ်။
စစ်တပ်ဟာ အခုတိုင်အောင် မာကြောနေဆဲလို့ ပြောနိုင်ပေမဲ့ တဖြည်းဖြည်းခြင်း ရွေ့လျားလာနေတာကတော့ စစ်တပ်ဟာ အားလုံးရဲ့ “ဘုံရန်သူ” ဖြစ်လာနေခြင်းပါဘဲ။ စစ်တပ်ဖက်က ခေါင်းဆောင်တွေအနေနဲ့ အဲ့ဒီအချက်ကို အလေးအနက်ထား စဉ်းစားဖို့လိုနေပြီလို့ ယူဆမိပါတယ်။
တကယ်တမ်း လက်တွေ့နိုင်ငံရေးကိစ္စတွေမှာ “နာကြည်းခြင်းကလာတဲ့ အမုန်းတရား” နဲ့ လုပ်ကိုင်လို့ မရသလို အမုန်းတရား ကြီးမားလွန်းနေခဲ့ရင်လဲ နိုင်ငံရေးသဘောတူ ညီချက်ရဖို့ဆိုတာ အတော်ကို အလှမ်းဝေးနေကြအုန်းမှာဘဲ ဖြစ်ပါတယ်။ စိတ်နာကြည်းမှုကလာတဲ့ အမုန်းတရားနဲ့ နိုင်ငံရေးပန်းတိုင်ကို ကွဲကွဲပြားပြား ခွဲခြားနိုင်ဖို့ လိုပါလိမ့်မယ်။
ဒီအချက်အလက်တွေကြောင့်ဘဲ မြန်မာ့နိုင်ငံရေးကို ရှေ့ဆက်ဖို့ နည်းလမ်းရှာမရဘဲ ဖြစ်နေကြတာပါ။ ဘယ်နည်းလမ်း ကမှ အားလုံး (အများစု) ကို သဘောတူအောင် လုပ်နိုင်စွမ်း မရှိဘဲ ဖြစ်နေကြရတာ ဖြစ်ပါတယ်။
အမုန်းတရားတွေကြောင့် တန်ပြန်သတ်ဖြတ်မှုတွေလဲ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ၊ စစ်တပ်တာဝန်ရှိသူတွေ၊ စစ်တပ်အငြိမ်းစားတွေ အများအပြား ပြန်လည်အသတ်ခံခဲ့ကြရတယ်။ ဒါဟာ ဘယ်သူ့ကြောင့်၊ ဘယ်တာက စထွက်ခဲ့တာလဲဆိုတာ စဉ်းစားတတ်သူတိုင်း သိကြမှာပါ။ အတိအကျ ပြောရရင် အကြောက်တရားဖြစ်အောင်လုပ်တဲ့ နည်းဗျူဟာသည် လုံးဝမအောင်မြင်တဲ့အပြင် ကိုယ်ကိုယ်တိုင်အပါအဝင် အားလုံးကို ဒုက္ခရောက်စေခဲ့တာဘဲ အဖတ်တင်ပါတယ်။ စစ်တပ်ဟာ အခုတိုင်အောင် မာကြောနေဆဲလို့ ပြောနိုင်ပေမဲ့ တဖြည်းဖြည်းခြင်း ရွေ့လျားလာနေတာကတော့ စစ်တပ်ဟာ အားလုံးရဲ့ “ဘုံရန်သူ” ဖြစ်လာနေခြင်းပါဘဲ။ စစ်တပ်ဖက်က ခေါင်းဆောင်တွေအနေနဲ့ အဲ့ဒီအချက်ကို အလေးအနက်ထား စဉ်းစားဖို့လိုနေပြီလို့ ယူဆမိပါတယ်။ သူတို့အနားမှာ ရှိနေကြတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေဟာ တကယ်တမ်းသူတို့ကို ထောက်ခံနေတာ မဟုတ်ဘဲ သူတို့ဆီက အခွင့်အရေး အကျိုးစီးပွါးများကို လိုချင်သူတွေ သက်သက်ဆိုတာကိုလဲ စစ်တပ်ခေါင်းဆောင်တွေ သိနေဖို့လိုပါတယ်။ အရေးအကြောင်းပေါ်ပေါက်လာခဲ့ရင် စစ်တပ်အပေါ် သစ္စာရှိကြမဲ့လူတွေ မဟုတ်ဘူးဆိုတာ စစ်တပ်သိနေဖို့လိုပါတယ်။
တကယ်လုပ်ရမှာက နိုင်ငံရေးဖက်ကို အားကောင်းလာအောင် လုပ်ရမှာဖြစ်ပေမဲ့လဲ ဇန်နဝါရီလ (၂၆) ကထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေက နိုင်ငံရေး ရေတိမ်နစ်နေတဲ့ နိုင်ငံရေးပါတီတွေကို ဝါးကူထိုးပြီး ပိုနစ်အောင် လုပ်နေသလိုဖြစ် နေပါတယ်။ နိုင်ငံရေးအားနည်းလေလေ ပဋိပက္ခအားကြီးလေလေ ဖြစ်နေမှာပါ။ နိုင်ငံတည်ငြိမ်ရေးကို လိုလားတယ်ဆို ရင် နိုင်ငံရေးနယ်ပယ်တွေကို ကြီးနိုင်သလောက် ကြီးလာအောင် ချဲ့ထွင်ပေးရမှာ ဖြစ်တယ်။ အခုတော့ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေကို စစ်တပ်အောက်ကို သွတ်သွင်းထိန်းချုပ်တာတွေကိုဘဲ လုပ်နေတော့ နိုင်ငံရေးဘောင် ပြန်ကျယ်လာဖို့တော့ လမ်းမမြင်သေးပါဘူး။
