တွက်ရခက်သော ပုစ္ဆာများနှင့်  မြန်မာပြည် ခရီးကြမ်း (အပိုင်း-၆)

မည်သည့်ဖက်ကို ဖြစ်စေ ၊ တစ်ဖက်ဖက်အား ထွက်ပေါက်ပေးသော / ထွက်ပေါက်ရစေသော နည်းလမ်းကို စဉ်းစားသင့် ကြောင်း တင်ပြချက်များ ရှိပါသည်။ တဖက်ဖက်က ထွက်ပေါက်ရရှိခြင်းဖြင့် ထိပ်တိုက်ရင်ဆိုင်ရမှု လျော့ကျစေမည်။ တိုင်းပြည်အတွက် နစ်နာမှုများကို လျော့ချနိုင်ပါမည်။ သို့သော် လက်တွေ့တွင်မူ တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူ အပြတ် အသတ်ချေမှုန်းရေးကိုသာ အားသန်နေကြရာ ထွက်ပေါက်ကိစ္စ ပြောကြားသူသည်  သစ္စာဖေါက်တစ်ယောက်အဖြစ် သမုတ်ခံကြရမည် ဖြစ်သည်။ 

အခန်း (၆)

ထွက်လမ်းလော (သို့မဟုတ်) အဖြေလော

လက်ရှိ အနေအထားအရ မြန်မာနိုင်ငံ၏ ပဋိပက္ခများမှ ရှောင်ထွက်နိုင်သော နည်းလမ်းများကို လေ့လာသူ ပညာရှင်ကြီး များက ရှာဖွေနေရာ နည်းလမ်းပေါင်းစုံကို တင်ပြနေကြပါသည်။   သို့သော် လက်တွေ့အနေအထားတွင် သုံးစွဲနိုင်သော အကြံပြုမှုများကိုမူ မတွေ့ရှိရသေးပေ။   ဖတ်မှတ်မိသမျှသော အကြံပြုချက်များထဲမှ ကောင်းနိုးရာရာ အချက်များကို ထုတ်နှုတ်ပြီး စုစည်းတင်ပြလျှင်  နည်းလမ်းကောင်းတစ်ခု ရကောင်းရနိုင်သည်ဟု ထင်မြင်မိပါသည်။ မည်သည့်ဖက်ကို ဖြစ်စေ ၊ တစ်ဖက်ဖက်အား ထွက်ပေါက်ပေးသော / ထွက်ပေါက်ရစေသော နည်းလမ်းကို စဉ်းစားသင့် ကြောင်း တင်ပြချက်များ ရှိပါသည်။ တဖက်ဖက်က ထွက်ပေါက်ရရှိခြင်းဖြင့် ထိပ်တိုက်ရင်ဆိုင်ရမှု လျော့ကျစေမည်။ တိုင်းပြည်အတွက် နစ်နာမှုများကို လျော့ချနိုင်ပါမည်။ သို့သော် လက်တွေ့တွင်မူ တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူ အပြတ် အသတ်ချေမှုန်းရေးကိုသာ အားသန်နေကြရာ ထွက်ပေါက်ကိစ္စ ပြောကြားသူသည်  သစ္စာဖေါက်တစ်ယောက်အဖြစ် သမုတ်ခံကြရမည် ဖြစ်သည်။ 

ထို့အပြင် တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံဆွေးနွေးရန်အတွက်  (သိရသလောက်) ယခုအထိ မည်သည့်ဖက်ကမျှ  လိုလားပုံ မတွေ့ရသေးပေ။   အတော်ရှင်းလင်းသည့်အချက်မှာ တစ်ဖက်နှင့်တစ်ဖက် အပြတ် အသတ် အပြီးတိုင် ချေမှုန်းရန်မှာလည်း  မဖြစ်နိုင်ကြောင်း သိထားကြပါသည်။   ထိုအချက်က ပြဿနာသည် တာရှည် ဖြစ်ပွါးမည်ကို ညွှန်းဆိုနေပါသည်။   နိုင်ငံအတွက် အကြီးအကျယ် ထိခိုက်မှု ဖြစ်သွားနိုင်ပါသည်။

