တွက်ရခက်သော ပုစ္ဆာများနှင့်  မြန်မာပြည် ခရီးကြမ်း (အပိုင်း-၅)

မကြာမတင်မီကလည်း ဆန်၊ ပဲ၊ ပြောင်း နှင့် ဆီထွက်သီးနှံများအား နယ်စပ်မှတဆင့် ပြည်ပသို့တင်ပို့ရာတွင် အမေရိကန်ဒေါ်လာဖြင့်သာ တင်ပို့ခွင့်ပြုရေး ဟူ၍ထုတ်ပြန်ခဲ့ပြန်သည်။  လယ်ယာထွက်ကုန်များကို ဝယ်ရောင်းကြသူ များမှသည်  လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူအထိ အားလုံး ထိတ်လန့်ကုန်ကြသည်ဟု သိရပါသည်။   တွက်ချက်မှုများ အရ ဘယ်လိုနည်းနှင့်မျှ  အမြတ်အစွန်းမရနိုင်သည့်အပြင် များများတင်ပို့လေ  များများရှုံးလေဆိုသည့် သဘောမျိုးကို တွက်ဆမိကြသည်။

အခန်း (၅)

အာဏာသိမ်းပြီးကာစတွင် နိုင်ငံရေးနှင့် စစ်ရေးအရ ဟုယူဆရသော အရေးကိစ္စဖြင့် စစ်တပ်က အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပါသည်။  ထိုကဲ့သို့   ဖြတ်တောက်လိုက်ခြင်းအတွက် စစ်ရေးနှင့် နိုင်ငံရေးတွင် နကစအဖို့ မည်မျှအကျိုး ရှိခဲ့သည်ကို မသိနိုင်သော်လည်း ပြည်သူလူထု လူအများစု၏ ငွေကြေးများကို အပ်နှံထားကြသည့်  ဘဏ်လုပ်ငန်းများ သည် အင်တာနက် ပြတ်တောက်မှုကြောင့် အကြီးအကျယ်ရိုက်ခတ်မှု ဖြစ်ခဲ့သည်။ အင်တာနက်နှင့် စပ်ဆိုင်သမျှသော ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ပြည်သူများ၏ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်သမျှ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး စသော လူမှုအကျိုးစီးပွါးများ အကုန်ထိခိုက်ခဲ့ရပါသည်။ အဆိုးဆုံးမှာ ဘဏ်များအပေါ် ပြည်သူလူထုက အယုံအကြည်ကင်းမဲ့ သွားသောကြောင့်  အပ်နှံထားသော ငွေကြေးများကို ပြန်လည်ထုတ်ယူရန် ကြိုးစားလာကြရာ   ဘဏ်များဖက်ကလည်း ထုတ်ပေးလျှင် ဘဏ်လုပ်ငန်းပြိုဆင်းရမည့် အန္တရာယ်ကြောင့်  အပ်နှံငွေ များကို ပြန်လည်မထုတ်ပေးတော့ဘဲ  ဆိုင်းငံ့ထားလိုက်သည်။   ဘဏ်များအပေါ် လူထု၏ ယုံကြည်မှုမှာ အလွန်အမင်း ထိခိုက်သွားရသည်။  ယုံကြည်မှုပြန်လည် တည်ဆောက်ရန် အချိန်များစွာ ပေးဆပ်ကြရမည့်ကိန်း ဆိုက်ရောက် သွားရသည်။  ပြည်တွင်းဘဏ်လုပ်ငန်းများအပေါ် ပြည်သူများက မယုံကြည်ခြင်းသည် လွတ်လပ်သော ဈေးကွက် စီးပွါးရေးအစီအစဉ်ကို  များစွာထိခိုက်စေပါသည်။

