“…ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင် ပစ္စည်း မဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့၏ ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလကလည်းကောင်း ၊ ယခုမျက်မှောက်ခေတ်တွင် လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ လည်းကောင်း ငါတို့ပြည်ထောင်စုကြီး အတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျားမ မခြား ၊ သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်….”
“…ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင်ပစ္စည်း မဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့၏ ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလက လည်းကောင်း ၊ ယခုမျက်မှောက်ခေတ်တွင် လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ လည်းကောင်း ငါတို့ပြည်ထောင်စုကြီး အတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျားမ မခြား ၊ သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်….”
အထက်ပါ စာသားတွေကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ” လွတ်လပ်ရေး ကြေစာတမ်း ” ပါ စာသားတွေပဲ ဖြစ်ပါတယ်။ အဲဒီစာသားတွေရဲ့ အနှစ်သာရအတိုင်း တိုင်းရင်းသားပြည်သူတွေ ခံစား၊ စံစားနေရပါသလား လို့ မေးခွန်းထုတ်လာခဲ့ရင်တော့ လူတိုင်းခေါင်းခါရ့မ်းကြပါ သေချာပါတယ်။လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ရက်ဆိုရင် လွတ်လပ်ရေးရခဲ့တာ ၇၅နှစ် (စိန်ရတုသက်တမ်း) ပြည့်မြောက်ပြီ ဖြစ်ပါတယ်။လွတ်လပ်ရေး စိန်ရတုသက်တမ်းအတွင်းမှာပဲ တောင်တန်းဒေသတွေမှာ မှောင်မိုက်ပြီး ကြေခဲ့ရသလို၊ မြေပြန့်ဒေသတွေမှာလည်း ဖရိုဖရဲ မသဲမကွဲ ဖြစ်ခဲ့ရပါတယ်။ သမိုင်းကို အားမနာစတမ်း အကဲဖြတ်ရရင်တော့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ စစ်ဖိနပ်ရာတွေသာ တောင်တန်းရော ပြည်မမှာပါ ခြေရာချင်းထပ်ခဲ့ရပါတယ်။
မတရားအာဏာလုယူကာ ကိုယ့်ဘာသာကိုယ် နိုင်ငံတော်ဝန်ကြီးချုပ် အဖြစ်သတ်မှတ်ပြီး အာဏာရှင်သွေးနားထင်ရောက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဟာ ဖက်ဒရယ်ကို ပါးစပ်ကမချတမ်း မန်းမှုတ်နေပါတယ်။ EAOs ၁၀ဖွဲ့နဲ့ ဟန်လုပ်တွေ့နိုင်တာကိုပဲ အဟုတ်ကြီးထင်ပြီး ဂုဏ်ဆာနေပါတယ်။ ဒီ ၁၀ဖွဲ့ကလည်း သေနတ်မဖောက်ဘဲ စစ်ကောင်စီနဲ့ အကျိုးစီးပွားအရ နားလည်မှုယူထားတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ကတော့ နိုင်ငံတော်ကို သူတို့စစ်အုပ်စုကပဲ ပိုင်သလိုမျိုး ၊ သူတစ်ယောက်တည်းပိုင်လိုမျိုး ပြုမူပြောဆို လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီနဲ့ အဲဒီဆယ်ဖွဲ့ သဘောတူရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပြီလို့ အထင်ရောက်နေပုံပါပဲ။
အခုကာလမှာ အစိုးရမရှိဘူး။ လွှတ်တော်မရှိဘူး။ ၂၀၀၈ဖွဲ့စည်းပုံအရလည်း ဥပဒေတွေကို သူထင်သလို ပြဋ္ဌာန်းခွင့်ရှိနေတယ်။သူတစ်ယောက်တည်း သဘောတူဆုံးဖြတ်ရုံနဲ့ အားလုံးပြီးပြတ်နိုင်တဲ့ အချိန်ခါကောင်းလို့ သွေးရူးသွေးတန်း ပြောဆိုနေပါတယ်။ ဟို၁၀ဖွဲ့က ဘာတွေတောင်းပြီး သူကိုယ်တိုင်ကရော ဘယ်လိုလက်ခံဆုံးဖြတ်သည် မသိရပေ။