အာစီယံ၏ အားလုံးသဘောတူညီချက် ငါးချက် ( Five-Point Consensus ) အား ယနေ့တိုင်အောင် အများက တောင်းဆို နေကြဆဲ ဖြစ်ပါသည်။  US, UN,  တရုတ် နှင့် အာစီယံ နိုင်ငံအားလုံးလောက်က အဆိုပါ အချက်ငါးချက်ကို လိုက်နာရန် တောင်းဆိုနေကြဆဲ ဖြစ်ပါသည်။ ထူးခြားသည်မှာ ဩဇာအာဏာကြီးမားသော နိုင်ငံများမှအစ ကမ္ဘာ့ကုလသမဂ္ဂ  အဆုံး ထိုအချက်ကိုပင် ဘုံသဘောထားဖြင့် တောင်းဆိုနေကြခြင်း ဖြစ်ပါသည်။   စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် “နိုင်ငံရေးတွင် မဖြစ်နိုင်တာ မရှိ “ ဟု ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုမှုများ ဖြစ်လာနိုင်သည့်  သဘောထားကို တွေ့လာရသည်။   အာစီယံကိုယ်စားလှယ် က‌မ္ဘောဒီးယား ဒုဝန်ကြီးချုပ်သည်လည်း သူနှင့် ဒေါ်အောင် ဆန်းစုကြည်တွေ့ခွင့်ပေးမည်ဟု  စစ်ကောင်စီထံမှ ကတိကဝတ်ရထားကြောင်း ပြောပါသည်။    ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်  ယနေ့ဖြစ်ပျက်နေကြသော ပဋိပက္ခများကို ငြိမ်းချမ်းသွားအောင် ဆောင်ရွက်နိုင်ပါမည်လား – ဆိုသော မေးခွန်းအား ထောက်ခံသူနှင့်  မထောက်ခံသူများ ကွဲပြားနေကြသည်ကို တွေ့ရပါသည်။  အချို့က ဒေါ်အောင်ဆန်းစုကြည် ၏ ဩဇာအာဏာသည်  လက်ရှိစစ်ပွဲများကို  ငြိမ်းသတ်နိုင်ပါမည်လား ဟူ၍ သံသယဝင်နေသူများလည်း ရှိနေသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံရေးပါတီများကို ယနေ့တိုင် တစ်စုံတစ်ရာ အရေးယူခြင်းများ မတွေ့ရှိရသေးပေ။  ပါတီ များ၏ စာရင်းကို စစ်ဆေးမှုများတော့ လုပ်နေကြောင်းတွေ့ရသည်။  နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင် စေခြင်းများကို ပြုလုပ်ရန်ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် UEC ကထုတ်ပြောထားပါသည်။ ပါတီများ၏ အရေအတွက်ကို လျော့ချရန် စိတ်ကူးဟု ထင်မြင်ကြပါသည်။ အချို့သော နိုင်ငံရေးပါတီများအနေဖြင့် UPDJC  အစုအဖွဲ့အသွင်ဖြင့်  စစ်ကောင်စီထံ ချည်းကပ်မှုလုပ်နေကြောင်း တွေ့ရှိရသော်လည်း  အကျိုးထူးတော့ ရှိပုံမတွေ့ရပေ။ တနည်းအားဖြင့် ပြောရလျှင် လက်ရှိပြဿနာများ၏ ထွက်ပေါက်အဖြစ် နိုင်ငံရေးပါတီများဖက်က  ထွက်လမ်းမမြင်ရ သေးပေ။  မည်သည့်အချိန်တွင် ပါဝင်ဆောင်ရွက်ခွင့်ရမည်ကိုလည်း မည်သူမျှ မခန့်မှန်းတတ်ပေ။ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် (UEC) အနေဖြင့်  ၂၀၂၀- ရွေးကောက်ပွဲ ရလဒ်များအားလုံးကို ပယ်ဖျက်ကြောင်း ကြေညာထားခဲ့သော်လည်း  ယခုအခါ  ၂၀၂၀- ရွေးကောက်ပွဲအပြီး ကန့်ကွက်တိုင်ကြားမှုများကို ယခုအခါ ပြန်လည်စစ်ဆေးနေကြောင်း မြေပြင်သတင်းများက ဆိုပါသည်။  အမှန်စင်စစ် ပယ်ဖျက်လိုက်ပြီးသော ကိစ္စများ ဖြစ်သောကြောင့် တိုင်ကြားမှုများအား ခေါ်ယူစစ်ဆေးရန်အကြောင်း မရှိချေ။

ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် (UEC) အနေဖြင့်  ၂၀၂၀- ရွေးကောက်ပွဲ ရလဒ်များအားလုံးကို ပယ်ဖျက်ကြောင်း ကြေညာထားခဲ့သော်လည်း  ယခုအခါ  ၂၀၂၀- ရွေးကောက်ပွဲအပြီး ကန့်ကွက်တိုင်ကြားမှုများကို ယခုအခါ ပြန်လည်စစ်ဆေးနေကြောင်း မြေပြင်သတင်းများက ဆိုပါသည်။  အမှန်စင်စစ် ပယ်ဖျက်လိုက်ပြီးသော ကိစ္စများ ဖြစ်သောကြောင့် တိုင်ကြားမှုများအား ခေါ်ယူစစ်ဆေးရန်အကြောင်း မရှိချေ။

ရွေးကောက်ပွဲအငြင်းပွါးမှုများနှင့် ပတ်သက်၍  UEC ၏  ဆုံးဖြတ်ချက်သည် အပြီးအစီးဖြစ်သည်ဟု ဆိုထားသောကြောင့် တိုင်ကြားထားသောအမှုများကို UEC  အနေဖြင့် စိတ်ကြိုက်ဆုံးဖြတ်ချက် ပေးနိုင်ပါသည်။  တိုင်ကြားမှုပေါင်းမှာ (၂၈၇) မှု ဖြစ်ပြီး ယင်းထဲတွင် NLD ကိုယ်စားလှယ်များ ပါဝင်ပတ်သက်သောအမှုမှာ (၂၆၅) မှုဖြစ်ကြောင်း UEC ၏ website တွင် ဖေါ်ပြထားပါသည်။  ထိုအချက်သည်  ၂၀၂၃- ရွေးကောက်ပွဲသည် ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ လိုအပ်သောနေရာများကိုသာ ပြန်လည် ရွေးကောက်သော ရွေးကောက်ပွဲဖြစ်လာနိုင်ပါသည်။  PR  စနစ်ဖြင့် ကျင်းပမည်ဟု ကြေညာထားသော်လည်း  ထွက်ပေါက်အဖြစ်‌ သေချာနေလျှင် UEC ၏ ကြေညာချက်များကို  စစ်ကောင်စီအနေဖြင့် ပြန်လည်ပြင်ဆင်လိမ့်မည်ဟု ယုံကြည်ရပါသည်။   ၂၀၂၀- ရွေးကောက်ပွဲရလဒ်ကို ပြန်လည်အတည်ပြုနိုင်ကြောင်း ကိုလည်း ခန့်မှန်းကြည့်နိုင်ပါသည်။ နိုင်ငံတကာ၏ တောင်းဆိုချက်များကို လိုက်လျောသည့်သဘော ဖြစ်သောကြောင့်  စစ်ကောင်စီအနေဖြင့် ဖိအားပေးခြင်းများမှ လျော့ကျသွားနိုင်ပါသည်။

