မြန်မာပြည်ပညာရေးသမိုင်းကြောင်း (အပိုင်း ၂)

၁၉၂၀မှာ ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ပေးလိုက်တာကို မြန်မာအမျိုးသားရေးဝါဒီတွေက အားတက်သရော လက်ခံကြိုဆိုကြတာ မဟုတ်ဘူး။ နယ်ချဲ့ဝါဒနဲ့ အနောက်တိုင်းဆန်တဲ့ အထက်တန်းလွှာ တစ်စုကို အားဖြည့်ပေးမည့် စီမံကိန်းတစ်ခုလို့ပဲ ရှုမြင်ကြတယ်။ မြန်မာတွေဖက်က ဒီလိုထင်စရာ အကြောင်းတွေကလဲ ရှိနေတယ်။ ပြဌာန်းလိုက်တဲ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုအောင်မြင်ရမည့် တန်းမြင့်ကျောင်းထွက် စာမေးပွဲနဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို အဆင့်ရှိအောင် တင်းတင်းကြပ်ကြပ် စစ်ဆေးဘို့နဲ့ တက္ကသိုလ်ကို ပြင်ပနိုင်ငံ ရေးလွှမ်းမိုးမှုအောက်က လွတ်ကင်းအောင် သီးသန့်အုပ်ချုပ်ထားဘို့ဖြစ်တယ်။

(ခ) တက္ကသိုလ်ပညာရေး

၂၀ ရာစု ဆန်းချိန်အထိ မြန်မာတွေအတွက် တက္ကသိုလ်ပညာကို သင်ကြားနိုင်ဘို့ အခွင့်အလမ်း အလွန်နည်းပါးတယ်။ ၁၉၂၀အထိ မြန်မာပြည်မှာ ကောလိပ်ကျောင်း နှစ်ကျောင်းပဲ ရှိတယ်။ ၁၈၈၀မှာ ဖွင့်လှစ်တဲ့ ရန်ကုန်ကောလိပ်နဲ့ ၁၈၉၄ မှာ အမေရိကန် နှစ်ခြင်းသာသနာပြု အသင်းက စတင်ဖွင့်လှစ်တဲ့ ယုဒသန်ကောလိပ်တို့ ဖြစ်တယ်။ ဒီကျောင်းနှစ်ကျောင်းကို ပေါင်းစည်းပြီး ၁၉၂၀မှာ ရန်ကုန်တက္ကသိုလ်ကို ထူထောင်တယ်။ ၁၉၂၅ မှာ မန္တလေး ဥပစာကောလိပ်၊ ၁၉၃၀မှာ ရန်ကုန်ဆရာအတတ်သင် ကောလိပ်နဲ့ ဆေးကောလိပ်ကို ရန်ကုန် တက္ကသိုလ်လက်အောက်မှာ ဖွှင့်လှစ်တယ်။ ၁၉၃၈မှာ မန္တလေးမှာ တည်ထောင်တဲ့ စိုက်ပျိုးရေး ကောလိပ်ဟာလဲ ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်ခံ ကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်ရပါတယ်။ မန္တလေးကောလိပ်က ၁၉၄၈ မှာမှ ဒီဂရီကောလိပ် ဖြစ်လာပြီး၊ ၁၉၅၈ မှာမှ သီးခြားတက္ကသိုလ်တစ်ခု ဖြစ်လာပါတယ်၊၊

အစည်းအဝေးမှာ ဘုရင်ခံရာဂျီနယ် ခရက်ဒေါက်က ချိုးနှိမ်ပြီးမှတ်ချက်ချခဲ့တဲ့ စကားကို ထောက်ပြတယ်။ ဘုရင်ခံက”…မြန်မာတွေက သူတို့ဘာသာ အုပ်ချုပ်ဘို့ တက္ကသိုလ်ဘွဲ့ရ ဘယ်နှစ်ယောက်ရှိလို့လဲ… ဆိုပြီး ပြောဘူးတယ်။ ဒီဥပဒေအတိုင်းဆိုရင် ဘွဲ့ရဦရေကို ပိုပြီးနည်းအောင် ထိန်းထားသလို မဖြစ်ဘူးလားလို့ မေးခွန်းထုတ်ကြတယ်။ တက္ကသိုလ်ကောင်စီနဲ့ ဆီးနိတ်အဖွဲ့မှာ ပါဝင်ခွင့်ရမည့် မြန်မာတိုင်းရင်းသား အရေးအတွက်နဲ့ ပတ်သက်လို့လဲ ကျေနပ်မှုမရှိကြဘူး။

