မြန်မာ့နွေဦးကာလ ရခိုင်ဒေသ စစ်ရေးအလားအလာ

NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က ULA/AA အား  အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ခြင်းကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပယ်ဖျက်ပေးခဲ့ပြီး ဇွန်လတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့် ညီမဖြစ်သူ အပါအဝင် ၁၀ ဦးကို တရားသေလွှတ်ပေးခဲ့သလို၊ ရခိုင်ပြည်နယ်အနှံ့ ဖမ်းဆီးချုပ်နှောင်ထားသော အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း (၇၀)ကျော်ကြာ စစ်မီးတောက်ခဲ့သော မြန်မာနိုင်ငံသည် လက်နက်ကိုင် အဖွဲ့အစည်းများလည်း များစွာတည်ရှိနေကြပါသည်။ အစိုးရအဆက်ဆက်တွင် ထိုလက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့သော်ငြားလည်း အရေအတွက် တိုးပွားမှုမှာတော့ ပုံမှန်တိုးတက်လျက်သာ ရှိနေပါသည်။ နိုင်ငံရေးစနစ်နှင့် အစိုးရ၏အုပ်ချုပ်မှုပုံစံကို လက်သင့်မခံနိုင်သဖြင့် တွန်းလှန်ရန်အလို့ငှာ တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခဲ့ ကြခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံရေးစနစ်အပြောင်းအလဲတစ်ခုတိုင်းတွင် လက်နက်ကိုင် အဖွဲ့အစည်းအသစ်များ ထပ်မံထွက်ပေါ်လာလေ့ ရှိတတ်ကြသည်မှာ ဓမ္မတာသာဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ တော်လှန်ရေး အဖွဲ့အစည်းများကို ပိုင်းခြားကြည့်လျှင် ယေဘုယျအားဖြင့် နှစ်မျိုးရှိပါသည်။ တစ်ခုမှာ စစ်အုပ်ချုပ်ရေးစနစ်ကို တွန်းလှန်ကာ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာ နိုင်ငံရေးတန်းတူညီမျှမှုအတွက် လူမျိုးစုများ၏ ရုန်းကန်ထကြွမှု လက္ခဏာရပ်ပင် ဖြစ်ပေသည်။ ထိုရုန်းကန်မှုများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ရုန်းကန်ထကြွမှုအသစ် အဖြစ် ရက္ခိုင့်တပ်တော်အေအေသည် ဒုတိယမြောက် အရပ်သားအစိုးရသက်တမ်းတွင် ကျော်ကြား လာခဲ့သည်။ ရက္ခိုင့်တပ်တော်သည် ပြည်မမှ မည်သည့် နိုင်ငံရေးရပ်တည်မှုတွင်မဆို ရပ်တည် နေသော နိုင်ငံရေး အင်အားစုများအားလုံး၏ တညီတညွတ်တည်း ဝေဖန်ခြင်းကို ခံရသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပါသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာ တပ်မတော်တို့သည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလအထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွက် ရခိုင် စစ်မျက်နှာပြင်တွင် တပ်မတော်က တပ်မ ၇၇၊ ၄၄၊‌ ၂၂၊ ၅၅ စသည့် အနည်းဆုံး တပ်မ ၅ ခုခန့်အထိ အသုံးပြုခဲ့ပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးဖြင့် ချေမှုန်းနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ အထူးသဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ပြင်းထန်သည့်တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၉ ခုနှစ်အတွင်းမှာပင် ရက္ခိုင့်တပ်တော်နှင့် တပ်မတော်တို့အကြား တိုက်ပွဲပေါင်း စုစုပေါင်း ၆၈၁ ကြိမ် ရှိခဲ့ပြီး၊ တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရ သေဆုံးသူပေါင်း ၃၅၀၀ ကျော်ရှိခဲ့ကြောင်း ရက္ခိုင့် တပ်တော်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ၂ နှစ်ကျော်ကြာအောင် ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင်း ရခိုင်ပြည်နယ်၌ အရပ်သား ရာနှင့်ချီကာ ထိခိုက်သေဆုံးခဲ့ရပြီး၊ စစ်ဘေးဒုက္ခသည် ၂၄၀,၀၀၀ ဝန်းကျင်ခန့်က ၎င်းတို့ နေရပ်ကို စွန့်ခွာကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင်၊ နိုဝင်ဘာလမှစ၍ တပ်မတော်နှင့် အေအေတို့အကြား တိုက်ပွဲများ ရပ်တန့်သွားခဲ့ပြီး ဒီဇင်ဘာလတွင် နှစ်ဘက် ခေါင်းဆောင်များ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး ပြီးနောက် ‘ဝ’တပ်ဖွဲ့ထိန်းချုပ်ရာ ဒေသဖြစ်သည့် ပန်ဆန်းတွင် တစ်နာရီကြာ လူချင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြင့် (၂)နှစ်ကြာ ပြင်းထန် ခဲ့သောစစ်ပွဲကို ရပ်တန့်သွားစေခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းအများအပြားက ယင်းအပေါ် ဝေဖန်မှတ်ချက်ပြုမှုများရှိခဲ့ကြသော်လည်း ရက္ခိုင့်တပ်တော် အေအေက ဆိတ်ငြိမ်နေခဲ့သည်။ အတည်မပြုနိုင်သော သတင်းများအရ ရက္ခိုင့်တပ်တော်နှင့် တပ်မတော် သည် အာဏာမသိမ်းခင် ကာလတွင် နားလည်မှုတစ်စုံတစ်ရာ ရယူခဲ့သည်ဟု သိရသည်။ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က ULA/AA အား  အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ခြင်းကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပယ်ဖျက်ပေးခဲ့ပြီး ဇွန်လတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့် ညီမဖြစ်သူ အပါအဝင် ၁၀ ဦးကို တရားသေလွှတ်ပေးခဲ့သလို၊ ရခိုင်ပြည်နယ်အနှံ့ ဖမ်းဆီးချုပ်နှောင်ထားသော အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။

