၂၀၁၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုနှင့် အခွန်အကောက်ခွဲဝေမှု၊ အမျိုးသားရေးတန်းတူညီမျှမှု၊ ပြည်နယ်များ၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သည့် ကိုယ်ပိုင်အခြေခံဥပဒေများ ရှိရမည်ဖြစ်ပြီး ပြည်နယ်များ၏ အာဏာတွေကို ခွဲဝေ ကျင့်သုံးရာတွင် ပြည်သူလူထုကို အခြေခံရမည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် လက်တွေ့၌ အဆိုပါ အချက်များက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ မြန်မာ့နိုင်ငံရေး သမိုင်းအစဉ်အလာအရဖြစ်စေ ပြည်မနိုင်ငံရေး အင်အားစုများဘက်က လိုက်လျောနိုင်သည့်အချက်များ မဟုတ်ခဲ့ချေ။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအပေါ် တိုင်းရင်းသားများနှင့် NLD တို့၏ သဘောထားအမြင်
၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ထုတ်ပြန်သော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ သဘောထားထုတ်ပြန် ကြေငြာချက်တွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် NLD အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင်တို့ ဖက်ဒရယ်ဝေါဟာရနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာတွင် အခြေခံရမည့်အချက် (၇)ချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ (၇)ချက်ထဲ၌ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ မိမိဆန္ဒအလျောက် လာရောက်ပူးပေါင်းသည့် အတူယှဉ်တွဲနေထိုင်သည့် (Coming Together)၊ ဖက်ဒရယ်ပြည်ထောင်စုထဲတွင် ဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ အချိုးမညီ ဖက်ဒရယ်စနစ် ကျင့်သုံးရေး (Asymmetric Federal)၊ ဖက်ဒရယ်၏အာဏာကို အဖွဲ့ဝင်ပြည်နယ်များက ကန့်သတ် ပိုင်ခွင့်ရှိသော ဒီမိုကရေစီဖြင့် လွှမ်းမိုးမှုအား ထိန်းချုပ်သည့်စနစ် (Demos-Constraining)ကို ကျင့်သုံးရေး၊ လူနည်းစု လူမျိုးစုတို့၏ အခွင့်အရေး (Minority Rights) ကို အကာအကွယ်ပေးမည့်မူကို ကျင့်သုံး ရေးတို့ပါဝင်ပါသည်။
၂၀၁၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုနှင့် အခွန်အကောက်ခွဲဝေမှု၊ အမျိုးသားရေးတန်းတူညီမျှမှု၊ ပြည်နယ်များ၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သည့် ကိုယ်ပိုင်အခြေခံဥပဒေများ ရှိရမည်ဖြစ်ပြီး ပြည်နယ်များ၏ အာဏာတွေကို ခွဲဝေ ကျင့်သုံးရာတွင် ပြည်သူလူထုကို အခြေခံရမည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် လက်တွေ့၌ အဆိုပါ အချက်များက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ မြန်မာ့နိုင်ငံရေး သမိုင်းအစဉ်အလာအရဖြစ်စေ ပြည်မနိုင်ငံရေး အင်အားစုများဘက်က လိုက်လျောနိုင်သည့်အချက်များ မဟုတ်ခဲ့ချေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင်သော်လည်းကောင်း၊ NCA စာချုပ်တွင်သော်လည်းကောင်း “တို့တာဝန် အရေး ၃ ပါး”ကို တင်းကြပ်စွာထည့်သွင်းရေးဆွဲထားပြီး အဆိုပါတို့တာဝန်အရေး ၃ ပါးက တပ်မတော်၏ အဓိက ကျောရိုးဖြစ်နေသည်။ သို့ဖြစ်ရာ နိုင်ငံရေးအင်အားစုများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက်ထဲတွင်သာ ကစားစေရန်နှင့် လက်နက်ကိုင် အင်အားစုများမှာလည်း NCA မူဘောင်များအတိုင်းသာ လိုက်နာဆောင်ရွက်ခွင့်ပေးထားသည်။ ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ)တွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း NCA အတိုင်း လိုက်နာဆောင်ရွက်ကြရန် တိုင်းရင်းသား လက်နက်ကိုင်များကို ပြောကြားခဲ့သည်။ NLD အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းလမ်းကြောင်းမှ အရေးမသာဖြစ်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးညီလာခံမှတစ်ဆင့် ပြင်ဆင်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် တိုင်းရင်းသားများ၏ လိုလားတောင်းဆိုချက်များမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်နှင့် ဖက်ဒရယ်စနစ်တွင် အရေးကြီးသည့်အခြေခံမူများဖြစ်ကြသော