အဆိုပါ အချက်သည် စစ်ကောင်စီအတွက် ထွက်ပေါက်ဖြစ်လာနိုင်ပါသည်။  အာစီယံ သဘောတူချက် ငါးချက်နှင့်လည်း အတော်ကို နီးစပ်နိုင်ပါသည်။  နိုင်ငံရေး အကျဉ်းသားများကိုလည်း ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ကျန်လူများကို လွှတ် ပေးနိုင်ပါသည်။    အဆိုပါ အချက်များသည် အနုမာန အယူအဆများသာ ဖြစ်ပါသည်။  တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ သဘောတူခြင်း၊ မတူခြင်းသည် အခြားကိစ္စတစ်ခု ဖြစ်ပါသည်။  သူ့အတွက် အကျိုးရှိမည်ဆိုလျှင် စစ်ကောင်စီအနေဖြင့်  တစ်ဖက်အဖွဲ့အစည်း၏ သဘောထားကို အလေးဂရုပြုလိမ့်မည် မဟုတ်ပါ။ တစ်ဖက်မှ ပြန်ကြည့်လျှင်လည်း အချိန်အခါအရ နောက်ကျနေပြီဟုလည်း ဆိုနိုင်ပါသည်။  လက်ရှိ မြန်မာ့စီးပွါးရေး ပြိုလဲကျဆင်းနေမှုများကို အချိန်မီ ပြန်လည်အဖတ်ဆယ်ရန် အလွန်ကို ခက်ခဲသွားပြီဟုလည်း သုံးသပ်မှုများလည်း ရှိနေပါသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ ဟုခေါ်သော (NUG) ဖက်သို့  သုံးသပ်ကြည့်လျှင်  အဆိုပါ အစိုးရအနေဖြင့် ယခင်ကဖွဲ့ စည်းခဲ့သော အစိုးရများကဲ့သို့ အဝေးရောက်အစိုးရမျိုး မဟုတ်ဘဲ ပြည်တွင်း (နယ်စပ်တစ်နေရာ) တွင် အခြေစိုက်ထား သည်ကို တွေ့ရပါမည်။  ၂၀၂၀- ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားပါသည်။ တိုင်းရင်းသား အဖွဲ့ အစည်းများထဲမှ  လူပုဂ္ဂိုလ်များဖြင့် ဖြည့်စွက်ထားပါသည်။   ဟုတ်တိုင်းမှန်ရာ ဆိုရမည်ဆိုလျှင် NLD ပါတီ၏  ဒုတိယ သို့မဟုတ် တတိယတန်း ခေါင်းဆောင်များကို အများစုထည့်သွင်း ဖွဲ့စည်းထားသည်ဟု ဆိုရပါမည်။  ဖွဲ့စည်းမှုကို ကြည့် ပြန်လျှင်လည်း  သမ္မတ၊ ယာယီသမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ကို  သမ္မတ ဦးဝင်းမြင့်၊  အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တို့ကို ထည့်သွင်းဖွဲ့စည်းထားသောကြောင့်  ၂၀၀၈- ခြေဥကို အခြေခံထားသကဲ့သို့ ဖြစ်နေပါသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ ဟုခေါ်သော (NUG) ဖက်သို့  သုံးသပ်ကြည့်လျှင်  အဆိုပါ အစိုးရအနေဖြင့် ယခင်ကဖွဲ့ စည်းခဲ့သော အစိုးရများကဲ့သို့ အဝေးရောက်အစိုးရမျိုး မဟုတ်ဘဲ ပြည်တွင်း (နယ်စပ်တစ်နေရာ) တွင် အခြေစိုက်ထား သည်ကို တွေ့ရပါမည်။  ၂၀၂၀- ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားပါသည်။ တိုင်းရင်းသား အဖွဲ့ အစည်းများထဲမှ  လူပုဂ္ဂိုလ်များဖြင့် ဖြည့်စွက်ထားပါသည်။   