မြန်မာပြည်ပညာရေးသမိုင်းကြောင်း (အပိုင်း ၁)

“စာတတ် ပေတတ်” ဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာ လူတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ကိုဖော်ပြတဲ့ ဝိသေသ ဖြစ်တယ်။ စာရေးစာဖတ်တတ်မှ ဗုဒ္ဓသာသနာရဲ့ အဆုံးအမတွေကို ဖတ်ရှုလေ့လာနိုင်မယ်။ သူတပါးကိုလဲ သွန်သင်နိုင်မယ်။ လောကအကြောင်း ဓမ္မအကြောင်း ကောင်းကောင်း နားလည်မယ်လို့ ယုံကြည်ကြတယ်။ ကိုလိုနီခေတ် မတိုင်မီကတော့ မြန်မာလူမျိုးတွေအတွက် ဘုန်းကြီးကျောင်းတွေဟာ ပညာဆည်းပူးရာ နေရာတွေဖြစ်တယ်။

မြန်မာတွေဟာ ပုဂံခေတ်လောက်ကတည်းက ပညာရေးကို အလေးအနက်ထားကြတယ်။ ပညာရေးဆိုတဲ့ နေရာမှာ ရှေးကတော့ စာရေးစာဖတ်တတ်တာကို အလေးအနက်ထားကြတာပါ။ စာတတ် ပေတတ်ဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာ လူတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ကိုဖော်ပြတဲ့ ဝိသေသ ဖြစ်တယ်။ စာရေးစာဖတ်တတ်မှ ဗုဒ္ဓသာသနာရဲ့ အဆုံးအမတွေကို ဖတ်ရှုလေ့လာနိုင်မယ်။ သူတပါးကိုလဲ သွန်သင်နိုင်မယ်။ လောကအကြောင်း ဓမ္မအကြောင်း ကောင်းကောင်း နားလည်မယ်လို့ ယုံကြည်ကြတယ်။ ကိုလိုနီခေတ် မတိုင်မီကတော့ မြန်မာလူမျိုးတွေအတွက် ဘုန်းကြီးကျောင်းတွေဟာ ပညာဆည်းပူးရာ နေရာတွေဖြစ်တယ်။ သက်ဦးဆံပိုင် မြန်မာမင်းတွေကအစ သူတို့ရဲ့ နိုင်ငံရေးရပ်တည်မှုကို သာသနာယုံကြည်မှုတွေနဲ့ အားဖြည့်ဘို့ သံဃအဖွဲ့အစည်းရဲ့ ထောက်ခံမှုကိုယူရတယ်။ ဒါကြောင့်ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ သံဃာဆိုတာ တောင့်တင်းခိုင်မာတဲ့ လူမှုအဖွဲ့အစည်း (Social Institution) အဖြစ်ဒီနေ့အထိရပ်တည်နေခြင်းပါပဲ။

ဟိုရှေးတုန်းကတော့ မြန်မာမိဘတွေဟာ သားယောက်ျားလေးတစ်ယောက်ကို ရင်အုပ်မကွာ စောင့်ထိန်းရာက အသက်(၈)နှစ်လောက် ရောက်ရင်ဘုန်းကြီးကျောင်းကို စပြီးပို့ပြီ။ ဒီခလေးကို ရဟန်းတော်တွေက ပညာသင်ပေးရုံမက လိမ်မာယဉ်ကျေးအောင်နဲ့ စည်းကမ်းသေဝပ်မှုရှိအောင် ပါသင်ကြားပေးတယ်။ ဒါကြောင့်ခလေးတစ် ယောက်ဟာ ဘုန်းကြီးကျောင်းမှာ အနေကြာလာတာနဲ့ ခေါက်ရိုး ကျိုးလာတာပါပဲ။ ကျောင်းတွေမှာ “သဒ္ဒါသင်္ဂြိုလ်” နဲ့ မြန်မာရိုးရာဂဏန်းသင်္ချာကိုလဲ သင်ပေးတယ်။ လိမ္မာတဲ့ ခလေးအတွက်ရော မိုက်တဲ့ခလေးအတွက်ရော ဒီပညာရေးကလွဲလို့ အခြားမရှိဘူး။ မကောင်းကျောင်းပို့ဆိုတဲ့ မြန်မာဆိုရိုးစကားလဲ ရှိနေတယ်။ ဘုန်းကြီးကျောင်းတွေက ဆိုးတဲ့ခလေးကိုလဲ ပြုပြင်ပေးပါတယ်။ ထွက်ပြေးလဲ မလွတ်ဘူး မိဘဆွေမျိုးတွေက ဖမ်းပြီး ပြန်ပို့တာပဲ။ အသက် (၁၂)နှစ်လောက်ရောက်ရင် ကိုယ်ရင်ဝတ်ရတယ်။ ကိုယ်ရင်ဝတ်ပြီး ကျောင်းမှာဆက်နေရင် မြန်မာစာပေနဲ့ ပါဠိစာပေကို အဆင့်မြင့်မြင့် လေ့လာနိုင်တယ်။ ဒါကြောင့် (၁၉)ရာစုမှာ ကိုလိုနီအုပ်ချုပ်ရေး အရာရှိတွေက မြန်မာပြည်မှာ စာတတ်တဲ့ ယောက်ျားဦးရေဟာ အိန္ဒိယထက် လေးဆများပြီး စာတတ်တဲ့ မိန်းမကလဲ သုံးဆများတယ်လို့ မှတ်တမ်း တင်ထားကြတယ်။