သဘာဝ သံယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေရေး၊ ဘဏ္ဍာရေး ခွဲဝေသုံးစွဲမှုဆိုင်ရာနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များဖြစ်သော်လည်း၊ ၎င်းတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပြီးလျှင်သော်လည်းကောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ပြီးလျှင်သော်လည်းကောင်း အဆိုပါတောင်းဆိုချက်များက ဖြစ်မြောက်လာလိမ့်မည်ဟု NLD ပါတီဘက်က ယူဆထားကြသည်။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအပေါ် NUG နှင့် စစ်ကောင်စီတို့၏သဘောထားများ
၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)က နိုင်ငံရေးဆွေးနွေး ပွဲရလာဒ်အရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိစေရေးအတွက်ဟုဆိုကာ ပြည်နယ်များအားလုံး ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲခွင့်ကို အတည်ပြုခဲ့သည်။ သို့သော်လည်း ၂၀၂၀ ခုနှစ်တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ တွင် ထည့်သွင်းချုပ်ဆိုရန် သုံးရက်ကြာပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုဆွေးနွေးပွဲတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ဝေါဟာရဆိုင်ရာ အငြင်းပွားခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေဟုခေါ်ဝေါ်လိုသော်လည်း တပ်မတော်ဘက်ကမူ ပြည်နယ်အခြေခံဥပဒေဟုသာ သုံးနှုန်းလိုသည့်အတွက် အဆိုပါဝေါဟာရနှင့်ပတ်သက်၍ လိပ်ခဲတည်းလည်းဖြစ်ကာ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း ၃ တွင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲရေးကို မူတရပ် အဖြစ် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ထိုပြဿနာမှာ ဝေါဟာရဆိုင်ရာအငြင်းပွားမှုမျှသာဟု ထင်ရ သော်လည်း တစ်ကယ်တန်းတွင် တပ်မတော်ဘက်က စဉ်းစားချက်မှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ သီးခြားအာဏာကျင့်သုံးမှုအတွက် ပြယုဂ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှ ပြည်နယ်များ လွတ်မြောက်သွားမည်ကို စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေဟုခေါ်ဝေါ်လိုသော်လည်း တပ်မတော်ဘက်ကမူ ပြည်နယ်အခြေခံဥပဒေဟုသာ သုံးနှုန်းလိုသည့်အတွက် အဆိုပါဝေါဟာရနှင့်ပတ်သက်၍ လိပ်ခဲတည်းလည်းဖြစ်ကာ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း ၃ တွင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲရေးကို မူတရပ် အဖြစ် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ထိုပြဿနာမှာ ဝေါဟာရဆိုင်ရာအငြင်းပွားမှုမျှသာဟု ထင်ရ သော်လည်း တစ်ကယ်တန်းတွင် တပ်မတော်ဘက်က စဉ်းစားချက်မှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ သီးခြားအာဏာကျင့်သုံးမှုအတွက် ပြယုဂ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှ ပြည်နယ်များ လွတ်မြောက်သွားမည်ကို စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် တပ်မတော်က “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ”ဟူသည့် ဝေါဟာရအစား “အခြေခံဥပဒေ (The Basic Law)” ဆိုသော ဝေါဟာရကို သုံးစွဲလိုခြင်း ဖြစ်သည်။ အခြေခံဥပဒေ (The Basic Law)ဆိုသည့် ဝေါဟာရက ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေ အခြေခံဥပဒေ (The Basic Law of the Hong Kong Special Administrative Region of the People’s Republic of China)ကို ကျင့်သုံးသည့်သည့် ဟောင်ကောင် ကဲ့သို့ပင် တရုတ်ပြည်မ၏ လက်အောက်ခံနှင့် အတင်း သွပ်သွင်း ဖိနှိပ်ခံရထားရခြင်းကို ကိုယ်စားပြုနေသည်။ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ထိုသို့သော စဉ်းစားချက်မှာ ပြည်မ နိုင်ငံရေး အင်အားစုများ၏ စိတ်ထဲတွင် ကိန်းဝပ်နေခြင်းဖြစ်ကြောင်းကို UNLD (LA)-NDF ပူးတွဲ၍ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းများ ဆောင်ရွက်စဉ်က NCUB