၁၉၂၀မှာ ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ပေးလိုက်တာကို မြန်မာအမျိုးသားရေးဝါဒီတွေက အားတက်သရော လက်ခံကြိုဆိုကြတာ မဟုတ်ဘူး။ နယ်ချဲ့ဝါဒနဲ့ အနောက်တိုင်းဆန်တဲ့ အထက်တန်းလွှာ တစ်စုကို အားဖြည့်ပေးမည့် စီမံကိန်းတစ်ခုလို့ပဲ ရှုမြင်ကြတယ်။ မြန်မာတွေဖက်က ဒီလိုထင်စရာ အကြောင်းတွေကလဲ ရှိနေတယ်။ ပြဌာန်းလိုက်တဲ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုအောင်မြင်ရမည့် တန်းမြင့်ကျောင်းထွက် စာမေးပွဲနဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို အဆင့်ရှိအောင် တင်းတင်းကြပ်ကြပ် စစ်ဆေးဘို့နဲ့ တက္ကသိုလ်ကို ပြင်ပနိုင်ငံ ရေးလွှမ်းမိုးမှုအောက်က လွတ်ကင်းအောင် သီးသန့်အုပ်ချုပ်ထားဘို့ဖြစ်တယ်။ တက္ကသိုလ်အာဏာပိုင်အဖြစ်အစိုးရက ဝင်ရောက် စွတ်ဖက်ခြင်း ပြုလို့မရတဲ့ ဆီးနိတ်နဲ့ တက္ကသိုလ်ကောင်စီကို ဖွဲ့စည်းအုပ်ချုပ်စေဘို့ ဖြစ်တယ်။ အမှန် မှာကတော့ ဒီအချက်တွေဟာ အနောက်တိုင်းက တက္ကသိုလ်တွေ ဖွဲ့စည်းပုံ သဘောတရားအရ တက္ကသိုလ်တစ်ခုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပညာရေးလွတ်လပ်ခွင့်ကို အာမခံ ပေးဘို့ပါပဲ။ မြန်မာကျောင်းသားတွေ မကျေနပ်ဆုံး အချက်ကတော့ တန်းမြင့်ကျောင်းအဆင့်မှာ တက္ကသိုလ်ပညာရေးအတွက် လုံလောက်တဲ့ အရည်အချင်းကို မဖြည့်စည်း နိုင်ခဲ့သူတွေအတွက် ပြင်ဆင်ဘို့ အရည်အခြင်းစစ်ခံ ကျောင်းသားအဖြစ် တစ်နှစ်နေရမယ်ဆိုတဲ့ ပြဌာန်းချက်ပါပဲ။ တန်းမြင့်ကျောင်းထွက်စာမေးပွဲကို အဆင့်မြင့်မြင့် စစ်ဆေးဘို့ လိုအပ်သလို ဆောင်ရွက်ဘို့ကိုလဲ အဆိုပြုထားပါတယ်။ ကျောင်းသားတိုင်း ကျောင်းအိပ်ကျောင်းစား နေထိုင်ကြရမှာဖြစ်ပြီး ကျောင်းက လက်ခံမည့် ကျောင်းသား အရေအတွက်ကိုလည်း တက္ကသိုလ်က အရည်အချင်း သတ်မှတ်ချက်နဲ့ ကန့်သတ်ထားဘို့ ဖြစ်တယ်။ ၁၉၁၉ ခုနှစ်မှာ ကာလကတ္တား တက္ကသိုလ်မှာ တက်ရောက်သင်ကြားနေတဲ့ မြန်မာကျောင်းသားက ၈၇၅ ယောက်ပဲ ရှိပါတယ်။ ဒါကြောင့် အရည်အချင်း မမှီဘူးဆိုပြီး အပါယ်ခံရမည့် ကျောင်းသားတွေ များလာမှာဖြစ်လို့ ဒီအချက်ကိုလဲ လျှော့ပေါ့ပေးဘို့ လိုလားကြတယ်။