 

ထိုသဘောတူညီမှုများမှာ ယေဘုယျအားဖြင့်ပြောရလျှင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက် ပေးရေး၊ မြေမြှပ်မိုင်းများ ဖယ်ရှားရှင်းလင်းပေးရေးနှင့် အေအေနှင့်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသော အကျဉ်းသားများအား ပြန်လွှတ်ပေးရေးတို့ဖြစ်ပါသည်။ ထို့ကြောင့်ပင် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က ULA/AA အား  အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ခြင်းကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပယ်ဖျက်ပေးခဲ့ပြီး ဇွန်လတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့် ညီမဖြစ်သူ အပါအဝင် ၁၀ ဦးကို တရားသေလွှတ်ပေးခဲ့သလို၊ ရခိုင်ပြည်နယ်အနှံ့ ဖမ်းဆီးချုပ်နှောင်ထားသော အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ ထိုလ အတွင်းမှာပင် ရက္ခိုင့်တပ်တော်ကလည်း ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ရဲနှင့် စစ်သားများကို ပြန်လွှတ်ပေးခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သူ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း ဦးစံကျော်လှကို ပြည်ပသို့ ထွက်ခွာခွင့် ပြုခဲ့ကြောင်းကိုလည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖေါ်ပြောကြားခဲ့သည်။ သို့ရာတွင် ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ်က စစ်ကောင်စီနှင့် ယာယီအပစ်ရပ်စဲထားသော်လည်း မည်သည့် နိုင်ငံရေးအပေးအယူ ကတိကဝတ်မျှ လုပ်ဆောင်ထားခြင်းမရှိကြောင်းနှင့် အွန်လိုင်းမှတဆင့် အလွတ်သဘောတွေ့ဆုံပြီးနောက် နှစ်ဘက်ယုံကြည်မှု တည်ဆောက်သည့် အနေဖြင့် လွှတ်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ခန့်မှာပင် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်း၏ အဝေးပြေး ကားလမ်းများတစ်လျှောက်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ပေးခဲ့သည်။ သို့ရာတွင် ၂ နှစ်ကြာ တိုက်ပွဲကာလအတွင်း မြေမြှပ် မိုင်းများကြောင့် အရပ်သား (၃၀)ကျော် သေဆုံးကာ (၇၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စစ်ကောင်စီ၏ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ် အချိန်အတော်ကြာသည်အထိ မည်သည့်မိုင်းတစ်လုံးမျှ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဟု ဆိုသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်များအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း အနှံ့အပြား၌ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသည့် ဒေသခံအရေအတွက် တိုးပွားလာခဲ့ပြီး၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက စစ်သည်အင်အားမလုံလောက်သည့်အတွက် ၎င်းတို့ တပ်စခန်းများအနီးရှိ စားကျက်မြေများတွင် မြေမြှပ်မိုင်းများ မြှပ်နှံထားခြင်းကြောင့် ဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။ ထို့အပြင် စစ်ဘေးရှောင်များအား နေရပ်သို့အတင်းအကြပ်ပြန်ခိုင်းနေပြီး ဒေသခံများကမူ မိုင်းများရှင်းလင်းပေးခြင်းမရှိသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်မှုများ ရှိနေကြပါသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သူ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း ဦးစံကျော်လှကို ပြည်ပသို့ ထွက်ခွာခွင့် ပြုခဲ့ကြောင်းကိုလည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖေါ်ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သူ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း ဦးစံကျော်လှကို ပြည်ပသို့ ထွက်ခွာခွင့် ပြုခဲ့ကြောင်းကိုလည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖေါ်ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လအနည်းငယ်ကြာအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကားလမ်း မကြီးများတွင် ချထားသော စစ်တပ်လုံခြုံရေးဂိတ်များများကို ရုတ်သိမ်းခဲ့သော်လည်း ဩဂုတ်လတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက တပ်အင်အားတိုးချဲ့မှုများ ရှိလာခဲ့ပြီး၊ စစ်ဆေးမှု တစ်ချို့လည်း စတင်ပြုလုပ်လာခဲ့သည်။ နိုင်ငံအနှံ့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြင်းပြင်း ထန်ထန် လုပ်ဆောင်နေကြပြီး NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (LDF) နှင့် ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းလာကြသော်လည်း ရခိုင် အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ဆန့်ကျင်လှုပ်ရှားမှုများက ၎င်းတို့၏ ရက္ခိတလမ်းစဉ်ကို အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်စေနိုင်သည်ဟု ယူဆကြသည်။ ရက္ခိုင့်တပ်တော်သည် ၎င်းတို့၏ ဩဇာကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှသည် အလယ်ပိုင်း ကျောက်ဖြူ၊ ထိုမှ တောင်ပိုင်းဒေသများဖြစ်သော တောင်ကုတ်၊ သံတွဲအထိ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ၎င်းတို့ အခိုင်အမာထောက်ခံမှုရရှိထားသော မြောက်ပိုင်း တွင် ပြည်သူ့ အုပ်ချုပ်ရေးကို တည်ဆောက်ကာ တရားစီရင်ရေးဌာနများဖွင့်လှစ်ခြင်း၊ အခွန် ကောက်ခံခြင်းနှင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းတို့ ဆောင်ရွက်သည်။ ယင်းအခြေအနေကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်က State Building ကာလဟု ရည်ညွှန်းခဲ့ပြီး ကိုဗစ် စတုတ္ထလှိုင်းကို ရက္ခိုင့် တပ်တော် အေအေ၏ ညွှန်ကြားချက်အောက်တွင် ရခိုင်ပြည်သူများကညီညွတ်ကြောင်း ပြသခဲ့ကြသည်။ စစ်ကောင်စီသည် နိုင်ငံတဝှန်းမှ ဆန့်ကျင်မှုများကို နှိမ်နင်းနေရသဖြင့် တပ်မ (၇၇)ကဲ့သို့သော ၎င်းတို့စစ်အင်အားကို ရခိုင်ပြည်နယ်တွင်းမှ ထုတ်နှုတ်ကာ ပဋိပက္ခဒေသများသို့ ဖြန့်ကျက်ထား ရသည်။ အဆိုပါအခြေအနေတွင် နှစ်ဦးနှစ်ဘက် လိုအပ်ချက်အပေါ်မူတည်၍ နှစ်ဘက်တပ်များ ထိပ်တိုက်ရင်ဆိုင်မည့်အရေးမှ ရှောင်ရှားခဲ့ကြပြီး၊ ရက္ခိုင့်တပ်တော်အနေဖြင့် အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ၌လည်း တရားဝင်အားဖြင့် ပါဝင်ခြင်းမရှိ၊ သို့မဟုတ် ပါဝင်ကြောင်း ဖေါ်ပြခဲ့ခြင်း မရှိခဲ့ချေ။ သို့ရာတွင် ၎င်း၏မြောက်ပိုင်းမဟာမဟာအဖွဲ့များဖြစ်ကြသော TNLA ၊ MNDAA ၊ KIA စသည့်တပ်ဖွဲ့များ၏ စစ်ဆင်ရေးများတွင်အဆိုပါ တပ်ဖွဲ့များ၏ အမှတ် တံဆိပ်ပါ ယူနီဖေါင်းများကို အသုံးပြုပြီး ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (LDF) နှင့် ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းလာကြသော်လည်း ရခိုင် အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ဆန့်ကျင်လှုပ်ရှားမှုများက ၎င်းတို့၏ ရက္ခိတလမ်းစဉ်ကို အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်စေနိုင်သည်ဟု ယူဆကြသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (LDF) နှင့် ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းလာကြသော်လည်း ရခိုင် အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ဆန့်ကျင်လှုပ်ရှားမှုများက ၎င်းတို့၏ ရက္ခိတလမ်းစဉ်ကို အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်စေနိုင်သည်ဟု ယူဆကြသည်။