ဗြိတိသျှ အုပ်ချုပ်ရေးသမားတွေရဲ့ အမြင်မှာ ဘုန်းတော်ကြီးသင် ကျောင်းတွေဟာ ဗုဒ္ဓဘာသာနဲ့ ခွဲမရအောင် ဆက်စပ်နေလို့ အစိုးရက ချုပ်ကိုင်တဲ့ ပညာရေးဌာန မူဝါဒ တစ်ခုတည်းအောက်မှာ ပူးပေါင်းဆောင်ရွက်ဘို့ မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ဒါပေမဲ့ ဒီကျောင်းတွေကို လက်တွဲမခေါ်လို့ကလဲ မဖြစ်ဘူး။ ဘာသာရေး မဖက်တဲ့လောကီပညာရေးကို ပြဌာန်းပေးလိုက်တဲ့အခါ (၂၀)ရာစုဆန်းချိန်မှာ အစိုးရကျောင်းတွေရဲ့ အရေအတွက်က ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ ထက်အရေအတွက် များလာတယ်။

(က) အနောက်တိုင်းပညာရေး (Secular Education)

အနောက်တိုင်းပညာရေးရဲ့ အားသာချက်တွေကို မြန်မာတွေလွတ်လပ်ရေး မဆုံးရှုံးခင်ကတည်းက သိပါတယ်။ မင်းတုန်းမင်းလက်ထက်မှာ ပညာတော်သင်အချို့ကို ကာလကတ္တားကို လွှတ်ဘူးတယ်။ မြန်မာတစ်ပြည်လုံးကို အင်္ဂလိပ်သိမ်းပြီးခါစမှာ ဗမာ၊ မွန်နဲ့ ရခိုင်တွေဟာ စာရေးစာဖတ်တတ်သူ အများဆုံး ဖြစ်တယ်။ အစောဆုံး ကိုလိုနီ အုပ်ချုပ်ရေး အောက်ကိုရောက်တဲ့ ရခိုင်တနင်္သာရီနဲ့ ပဲခူးမှာ ခရစ်ယန်သာသနာပြု ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေတာ ဆယ်စုနှစ် သုံးခုလောက် ရှိနေပြီ။ ဒါပေမဲ့ ကိုလိုနီအစိုးရဟာ ပညာရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်မြောက်မြောက် တာဝန်မယူနိုင်သေးပါဘူး။ အစိုးရက ဒီတာဝန်ကို ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေကို ယူခိုင်းဘို့ ဆုံးဖြတ်တယ်။ ဒီလိုမလုပ်ရင် နောက်မျိုးဆက်တွေ ပညာသင်ဘို့ ခက်မယ်။ အောင်မြင်နေတဲ့ ခရစ်ယန်သာသနာပြု ကျောင်းတွေကိုလဲ ဆက်လက် အားပေးမယ်။ ဒီကြားကာလမှာ ဘသာရေးမဖက်တဲ့ ပညာရေးကို သင်ကြားပေးဘို့ စီစဉ်မယ်။ ကိုလိုနီအစိုးရက ဘာသာရေးမဖက်တဲ့ ကျောင်းတွေ ဖွှင့်လှစ်ပေးလာတဲ့အခါ စောစောပိုင်းမှာ ဘုန်းတော်ကြီးသင် ကျောင်းတွေကို ယှဉ်ပြိုင်ဘို့ အတော်ခက်ခဲနေတာ တွေ့ရတယ်။ ဗြိတိသျှ အုပ်ချုပ်ရေးသမားတွေရဲ့ အမြင်မှာ ဘုန်းတော်ကြီးသင် ကျောင်းတွေဟာ ဗုဒ္ဓဘာသာနဲ့ ခွဲမရအောင် ဆက်စပ်နေလို့ အစိုးရက ချုပ်ကိုင်တဲ့ ပညာရေးဌာန မူဝါဒ တစ်ခုတည်းအောက်မှာ ပူးပေါင်းဆောင်ရွက်ဘို့ မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ဒါပေမဲ့ ဒီကျောင်းတွေကို လက်တွဲမခေါ်လို့ကလဲ မဖြစ်ဘူး။ ဘာသာရေး မဖက်တဲ့လောကီပညာရေးကို ပြဌာန်းပေးလိုက်တဲ့အခါ (၂၀)ရာစုဆန်းချိန်မှာ အစိုးရကျောင်းတွေရဲ့ အရေအတွက်က ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ ထက်အရေအတွက် များလာတယ်။ သင်ကြားတဲ့ ဘာသာစကားကို လိုက်ပြီးတော့ကျောင်းတွေကို သုံးမျိုးသုံးစား ခွဲခြားနိုင်တယ်။ တစ်မျိုးက မြန်မာဘသာ (တိုင်းရင်းဘာသာ)နဲ့ သင်ကြားပေးတဲ့ ကျောင်းတွေပါ။ မြန်မာစာသင်ကျောင်း (Vernacular Schools)လို့ ခေါ်ကြတယ်။ ဒီကျောင်းတွေကို အစိုးရက အထောက်အပံ့ပေးပေမဲ့ ပညာရေးဌာနရဲ့ အုပ်ချုပ်မှု အောက်မှာမရှိဘူး။ ဒိစတြိတ်ကောင်စီ (District Council)တွေက စီမံခန့်ခွဲရတယ်။ ဒုတိယ တစ်မျိုးက အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင်ကျောင်း (Anglo-Vernacular Schools) တွေပါ။ အစိုးရ အထောက်အပံ့ခံလို့သာ ပြောရတယ် ထိထိရောက်ရောက် ပံ့ပိုးမှုမရှိ၊ ကျောင်းသားတွေအတွက် အနာဂါတ်ရယ်လို့လဲ မရှိတော့ နောင်အခါ တက်ရောက်သင်ကြားတဲ့ ကျောင်းသားကလဲ နည်းပါးလာတယ်။ တတိယ အမျိုးအစားကတော့ အစိုးရကျောင်း၊ သာသနာပြု ကျောင်းနဲ့ အလွတ်သင်ကျောင်းတွေပါတဲ့ ဟိုတုန်းကအခေါ် အင်္ဂလိပ်ကျောင်းတွေ ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းတဲ့အတွက် ဒုတိယနဲ့ တတိယအမျိုးအစား ကျောင်းတွေကိုပဲ တက်ရောက် သင်ကြားသူ များပါတယ်။ အမှန်တကယ်မှာကတော့ ၁၈၇၀ နောက်ပိုင်းမှာ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်လာသလို ကိုလိုနီအုပ်ချုပ်ရေးလဲ အ‌ခြေခိုင်နေပြီဖြစ်လို့ စာရေးစာချီလို အောက်ခြေဝန်ထမ်းတွေလို အများကြီး လိုအပ်နေပြီ။ တချို့ကို အိန္ဒိယက တင်သွင်းတယ်။ မြန်မာတွေကိုတော့ စရိတ်သက်သာတဲ့နည်းနဲ့ လေ့ကျင့်ပေးနိုင်အောင် ဒီလိုကျောင်းမျိုးတွေ ဖွင့်ပြီး စီစဉ်ကြတာပါ။