စစ်ရေး ပဋိပက္ခနဲ့ အဆုံးသတ်နိုင်ဖို့ဆိုတာ အလွန်အင်မတန်ကို ခက်ခဲတဲ့ကိစ္စဖြစ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု အလွန် အင်မတန်ကို ကြီးမားပါလိမ့်မယ်။ စစ်ရေးပဋိပက္ခနဲ့ အနိုင်ယူတယ်ဆိုတာဟာလဲ ဖြစ်နိုင်ခြေ အလွန်ကိုနည်းတဲ့ လမ်းစဉ်တစ်ခုမျှသာ ဖြစ်ပါတယ်။ နိုင်ခဲ့တယ် ဆိုရင်တောင် ကြာကြာဆက်ထိန်းဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ ပဋိပက္ခတွေနဲ့ဘဲ တချိန်လုံး အလုပ်ရှုပ်နေရမှာဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးကိစ္စ လုပ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
နိုင်ငံတည်ငြိမ်ရေးကို လိုလားတယ်ဆို ရင် နိုင်ငံရေးနယ်ပယ်တွေကို ကြီးနိုင်သလောက် ကြီးလာအောင် ချဲ့ထွင်ပေးရမှာ ဖြစ်တယ်။ အခုတော့ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေကို စစ်တပ်အောက်ကို သွတ်သွင်းထိန်းချုပ်တာတွေကိုဘဲ လုပ်နေတော့ နိုင်ငံရေးဘောင် ပြန်ကျယ်လာဖို့တော့ လမ်းမမြင်သေးပါဘူး။
စစ်တပ်အနေနဲ့ သူတို့မကျွမ်းကျင်တဲ့ နိုင်ငံရေးနယ်ပယ်ကို မတိုးချဲ့ချင်ဘူး- ဆိုခဲ့ရင်တောင် နားလည်ပေးနိုင်ပေမဲ့လဲ အခုဖြစ်နေတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေထဲမှာ နိုင်ငံရေးနည်းလမ်းကသာလျှင် အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်း၊ ထိခိုက်မှု အနည်းဆုံး နည်းလမ်းဖြစ်ကြောင်းဆိုတာကိုတော့ ရှင်းလင်းစွာ မြင်နိုင်ဖို့လိုပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီအနေနဲ့ ပါတီတွေနိုင်ငံရေးအရ လုပ်ကိုင်နိုင်မှုမှန်သမျှကို ထိန်းချုပ်ပိတ်ပင်တဲ့ ဥပဒေတွေ ထုတ်ပြန်နေတာဟာ နိုင်ငံရေးနယ်ပယ်ကို ပိုမိုကျဉ်းမြောင်းသွားစေပြီး စစ်ရေးနယ်ပယ်ဘောင်ကို ကျယ်သထက် ပိုကျယ်လာစေတာက ကောင်းမွန်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အမျိုးသား ညီညွတ်ရေး ရှုထောင့်ကကြည့်ရင် အလွန်ကိုမှားယွင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
စစ်တပ်အနေနဲ့ နိုင်ငံရေးပါဝါကို proxy နိုင်ငံရေးပါတီတွေနဲ့ ဆက်လက်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာဟာ ယာယီထွက်လမ်းတစ်ခုမျှသာ ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းစေမဲ့ နည်းလမ်းတော့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ကို အမှောင်တိုက်ထဲကနေ ဆွဲထုတ်နိုင်မဲ့ နည်းလမ်းလဲ မဟုတ်ပါဘူး။ စစ်တပ်အနေနဲ့ proxy ပါတီတွေနဲ့ နိုင်ငံရေးပါဝါတွေကို တည်ဆောက်ထားနိုင်တယ်ဘဲ ထားပါအုန်း၊ တကယ်လက်တွေ့မှာတော့ တည်ငြိမ်မှုကင်းမဲ့ပြီး လောင်မြှိုက်နေတဲ့ တိုင်းပြည်မျိုးကိုသာ ဆက်ပြီး အုပ်ချုပ်သွားရမှာမို့ နိုင်ငံတစ်ဝှမ်း ဒုက္ခဆက်ရောက်နေမဲ့ နည်းလမ်းသာ ဖြစ်မှာပါ။ ပါဝင်ပတ်သက်သူ အားလုံးက တဖွဖွပြောဆိုနေကြတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ဆိုတာ အိမ်မက်တောင် မက်လို့မရနိုင်တော့တဲ့ အဖြစ်ကို ရောက်ရှိသွားမှာပါ။