Federal Constitution ရေးဆွဲရေးကော်မတီမှ ပုဂ္ဂိုလ်တစ်ချို့နှင့် ဗမာနိုင်ငံရေးသမားများက ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းက Confederation ဦးတည်သည်ဟု စွတ်စွဲခဲ့မှုများက သက်သေပြနေသည်။ ၂၀၂၀ ခုနှစ် အတွင်း ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲရေးနှင့်ပတ်သက်၍ သောင်မတင် ရေမကျ အခြေအနေတစ်ရပ်ကြုံတွေ့နေရပြီး ပြည်နယ်များရှိ တိုင်းရင်းသားအင်အားစုများက ၎င်းတို့ ရေးဆွဲထားသော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို အဆင်သင့်ပြင်ဆင်နေဆဲ၊ တစ်ချို့သော တိုင်းရင်းသား အင်အားစုများကလည်း ဆက်လက် အကောင်အထည်ဖေါ်နိုင်ရေးအတွက် တိုက်တွန်း အရေးဆိုနေဆဲမှာပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်သော “ဝ”တို့က ၎င်းတို့ ကျင့်သုံးလျက် ရှိသည်ဟူသော“ဝပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ”ကို ထုတ်ပြလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း၌ CRPH/NUCC က ရေးဆွဲခဲ့သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်တွင် ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ တင်သွင်းသည့် အချက်များအပြင် တိုင်းရင်းသား နိုင်ငံရေးအင်အားစုများက ထောက်ပြတောင်းဆိုခဲ့သည့်အချက်များပါ ထည့်သွင်းပါဝင်လာခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၏ အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုဒ် (၂) တွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိကြောင်း ဆိုထားပြီး၊ ၎င်းအခန်း၏ အပိုဒ် (၃)၌ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကို ခွင့်ပြုပေးထား ကာ၊ အဖွဲ့ဝင်အရေအတွက်ကို တိတိပပထည့်သွင်းနိုင်ခြင်း မရှိသေးသော်လည်း အခြေခံအားဖြင့် ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းခွင့်ကို ပေးထားခြင်းက စစ်မှန်သော ဖက်ဒရယ် စနစ်သို့ လျှောက်လှမ်းရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်။ အပိုဒ် (၄)တွင်မူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ထုတ်ဖေါ်ပြောဆိုခဲ့ဖူးပြီး တိုင်းရင်းသား အင်အားစုများကလည်း ဝိုင်းဝန်းတောင်းဆိုခဲ့သော အာဏာခွဲဝေမှု (Power Sharing)၊ သယံဇာတ ခွဲဝေမှု (Resource Sharing)၊ အခွန်ဘဏ္ဍာရေးခွဲဝေမှု (Revenue Sharing) နှင့် ဖက်ဒရယ် ဘဏ္ဍာရေးစနစ် (Fiscal Federalism)တို့ကို ကျင့်သုံးနိုင်ရန်ဖေါ်ပြထားကာ ဗဟိုချုပ်ကိုင်မှု လျှော့ချ ရေးကို အနိမ့်ဆုံးအဆင့်အထိ ဖြေလျှော့ပေးထားသည်ကို တွေ့ရသည်။ သို့ရာတွင် အဆိုပါဖေါ်ပြချက် များမှာ ပဋိညာဉ်အဆင့်သာရှိနေသေးပြီး ဤပဋိညာဉ်သည် အနာဂါတ် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ခြေတစ်လှမ်းစထားသည့်သဘောသာ ဖြစ်ပါသည်။ ထို့အပြင် ပဋိညာဉ်ပါ အချက်များကို အမှန်တစ်ကယ်လက်တွေ့ကျမှုရှိ/မရှိကို ကနဦး
ကျင့်သုံးမှုတစ်ချို့ ပြုလုပ်ကြည့်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ကရင်နီပြည်နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့သဖြင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)က ၎င်းကိုယ်တိုင် အဖွဲ့ဝင်အဖြစ်ပါဝင်သော NUCC မှာ ရေးဆွဲ ထားသည့် ဖက်ဒရယ် ပဋိညာဉ် အစိတ်အပိုင်း-၂ ကို ဆန့်ကျင်နေသည်ဟုဆိုကာ ကန့်ကွက်ခဲ့သည်။ ယင်းအချက်က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုဒ် (၂) ပါ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့်ပတ်သက်၍ အမှန်တစ်ကယ် အာမခံချက်ရှိမည်လော ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။
နိဂုံးချုပ်
မည်သို့ပင်ဆိုစေကာမူ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်၏ ပြယုဂ်တစ်ခုဖြစ်ပြီး၊ ဖက်ဒရယ်စနစ်၏ အရေးကြီးသည့်အင်္ဂါရပ်တစ်ခုလည်း ဖြစ်နေပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နှစ် ၇၀ ကျော် ကြာငြောင်းလာသည့် နိုင်ငံရေးပြဿနာများကို အဆုံးသတ်စေမည့် ဆေးညွှန်းများထဲမှ ဆေးတစ်မျိုးလည်း ဖြစ်နေပြန်သည်။