အိန္ဒိယနဲ့ မြန်မာပြည်မှာ ကိုလိုနီအုပ်ချုပ်ရေးကို အကောင်အထည်ဖော်ဘို့ ရောက်လာကြတဲ့ ဘိလပ်သား အရာရှိကြီးတွေဟာ ဗြိတိသျှဘောဂဗေဒပညာရှင် အဒမ်စမစ် (Adam Smith)ရဲ့ လစ်ဘရယ် အတွေးအခေါ်အနည်း နဲ့အများ အလွှမ်းမိုးခံနေရသူတွေ ဖြစ်တယ်။ ခရစ်ယန်ဘာသာအပေါ် အခြေခံတဲ့ လူသားဝါဒနဲ့ အသိပညာ ပွင့်လင်းလာမှုဟာ လူသားတွေရဲ့ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုတွေကို ပြောင်းလဲတိုးတက် လာစေနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒီလိုသာ ပြောင်းလဲသွားခဲ့ရင် အိန္ဒိယပြည်မှာ ရုပ်ပွါးဆင်းထု ကိုးကွယ်သူ တစ်ယောက်မျှ မကျန်ပဲ ဖြစ်သွားမယ်လို့ ဘုရင်ခံချုပ် မက္ကောလေး (R. H. Macaulay) က ပြောဘူးတယ်။

အိန္ဒိယနဲ့ မြန်မာပြည်မှာ ကိုလိုနီအုပ်ချုပ်ရေးကို အကောင်အထည်ဖော်ဘို့ ရောက်လာကြတဲ့ ဘိလပ်သား အရာရှိကြီးတွေဟာ ဗြိတိသျှဘောဂဗေဒပညာရှင် အဒမ်စမစ် (Adam Smith)ရဲ့ လစ်ဘရယ် အတွေးအခေါ်အနည်း နဲ့အများ အလွှမ်းမိုးခံနေရသူတွေ ဖြစ်တယ်။ ခရစ်ယန်ဘာသာအပေါ် အခြေခံတဲ့ လူသားဝါဒနဲ့ အသိပညာ ပွင့်လင်းလာမှုဟာ လူသားတွေရဲ့ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုတွေကို ပြောင်းလဲတိုးတက် လာစေနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒီလိုသာ ပြောင်းလဲသွားခဲ့ရင် အိန္ဒိယပြည်မှာ ရုပ်ပွါးဆင်းထု ကိုးကွယ်သူ တစ်ယောက်မျှ မကျန်ပဲ ဖြစ်သွားမယ်လို့ ဘုရင်ခံချုပ် မက္ကောလေး (R. H. Macaulay) က ပြောဘူးတယ်။ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲအပြီးမှာ အောက်မြန်မာပြည်ကို သိမ်းယူနိုင်ခြင်းဟာ လူ့ယဉ်ကျေးမှု ထွန်းကားဘို့နဲ့ ခရစ်တော်ရဲ့ အဆုံးအမပြန့်နှံ့ဖို့ ဘုရားသခင်က ကောင်းချီးမင်္ဂလာ ပေးခြင်းဖြစ်တယ်၊ ကိုလိုနီတွေမှာ အယူသီးမှုနဲ့ အစွဲအလန်းကြီးမှုတွေ ပပျောက်သွားဘို့ လိုတယ်လို့လဲ ဆိုကြတယ်။

ဒီလစ်ဘရယ် သဘောတရားဟာ ၁၈၈၂ မှာ အိန္ဒိယပညာရေး ကော်မီရှင်က အတည်ပြုပေးခဲ့သလို ပညာရေး မှာ အစိုးရက ဝင်ရောက်စွတ်ဖက်မှု ကင်းရမယ်ဆိုတဲ့ မူဝါဒအတိုင်း ကျင့်သုံးဘို့ ဖြစ်တယ်။ မူလတန်း အဆင့်ကို တိုင်း ရင်းဘာသာနဲ့ သင်ကြားပြီး အလယ်တန်းအဆင့်ကို အင်္ဂလပ်ဘာသာနဲ့ တိုင်းရင်းဘာသာတို့နဲ့ သင်ကြားပေးဘိုပါ။ အလယ်တန်းပြီးရင် တက္ကသိုလ် ဝင်ခွငိ့စာမေးပွဲကို ဖြေဆိုခွင့်ရမယ်။ အောင်မြင်ရင် မြန်မာပြည်နဲ့ အိန္ဒိယပြည်က တက္ကသိုလ်တွေမှာ တက်ရောက် ပညာသင်ကြားနိုင်မယ်။ ပညာရေးဟာ အရာရှိ အရာခံတွေနဲ့ မြို့နေ လူ့အလွှာရဲ့ သားသမီးတွေအတွက်ပဲ ဖြစ်နေတယ်။ ဒါကြောင့်လဲ ဒီပညာရေးကို ဖော်ထုတ်ပေးလို့ ကိုလိုနီအစိုးရကို ကျေးဇူးတင်သင့်တယ်လို့ မြန်မာအများစုက မယူဆကြဘူး။ အနောက်တိုင်းပညာကို သင်ကြားရလို့ ခရစ်ယန်ဘာသာကို ကူးပြောင်းသူရယ်လို့လဲ သိပ်မရှိကြဘူး။ ကျောင်းတွေမှာ အင်္ဂလိပ်ဂန္တဝင်စာပေတွေကို သင်ကြားပေးတာကလဲ မရောင်ရာ ဆီလူးဖြစ်နေတယ်။ သိပ္ပံနဲ့ လူမှုဝိဇ္ဇာပညာရပ်တွေကို သင်ကြားရာမှာ အားနည်းနေတယ်လို့ ဝေဖန်ကြတယ်။ ကိုလိုနီ အုပ်ချုပ်ရေး ယန္တရားကို နားလည်သဘောပေါက်အောင်နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာအောင် ပြည်သူ့နီတိလို ဘာသာရပ်တွေကိုလဲ သင်ကြားပေးဘို့ ဖြစ်လာတယ်။