ဟုတ်တိုင်းမှန်ရာ ဆိုရမည်ဆိုလျှင် NLD ပါတီ၏  ဒုတိယ သို့မဟုတ် တတိယတန်း ခေါင်းဆောင်များကို အများစုထည့်သွင်း ဖွဲ့စည်းထားသည်ဟု ဆိုရပါမည်။  ဖွဲ့စည်းမှုကို ကြည့် ပြန်လျှင်လည်း  သမ္မတ၊ ယာယီသမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ကို  သမ္မတ ဦးဝင်းမြင့်၊  အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တို့ကို ထည့်သွင်းဖွဲ့စည်းထားသောကြောင့်  ၂၀၀၈- ခြေဥကို အခြေခံထားသကဲ့သို့ ဖြစ်နေပါသည်။ တည့်တည့်မတ်မတ် သုံးသပ်ရလျှင် NUG ထဲမှ ဒေါက်တာ အမည်ခံပုဂ္ဂိုလ် သုံးဦး၏ ပြောပုံဆိုပုံများသည် အတော်ကို အားနည်းနေခဲ့ပါသည်။  ထို့အပြင် အရေးကြီး ဝန်ကြီးတာဝန်ယူထားသူအချို့၏  ပုဂ္ဂိုလ်ရေးဆိုင်ရာ သိက္ခာကျစေသည့် သတင်းများကြောင့်လည်း ဩဇာအရှိန် မမြှင့်တင်နိုင်ဘဲ ရှိနေသည်။  အထူးသဖြင့် ကာကွယ်ရေးဝန်ကြီးနေရာတွင် ဝါရင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးထဲမှ  (ကိုယ်အမှီပြုနေထိုင်နေရသော ဒေသ) မဟုတ်ဘဲ အတွေ့အကြုံ အလွန် နုသော လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်ပေးထားခြင်းသည် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းမှု အားနည်း ခြင်းကို ပြသရာရောက်ပါသည်။ ထို့အပြင် လက်နက်ကိုင် ခုခံကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်း၍ စစ်တပ်အား ခုခံ တော်လှန်ရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေခဲ့ရာ ဥပဒေပိုင်းဆိုင်ရာ ရပ်တည်သော အစိုးရအဖွဲ့လား၊ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲနေသော အစိုးရအဖွဲ့လား  မကွဲပြားဘဲ ရှိနေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ  ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဘေးဖယ်ကာ အာဏာကို သိမ်းပိုက်ခဲ့သော စစ်ကောင်စီ အား လက်မခံနိုင်သူ အများစုကြီးက NUG အား မဖြစ်မနေ ထောက်ခံအားပေးနေကြရပါတော့သည်။   တစ်နိုင်ငံလုံးတွင် မိုးဦးကျ ပေါက်သောမှိုများကဲ့သို့  နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာသော ပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့များ (PDFs) များ အားလုံးကို စုစည်းရန်မူ လက်လှမ်းမမီသေးဟု ဆိုနိုင်ပါသည်။   လက်နက်တပ်ဆင်ထားသော ပြည်သူ့ခုခံရေးတပ်ဖွဲ့ များနှင့် လုပ်ငန်းဖေါ်ဆောင်နေရသောကြောင့်  နိုင်ငံတကာ၏  ထောက်ပံ့ပေးမှုများအတွက်လဲ ခက်ခဲခဲ့ရသည်။