၁၉၂၀ ခု ဩဂုတ်လ (၁)ရက်နေ့မှာ ဝိုင်အမ်ဘီအေအသင်းက ကြီးမှူးကျင်းပတဲ့ ရဟန်းရှင်လူတွေရဲ့ အစည်းအဝေးက အဆိုပြုထားတဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ကြတယ်။ မြန်မာတွေရဲ့ ဆန္ဒသဘောထားကို လုံးဝမစူးစမ်းပဲ အဆော့တလျှင် ဥပဒေပြုကောင်စီကို မတင်သွင်းဘို့ကိုလဲ တောင်းဆိုကြတယ်။ ဥပဒေကြမ်းကို ထောက်ခံတဲ့အတွက် ဦးမေအောင်ကိုလဲ ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ အစည်းအဝေးမှာ ဘုရင်ခံရာဂျီနယ် ခရက်ဒေါက်က ချိုးနှိမ်ပြီးမှတ်ချက်ချခဲ့တဲ့ စကားကို ထောက်ပြတယ်။ ဘုရင်ခံက”…မြန်မာတွေက သူတို့ဘာသာ အုပ်ချုပ်ဘို့ တက္ကသိုလ်ဘွဲ့ရ ဘယ်နှစ်ယောက်ရှိလို့လဲ… ဆိုပြီး ပြောဘူးတယ်။ ဒီဥပဒေအတိုင်းဆိုရင် ဘွဲ့ရဦရေကို ပိုပြီးနည်းအောင် ထိန်းထားသလို မဖြစ်ဘူးလားလို့ မေးခွန်းထုတ်ကြတယ်။ တက္ကသိုလ်ကောင်စီနဲ့ ဆီးနိတ်အဖွဲ့မှာ ပါဝင်ခွင့်ရမည့် မြန်မာတိုင်းရင်းသား အရေးအတွက်နဲ့ ပတ်သက်လို့လဲ ကျေနပ်မှုမရှိကြဘူး။

အမေရိကန်နှစ်ခြင်း သာသနာပြု မစ်ရှင်က ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ကူရှင် အထက်တန်းကျောင်းမှာ သီတင်းကျွတ် မီးထွန်းပွဲတော် ရက်သတ်မှတ်မှုအပေါ် မကျေနပ်လို့ ဆန္ဒပြသပိတ်မှောက်မှု ဖြစ်တယ်။ ခရစ်ဝင်ကျမ်းများကို သင်ကြားပို့ချပြီး ဗုဒ္ဓဘသာသာနဲ့ ပတ်သက်လို့ တစုံတရာမျှ ဖော်ညွှန်းထုတ်ဖော်ခြင်း မပြုတဲ့အပေါ် မကျေနပ်ကြဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ ဒီသပိတ်တွေအားလုံး အမျိုးသားရေး လှုပ်ရှားမှုအသွင်နဲ့ ရန်ကုန်တက္ကသိုလ် သပိတ်ထဲကို စီးဝင်သွားကြတယ်။

အထူးသဖြင့် ကျောင်းအိပ်ကျောင်းစား နေရမယ်ဆိုတဲ့ အချက်နဲ့ အရည်အချင်းစစ် သင်တန်းမှာ အစမ်းတစ်နှစ် တက်ရမယ်ဆိုတဲ့ အချက်ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြတယ်။ ဒီဥပဒေဟာ မြန်မာပြည်သူတွေရဲ့ လိုလားချက်နဲ့ မကိုက်ညီဘူး၊ ဘုရင်ခံကောင်စီထဲက မြန်မာနိုင်ငံရေးသမားတွေက ဒါကို မတားဆီးနိုင်ဘူးဆိုရင် လူငယ်တွေက သူတို့ခွန်အားနဲ့ တိုက်ဖျက်ရလိမ့်မယ်လို့ ဆိုတယ်။ သပိတ်ဟာ ရက်အနည်းငယ်အတွင်းမှာ အားကောင်းလာတယ်။ တက္ကသိုလ် အာဏာပိုင်တွေဟာ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကုန်တယ်။ ၁၉၂၀ ဒီဇင်ဘာလ (၄)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ သပိတ်တိုက်ပွဲ စတင်တယ်။ နောက်သုံးရက်အကြာမှာ တက္ကသိုလ် အဓိပတိဖြစ်တဲ့ ဘုရင်ခံ ဆာရာဂျီနဘ်ကရက်ဒေါက်က ဦးဆောင်ပြီး တက္ကသိုလ်ကို အခန်းအနားနဲ့ ဖွင့်လှစ်ဘို့ စီစဉ်တယ်။ သပိတ်မှောက် ကျောင်းသားတွေကလဲ ရွှေတိဂုံဘုရားမှာ စခန်းချပြီး အမျိုးသားကောလိပ်ကို ထူထောင်ကြတယ်။ ဂျီစီဘီအေ အသင်းကလည်း တစ်ပြည်လုံးမှာ အမျိုးသားကျောင်းများ ထူထောင်ဘို့ လှုံ့ဆော်တယ်။ ၁၉၂၀ သပိတ်ဟာ အမျိုးသားရေး နိုးကြားလာခြင်းနဲ့ တိုင်းရင်းဘာသာစာပေနဲ့ ယဉ်ကျေးမှု ရှင်သန်လာခြင်းရဲ့ ပြယုဂ်ဖြစ်တယ်။