မကြာမတင်မီက ဒေါ်လာတန်ဘိုးများကို ပုံသေသတ်မှတ်ပြီး ဝင်ငွေဒေါ်လာများကို ဗဟိုဘဏ်သို့ တစ်ရက်အတွင်းအပ်နှံ စေရန် အမိန့်ထွက်လာခဲ့ပြန်သည်။  ထိုအမိန့်သည် စီးပွါးရေးလောကသားများအား တုန်လှုပ်စေခဲ့သည်။  ပြည်ပမှ လာရောက်သည့် ရင်းနှီးမြှုပ်နှံမှုများကို အခက်တွေ့စေခဲ့သည်။  အဆုံးသတ်- နိုင်ငံခြားသံတမန်များအထိ ထိခိုက်လာခဲ့ သောကြောင့် ကင်းလွတ်ခွင့်ရှိသူ အဖွဲ့အစည်းများအဖြစ် စာရင်းထုတ်ပြန်၍ ဖြည်လျော့မှုပေးခဲ့ရသည်။ နိုင်ငံခြားသံတမန်များနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် ဖြေလျော့ခွင့်ရခဲ့သော်လည်း ပြည်တွင်းလုပ်ငန်းရှင်များနှင့် လုပ်သားပြည်သူများအပေါ် ဖိကျလာသော ဝန်ထုပ်ဝန်ပိုးများကိုမူ ပြည်တွင်းနေထိုင်သူများကသာ အဓိက ခါးစည်းခံစားကြရသည်။  ပြည်ပ ပို့ကုန်/သွင်းကုန် လုပ်ကိုင်နေကြသော ကုမ္ပဏီများ အခက်တွေ့ကြရသည်။ မကြာမတင်မီကလည်း ဆန်၊ ပဲ၊ ပြောင်း နှင့် ဆီထွက်သီးနှံများအား နယ်စပ်မှတဆင့် ပြည်ပသို့တင်ပို့ရာတွင် အမေရိကန်ဒေါ်လာဖြင့်သာ တင်ပို့ခွင့်ပြုရေး ဟူ၍ထုတ်ပြန်ခဲ့ပြန်သည်။  လယ်ယာထွက်ကုန်များကို ဝယ်ရောင်းကြသူ များမှသည်  လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူအထိ အားလုံး ထိတ်လန့်ကုန်ကြသည်ဟု သိရပါသည်။   တွက်ချက်မှုများ အရ ဘယ်လိုနည်းနှင့်မျှ  အမြတ်အစွန်းမရနိုင်သည့်အပြင် များများတင်ပို့လေ  များများရှုံးလေဆိုသည့် သဘောမျိုးကို တွက်ဆမိကြသည်။