တည်ငြိမ်နေသောအခြေအနေ၌ပင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်သည် ပိုမိုအင်အား ကြီးထွားလာခဲ့ပြီး ရခိုင်ပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်လာနိုင်ခဲ့သည်။ ၎င်းတို့၏ စစ်အင်အားမှာ တပ်ဖွဲ့ဝင် ၃၀၀ ပါဝင်သော တပ်ရင်းပေါင်း ၁၀၀ ဖြင့် တိုက်ခိုက်ရေးအင်အား ၃၀,၀၀၀ ရှိပြီး ရက္ခိုင့်တပ်တော်အရံတပ်ဖွဲ့ (Arakan Army Auxillary-AAA)တပ်ဖွဲ့ဝင်အင်အားကို ထပ်ပေါင်းပါက အေအေ၏ အင်အားမှာ ရှစ်သောင်းအထိ တိုးတက်များပြားလာခဲ့ပြီး  စစ်ဒေသကိုလည်း ၉ ခုအထိ ချဲ့ထွင်လာနိုင်ခဲ့သည်။ ထို့အပြင် ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ (APA)ကလည်း ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့အဖြစ်သို့ ပြောင်းလဲလိုက်ကာ အုပ်ချုပ်ရေးနယ်ပယ်ကို ချဲ့ထွင်လာခဲ့သည်။

အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရက္ခိုင့်တပ်တော် အေအေ၏ တော်လှန်ရေးကဏ္ဍ သည် ၇၅% အထိပင် ခရီးရောက်နေခဲ့ပြီဟု ဆိုသည်။ ထိုကဲ့သို့ ရက္ခိုင့်တပ်တော်၏ အင်အား တောင့်တင်းလာမှုနှင့် အုပ်ချုပ်ရေးနယ်ပယ်ကျယ်ပြန့်လာမှုက နိုင်ငံရေးတရားဝင်မှု မရရှိနိုင် သေးသော စစ်ကောင်စီနှင့် စင်ပြိုင်အစိုးရ တစ်ရပ်ကဲ့သို့ဖြစ်လာခဲ့သည်။ စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်နေသော မြန်မာပြည်အနှံ့မှ အင်အားစုများကို ချေမှုန်းရန် စစ်မျက်နှာအများအပြား ဖွင့်ထားရသည့်အတွက် ရခိုင်ပြည်နယ်တွင် အေအေ၏ လွှမ်းမိုးလာမှုကို စစ်ရေး သို့မဟုတ် နိုင်ငံရေး အရ ဖိအား မပေးနိုင်ခဲ့သော်လည်း အေအေ၏ လှုပ်ရှားမှုများကို လုံးဝ လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း မရှိစေရန်ကိုတော့ အနှောက်အယှက်များ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အေအေ၏ အခိုင်အမာအခြေပြုခြင်းကို မတားဆီးနိုင်ခဲ့ပဲ ၂၀၂၁ ခုနှစ် ဩဂုတ်လမှ စတင်ကာ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ ဖြန့်ကျက်လာသည့် ရက္ခိုင့် တပ်တော်၏ ဩဇာအာဏာနှင့် ချိတ်ဆက် လှုပ်ရှားမှုများကို တားဆီးစစ်ဆေးပိတ်ပင်မှုများ ရှိလာခဲ့သည်။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များ အင်အားတိုးချဲ့လာခြင်း၊ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်လာခြင်း စသည့် စစ်ရေး လှုပ်ရှားမှုများရှိလာသည့်အတွက် ရက္ခိုင့် တပ်တော်က တိုက်ပွဲများပြန်ဖြစ်လာနိုင်ကြောင်း သတိပေး ထုတ်ပြန်ချက်များပြုလုပ်ခဲ့သည်။

စစ်ကောင်စီနှင့် ULA/AA တို့သည် နှစ်ဘက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်ထားခဲ့သော်လည်း ပရိယာယ်ဝေဝုစ်များဖြင့် အတွင်းကြိတ် ကစားနေခဲ့ကြသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က စစ်ကောင်စီ၏ အကြပ်အတည်းကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ရက္ခိတလမ်းစဉ်အတိုင်း လျှင်လျှင်မြန်မြန် အကောင်အထည်ဖေါ်နေကြပြီး၊ ရခိုင်စစ်မျက်နှာပြင်ကို ရှောင်လွှဲလိုသည့် စစ်ကောင်စီအနေဖြင့်လည်း ၎င်းတို့ ထိန်းချုပ်ထားနိုင်ဆဲဖြစ်နေသေးသော ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ အေအေ၏ စိမ့်ဝင်ထိုးဖေါက်မှုကို တားဆီးခဲ့ကြသည်။ တစ်ဘက်တွင်လည်း ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၁၉၈၈ စစ်အာဏာသိမ်းစဉ်ကကဲ့သို့ လူငယ် လူရွယ် အများအပြား လက်နက်ကိုင်တော်လှန်ရန် တောခိုခဲ့ကြပြီး ၁၉၈၈ ကထက်ပင် ပိုမိုအင်အား ကောင်းစွာဖြင့် တိုက်ပွဲဝင်အဖွဲ့အစည်းများ တည်ထောင်လာကြသည်။ ယင်းအခြေအနေတွင် NCA အဖွဲ့ဝင်ဟောင်းဖြစ်သည့် တောင်ပိုင်းအဖွဲ့အစည်း KNU ၊ NCA လက်မှတ်မရေးထိုးသဖြင့် အလုံးအရင်း ထိုးစစ်ဆင်ခံရခဲ့ဖူးသော မြောက်ပိုင်းအဖွဲ့အစည်း KIA ၊ KNPP နှင့် CNF တို့က ၎င်းတို့ ထံတွင် လာရောက်ခိုလှုံသော လူငယ်လူရွယ်များကို အထောက်အပံ့ပေးခြင်းများဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ အင်အားကောင်းစွာ ထွက်ပေါ်လာခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရကို အတိအလင်းထောက်ခံ အားပေးထားပြီး ၎င်းတို့နယ်မြေထဲတွင် NUG ၏  တပ်ဖွဲ့များဖြစ်သော PDF များကို ခိုလှုံခွင့်ပေးထားခြင်း၊ စစ်ရေးအထောက်အပံ့ပေးထားခြင်းနှင့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်မှု ပြုလုပ်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်များ၏ ပြင်းထန်သော စစ်ရေးဖိအားများကို ခုခံနေကြရသည်။ NUG က ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက် ရေးပါတီ (KNPP) တို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ၈ ဖွဲ့နှင့် မဟာမိတ် ဖွဲ့ထားခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပေါင်း (၆၀၀) ဝန်းကျင်ခန့်ကလည်း စစ်ကောင်စီအား ဆန့်ကျင်တိုက်ခိုက်လျှက်ရှိနေသည်ကို တွေ့ရသည်။ ဒေသအားဖြင့်ဆိုလျှင် ကရင်၊ ချင်း၊ ကချင်၊ ရှမ်း စသည့်ပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေး အစရှိသောတိုင်းဒေသကြီးများတွင် တိုက်ပွဲပြင်းထန်နေလျက် ရှိသည်။ စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ကျောထောက်နောက်ခံပေးထားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို နှိမ်နင်းရန် ခက်ခဲ နေခဲ့သည့်အတွက် EAO များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲနည်းလမ်းနှင့် စစ်အင်အားအသုံးပြုသည့် ဗျူဟာကို တစ်လှည့်စီ အသုံးပြုနေရသည်။ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ရာဒေသများ ထဲမှ PDF များကို ခွဲထုတ်ရေးသည် စစ်ကောင်စီအတွက် အရေးအကြီးဆုံးလိုလားချက်ဖြစ်ပြီး၊ PDF များ အမှီသဟဲပြုထားသည့် EAO ဒေသများမှာလည်း စစ်ကောင်စီကို သက်ဆိုးရှည်စေမည့် သဘာဝ သယံဇာတ အရင်းအမြစ်များ အများဆုံးတည်ရှိရာ နယ်မြေများလည်း ဖြစ်နေပြန်ပါသေးသည်။ စစ်ကောင်စီအနေဖြင့်လည်း PDF များ ကွန်းခိုရာ EAOs ဒေသများကိုသာ အဓိက ပစ်မှတ်ထားတိုက်ခိုက်နေရပြီး တရားဝင်အားဖြင့် NUG ၊ PDF များနှင့် ပတ်သက်မှုလည်းမရှိ၊ ၎င်းတို့နယ်မြေတွင်လည်း လက်ခံထားကြောင်းမပြသော ရခိုင် တို့အား မျက်စိတစ်ဘက် ပိတ်ပေးထားခြင်းဖြင့်  ရခိုင့်စစ်မျက်နှာကို ပိတ်ထားနိုင်ခဲ့သည်။