ရွေးကောက်ပွဲ တစ်ခုလုပ်ဖို့ဆိုရင် နိုင်ငံရေးအရ လက်ခံနိုင်မှု / အသိအမှတ်ပြုမှုက အရေးကြီးပါတယ်။ စစ်တပ်ကိုယ် တိုင်က conflicts partner ဖြစ်နေတဲ့အချက်က နိုင်ငံရေးအရ လက်ခံနိုင်ဖို့ ခက်ခဲသလို တရားမျှတမှုရှိပါကြောင်းကို သက်သေထားဖို့ အချက်အလက်တွေ အများကြီး ပြသဖို့ လိုအပ်ပါတယ်။ အခုဆိုရင် စစ်တပ်ကကျင်းပမဲ့ ရွေးကောက်ပွဲ မှာ ဘယ်လိုရလဒ်မျိုး ပေါ်ထွက်လာသည်ဖြစ်စေ – အသိအမှတ် မပြုနိုင်ဘူး ဆိုတာကို US အပါအဝင် အတော်များများ က ကြိုတင်ထုတ်ပြန်ထားတာဟာ စစ်တပ်အဖို့အခက်အခဲ တစ်ခုပါဘဲ။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို ဇွတ်တိုးလုပ်ရုံ ကလွဲပြီး အခြားနည်းလမ်း မရှိတော့တဲ့အပြင် တဖက်ကလဲ သူ့ရဲ့ proxy ပါတီ အနိုင်ရဖို့လိုတာမို့ တရားမျှတအောင် ကျင်းပပေးဖို့ဆိုတာ ဘယ်သူမှ မယုံကြည်နိုင်ကြတဲ့ အချက် ဖြစ်လာပါတော့တယ်။ အဲ့ဒီအခြေအနေတွေကြောင့်လား တော့မသိပါဘူး။ အရေးပေါ်ကာလ နောက်ထပ် (၆)လ သက်တမ်းတိုးလိုက်ပြီးတဲ့နောက်မှာတော့ ရွေးကောက်ပွဲကိစ္စဟာ စစ်တပ်အတွက် ဦးစားပေး မဟုတ်တော့ပါဘူး။
စစ်တပ်အနေနဲ့ နိုင်ငံရေးပါဝါကို proxy နိုင်ငံရေးပါတီတွေနဲ့ ဆက်လက်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာဟာ ယာယီထွက်လမ်းတစ်ခုမျှသာ ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းစေမဲ့ နည်းလမ်းတော့ မဖြစ်နိုင်ပါဘူး။ ပါဝင် ပတ်သက်သူ အားလုံးက တဖွဖွပြောဆိုနေကြတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ဆိုတာ အိမ်မက်တောင် မက်လို့ မရနိုင် တော့တဲ့ အဖြစ်ကို ရောက်ရှိသွားမှာပါ။ အပစ်အခတ်ရပ်စဲရေးကို တစ်နှစ်တာ ထပ်မံရပ်စဲကြောင်း ကြေညာထားပေမဲ့လဲ အဝေးပစ်အမြှောက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေက ဆက်ရှိနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူကိုယ်တိုင် ပြည်တွင်းမှာရော ပြည်ပနိုင်ငံတကာမှာရော အသိအမှတ်ပြုခံရမှုဟာ မရှိဘူးလို့ပြောနိုင် လောက်အောင် နည်းပါးလွန်းနေတာကလဲ သူ့အတွက် အခက်အခဲကြီးတစ်ခု ဖြစ်ပါတယ်။ သူနဲ့အနီးကပ်လို့ ယူဆရတဲ့ ရုရှားနဲ့ တရုတ်တို့ကတောင် သူ့ကိုသတိထား ဆက်ဆံနေတာကို မေ့ထားလို့ မရနိုင်ပါဘူး။ အားတက်စရာ ကောင်းတဲ့ အချက်ကတော့ အခုတလော ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေထဲမှာ စစ်ပွဲနဲ့ မဖြေရှင်းသင့်ဘဲ နိုင်ငံရေးနဲ့သာ ဖြေရှင်းသင့်တဲ့အကြောင်းတွေ ခပ်လျှိုလျှို ပေါ်ပေါက်လာတာဘဲ ဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးကို တစ်နှစ်တာ ထပ်မံရပ်စဲကြောင်း ကြေညာထားပေမဲ့လဲ အဝေးပစ်အမြှောက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေက ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒါတွေကတော့ စစ်တပ်နဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တစ်ချို့ကို ဖေါ်ပြလိုက်တာပါ။
ဉာဏ်လင်း