ပို့ကုန်အပေါ်မှီခိုနေရသော မြန်မာ့စီးပွါးရေး၏ ဝင်ငွေများ ထိခိုက်သွားသည်ဟု ဆိုနိုင်ပါသည်။ ဝင်ငွေထိခိုက်ခြင်းသည်  ဝယ်ယူတင်သွင်းခြင်း သွင်းကုန်များအပေါ် တစ်နည်းနည်းဖြင့် ထိခိုက်ခြင်းဟု ဆိုနိုင်ပါသည်။ အဓိက အခက်အခဲမှာ ဒေါ်လာဈေးနှုန်းအား ပုံသေသတ်မှတ်ထားခြင်းနှင့် ရောင်းရငွေများကို ဘဏ်သို့အမြန်ဆုံး အပ်နှံရန် ညွှန်ကြားထားခြင်းကြောင့်ဖြစ်သည်။ ယခုအခါ တောင်သူလယ်သမားများ၏ စိုက်ပျိုးသမျှ အရှုံးပေါ်နေခြင်း ဖြင့် အခက်အခဲ တွေ့နေကြရသည်ဟု ဆိုပါသည်။     ပို၍ဆိုးဝါးသော ထုတ်ပြန်ချက်တစ်ခုလဲ ရှိပါသေးသည်။  ပြည်ပနှင့် ကုန်သွယ်နေကြသော ကုမ္ပဏီများအနေဖြင့် ပြည်ပသို့ ပေးဆပ်ရန်ရှိသော အရင်းနှင့်အတိုးငွေများကို  ချက်ချင်းမပေး ဆပ်ဘဲ  ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို အချက်သည် ယုံကြည်မှုများဖြင့် ရောင်းဝယ်ဖေါက်ကား နေကြသော ကုန်သည်အချင်းချင်းကြားတွင်  ယခင်ထားရှိခဲ့ကြသော ယုံကြည်မှုများကို ရိုက်ချိုး ဖျက်ဆီးလိုက်ခြင်းနှင့် တူနေပါတော့သည်။ နောက်ဆက်တွဲ အကျိုးဆက်များကား စဉ်းစားဖို့ရာ မဝံ့လောက်အောင်  ဖြစ်နေရပါတော့သည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည်ကို သေချာစွာ မသိရသော်လည်း  အဆိုပါ ဒေါ်လာငွေဈေးအား ထိန်းချုပ် သတ်မှတ်လိုက်ခြင်းကြောင့်  ပြည်ပနှင့် ဆက်စပ်ကုန်သွယ်သူမှန်သမျှ အခက်အခဲ ဖြစ်ကြရသည်။  သွင်းကုန်အတွက် ဒေါ်လာငွေသုံးစွဲရန် ဗဟိုဘဏ်သို့ လျှောက်ထားရသောကြောင့် လုပ်ငန်းများ ကြန့်ကြာကုန်သည်။  မရှိမဖြစ် ကုန်ပစ္စည်း ဖြစ်သည့် စက်သုံးဆီများလည်း လုပ်ငန်းလည်ပတ်မှု နှောင့်နှေးသွားသောကြောင့်လည်းကောင်း၊ ကုန်သည်များအနေဖြင့် အရှုံးခံ မရောင်းချနိုင်သောကြောင့်လည်းကောင်း စက်သုံးဆီများ ပြတ်လပ်ခြင်း၊ မတန်တဆ ဈေးတက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။  အထူးသဖြင့် လုပ်ငန်းသုံး ဒီဇယ်ဆီများ ဈေးတက်ကုန်သောကြောင့် စက်ကိရိယာသုံး လယ်သမားများ မှစ၍  ကုန်တင်ကားများအထိ ထိခိုက်ရသောကြောင့် ပြည်တွင်းကုန်စည် စီးဆင်းမှုများ လျော့နည်းသွားပြီး ကုန်ဈေးနှုန်း များ တက်ကုန်ကြသည်။  အပူပေါ်အပူဆင့် ဆိုသကဲ့သို့  လျှပ်စစ်ဓါတ်အားပေးဝေမှုများမှာလည်း  ခွဲတမ်းဖြင့်ပေးဝေ ရသည့် အဖြစ်အပျက်ပေါ် ပေါက်လာပါသည်။  လျှင်စစ်မီးအစား စက်သုံးဆီ ဒီဇယ်ဖြင့် အစားထိုးပြီး လုပ်ငန်းလုပ်ကိုင် သူများ တွက်ခြေမကိုက်ဘဲ လုပ်ငန်းများ ရပ်ဆိုင်းရသည်အထိ ဖြစ်ကုန်သည်။   SKD  ခေါ်  မော်တော်ကားတပ်ဆင် ခြင်းလုပ်ငန်းများပင် ကုန်ပစ္စည်းတင်သွင်းမှု အခက်အခဲကြောင့် လုပ်ငန်းများ ဆိုင်းငံ့ထားရသည်။ ထိုကဲ့သို့ ဒေါ်လာငွေ များကို ထိန်းချုပ်လိုက်သောကြောင့်  လယ်သမားများတွင်လည်း ထိခိုက်မှု ရှိခဲ့သည်။  လယ်ယာလုပ်ငန်း၏ သွင်းအားစု များမှာ ဈေးအဆမတန် တက်ကုန်ကြသည်။  ဓါတ်မြေဩဇာများ၊ လုပ်ငန်းသုံး စက်သုံးဆီများ၊ လုပ်အားများ အကုန် ဈေးတက် ကုန်သောကြောင့် ယခုနှစ် လယ်ယာများကို အပြည့်အဝ စိုက်ပျိုးရန်ပင် အခက်တွေ့နေရသည်။  မည်သည့် လယ်သမားကမျှ  အပင်ပန်းခံ အရှုံးခံပြီး လယ်ယာစိုက်ပျိုးကြမည် မဟုတ်ပေ။ သတင်းများအရ  အချို့လယ်သမား များမှာ မဖြစ်မနေ စပါးစိုက်ပျိုးရန်အတွက်  ဝမ်းစာအတွက်သာရည်ရွယ်၍ စိုက်ပျိုးကြပြီး ကျန်လယ်မြေများကိုမူ စိုက်ပျိုးနိုင်ခြင်း မရှိကြတော့ဟု သိရပါသည်။  စင်စစ်  လယ်သမားများ အရှုံးပေါ်၍ အကြွေးတင်နေကြခြင်း ဖြစ်သည်။  အကြွေးတင်နေခြင်းသည် တစ်နှစ်ထဲမဟုတ်။ နှစ်စဉ်ဆက်တိုက်ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် လယ်သမားသည် အများစုဖြစ်သောကြောင့် ယင်းတို့၏အကြွေးတင် အရှုံးပေါ်နေရခြင်းများအား လျစ်လျူရှုထား၍မရကြောင်း နိုင်ငံအား အုပ်ချုပ်သူများက နားလည်ထားရန် အထူးလိုအပ်ပါသည်။