၁၈၇၀ကို ရောက်တဲ့အထိ မြန်မာပြည်မှာ အနောက်တိုင်း ပုံစံပညာရေးဟာ ဖြစ်ဖြစ်‌မြောက်မြောက် မ အောင်မြင်သေးပါ။ ဒီအချိန်အထိ ဘုန်းတော်ကြီးကျောင်း ပညာရေးတွေကို အားကိုး နေရတာပါ။ ၁၈၇၃ ခုနှစ် အထိ ဘုန်းတော်ကြီးသင် ကျောင်းက(၈၀၁)ကျောင်း ရှိပြီး အစိုးရ ပညာသင်ကျောင်းက (၁၁၂)ကျောင်းပဲ ရှိပါတယ်။ ဒါပေမဲ့ ၁၈၇၀ခုနှစ်မှာ စူးအက်တူးမြောင်း ဖွင့်လိုက်တော မြန်မာပြည်ရဲ့ ကုန်သွယ်ရေးဟာ တမဟုတ်ချင်း တိုးတက်လာတယ်။ စီးပွါးရေး လုပ်ငန်းတွေမှာရော အုပ်ချုပ်ရေးဌာနတွေမှာပါ သုံးဘို့ အင်္ဂလိပ်စာတတ်တဲ့ စာရေးစာချီတွေ လိုလာတယ်။ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပညာရေးစံနစ်ကို ပြုပြင်ရတော့တယ်။ ကျင့်ဝတ်သိက္ခာပိုင်း ကောင်းမွန်အောင် ဆုံးမသွန်သင်ပေးဘို့ ဘုန်းကြီးကျောင်း ပညာရေးက လုံလောက်ပေမဲ့ လောကီပညာ သင်ကြားရေးအတွက်ကတော့ သိပ်ပြီးအံမဝင်ဘူးလို့ ယူဆကြတယ်။