အခုကာလမှာ အစိုးရမရှိဘူး။ လွှတ်တော်မရှိဘူး။ ၂၀၀၈ဖွဲ့စည်းပုံအရလည်း ဥပဒေတွေကို သူထင်သလို ပြဋ္ဌာန်းခွင့်ရှိနေတယ်။ သူတစ်ယောက်တည်း သဘောတူဆုံးဖြတ်ရုံနဲ့ အားလုံးပြီးပြတ်နိုင်တဲ့ အချိန်ခါကောင်းလို့ သွေးရူးသွေးတန်း ပြောဆိုနေပါတယ်။ ဟို၁၀ဖွဲ့က ဘာတွေတောင်းပြီး သူကိုယ်တိုင်ကရော ဘယ်လိုလက်ခံဆုံးဖြတ်သည် မသိရပေ။
“ဝ” အဖွဲ့ကတော့ ကိုယ်ပိုင်ပြည်နယ်တောင်းတာမျိုး ကြားလိုက်မိပါတယ်။ တိုင်းရင်းသားအရေး၊ ပြည်ထောင်စု အရေးနဲ့ပတ်သက်ပြီး စစ်အာဏာအမိန့်နဲ့ ပြီးရင်ပြီးရော လုပ်ကိုင်ဆုံးဖြတ်လို့ မရပါဘူး။ ၂၀၁၂ခုနှစ်လောက်ကစပြီး ဖက်ဒရယ်ဟာ တိုင်းရင်းသားတွေကြားမှာ နိုင်ငံရေးအစုအဖွဲ့တွေကြားမှာ ပြန်လည်ရေပန်းစား အသက်ဝင်လာခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးနဲ့အတူ တောင်ပေါ်မြေပြန့် ကျေးရွာ အကြားအလပ်မရှိ ပြည်သူတိုင်းရဲ့ပါးစပ်ဖျားမှာ ဖက်ဒရယ်ကို ရွတ်ဆိုလာခဲ့ပါတယ်။ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး လို့ကြွေးကြော်ရင်း နောက်ဆုံး အန္တိမပန်းတိုင်မှာ ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်သွားကြဖို့ တိုင်ပင်မထားဘဲ တစ်ညီတည်း တစ်သံတည်း ထွက်ခဲ့ကြပါတယ်။ စစ်ကောင်စီတစ်မိန့်နဲ့ ဖက်ဒရယ်ဟာ ပွဲပြီးမီးသေမဖြစ်ပါဘူး။ စစ်ကောင်စီသဘောတူမှ ဖက်ဒရယ်အသက်ဝင်မယ်ဆိုတာလည်း ယုတ္တိမရှိပါဘူး။ စစ်အာဏာရှင်အောက်မှာ ဒီမိုကရေစီနဲ့အတူ ဖက်ဒရယ်ဟာလည်း ဘယ်လိုမှ မရှင်သန်နိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံ ဖက်ဒရယ်သမိုင်းကြောင်းရဲ့ ရေသောက်မြစ်ဟာ ပင်လုံစာချုပ်လို့ခေါ်ကြတဲ့ တောင်တန်းပြည်မပူးပေါင်းရေး ကတိကဝတ်တွေပဲ ဖြစ်ပါတယ်။
*ပင်လုံစာချုပ်*
ပင်လုံစာချုပ်ဟာ လွတ်လပ်ရေးအတွက် တောင်တန်းပြည်မ ပူးပေါင်းမှုအသက်သွေးကြောကြီးဖြစ်ပါတယ်။ ဖက်ဒရယ်ရဲ့ မြစ်ဖျားခံရာလည်း ဖြစ်ပါတယ်။ ပင်လုံစာချုပ်မတိုင်မီက ဗြိတိသျှနယ်ချဲ့တို့ဟာ ကိုလိုနီနယ်လေးခုကို သီးခြားဆီသိမ်းပိုက်ပြီး သီးခြားဆီ အုပ်ချုပ်ခဲ့ပါတယ်။
-၁၈၉၃ခုနှစ်မှာ ပြဠာန်းသော “Kachin Hills Tribes Regulation” အရ အုပ်ချုပ်တဲ့ ကချင်တောင်တန်းဒေသ
-၁၈၉၆ခုနှစ်မှာ ပြဠာန်းသော “Chin Hills Rrgulation” အရ အုပ်ချုပ်တဲ့ ချင်းတောင်တန်းဒေသ
-၁၈၈၈ခုနှစ်မှာ ရေးဆွဲသော “Shan States Act” ကို ၁၉၂၂ခုနှစ်မှာ “Federated Shan Satates Act” အဖြစ် ပြင်ဆင်အုပ်ချုပ်ခဲ့တဲ့ ပြည်ထောင်စုရှမ်းပြည်
-၁၈၃၅ခုနှစ်မှာရေးဆွဲပြီး ၁၉၃၇ခုနှစ်တွင် အသက်ဝင်ကျင့်သုံးခဲ့သော “1935 Burma Act” အရ အုပ်ချုပ်တဲ့ ကိုလိုနီခေတ်မတိုင်ခင် မြန်မာမင်းများပိုင်ဆိုင်ခဲ့တဲ့ နယ်မြေတို့ပဲဖြစ်ကြပါတယ်။