ကမ္ဘာဘဏ်သည်ပင်လျှင် မြန်မာနိုင်ငံ၏  စီးပွါးရေးအတက်အကျ ခန့်မှန်းခြေကို မတွက်ချက်  မမှန်းဆနိုင်တော့ဟု သိရပါသည်။   တရားမဝင်ငွေလွဲ ခြင်းလုပ်ငန်းများ ပြန်လည်ခေါင်းထောင်လာခဲ့သည်။  

ကမ္ဘာဘဏ်သည်ပင်လျှင် မြန်မာနိုင်ငံ၏  စီးပွါးရေးအတက်အကျ ခန့်မှန်းခြေကို မတွက်ချက်  မမှန်းဆနိုင်တော့ဟု သိရပါသည်။   တရားမဝင်ငွေလွဲ ခြင်းလုပ်ငန်းများ ပြန်လည်ခေါင်းထောင်လာခဲ့သည်။  သင်ခန်းစာ ယူရန်အတွက် ပြဿနာဖြစ်နေသော သီရိလင်္ကာနိုင်ငံအား အနည်းငယ် လှမ်းကြည့်သင့်ပါသည်။ အခက်အခဲများ၏ အစမှာ နိုင်ငံခြားကြွေးမြီများက စတင်သည်ဟု အများက နားလည်ထားကြပါသည်။  ဤနေရာတွင် မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးတူညီသော အချက်များကို ဦးစားပေး စဉ်းစားကြည့်ဖို့ လိုပါသည်၊ သီရိလင်္ကာတွင် သီးနှံထွက်နှုန်းတွေ ကျဆင်းခဲ့သည်။  လယ်သမားများ ယာသမားများ အကြွေးတင်နေပြီး စိုက်ပျိုးသမျှ အရှုံးပေါ် နေခဲ့သည်။  သီးနှံများကို  ပြည်ပမှ ပြန်လည်တင်သွင်းရသည်အထိ ကျဆင်းခဲ့သည်။   ထိုအခါ  ပြည်ပအရန်ငွေများဖြင့်  ဝယ်ယူသုံးစွဲရသောကြောင့်  နိုင်ငံခြားအရန်ငွေ နည်းသွားသည်။ ထိုအခါ ငွေမနိုင်၍ မရင်းနှီးနိုင်၊  မရင်းနှီးနိုင် သောကြောင့် ဝင်ငွေမရှိ၊ ငွေမဝင်သည့်အပြင် ကုန်ကျစရိတ်များပြီး လူမွဲသံသရာလည်ရပါသည်။ ကိုဗစ်ကပ်ရောဂါ ကြောင့် ခရီးသွားလုပ်ငန်းများ ထိုးရပ်ကာ အလုပ်လက်မဲ့ ပမာဏတိုးများလာရပါသည်။   ထိုအခြေအနေ  မှတဆင့်  သီရိလင်္ကာသည်  တဖြည်းဖြည်း ကြွေးမြီများဖြင့်  နစ်သထက်နစ်လာကာ ယခုလက်ရှိ ပြည်ပကြွေးမြီ ဒေါ်လာ (၅၁) ဘီလျံတန်ဖိုးရှိကာ ပြန်မဆပ်နိုင်တော့သည့်အတွက်  နိုင်ငံအား ဒေဝါလီခံခဲ့ရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့်  သီရိလင်္ကာနိုင်ငံနှင့်စာလျှင်  လူးသာလွန့်သာ ရှိသည်ဟု ဆိုရပါမည်။  သို့သော်လည်း ယခုအခါ အခြေခံလူတန်းစားဖြစ်သည့် တောင်သူလယ်သမားများ၏  အကြွေးတင်နေခြင်းပြဿနာနှင့်   လယ်ယာစိုက်ပျိုးမှုများကို လျော့ချနေသော ကိစ္စမှာ မျက်ကွယ်ပြုထားရန် မသင့်သောကိစ္စအဖြစ် ရှုမြင်သင့်သည်ဟု ဆိုချင်ပါသည်။