စစ်ကောင်စီအနေဖြင့်လည်း PDF များ ကွန်းခိုရာ EAOs ဒေသများကိုသာ အဓိက ပစ်မှတ်ထားတိုက်ခိုက်နေရပြီး တရားဝင်အားဖြင့် NUG ၊ PDF များနှင့် ပတ်သက်မှုလည်းမရှိ၊ ၎င်းတို့နယ်မြေတွင်လည်း လက်ခံထားကြောင်းမပြသော ရခိုင် တို့အား မျက်စိတစ်ဘက် ပိတ်ပေးထားခြင်းဖြင့်  ရခိုင့်စစ်မျက်နှာကို ပိတ်ထားနိုင်ခဲ့သည်။

ထို့အပြင် TNLA ၊ MNDAA တို့နှင့်လည်း စစ်ကောင်စီတပ်များအကြား တိုက်ပွဲ ဖြစ်ပွားနေခဲ့ပြီး၊ ရက္ခိင့်တပ်တော် အေအေသည်လည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်မည့် ပြည်မမှ လူငယ်များကို စစ်သင်တန်းများ ပို့ချပေးခဲ့ခြင်း၊ လက်နက်များ ရောင်းချခြင်း သို့မဟုတ် ထောက်ပံ့ ခြင်းများပြုလုပ်ခဲ့သည်။ သို့ရာတွင် ထိုသို့ ရက္ခိုင့်တပ်တော်က PDF များကို အထောက်အပံ့ပေး နေခြင်းနှင့်ပတ်သက်၍ ရခိုင်တို့ကသာမက စစ်ကောင်စီဘက်မှလည်း နှုတ်ဆိတ်ခဲ့ကြကာ မည်သည့် သတင်းအချက်အလက်မှ ထွက်ပေါ်စေခြင်း မပြုခဲ့ကြပေ။ စစ်ကောင်စီအနေဖြင့်လည်း PDF များ ကွန်းခိုရာ EAOs ဒေသများကိုသာ အဓိက ပစ်မှတ်ထားတိုက်ခိုက်နေရပြီး တရားဝင်အားဖြင့် NUG ၊ PDF များနှင့် ပတ်သက်မှုလည်းမရှိ၊ ၎င်းတို့နယ်မြေတွင်လည်း လက်ခံထားကြောင်းမပြသော ရခိုင် တို့အား မျက်စိတစ်ဘက် ပိတ်ပေးထားခြင်းဖြင့်  ရခိုင့်စစ်မျက်နှာကို ပိတ်ထားနိုင်ခဲ့သည်။ သို့ရာတွင် မြေပြင်အနေအထားတွင်မူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်က လူသူ လက်နက်၊ ရိက္ခာ စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေး ယန္တယားတစ်ရပ် တည်ဆောက်ခြင်းတို့ ပြုလုပ်ရာတွင် စစ်ကောင်စီဘက်မှ နှောက်ယှက်ဟန့်တားမှုများက နှစ်ဘက်တပ်များအကြား တင်းမာမှုများ ဖြစ်ပေါ်လာစေခဲ့သည့်အပြင် စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဒီမိုကရေစီ ဖက်ဒရယ်မက်လုံးကလည်း ရခိုင်တို့ကို စိတ်ပျက်စေခဲ့သည်။ ယင်းကို သိသာစေသည့်အချက်မှာ ရခိုင်တို့လိုလားသော နိုင်ငံရေးအဆင့်အတန်းကို ပြည်ထောင်စုအတွင်း မရရှိပါက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်တွဲကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးခိုင်သုခက ထုတ်ဖေါ် ပြောကြားခဲ့ခြင်းပင်ဖြစ်ပါသည်။ ယခင်က “ဝ”ထက်မနိမ့်သည့် နိုင်ငံရေးအဆင့်အတန်း၊ သို့မဟုတ် ကွန်ဖက်ဒရိတ်ကို ရည်မှန်းထားကြောင်း အေအေစစ်ဦးစီးချုပ်က တရားဝင်ပြောကြားခဲ့ဖူးသော်လည်း၊ ယခု တောင်းဆိုသည့်အဆင့်အတန်းမှာမူ သီးခြားလွတ်လပ်သော နိုင်ငံတစ်ခုကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ် ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် သံခင်းတမန်ခင်း ဆက်သွယ်မှုရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများရှိခဲ့သည်။ ၂၀၁၂ ခုနှစ် မြန်မာနှင့် ရေပိုင်နက်ပြဿနာကြောင့် ဆက်ဆံရေးတင်းမာခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဟမ်းဘတ် ခုံရုံးကြောင့် အသာစီးရယူနိုင်ခဲ့ဖူးသော်လည်း မြန်မာ့တပ်မတော်၏ ပြင်းထန်သော စစ်ဆင်ရေး အပြီးတွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာခဲ့ရသော ရိုဟင်ဂျာ (ဘင်္ဂလီ)များကြောင့် အဆိုပါအရေးကို ဖြေရှင်းရန်မှာ မြန်မာစစ်တပ်ထက် ရက္ခိုင့်တပ်တော်က ပိုမိုလက်တွေ့ကျဖွယ်ရှိသည်ဟု ယူဆနိုင်
သည့်အခြေအနေတွင်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဘင်္ဂလားဒေ့ရှ်နှင့် သံတမန်ဆက်ဆံရေးရရှိနိုင်ရန် ပိုမိုကြိုးပမ်းလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ဝေလာတောင်ကြား တွင် အေအေ၏ စစ်အခြေစိုက်စခန်းတစ်ခု ထားရှိနိုင်သည်အထိ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်း မွန်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်  ဘင်္ဂလားဒေ့ရှ်နှင့် အငြင်းပွားပြီးနောက် ၂၀၁၂ ခုနှစ်တွင်   စိန့်မာတင်ကျွန်းကို လက်လွှတ်ခဲ့ရသော မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် တင်းမာ သည့်
အခြေအနေများ မကြာခဏဖြစ်ပွားခဲ့ရပြီး ရက္ခိုင့်တပ်တော်နှင့် စစ်မက်ဖြစ်ပွားနေသော ၂၀၂၀ ခုနှစ်တွင် မောင်တောနယ်စပ်၌ စစ်သည်အင်အား ၂၅၀၀ တပ်ဖြန့်ချထားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တို့ကလည်း အပြန်အားဖြင့် တပ်ဖြန့်လှုပ်ရှားမှုများရှိခဲ့ဖူးသည်။ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလတွင် အေအေတို့က လက်နယ်မှောင်ခိုတင်သွင်းမှုကို ဘင်္ဂလားဒေ့ရှ် နယ်မြေပိုင်နက်ကို ဖြတ်ကျော်အသုံးပြုခဲ့သည်ဟုဆိုသည်။