နိုဝင်ဘာလထဲမှာ ရန်ကုန်တမြို့လုံးမှာ သပိတ်တွေ ကြိုးကြားကြိုးကြား ပေါ်လာတယ်။ အမျိုးသားကျောင်းတွေကို ထောက်ခံဘို ဆန္ဒပြကြတယ်။ အမေရိကန်နှစ်ခြင်း သာသနာပြု မစ်ရှင်က ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ကူရှင် အထက်တန်းကျောင်းမှာ သီတင်းကျွတ် မီးထွန်းပွဲတော် ရက်သတ်မှတ်မှုအပေါ် မကျေနပ်လို့ ဆန္ဒပြသပိတ်မှောက်မှု ဖြစ်တယ်။ ခရစ်ဝင်ကျမ်းများကို သင်ကြားပို့ချပြီး ဗုဒ္ဓဘသာသာနဲ့ ပတ်သက်လို့ တစုံတရာမျှ ဖော်ညွှန်းထုတ်ဖော်ခြင်း မပြုတဲ့အပေါ် မကျေနပ်ကြဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ ဒီသပိတ်တွေအားလုံး အမျိုးသားရေး လှုပ်ရှားမှုအသွင်နဲ့ ရန်ကုန်တက္ကသိုလ် သပိတ်ထဲကို စီးဝင်သွားကြတယ်။ ကူရှင်ကျောင်းသပိတ်နဲ့ ပတ်သက်လို့ ကူရှင်ကျောင်း၊ ကျောင်းအုပ်ကြီးက “….မြန်မာလူငယ်တွေဟာ သူတို့မိဘတွေထက် ပညာတတ်ကြတယ်။ ဒါပေမဲ့ ဗမာမိဘတွေက သူတို့သားသမီးတွေကို ကောင်းကောင်းဆုံမ သွန်သင်မှု မပြုကြဘူး။ အခုတော့ ဒီလူငယ်တွေဟာ ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်ကြပြီ။ ဒီသပိတ်ကို ကျွန်တော်တို့လိုပဲ ဆန့်ကျင်ကြတဲ့ ဗမာမိဘတွေဟာလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြတော့ဘူး။ …ဗဟန်းတဝိုက်ကို သွားကြည့်ရင် စိတ်တက်ကြွဘို့တော့ ကောင်းပါတယ်။ ရွှေတိဂုံဘုရား ခြေရင်းမှာ လူငယ် တစ်ထောင်သုံးရာလောက် စခန်းချနေကြတယ်။ သူတို့အားလုံးက နယ်မြို့တွေက လာပြီး ကျောင်းတက်ကြတာ။ သက်သက် အချိန်ဖြုန်းနေကြသလိုပဲ…”လို့ မှတ်ချက်ချတယ်။