မြန်မာနိုင်ငံအနေဖြင့်  သီရိလင်္ကာနိုင်ငံနှင့်စာလျှင်  လူးသာလွန့်သာ ရှိသည်ဟု ဆိုရပါမည်။  သို့သော်လည်း ယခုအခါ အခြေခံလူတန်းစားဖြစ်သည့် တောင်သူလယ်သမားများ၏  အကြွေးတင်နေခြင်းပြဿနာနှင့်   လယ်ယာစိုက်ပျိုးမှုများကို လျော့ချနေသော ကိစ္စမှာ မျက်ကွယ်ပြုထားရန် မသင့်သောကိစ္စအဖြစ် ရှုမြင်သင့်သည်ဟု ဆိုချင်ပါသည်။ နယ်စပ်ကုန် သွယ်ရေးကဲ့သို့  လယ်ယာထွက်ကုန်များ၏ ကုန်သွယ်မှုများကို ထိခိုက်စေသော ကိစ္စရပ်များအား မပြုမိရန် အထူးသတိ ချပ်သင့်သည်ဟု မြင်မိပါသည်။ ယခုလို အဖက်ဖက်က ထိန်းချုပ်လွန်းလျှင် ကုန်ထုတ်လုပ်မှု ၊ ကုန်သွယ်မှုများ နှောင့် နှေးကုန်ပါလိမ့်မည်။ အလုပ်အကိုင်များ ရှားပါးလာပါလိမ့်မည်။  လယ်သမားများ စပါးလျော့စိုက်လျှင်  စားသုံးကုန်များ ဈေးတက်လာပါလိမ့်မည်။ ဘဏ်အပ်နှံငွေများ ထုတ်ယူမရသောကြောင့် သုံးစွဲနိုင်မှုများ လျော့ကျနိုင်ပါသည်။  ထိုနည်း ဖြင့် အထွေထွေအကြပ်အတည်းကြီး မပေါ်ပေါက်လာနိုင်ဟု  မည်သူမျှ အာမခံနိုင်မည် မဟုတ်တော့ပါ။