ရက္ခိုင့်တပ်တော်၏ ကျယ်ပြန့်လာသည့် နယ်ပယ်ချဲ့ထွင်လာမှုက နစက (SAC) ထိန်းချုပ်ရာ ရခိုင် တောင်ပိုင်းမြို့များအထိ သက်ရောက်လာမှုကြောင့် ရက္ခိုင့်တပ်တော်နှင့် နစက တပ်များအကြား တင်းမာမှုများ မြင့်တက်လာပြီး စစ်ရေးပြင်ဆင်မှုများရှိလာခဲ့သည်။ သို့ရာတွင် နှစ်ဘက်တပ်များ ထိတွေ့ တိုက်ပွဲတစ်ချို့ ရှိခဲ့သော်လည်း ပဋိပက္ခကို သက်ဆိုင်ရာ နှစ်ဘက်အဖွဲ့အစည်းများက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြခြင်းကြောင့် အများမျှော်လင့်သလို တကျော့ပြန် စစ်မြေပြင် ဖြစ်မလာခဲ့ချေ။ ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်ကျရောက်သော ရက္ခိုင့်တပ်တော်တည်ထောင်ခြင်း (၁၃)နှစ်ပြည်အခမ်းအနားတွင် ပြည်မမှ  ပြည်သူ့ ကာကွယ်ရေးတပ်တစ်ချို့က သဝဏ်လွှာပေးပို့ခဲ့ကြပြီး ယင်း သဝဏ်လွှာများက ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)သည် နွေဦးတော်လှန်ရေး အင်အားစုများအား ထောက်ပံ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများရှိနေကြောင်းကို လူထုအား သတင်းစကားပါးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ သတင်းစကားက စစ်ကောင်စီအား တရားဝင် ဆန့်ကျင်ကြောင်း ဖေါ်ပြလိုက်သည့်သဘောဖြစ်ကာ စစ်မျက်နှာပြင်အများအပြားဖွင့်ထားရသော စစ်ကောင်စီအား အကြပ်အတည်းဖြစ်စေခဲ့သည်။ ထို့အပြင် ULA/AA က NUG နှင့် ဒုတိယအကြိမ် အွန်လိုင်းတွေ့ဆုံမှုအဖြစ် ဇန္နဝါရီလ ၅ ရက်နေ့တွင် တရားဝင်ဆွေးနွေးခဲ့ကြသည်။ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်သည် စစ်ရေးအားဖြင့် မြောက်ပိုင်း မဟာမိတ် (၄)ဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး၊ ညီနောင် (၃)ဖွဲ့အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ နှင့် ဇွန်လတို့၌ နှစ်ကြိမ်တိုင် ကမ်းလှမ်းခဲ့သည့် စစ်ကောင်စီဥက္ကဌ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အဆိုပါ မြောက်ပိုင်း မဟာမိတ် (၄)ဖွဲ့လုံးက တက်ရောက်ရန် ငြင်းပယ်ခဲ့ပြီးနောက် ကချင်လွတ်မြောက်ရေး တပ်မတော်အား ပြင်းထန်သော ထိုးစစ်ဆင်မှုများ စစ်ကောင်စီက ပြုလုပ်လာခဲ့သည်။ စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်မည့်စာရင်းပေးသွင်းမှုကို မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပို့ပေးပါရန် အကြောင်းကြားခဲ့ပြီး မေလ ၆ ရက်နေ့ကပင် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား သတိပေးသည့်စာတစ်ခုကို တွစ်တာ လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။ ယင်းမှစတင်ကာ ရခိုင်ပြည်နယ်ရှိ တစ်ချို့ မြို့ များတွင် စစ်ကောင်စီက အင်အားသုံးရှာဖွေဖမ်းဆီးများနှင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ် ခတ်မှုများရှိလာခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အေအေ၏တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များကို စစ်ကောင်စီက အနှောက်အယှက်ပြုခြင်းကြောင့်ဟု သုံးသပ်ကြသော်လည်း နောက်ထပ် ယူဆနိုင်သည့် အချက်တစ်ချက်မှာ  ၎င်း၏ မြောက်ပိုင်း မဟာမိတ်များ (အထူးသဖြင့် KIA)အပေါ် ကျရောက်နေသည့် စစ်ရေးဖိအားကိုလျှော့ချရန်အလို့ငှာ အာရုံလွှဲပြောင်းခြင်းမျိုး လည်းဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် ၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းထန်နေစဉ် ကာလတွင် ညီနောင် သုံးဖွဲ့ပူးပေါင်းကာ ပြင်ဦးလွင်၊ နောင်ချိုရှိ နေရာ (၅)ခုကို တိုက်ခိုက်ခဲ့ဖူးပြီး၊ မြောက်ပိုင်း အဖွဲ့ဝင်များ စစ်ရေးဖိအားကြီးမားသည့်အခါတိုင်းတွင် ထိုကဲ့သို့ အလားသဏ္ဍာန်တူ ဖိအား လျော့ကျစေနိုင်မည့် အာရုံလွှဲပြောင်းမှုများ မကြာခဏပြုလုပ်လေ့ ရှိတတ်သည်ကို တွေ့ရ သည်။