အမျိုးသားကျောင်းတွေ ဖွင့်လှစ်ကြပေမဲ့ ရန်ကုန်မြို့က အထောက်အပံ့ကောင်းကောင်း ရရှိတဲ့ကျောင်းတွေကလွဲလို့ အများစုက အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရကြရတယ်။ ဘုန်းကြီးကျောင်းတွေမှာ ဖြစ်သလို စာသင်ကြရပြီး စာသင်ခုံ၊ မြေပုံ နဲ့ စာရေးကရိယာကအစ ချွတ်ယွင်းတယ်။ စည်းကမ်းပိုင်းမှာလဲ အလွန်လျော့ရဲကြတယ်။ တချို့ဘာသာရပ်တွေကို ခေတ်နောက်ပြန်ဆွဲ ဝါဒီဘုန်းကြီးတွေက ဝင်ရောက် သင်ကြားကြတာ တွေ့ရတယ်။ ဒါကြောင့် အမျိုးသားကျောင်းတွေအပေါ် ယုံကြည်ကိုးစားမှု နည်းပါးလာကြတယ်။ မကြာခင် အစိုးရအထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းထွက် စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်လာကြတယ်။ အထက်တန်းကျောင်းထွက် စာမေးပွဲအောင်သူတွေကို အစမ်းတစ်နှစ် နေရမယ်ဆိုတဲ့ အချက်ကို ဖျက်သိမ်းပြီး တက္ကသိုလ် ဝင်ခွင့်ပြုလိုက်တယ်။ ယုဒသန်(ဂျပ်ဆင်)ကောလိပ် ကျောင်းသားတွေ ကျောင်းပြန်တက်လာကြတယ်။ ယူနီဗာစီတီ (အစိုးရ)ကောလိပ်က ကျောင်းသားတွေလဲ တဖြေးဖြေး ပြန်ရောက်လာကြတယ်။ ဒီကောလိပ်ကျောင်း နှစ်ကျောင်းကို ဗဟိုပြုပြီး ရန်ကုန်တက္ကသိုလ်ကို ထူထောင်ပေးခဲ့တာပါ။ ဒါပေမဲ့ ၁၉၂၀ ကျောင်းသားသပိတ်နဲ့ တဖြေးဖြေး အားလျှော့သွားတဲ့ အမျိုးသားကျောင်းများ ထူထောင်ရေးလှုပ်ရှားမှုဟာ နိုင်ငံရေးအရ အမျိုးသားလှုပ်ရှားမှု အစပျိုးတဲ့ သမိုင်းမှတ်တိုင်ကိုတော့ စိုက်ထူခဲ့တယ်။

၁၉၂၀ ဒီဇင်ဘာလ (၄)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ သပိတ်တိုက်ပွဲ စတင်တယ်။ နောက်သုံးရက်အကြာမှာ တက္ကသိုလ်အဓိပတိ ဖြစ်တဲ့ ဘုရင်ခံ ဆာရာဂျီနယ်ကရက်ဒေါက်က ဦးဆောင်ပြီး တက္ကသိုလ်ကို အခန်းအနားနဲ့ ဖွင့်လှစ်ဘို့စီစဉ်တယ်။ ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးကို အကန့်အသတ်နဲ့ပဲ ထူထောင်ပေးခဲ့တာပါ။ သက်မွေးဝမ်းကျောင်း ပညာရေးက မဖြစ်သလောက်ပဲ သင်ကြားပေးနိုင်ပါတယ်။ ၁၉၂၅ မှာ မန္တလေးကောလိပ်၊ ၁၉၃၀ မှာ ဆရာအတတ်သင် ကောလိပ်နဲ့ ဆေးသိပ္ပံကို ရန်ကုန်တက္ကသိုလ်မှာ တွဲဖက်ပြီး ဖွင့်လှစ်တယ်။ ၁၉၃၈ မှာ မန္တလေးစိုက်ပျိုးရေးသိပ္ပံကို ဖွင့်လှစ်တယ်။

၁၉၂၀ ဒီဇင်ဘာလ (၄)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ သပိတ်တိုက်ပွဲ စတင်တယ်။ နောက်သုံးရက်အကြာမှာ တက္ကသိုလ်အဓိပတိ ဖြစ်တဲ့ ဘုရင်ခံ ဆာရာဂျီနယ်ကရက်ဒေါက်က ဦးဆောင်ပြီး တက္ကသိုလ်ကို အခန်းအနားနဲ့ ဖွင့်လှစ်ဘို့စီစဉ်တယ်။ ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးကို အကန့်အသတ်နဲ့ပဲ ထူထောင်ပေးခဲ့တာပါ။ သက်မွေးဝမ်းကျောင်း ပညာရေးက မဖြစ်သလောက်ပဲ သင်ကြားပေးနိုင်ပါတယ်။ ၁၉၂၅ မှာ မန္တလေးကောလိပ်၊ ၁၉၃၀ မှာ ဆရာအတတ်သင် ကောလိပ်နဲ့ ဆေးသိပ္ပံကို ရန်ကုန်တက္ကသိုလ်မှာ တွဲဖက်ပြီး ဖွင့်လှစ်တယ်။ ၁၉၃၈ မှာ မန္တလေးစိုက်ပျိုးရေးသိပ္ပံကို ဖွင့်လှစ်တယ်။