ဗြိတိသျှတို့သက်မှတ်ခဲ့တဲ့ မြန်မာမင်းများ ပိုင်ဆိုင်ခဲ့သော နယ်မြေများကတော့ မွန်ပြည်၊ ရခိုင်ပြည်နဲ့ ကရင်လူမျိုးအများစုနေထိုင်တဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေပဲ ဖြစ်ကြပါတယ်။ ဒီနေရာမှာ ထူးခြားတာကတော့ ကရင်နီပြည် (ကယားပြည်) ပဲဖြစ်ပါတယ်။ ဗြိတ်သျှတို့သက်မှတ်ခဲ့တဲ့ နယ်မြေလေးခုထဲမှာ ကရင်နီ မပါခဲ့သလို လွတ်လပ်တဲ့ပြည်အဖြစ်ရပ်တည်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ကရင်နီတို့ဟာ ပင်လုံညီလာခံ ကိုလေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ပါတယ်။ နောက်တစ်ခုထူးခြားတာကတော့ ပင်လုံစာချုပ်မှာ ဗမာ၊ ရှမ်း၊ ကချင်နဲ့ ချင်းကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ရေးထိုးကြပေမယ့် ရခိုင်ကိုယ်စားလှယ် ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။
ဒီနေရာမှာ ထူးခြားတာကတော့ ကရင်နီပြည် (ကယားပြည်) ပဲဖြစ်ပါတယ်။ ဗြိတ်သျှတို့သက်မှတ်ခဲ့တဲ့ နယ်မြေလေးခုထဲမှာ ကရင်နီ မပါခဲ့သလို လွတ်လပ်တဲ့ပြည်အဖြစ်ရပ်တည်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ကရင်နီတို့ဟာ ပင်လုံညီလာခံ ကိုလေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ပါတယ်။ နောက်တစ်ခုထူးခြားတာကတော့ ပင်လုံစာချုပ်မှာ ဗမာ၊ ရှမ်း၊ ကချင်နဲ့ ချင်းကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ရေးထိုးကြပေမယ့် ရခိုင်ကိုယ်စားလှယ် ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။
ပင်လုံစာချုပ်ကို လွယ်လွယ်ကူကူနဲ့ ချုပ်ဆိုနိုင်ခဲ့တာတော့မဟုတ်ပါဘူး။ စာချုပ်ချုပ်ဆိုဖို့ ပျက်လုလု အခြေအနေမျိုး ဆိုက်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စေ့စပ်ညှိနှိုင်းလို့ မရတဲ့အဆုံး ပြည်မအနေနဲ့သာ လွတ်လပ်ရေးယူတော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီး ရန်ကုန်ပြန်ဖို့ လေယာဥ်စီစဥ်ခိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာမှ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။
ပင်လုံညီလာခံကို ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်မှာ ရှမ်းနဲ့ ကချင်ကော်မတီ ကနေ ဆုံးဖြတ်ချက် ၅ ချက်ကို ချမှတ်သဘောတူခဲ့ပါတယ်။ အဲ့ဒီ ၅ ချက်ထဲမှာ သီးခြား ကချင်ပြည်နယ်တောင်းဆိုခြင်းနဲ့ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုမှ ကျွန်ုပ်တို့ ခွဲထွက်လိုလျှင် ကျွန်ုပ်တို့သဘောကျသည့် အချိန်တွင် ခွဲထွက်နိုင်ခွင့်, ရှိစေရမည်လို့ ပါရှိပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မှာ ချင်းကိုယ်စားလှယ်ပါဝင်လာပြီး ရှမ်း၊ ကချင် ၊ ချင်း ပူးတွဲ ကော်မတီက မူလ ချမှတ်ထားတဲ့ ၅ ချက်ကို ထောက်ခံပြီး အချို့အချက်တွေကို ဖြည့်စွက်ကာ သဘောတူခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ အချက် ၉ ချက်ပါတဲ့ တောင်တန်းပြည်မပူးပေါင်းရေး ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ် တောင်းဆိုတာနဲ့ပက်သက်ပြီး ပါဝင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုမှ အချိန်မရွေးခွဲထွက်ခွင့်ကိုမူ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြု ပြည်ပြုလွှတ်တော်ရောက်မှ ဆုံးဖြတ်ကြရန်ပန်ကြားခဲ့သဖြင့် ပင်လုံစာချုပ်မှာ ပါဝင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။
* ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်*
တိုင်းပြု ပြည်ပြုလွှတ်တော်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲနိုင်ဖို့ လမ်းညွှန်ချက် ၇ ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက ချမှတ်ပေးခဲ့ပါတယ်။ အဓိပ္ပာယ်မပျက် အကျဥ်းချုပ်ဖော်ပြရရင်တော့ …
၁။ အချုပ်အခြာအာဏာပိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ရမယ်။
၂။ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာအပြည့်အစုံရှိသော ပြည်နယ်များပါဝင်တဲ့ ပြည်ထောင်စုဖွဲ့စည်းရမယ်။
၃။ အာဏာအရပ်ရပ်ဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမယ်။
၄။ လူမှုရေး၊စီးပွားရေး၊နိုင်ငံရေးတို့မှာ အယုတ်အလတ်အမြတ်မရွေး တန်းတူညီမျှမှုရှိစေရမယ်။
၅။ လူနည်းစုကို အကာအကွယ်ပြုစေရမယ်။
၆။ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာစိုးမိုးအုပ်ချုပ်ရေးဆိုတာကို ဥပဒေအရ ထိန်းသိမ်း
စောင့်ရှောက်မှု ရှိစေရမယ်။
၇။ ကမ္ဘာ့နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့နိုင်ငံရေးတွေနဲ့ ငြိမ်းချမ်းစွာ ဆက်ဆံရေးကို ရှေးရှုစေရမယ်။
ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တိုင်းပြု ပြည်ပြုလွှတ်တော်မှာ ပင်လုံကတိကဝတ်တွေကို စောင့်ရှောက်လိုက်နာမယ်ဆိုတဲ့ စကားကိုလည်း အတိအလင်းပြောခဲ့ပါတယ်။ ခွဲထွက်ခွင့်နဲ့ပက်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သဘောထားက ရှင်းလင်းပြတ်သားပါတယ်။ “ကျွန်တော်တို့ ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူညီချက်အရ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ တိုင်းပြု ပြည်ပြုလွှတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာ နားလည်စေချင်တာက ဘယ်နည်းနဲ့မျှ ကျွန်တော်တို့ ဗမာလူများစုဖြစ်တဲ့လူတွေက ခင်ဗျားတို့ကို အတင်းအားဖြင့် ကျွန်တော်တို့ပြည်ထောင်စုထဲမှာ မသွင်းပါဘူး။ သဘောမတူဘဲ မနေနိုင်တဲ့အခြေအနေမျိုးကို လက်တစ်လုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျွန်တော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်း နားလည်စေချင်ပါတယ်”။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သဘောထားက ရှင်းလင်းပြတ်သားပါတယ်။ “ကျွန်တော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသားသဘောတူညီချက်အရ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ တိုင်းပြု ပြည်ပြုလွှတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာ နားလည်စေချင်တာက ဘယ်နည်းနဲ့မျှ ကျွန်တော်တို့ ဗမာလူများစုဖြစ်တဲ့လူတွေက ခင်ဗျားတို့ကို အတင်းအားဖြင့် ကျွန်တော်တို့ပြည်ထောင်စုထဲမှာ မသွင်းပါဘူး။ သဘောမတူဘဲ မနေနိုင်တဲ့အခြေအနေမျိုးကို လက်တစ်လုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျွန်တော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်း နားလည်စေချင်ပါတယ်”။
(လက်ရုံးညီ)