၁၈၇၀ကို ရောက်တဲ့အထိ မြန်မာပြည်မှာ အနောက်တိုင်း ပုံစံပညာရေးဟာ ဖြစ်ဖြစ်‌မြောက်မြောက် မ အောင်မြင်သေးပါ။ ဒီအချိန်အထိ ဘုန်းတော်ကြီးကျောင်း ပညာရေးတွေကို အားကိုး နေရတာပါ။ ၁၈၇၃ ခုနှစ် အထိ ဘုန်းတော်ကြီးသင် ကျောင်းက(၈၀၁)ကျောင်း ရှိပြီး အစိုးရ ပညာသင်ကျောင်းက (၁၁၂)ကျောင်းပဲ ရှိပါတယ်။ ဒါပေမဲ့ ၁၈၇၀ခုနှစ်မှာ စူးအက်တူးမြောင်း ဖွင့်လိုက်တော မြန်မာပြည်ရဲ့ ကုန်သွယ်ရေးဟာ တမဟုတ်ချင်း တိုးတက်လာတယ်။ စီးပွါးရေး လုပ်ငန်းတွေမှာရော အုပ်ချုပ်ရေးဌာနတွေမှာပါ သုံးဘို့ အင်္ဂလိပ်စာတတ်တဲ့ စာရေးစာချီတွေ လိုလာတယ်။ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပညာရေးစံနစ်ကို ပြုပြင်ရတော့တယ်။ ကျင့်ဝတ်သိက္ခာပိုင်း ကောင်းမွန်အောင် ဆုံးမသွန်သင်ပေးဘို့ ဘုန်းကြီးကျောင်း ပညာရေးက လုံလောက်ပေမဲ့ လောကီပညာ သင်ကြားရေးအတွက်ကတော့ သိပ်ပြီးအံမဝင်ဘူးလို့ ယူဆကြတယ်။ ဘုန်းတော်ကြီးသင် ကျောင်းတွေမှာ အင်္ဂလိပ်စာကိုပါ သင်ကြားဘို့ အဆိုပြုကြပေမဲ့ သင်ကြားပို့ချတဲ့ ဆရာတွေက အင်္ဂလိပ်အသံထွက် မှန်မှာမဟုတ်ဘူးဆိုပြီး ပညာရေးဝန်ထမ်းတွေက ကန့်ကွက် ကြတယ်။ တဖက်မှာကလည်း အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သမိုင်းလို သာသာရပ်မျိုးကို သင်ကြားပေးနိုင်တဲ့ တိုင်းရင်းသား ဆရာတွေရဘို့ကလဲ ခက်တယ်။ ကျောင်းအုပ်အဆင့်တွေကလဲ အင်္ဂလိပ်လူမျိုးတွေနဲ့ အိန္ဒိယနွယ်ဖွါးတွေ ဖြစ်နေလို့ မြန်မာကျောင်းသားတွေကို သင်ကြားတဲ့ နေရာမှာ အခက်အခဲတွေ ရှိတယ်။ အထက်တန်းအဆင့် ပညာသင်ကြားရေးဟာ (၂၀) ရာစုဆန်းတဲ့အထိ အောင်မြင်တယ်လို့ မပြောနိုင်ပါ။ ဒါကြောင့် အလယ်တန်းကျောင်းအပြီး ခုနစ်တန်းအောင် ရင် အစိုးရဌာနတွေမှာ လစာကောင်းကောင်း ရာထူးတစ်ခုခု ရနိုင်တဲ့ပညာရေးစံနစ်နဲ့ ဗျူရိုကရေစီကို ထိန်းညှိထားရတယ်။ ပညာရေးအတွက် ခွင့်ပြုငွေ လုံလုံလောက်လောက် ချမပေးတာကိုလဲ ဝေဖန်ကြတယ်။ တကယ်ကတော့ ကိုလိုနီတိုင်းပြည်မှာ နယ်ချဲ့တွေ အနေနဲ့က သူတို့လိုအပ်တဲ့ အောက်ခြေအဆင့် ဝန်ထမ်း (Ancillary Subordinates) မွေးထုတ်ဘို့ ရည်ရွယ်ဟန် တူပါတယ်။ မြန်မာလူငယ်တွေကိုလဲ ပြောင်းလဲနေတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လူနေမှုဘဝမှာ နေသားတကျ ရှိအောင် လေ့ကျင့်ပေးဘို့ပါပဲ။ ကရင်၊ ကချင်နဲ့ ချင်းစတဲ့ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ကြတဲ့ ဒေသတွေမှာ ခရစ်ယန်သာသနာပြုတွေက အနောက်တိုင်း ပညာရေးနဲ့အတူ ခရစ်ယန် သာသနာပြု လုပ်ငန်းတွေကိုပါ ဆောင်ရွက်တယ်။ စာရေးစာဖတ် မတတ်သေးတဲ့ လူမျိုးတွေအတွက် စာရေးနည်းကို တည်ထွင်ပေးပြီး သမ္မာကျမ်းစာကို တိုင်းရင်းဘာသာတွေနဲ့ ပြန်ဆိုပေးတော့ လူမှုပြုပြင်ရေး တစ်ရပ်ဖြစ်လာခဲ့တယ်။ ခရစ်ယန် ဘုရားရှိခိုးကျောင်းကို ဗဟိုပြုတဲ့ ခရစ်ယန် အထက်လွှာတစ်ရပ် ပေါ်ထွန်းလာခဲ့တယ်။

သံ၀ှန်ဖြိုး

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)