ထိုသို့သော ကာလအတွင်းမှာပင် တပ်မတော်အနေဖြင့် စစ်ရေးလေ့ကျင့်မှု အခန်းအနားကြီးများကို ပြုလုပ်ပြီး အင်အား တောင့်တင်းကြောင်း ပြသနေခဲ့ပါသည်။ အထူးသဖြင့် ရေတပ်အင်အားများနှင့် မြေပြင်ရေပြင် ပူးပေါင်းစစ်ဆင်ရေးများ ကိုလည်း လေ့ကျင့်ခဲ့သည်။  တချိန်တည်းမှာပင် မြို့ရွာအသီးသီးတွင် လုယက်မှုများ၊ ဓါးပြမှုများ၊ ဗုံးပေါက်ကွဲမှုများ၊ လူသတ်မှုများ အများအပြားပေါ်ပေါက်လာ နေပါသည်။ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည်  အတော်ကြီး ယုတ်လျော့ကျဆင်းနေပါသည်။  အချို့သော လုယက်မှုများသည်  ထင်မှတ်မထားရလောက်အောင် ကြုံသလိုလုယက်မှုမျိုး ဖြစ်နေသည်ကို သတိပြုမိကြမည် ဖြစ်ပါသည်။ ထိုအခြေအနေမျိုးတွင် ပညာရေးနှင့်ကျန်းမာရေး ကိစ္စများအပေါ် သာမန်ကိစ္စမျှသာ သဘောထားလာကြရသည်မှာ မကြိုက်သော်လည်း လက်ခံရမည့် အခြေအနေ တစ်ရပ်ဖြစ်နေပါသည်။

လွန်ခဲ့သော လများက ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေ (ဒေါ်လာ)များကို  ဈေးသတ်မှတ်ပြီး လေလံခေါ်ပြီး ရောင်းချပေးခဲ့သည်။ တစ်နေ့ ကို ၁၄- ၅ သန်းလောက် ထုတ်ရောင်းပေးခဲ့ပါသည်။  ဗဟိုဘဏ် တာဝန်ရှိသူများ အနေဖြင့် သူတို့တွင် နိုင်ငံခြားအရန်ငွေကြေး မည်မျှလက်ကျန်ရှိပြီး ယခုအတိုင်း ဘယ်ကာလအထိ ဆက်လက်ရောင်းချ ပေးနိုင်မည်ကို  တွက်ချက်ထားကြမည်သာ ဖြစ်ပါသည်။ အဆိုပါ ဗဟိုဘဏ် တာဝန်ရှိသူများသည် လူညံ့များ မဟုတ်ကြ သည်ကတော့ သေချာပါသည်။  သို့သော်လည်း  နိုင်ငံခြားအရန်ငွေကြေးများ  ရုတ်တရက်ပျောက်ကွယ်သွားရခြင်း လက္ခဏာများ ဖြစ်ပေါ်လာရခြင်းသည် အလွန် အံ့အားသင့်စရာ ကိစ္စတစ်ခုအဖြစ်  လေ့လာကြည့်သင့်ပါသည်။

နိုင်ငံခြားအရန်ငွေကြေးများ  ရုတ်တရက်ပျောက်ကွယ်သွားရခြင်း လက္ခဏာများ ဖြစ်ပေါ်လာရခြင်းသည် အလွန် အံ့အားသင့်စရာ ကိစ္စတစ်ခုအဖြစ်  လေ့လာကြည့်သင့်ပါသည်။

စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီး (၆) ဦးအား ဗဟိုဘဏ်၏  ဒုတိယ ညွှန်ကြားရေးမှူးများအဖြစ် ပြောင်းရွေ့တာဝန်ထမ်း ဆောင်စေလိုက်ခြင်းသည် နစကအနေဖြင့် ဗဟိုဘဏ်အား ထိန်းချုပ်ရန်ဖြစ်ကြောင်း အလွန်ကို သိသာလွန်းပါသည်။  အဆိုပါ အမိန့်အား ၂၀၂၂-ခုနှစ် ဇွန်လ (၇) ရက်နေ့ ရက်စွဲဖြင့် ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိန်း လက်မှတ်ဖြင့် ထုတ်ပြန် ခဲ့သည်။  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ၂၀၂၂-ခုနှစ် ဇူလိုင်လ ၁၅-ရက် ရက်စွဲဖြင့် မှတ်တမ်းတင် ၍ ထုတ်ပြန်ထားပါသည်။   ယင်းနောက်ပိုင်းတွင် ဒေါ်လာငွေများကို ထိန်းချုပ်ပြီး  မြန်မာကျပ်ငွေ ၁၈၅၀-ကျပ်ကို တစ်ဒေါ်လာနှုန်းဖြင့်  ရယူစုဆောင်းလာပါသည်။   ထို့နောက် နောက်ဆုံး ထုတ်ပြန်သော အမိန့်စာတွင် ကုမ္ပဏီများ အနေဖြင့်  ပြည်ပသို့ ဆပ်ရန်ရှိသော အကြွေးနှင့်အတိုးများကို ပေးဆပ်မှု ဆိုင်းငံ့ထားရန် ထုတ်ပြန်ခဲ့သည်။  ဆန်၊ ပဲ နှင့် ပြောင်းများအား ရောင်းချရာတွင် ဒေါ်လာဖြင့်သာ ရောင်းချရန်နှင့်  ထိုသို့ရောင်းချရာတွင်  ဝယ်ယူသူဖက်က ရာနှုန်း  ပြည့် ငွေပေးချေပြီးမှသာ ပို့ကုန်ခွင့်ပြုမိန့် ထုတ်ပေးရန် စသောအချက်များကို ထုတ်ပြန်လာပြန်သည်။   ယခင် ကင်းလွတ်ခွင့် ပေးထားခဲ့သော အဖွဲ့အစည်းများထဲမှ အချို့ကိုလည်း  ကင်းလွတ်ခွင့်များ ပြန်လည်ရုတ်သိမ်းခဲ့သည်။   ကုန်သွယ်ရေး လောကတွင် မည်သူမျှ မကြုံဖူး မကြားဖူးသော အမိန့်များဖြစ်သည်ဟု  အတွေ့အကြုံများသော ကုန်သည်များက ဆိုပါ သည်။  အံ့အားသင့်စရာ ကောင်းသည့်အပြင်  ကိုယ့်တိုင်းပြည်၏  စီးပွါးရေးလုပ်ငန်းများကို အသေသတ်သကဲ့သို့ ဖြစ်စေ သော အမိန့်များဖြစ်သည့်အတွက်  အလွန်အံ့အားသင့်စရာများ ဖြစ်ပါသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ သူတို့တွင် အရန်ငွေကြေး အပြည့်အစုံ ရှိ ထားကြောင်းထုတ်ဖေါ်  ပြောဆိုပါသည်။ သို့သော် အကြောင်းအကျိုး ဆီလျော်မှု မရှိပေ။ ဒေါ်လာ လက်ဝယ်ပိုင်ဆိုင် ထားသည်ဟု ဆိုလျှင် တိုင်းပြည်၏ စီးပွါးရေးလုပ်ငန်းများအတွက် အလွန်ကို အန္တရာယ်ကြီးသော အမိန့်များကို ထုတ်ပြန် ရန်အကြောင်း မရှိပေ။  ဟန်ကိုယ့်ဖို့  သဘောပြောသည်ဟုသာ မှတ်ယူရမည် ထင်ပါသည်။