ပြည်တွင်းတွင် ကျန်နေရစ်သော NLD  များနှင့် နယ်စပ်ရောက် NUG  ကိုဦးဆောင်ဖွဲ့စည်းခဲ့သည့်  NLD များသည်လည်း အံဝင်ဂွင်ကျမှု မရှိကြပေ။  NLD  အဖွဲ့ဝင်များသည်  အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုများ ကိုသာ အဓိက အားထားနေကြဆဲ ဖြစ်သည်။  ထိုသို့သောကာလတွင်  စု-ရွေး-လွှတ် ဟုခေါ်သော မူတစ်ရပ်ကို တင်သွင်း မှုများ ရှိလာခဲ့သည်။   အမှတ်မမှားခဲ့လျှင်  စု = ဒေါ်စုအား လွှတ်ပေးရန်။  ရွေး = ၂၀၂၀ ရွေးကောက်ပွဲအား အသိအမှတ် ပြုရန်။ လွှတ် = လွှတ်တော် ခေါ်ယူပေးရန်  – ဆိုသော  အခြေခံအချက်များကို လုပ်ငန်းလမ်းစဉ်အဖြစ် ချမှတ်လာခဲ့သည်။

NLD မဟုတ်သော အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများက  ယခုတော်လှန်ရေးသည် စစ်အာဏာရှင်လက် အောက်မှ လွတ်မြောက်ရေးတိုက်ပွဲ မဟုတ်ဘဲ – NLD  အာဏာပြန်လည် ရရှိရေးကိုသာ ဦးတည်သည်ဟု မှတ်ချက်ချခဲ့ ကြပြီး ဘေးထိုင်စောင့်ကြည့်သည့် အဖွဲ့အစည်းများသာ များလာခဲ့သည်။  တော်လှန်ရေးအပေါ်  စု-ရွေး-လွှတ် မူကြောင့် စည်းလုံးမှု အားနည်းခဲ့ရသည်။  တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အများစုသည်  အာဏာရှင်တိုက်ဖျက် ရေးထက် NLD အာဏာပြန်လည်ရရှိရေးအတွက် – သူတို့အနေဖြင့် အသေခံတိုက်ပွဲ ဝင်ပေးနိုင်ကြမည် မဟုတ်ပေ။

ယခု အခါ မေးနေကြသော မေးခွန်းမှာ NLD အာဏာပြန်လည် ရရှိရေးလော၊  အာဏာရှင်တိုက်ဖျက်ရေးလော၊  မည်သည်က ပထမဦးစားပေးသနည်း – မသဲမကွဲဖြစ်နေသည်ကို တွေ့နေရသည်။  လူထုကြီးတစ်ရပ်လုံးသည်  စစ်ကောင်စီ၏ မှားယွင်းသော လုပ်ရပ်များအပေါ်  စိတ်အလွန်နာကျည်းနေခြင်းကြောင့်  NUG အား ထောက်ခံနေခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင် သိမြင်ဖို့ လိုသည်ဟု ဆိုချင်ပါသည်။  NUG အနေဖြင့် လူထုထောက်ခံမှုအား အလွန်တန်ဘိုးထား အလေးအနက်ပြုရန် အထူးလိုအပ်သည်ဟု မြင်ပါသည်။

ယခု အခါ မေးနေကြသော မေးခွန်းမှာ NLD အာဏာပြန်လည် ရရှိရေးလော၊  အာဏာရှင်တိုက်ဖျက်ရေးလော၊  မည်သည်က ပထမဦးစားပေးသနည်း – မသဲမကွဲဖြစ်နေသည်ကို တွေ့နေရသည်။  လူထုကြီးတစ်ရပ်လုံးသည်  စစ်ကောင်စီ၏ မှားယွင်းသော လုပ်ရပ်များအပေါ်  စိတ်အလွန်နာကျည်းနေခြင်းကြောင့်  NUG အား ထောက်ခံနေခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင် သိမြင်ဖို့ လိုသည်ဟု ဆိုချင်ပါသည်။  NUG အနေဖြင့် လူထုထောက်ခံမှုအား အလွန်တန်ဘိုးထား အလေးအနက်ပြုရန် အထူးလိုအပ်သည်ဟု မြင်ပါသည်။ ၂၀၂၀- ရွေးကောက်ပွဲကြောင့် အနိုင်ရသူသာ ပြန်လည်အာဏာရသင့်ကြောင်း- ဆိုသည့် အယူအဆနှင့်  စစ်အာဏာရှင် လက်အောက်က လွှတ်မြောက်ရေး-ဆိုသည့် အယူအဆနှစ်ခုကြားတွင် မရှင်းမလင်းဖြစ်နေကြသည်ဟု ယူဆမိပါသည်။  စု-ရွေး-လွှတ်ကြောင့် လူထုအားလျော့ကျ မသွားရန် ထိန်းကျောင်းထားသင့်ပါသည်။   စစ်ဖိနပ်အောက်မှ လွှတ်မြောက်ပြီး ဒေါက်ဖိနပ်အောက် ပြန်ရောက်ခြင်းမျိုး ကို မလိုလားကြောင်း လူထုဖက်က တိုးတိုးတိတ်တိတ်ပြောနေမည့်အစား  အတိအလင်းထုတ်ပြောဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။