၁၉၂၀ မှာ စတင်ဖွင့်လှစ်တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ကိုလိုနီခေတ်မှာ အမျိုးသားရေးလှုပ်ရှားမှုရဲ့ ဗဟိုဖြစ်လာပြီး လွတ်လပ်ရေးခေတ်မှာ တိုးတက်တဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ စတင်ရာဗဟိုချက် ဖြစ်လာခဲ့တယ်။ နိုင်ငံရဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးရာ နေရာလဲ ဖြစ်ခဲ့တယ်။ ၁၉၃၀ မှာ တို့ဗမာအစည်းအရုံး ပေါ်လာတဲ့အခါ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တဲ့ ကျောင်းသားတွေဟာ သခင်ကျောင်းသားတွေ ဖြစ်လာကြပြီး တက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာ အမျိုးသားရေး လှုပ်ရှားမှုရဲ့ အချက်အချာ နေရာဖြစ်လာတယ်။

(ဂ) လွတ်လပ်ရေးခေတ် မြန်မာ့ပညာရေး

လွတ်လပ်ရေးခေတ်မှာ အခြေခံပညာရေးကို ဗဟိုကချုပ်ကိုင်နိုင်အောင် စီမံကိန်းတွေ ချမှတ်ဆောင်ရွက်လာတယ်။ ဝန်ကြီးချုပ်ဦးနုရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်အရ နိုင်ငံပိုင်ကျောင်းတွေမှာ မူလတန်းကနေ တက္ကသိုလ်အထိ အခမဲ့ ပညာသင်ကြားရေးစံနစ်ကို စတင်တယ်။ အလယ်တန်းနဲ့ အထက်တန်း အဆင့်မှာ သက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သင်ကြားပေးဘို့လဲ စီစဉ်တယ်။ အင်္ဂလိပ်ဘာသာကို သင်ကြားရေး မဏ္ဍိုင်အဖြစ် အသုံးပြုပြီး မြန်မာဘာသာနဲ့ တွဲဖက်သင်ကြားဘို့ ဖြစ်တယ်။ ကျောင်းသုံးစာအုပ်တွေကိုလဲ မြန်မာဘာသာနဲ့ ထုတ်ဝေဘို့ စီစဉ်တယ်။ ၁၉၄၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ယူနက်စကို အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာတယ်။ မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်များအရ မြန်မာနိုင်ငံအတွက် ယူနက်စကို ပညာရေးမစ်ရှင်တစ်ရပ်ကို စေလွှတ်ဘို့ သဘောတူခဲ့ကြတယ်။ အဖွဲ့ဝင်သုံးဦးပါဝင်တဲ့ ယူနက်စကို မစ်ရှင်အဖွဲ့ဟာ ၁၉၅၀ နှစ်ကုန်လောက်မှာ မြန်မာနိုင်ငံကို လာရောက် လေ့လာတယ်။ စာသင်ခန်းများ မလုံလောက်မှု၊ သင်ကြားမှု အထောက်အကူ ပစ္စည်းများချို့တဲ့နေမှု၊ ဘာသာရပ်အားလုံးအတွက် ကျောင်းသုံး စာအုပ်များ ရှားပါးနေမှု၊ အရည်အချင်းပြည့်မှီတဲ့ ဆရာအင်အားနည်းပါးနေမှုတို့ကို ဖြေရှင်းပေးဘို့ လိုအပ်နေကြောင်း ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းခဲ့တယ်။ ဒီအစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ဆရာအတတ်သင် သိပ္ပံတွေ ဖွင့်လှစ်တယ်။ ရန်ကုန်တက္ကသိုလ် ပညာရေးမဟာဌာနမှာ အထက်တန်းပြ ဆရာတွေ ခန့်ထားနိုင်ဘို့ ဝိဇ္ဇာပညာရေး ဘွဲ့သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့တယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးတဲ့နောက်မှာ သာသနာပြု ကျောင်းတွေအပါအဝင် အ လွတ်ပညာသင် ကျောင်းတွေအားလုံးကို ပြည်သူပိုင် သိမ်းလိုက်တယ်။ တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းလိုက်ပြီး ကောလိပ်၊ သိပ္ပံနဲ့ တက္ကသိုလ်တွေ အားလုံးကို အစိုးရရဲ့ တိုက်ရိုက်ချုပ်ကိုင်မှု အောက်မှာ ထားလိုက်တယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲလိုက်တယ်။ ပညာရေးမူဝါဒ ကြေငြာချက်မှာ ဆိုရှယ်လစ် စီးပွါးရေးစနစ်ကို အကျိုးပြုမဲ့ ပညာရေးစနစ်ကို တည်ဆောက်ပြီး သိပ္ပံပညာကို ဦးစားပေးမည်လို့ ဆိုတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးတဲ့နောက်မှာ သာသနာပြု ကျောင်းတွေအပါအဝင် အ လွတ်ပညာသင် ကျောင်းတွေအားလုံးကို ပြည်သူပိုင် သိမ်းလိုက်တယ်။ တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းလိုက်ပြီး ကောလိပ်၊ သိပ္ပံနဲ့ တက္ကသိုလ်တွေ အားလုံးကို အစိုးရရဲ့ တိုက်ရိုက်ချုပ်ကိုင်မှု အောက်မှာ ထားလိုက်တယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲလိုက်တယ်။ ပညာရေးမူဝါဒ ကြေငြာချက်မှာ ဆိုရှယ်လစ် စီးပွါးရေးစနစ်ကို အကျိုးပြုမဲ့ ပညာရေးစနစ်ကို တည်ဆောက်ပြီး သိပ္ပံပညာကို ဦးစားပေးမည်လို့ ဆိုတယ်။ အလယ်တန်းအဆင့်ပြီးတာနဲ့ ကျောင်းသားတစ်ယောက်က ပျှမ်းမျှ အသက် ၁၄နှစ်လောက်မှာ ဝိဇ္ဇာနဲ့ သိပ္ပံဆိုပြီး လမ်းနှစ်သွယ် ခွဲလိုက်တယ်။ တက္ကသိုလ်ဝင်တန်းကို အခြေခံပညာ အထက်တန်းလို့ အမည်ပြောင်းပြီး စာမေးပွဲ ကျင်းပတယ်။ ဒီစာမေးပွဲအမှတ်နဲ့ တက္ကသိုလ်မှာ သင်ယူရမဲ့ ဘာသာရပ်ကို သတ်မှတ်ပေးတယ်။ အမှတ်မကောင်းတဲ့  ကျောင်းသားတွေက ဝိဇ္ဇာပညာရပ်တွေကို သင်ယူရုံကလွဲလို့ ရွေးချယ်စရာ မရှိဘူး။ တရုတ်နဲ့ အိန္ဒိယ နွယ်ဘွား ကျောင်းသားတွေက ဆေးတက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့် မရကြဘူး။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကျောင်းသား ဆန္ဒပြမှုတွေ စိတ်စိတ်ဖြစ်လာတယ်။ ဗဟိုက ချုပ်ကိုင်တဲ့ တက္ကသိုလ် ပညာရေးကို အစားထိုးဘို့ ဒေသကောလိပ် ၁၇ကျောင်းကို ၁၉၇၆မှာ ဖွင့်လှစ်တယ်။ နယ်မြို့တွေမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းသားတွေကို ဖြန့်ခွဲပြီး ပို့ဘို့စီစဉ်တာ ဖြစ်တယ်။ စာပေးစာယူ သင်တန်းကိုလဲ ဖွင့်လှစ်ပေးတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းကတည်းက အင်္ဂလိပ်ဘာသာကို သင်ကြားရေး မဏ္ဍိုင်အဖြစ် အသုံးမပြုခြင်းနဲ့ အင်္ဂလိပ်ဘာသာ သင်ကြားရေးကို အလေးပေး ဆောင်ရွက်ခြင်း မပြုတဲ့ရလဒ်ကတော့ ၁၉၈၁ ခုနှစ်မှာ အင်္ဂလိပ်လို သင်ကြားရမယ်လို့ ညွှန်ကြားချက်ထုတ်တော့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ကျောင်းသုံးစာအုပ်ကို ကိုင်ပြီးသင်ကြားပေးနိုင်တဲ့ ဆရာ မရှိသလောက် နည်းနေခြင်းပါပဲ။ ဒီတော့ အခြေခံပညာအဆင့်မှာသာမက တက္ကသိုလ်အဆင့်မှာပါ ကျူုရှင်ယူတဲ့ ဓလေ့တစ်ခု ဖြစ်လာတယ်။ နိုင်ငံခြား ပညာသင်တွေ စေလွှတ်ပေမဲ့ ပြန်မလာရင် လျှော်ကြေးအမြောက်အမြား ပေးပါမယ်ဆိုတဲ့ အာမခံစာချုပ်ကို ပြည်တွင်းမှာ ကျန်ရစ်တဲ့ အသိမိတ်ဆွေတွေက လက်မှတ်ထိုးပေးကြရတယ်။ အထက်တန်း ကျောင်းထွက် စာမေးပွဲအောင်မြင်သူ အတော်များများက စာပေးစာယူ သင်တန်းတက်ပြီး ဘွဲ့တစ်ခုရဘို့လောက်ပဲ မျှော်မှန်း ကြတော့တယ်။ ၁၉၈၆-၈၇ စာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့်ရသူ အားလုံးရဲ့ ၄၁ရာခိုင်နှုန်းဟာ စာပေးစာယူ သင်တန်းတွေကိုပဲ ရွေးချယ်ခဲ့ကြတာကို စာရင်းဇယားတွေအရ သိရတယ်။