မည်သို့ပင်ဆိုစေကာမူ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်၏ ပြယုဂ်တစ်ခုဖြစ်ပြီး၊ ဖက်ဒရယ်စနစ်၏ အရေးကြီးသည့်အင်္ဂါရပ်တစ်ခုလည်း ဖြစ်နေပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နှစ် ၇၀ ကျော် ကြာငြောင်းလာသည့် နိုင်ငံရေးပြဿနာများကို အဆုံးသတ်စေမည့် ဆေးညွှန်းများထဲမှ ဆေးတစ်မျိုးလည်း ဖြစ်နေပြန်သည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို ရေးဆွဲရာတွင် ပြည်နယ်များ၏ သီးခြားလုပ်ပိုင်ခွင့်အာဏာများကို အခြေပြု၍ ရေးဆွဲပြဌာန်းရခြင်းဖြစ်ရာ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျော်လွန်ရဆိုသည့် စည်းမျဉ်းက စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြည်နယ်များအတွက် မဆိုစလောက်ခွဲဝေပေးထားသည့် အာဏာတစ်ချို့ဖြင့် တိုင်းရင်းသားအင်အားစု များ၏ လိုလားတောင့်တချက်ကို ဖြည့်ဆည်းနိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ပေးမည်ဆိုစေကာမူ မူလကပင် ဗဟိုတွင် အာဏာသိမ်းကြုံး ချုပ်ကိုင်ထားသော အဆိုပါဥပဒေက အများလက်ခံနိုင်သည့် ဖက်ဒရယ်စနစ်သို့ ကူးပြောင်းနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် မြန်မာစစ်တပ်က ဖက်ဒရယ်အပေါ် ရှုမြင်ထားသည့် တရားသေသဘောတရားက အစစ်အမှန် ဖက်ဒရယ် ပြည်ထောင်စုနှင့် အလှမ်းကွာဝေးလွန်းလှပါသည်။ ၎င်းတို့လျှောက်လှမ်းမည့် တပ်မတော်က အာဏာ ဆက်လက် ထိန်းချုပ်ရေးလမ်းစဉ်က အမျိုးသားတန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ ရသည့် ဖက်ဒရယ်ဝါဒနှင့် ဖီလာဆန့်ကျင်နေသည်။ တစ်ဘက်တွင်လည်း အမျိုးသားညီညွတ်ရေး အစိုးရ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေသို့ ပြောင်းလဲကျင့်သုံးရာတွင် ၁၉၄၇ ခုနှစ်များဆီက အမှားများကို ထပ်မံသယ်ဆောင်မလာဖို့ အရေးကြီးပါသည်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဌာန်းချက်များသည် စာရွက်ပေါ်မှ စာသား ချည်း သက်သက်မဟုတ်ပဲ အမှန်တစ်ကယ် လိုက်နာကျင့်သုံးနိုင်ရန် အာမခံချက် အပြည့်အဝရှိသည့် ခိုင်မာသည့် သံမဏိ ကတိကဝတ်ဖြစ်ဖို့ လိုအပ်ပါသည်။ ထိုမှသာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှ စတင်ပျက်ကွက်လာခဲ့မှုများကို မကြာမီ ပေါ်ထွက်လာဖွယ်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေက ပြန်လည်ဖြည့်ဆည်း ကုစားပေးနိုင်လိမ့်မည် ဖြစ်ပါသည်။
-K.L-
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
ရည်ညွှန်းကိုးကားများ–
- ၂၀၁၀-၂၀၁၅ မြန်မာနိုင်ငံတိုင်းဒေသကြီး။ ပြည်နယ်လွှတ်တော်များ စွမ်းဆောင်ရည်လေ့လာ
သုံးသပ်မှုအစီရင်ခံစာ၊ EMReF - ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)၊ FCDCC
- ၁၉၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
- ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်
- မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက်၊ ကျော်ဝင်း
- ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၅
- Tom Ginsburg & Eric A. Posner, Subconstitutionalism
- Stephen Tierney, Sub-State Nations and the Constitutional State: Embedding Normative Principles within a Plurinational Constitution
- မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း (ညောင်ရွှေ)
- ပြည်ထောင်စုစစ်စစ်မူ၊ ဆလိုင်းလျန်မှုန်းနှင့် စိုင်းမော(န်)
- ထိလွယ်ရှလွယ် အခြေအနေများနှင့် ပဋိပက္ခသက်ရောက်မှုရှိသည့် နယ်မြေဒေသများရှိ
တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ IDEA - ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရေး ကြိုးပမ်းမှုမှတ်တမ်းများ၊ ဆလိုင်းလျန်မှုန်း
- မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၊ IDEA
- IDEA, Federalism
- Ryan Wiseman, Basic Features of State Constitutions