လက်နက်ကိုင် တော်လှန်ရေးအား နှစ်ပေါင်းများစွာ ဆင်နွဲလာသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်‌ရေးတပ်ဖွဲ့ များအနေဖြင့်  ရုတ်ချည်းပါဝင်ဆင်နွဲကြဖို့ ဆိုသည်မှာ ခက်နေဆဲပါ။   အဆိုပါ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့်လည်း  တရုတ်နယ်စပ်အခြေပြု အဖွဲ့များနှင့်  ထိုင်းနယ်စပ်အခြေပြု အဖွဲ့များဟူ၍ အကြမ်းဖျဉ်း စုဖွဲ့ စဉ်းစား ကြည့်နိုင်ပါသည်။  ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏  မျက်နှာရိပ်မျက်နှာကဲများကို  ကြည့်ကြရသည်ဟု  ဆိုကြပါသည်။ အဆိုပါ အခြေအနေများသည် တော်လှန်ရေးအား ဦးဆောင်နေသည်ဟု ဆိုကြသော NUG  ၏ ရှင်းလင်းသော ရပ်တည် ချက်နှင့် ခေါင်းဆောင်မှုများ လိုအပ်နေသလို အဆုံးတစ်နေ့တွင်  အဆိုပါ  EAOs  များနှင့်  မည်သို့မည်ပုံ အဆုံးသတ်ကြ မည်ကို တိတိကျကျ သဘောတူထားခြင်းမျိုး မရှိသေးဟု  ယူဆရပါသည်။   တစ်ဖက်နှင့် တစ်ဖက် ယုံကြည်စိတ်ချနေကြ သည့် အနေအထားမျိုးကိုရောက်ရှိလာအောင်  ကြိုးပမ်းအားထုတ်သင့်ပါသည်။ ယခု ဆောင်းပါးအား ရေးသားနေစဉ်မှာဘဲ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြသော ၈၈-မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုဂျင်မီနဲ့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်ဟာင်း ကိုဖြိုးဇေယျာသော် တို့အား – အားလုံးက ဝိုင်းဝန်းတားမြစ်နေသည့်ကြားမှ  ကြိုးပေးကွပ်မျက်လိုက်ကြောင်း သတင်းများက ဖေါ်ပြလာကြပါသည်။ ဆိုးဝါးနေသော မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ဆိုးသည်ထက် ဆိုးလာနေသည်ဟု ဆိုရပါမည်။ အဆိုပါ ကိစ္စသည်  နှစ်ဖက်စလုံးအတွက် ပြန်လမ်းမရှိတော့သည့်  ခရီးသို့ လျှောက်လှမ်းသွားကြပြီ ဖြစ်ကြောင်း ကောက်ချက်ချရတော့မည် ဖြစ်ပါကြောင်း။

ယခု ဆောင်းပါးအား ရေးသားနေစဉ်မှာဘဲ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြသော ၈၈-မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုဂျင်မီနဲ့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်ဟာင်း ကိုဖြိုးဇေယျာသော် တို့အား – အားလုံးက ဝိုင်းဝန်းတားမြစ်နေသည့်ကြားမှ  ကြိုးပေးကွပ်မျက်လိုက်ကြောင်း သတင်းများက ဖေါ်ပြလာကြပါသည်။ ဆိုးဝါးနေသော မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ဆိုးသည်ထက် ဆိုးလာနေသည်ဟု ဆိုရပါမည်။ အဆိုပါ ကိစ္စသည်  နှစ်ဖက်စလုံးအတွက် ပြန်လမ်းမရှိတော့သည့်  ခရီးသို့ လျှောက်လှမ်းသွားကြပြီ ဖြစ်ကြောင်း ကောက်ချက်ချရတော့မည် ဖြစ်ပါကြောင်း။

တွက်ရ ခက်လှသော ပုစ္ဆာများကို  တာဝန်အရ ဆက်လက်တွက်ချက်နေရမှာကတော့ မြန်မာနိုင်ငံသူ နိုင်ငံသားများသာ ဖြစ်ကြပါတော့သည်။

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)