အချို့သော လေ့လာဆန်းစစ်သူများကမူ  ပြည်တွင်းတိုက်ပွဲများတွင် လေကြောင်းပစ်ကူမှု  အများအပြားတိုးတက် အသုံးပြုလာရခြင်း၊  တပ်ချုပ်ကိုယ်တိုင် ပုဂ္ဂိုလ်ရေးခရီးဟု ခေါင်းစဉ်တပ်ထားသည့် ဂုဏ်သိက္ခာအရ ထိခိုက်စေသော ရုရှားခရီးစဉ် ဖြစ်ပေါ်လာခြင်း၊  ဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေ စုဆောင်းငွေများ အလွန်အမင်းလျော့ကျနေသော လက္ခဏာများဖြစ်သည့် ဒေါ်လာငွေများကို အမိန့်ဖြင့်အတင်းအကြပ် လဲလှယ်စေပြီး ပြန်လည်စုဆောင်းနေခြင်းများသည်  ဆက်စပ်မှုများအဖြစ် ဆက်စပ်တွေးတောကြသူများလည်း ရှိနေပါသည်။   နိုင်ငံခြားအရန်ငွေကြေးများ ရုတ်တရက် လျော့ကျသွားရခြင်းသည် မည်သည့်အတွက်ကြောင့်ဟု သင်ထင်မြင်ယူဆပါသနည်း  ဟူသော‌ မေးခွန်းသည် စိတ်ဝင် စားစရာ မေးခွန်းကြီး ဖြစ်လာရပါတော့သည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်များသည် မြန်မာ့စီးပွါးရေးအား မည်မျှအထိ ထိခိုက်မှု ရှိစေလိမ့်မည်ကို  ဗဟိုဘဏ် တာဝန်ရှိ သူများ  မသိဘဲ နေမည်မဟုတ်ပါ။  သိလျက်ဖြင့်  မည်သည့်အကြောင်းကြောင့် ထိုသို့သော  သဘာဝ မကျသည့် အမိန့်များကို ထုတ်ပြန်နေရပါလဲ။   အဆိုပါ မေးခွန်းများသည် တစ်ချိန်ချိန်တွင် သမိုင်းတွင်မည့် အဖြေများဖြင့် ပြန်လည်ပေါ် ပေါက်လာလိမ့်မည်ဟု  ယုံကြည်ရပါသည်။

အထွေထွေအကြပ်အတည်းများသည် ပြည်တွင်း ပဋိပက္ခများနှင့် ပေါင်းစပ်လိုက်လျှင်မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်ရ သော အခြေအနေများ ဖြစ်လာနိုင်ပါသည်။စစ်ရေး ပဋိပက္ခများကို အရင်ရှင်းလင်းသင့်ပါသလား။နိုင်ငံရေး ပြဿနာ များကို အရင်ဖြေရှင်းသင့်ပါသလား။စီးပွါးရေး အခက်အခဲများကို ဦးဆုံးရှင်းလင်းပေးသင့်ပါသလား။တရားဥပဒေ စိုးမိုးရေးကို အရင်ဦးစားပေး ကိုင်တွယ်သင့်ပါသလား။ မေးခွန်းများကို ဦးစားပေး စဉ်းစားကြည့်ရာ အားလုံးက အရေးကြီးသော ခေါင်းစဉ်များချည်း ဖြစ်နေသည်ကို တွေ့နိုင်ပါသည်။

အထွေထွေအကြပ်အတည်းများသည် ပြည်တွင်း ပဋိပက္ခများနှင့် ပေါင်းစပ်လိုက်လျှင်မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်ရ သော အခြေအနေများ ဖြစ်လာနိုင်ပါသည်။စစ်ရေး ပဋိပက္ခများကို အရင်ရှင်းလင်းသင့်ပါသလား။နိုင်ငံရေး ပြဿနာ များကို အရင်ဖြေရှင်းသင့်ပါသလား။စီးပွါးရေး အခက်အခဲများကို ဦးဆုံးရှင်းလင်းပေးသင့်ပါသလား။တရားဥပဒေ စိုးမိုးရေးကို အရင်ဦးစားပေး ကိုင်တွယ်သင့်ပါသလား။ မေးခွန်းများကို ဦးစားပေး စဉ်းစားကြည့်ရာ အားလုံးက အရေးကြီးသော ခေါင်းစဉ်များချည်း ဖြစ်နေသည်ကို တွေ့နိုင်ပါသည်။

ဤသည်ကား  မြန်မာ့နိုင်ငံရေး ပဋိပက္ခ၏  အကြီးဆုံး မေးခွန်းတစ်ခု ဖြစ်လာနေသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)