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ရန် ငြင်းပယ်ခဲ့သော ၂၀၂၂ မေလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရတို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသဖြင့် AA ကို တော်တော်သည်းခံနေရကြောင်းနှင့် ရခိုင်တွင် ပြဿနာများဖြစ်ပွားလာပါက စစ်တပ်ကို အဆိုးမဆိုရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်တွင် ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်ခဲ့သည်။ မြန်မာစစ်တပ်အနေဖြင့် ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုးနှင့် အလားတူပင်၊ ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့ကလည်းပဲ UWSA ၏ နှစ် ၃၀ ပြည့် အခမ်းအနားတွင် လက်နက်အပြည့်အစုံနှင့် စစ်ရေးပြပွဲ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာ တပ်မတော်က အစွမ်းကုန် သည်းခံနေရကြောင်း ပြောဆိုခဲ့ဖူးပြီး၊ ၂၀၂၂ ခုနှစ် မေလ နောက်ဆုံး ရက်များတွင်မူ “ဝ”တို့၏ ပြည်နယ်တောင်းဆိုမှုကို လိုက်လျောသဘောတူညီပေးခဲ့ရသည်။

ထိုမှစ၍ ရက္ခိုင့်တပ်တော်နှင့် နစကတို့သည် ရခိုင်ဒေသအတွင်း အပြန်အလှန် လူဖမ်းပွဲကြီး ကျင်းပ လာခဲ့တော့သည်။ ထို့အပြင် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ထုတ်ပြန်ခဲ့သော စာရင်းများအရ ၂၀၁၉-၂၀၂၀ ခုနှစ်များတွင် ၂ နှစ်တာကာလအတွင်း၌ အေအေနှင့်ဆက်နွယ်သည်ဟု စွတ်စွဲကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံခဲ့ရသူ ၂၀၀ ကျော်နှင့် တရားခံပြေးအဖြစ် သတ်မှတ်ခံခဲ့ရသူ ၁၀၀၀ ခန့်ရှိခဲ့ကြောင်းသိရပြီး ၎င်းတို့အထဲမှ ၁၀၀ ဝန်းကျင်ခန့်မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးချေ။