(ဃ) ပြန်ပြောင်းသုံးသတ်ချက်

၁၉၆၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံ ပညာရေးဟာ အဖက်ဖက်မှာ ယိုယွင်းဆုတ်ယုတ်လာခဲ့တယ်။ နိုင်ငံတော်က ပညာရေးအတွက် ရံပုံငွေအလုံအလောက် ချမပေးတာရယ်၊ စာသင်ကျောင်းတွေကို အစိုးရရဲ့ ဝါဒဖြန့်ချီရေးအတွက် အသုံးချတာရယ်၊ တက္ကသိုလ်တွေမှာ ပညာရေးလွတ်လပ်ခွင့် လုံးဝမရှိတာတွေက အဓိကအကြောင်းရင်းတွေ ဖြစ်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ ပိုပြီးဆုတ်ယုတ် ပျက်စီးလာခဲ့တယ်။ ၁၉၉၀ – ၁၉၉၂ မှာ ယူနက်စကိုနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ ယူနက်စကိုရဲ့ အကူအညီနဲ့ အခြေခံပညာအဆင့်မှာ ပညာရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဘို့ လိုအပ်ချက်တွေကို လေ့လာမှုတွေ လုပ်ခဲ့တယ်။ ၁၉၉၅ ခုနှစ်မှာ တင်သွင်းတဲ့ ယူနီဆက်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ခလေးသူငယ် ၃၉ ရာခိုင်နှုန်းဟာ အကြောင်းကြောင်းကြောင့် မူလတန်းကျောင်းတွေမှာ လုံးဝ ပညာသင်ခွင့် မရကြပါ။ ၃၄ ရာခိုင်နှုန်းက တဝက်တပျက်နဲ့ ကျောင်းက ထွက်သွားကြရပြီး၊ ၂၇ ရာခိုင်နှုန်းပဲ မူလတန်း အဆင့်ကို ပြီးဆုံးအောင် သင်ကြားနိုင်ကြတယ်လို့ ဆိုပါတယ်။ အလယ်တန်း အထက်တန်းအဆင့်ထိ တက်ရောက် သင်ကြားနိုင်တာက () ရာခိုင်နှုန်းပဲ ရှိတယ်လို့ ခန့်မှန်းပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ကာကွယ်ရေး အတွက် အများဆုံးသုံးပြီး ပညာရေးအတွက်က ၁. ရာနှုန်းသာ သုံးစွဲနေခဲ့တာလို့ ဆိုကြောင်းပါခင်ဗျား။

သံ၀ှန်ဖြိုး

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

References

Aye Kyaw. 1993. The Voice of Young Burma. Ithaca, NY: Cornell University Press, Southeast Asia Program.

Kaung, U. 1963. A Survey of the History of Education in Burma Before the British Conquest and After. Journal of Burma Research Society 46 – 2: 1 – 124.

Khin Maung Kyi (et – al). 2000. A Vision and Strategy: Economic Development of Burma: Stockholm, Sweden: Olof Palme Institutional Center.