နစက (SAC)သည် ရခိုင်ဒေသတွင် ၎င်း၏ တပ်မ (၅၅) နှင့် တပ်မ (၂၂)တို့ကို အင်အား ဖြည့်တင်း ထားသည့်အပြင် လက်နက်ကြီးများကို ရွှေ့ပြောင်းတပ်ဆင်သည်။ ထို့အပြင် တခြားမည်သည့် စစ်မျက်နှာပြင်တွင်မှ အသုံးမပြုရသေးသည့် ရေတပ်အင်အားအများအပြားကို ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ဖြန့်ကျက်လိုက်သည်။ အဆိုပါ ရေတပ်အင်အားတွင် ရေငုတ်သင်္ဘောအပါအဝင် ခေတ်မီတိုက်ခိုက်ရေး ရေယာဉ်များ ပါဝင်သည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်သူများအား ဒုက္ခမရောက်စေလိုကြောင်း၊ ခြိမ်းခြောက်မှုမှာ စကားအဖြစ်သာမကာ အမှန်တစ်ကယ်ပင် အရပ်သား ပစ်မှတ်များကို တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သွားဖွယ်ရှိသည်ဟု ယူဆ၍ရနိုင် ပါသည်။ နစက အနေဖြင့် ရခိုင် စစ်မျက်နှာပြင်တွင် ၂၀၂၀ ခုနှစ်ကကဲ့သို့ ခြေမြန်တပ်မ အများအပြား အသုံးပြုနိုင်သည့်အခြေအနေတွင် ရှိမနေတော့သဖြင့် အင်အားအပြည့်ရှိနေသေးသည့် ရေတပ်တစ်ခု လုံး၏ အင်အားအတော်များများကို ထုတ်သုံးသွားရန် ရည်ရွယ်ထားဟန်တူသည်။ နစက(SAC)က ရက္ခိုင့် တပ်တော်အား စစ်ပွဲထဲသို့ ဝင်မလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းနေဟန်ရပြီး ရခိုင် ကမ်းရိုးတန်း ရေပြင်တွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ရေငုတ်သင်္ဘော၊ စစ်ရေယာဉ်များနှင့် ရဟတ် ယာဉ်များဖြင့် နည်းဗျူဟာအဆင့် ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာ ဇူလိုင်လ ၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်။

ယင်းက စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် ပါဝင်မလာစေရေးအား မည်မျှအလေးအနက် ထားနေကြောင်း သိသာထင်ရှားစေသည်။

ယခုဆောင်းပါးရေးနေဆဲဖြစ်သော ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့၌ပင် ထိုင်း-ကရင်နယ်စပ်အနီး KNLA တပ်မဟာ(၅) ဧရိယာအတွင်းရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဂျတ်တိုက်လေယာဉ်(၂)စီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ပြီး ရက္ခိုင့် တပ်တော်အေအေနှင့် စစ်ကောင်စီတို့အကြား စစ်မီးထတောက်လာလိမ့်မည်ဟု သုံးသပ်မှုများ ရှိလာခဲ့သည်။ သို့ရာတွင် အကယ်၍ ရခိုင်ဒေသတွင် တကျော့ပြန်စစ်ပွဲ ပြန်ဖြစ်ရမည်ဆိုပါက ရခိုင် အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အတွက်ရော၊ စစ်ကောင်စီအတွက်ပါ မည်သည့်အကျိုး အမြတ်မျှ မရှိချေ။ ရခိုင် ပြည်နယ်အတွင်း စစ်ပွဲပြန်လည်စတင်လာပါက ULA/AA အနေဖြင့် ၎င်းတို့ စိုးမိုးလွှမ်းခြုံထားသော အုပ်ချုပ်ရေးနယ်မြေများကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေပြီး၊ ယင်းအခြေ အနေက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့သော State building လုပ်ငန်းစဉ်များကို နှောင့်နှေးသွားစေ နိုင်ဖွယ်ရှိသည်။ စစ်ကောင်စီဘက်တွင်လည်း PDF များမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ထိန်းချုပ်ရာဒေသကို စစ်မျက်နှာဖွင့်ခြင်းက စစ်ရေး အသုံးစရိတ်ကုန်ကျမှု၊ စစ်အင်အား ဖြန့်ကျက် သုံးစွဲရမှုနှင့် စစ်ဆင်ရေးကွက်ကဲစီမံရမှုစသည့် ဝန်ထုပ်ဝန်ပိုးနှင့် ပြန်ရမည့် အကျိုး ရလာဒ်မှာ ကာမိလိမ့်မည်မဟုတ်ချေ။ ရက္ခိုင့်တပ်တော် အေအေအနေဖြင့်လည်း လက်တုန့်ပြန် တိုက်ခိုက်မှုများကို ၎င်းတို့ထိန်းချုပ်ရာဒေသတွင် ပြုလုပ်ခြင်းထက် ၎င်းတို့ မစိုးမိုးနိုင်သေးသော နယ်မြေဒေသတွင် သော်လည်းကောင်း၊ ရခိုင်ဒေသ၏ ပြင်ပတွင်သော်လည်း၌သာ ပြုလုပ်သွားဖွယ် ရှိသည်။ နိဂုံးချုပ်ဆိုရသော် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အနေဖြင့် ထွက်ပေါက်မဲ့ အစွန်းဆုံးအခြေအနေမရောက်မချင်း အကျိုးအမြတ်နည်းပြီး ကုန်ကျစရိတ်နှင့် ဘေးထွက်ဆိုးကျိုးများနိုင် သော တိုက်ပွဲကြီးများကို ဖန်တီးလိမ့်မည်မဟုတ်ပဲ၊ ကြိုကြားကြိုကြား တိုက်ပွဲအသေးစားလေးများနှင့် အပြန်အလှန်လူဖမ်းပွဲများ ကျင်းပရင်းဖြင့်သာ အခြေအနေကို ထိန်းသိမ်းသွားဖွယ်ရှိနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

ဖြိုးလင်းအောင်

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)