G-20 နိုင်ငံခြားရေးဝန်ကြီများ အစည်းအဝေးတွင် မြန်မာ့ပြဿနာနှင့်ပတ်သက်၍လည်း ဆွေးနွေးကြလိမ့်မည်ဟု ယုံကြည်ရပါသည်။ ထူးခြားချက်မှာ အိမ်ရှင် အင်ဒိုနီးရှားမှာ ယခုနှစ်ကုန်တွင် အာစီယံဥက္ကဌ ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အထူးကိုယ်စား လှယ်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ယင်းအတွက် အင်ဒိုနီးရှားနိုင်ငံ အနေ ဖြင့် ကြိုတင်လေ့လာပြင်ဆင်မှုများ လုပ်ဆောင်နေကြကြောင်းကိုလည်း တွေ့ရှိလာရပါသည်။
အခန်း (၄)
မြန်မာ့နိုင်ငံရေး ပဋိပက္ခ နှင့် ပတ်သက်၍ အာစီယံကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယား အနေဖြင့် သက်တန်းကုန်ခါနီး မြန်မာသို့ မဲခေါင်-လန်ချန်း ဒေသဆိုင်ရာဆွေးနွေးပွဲတက်ရောက်ရင်း ဆိုက်ရောက်လာသည်။ မြန်မာ့စစ်တပ်အာဏာပိုင် များနှင့်လည်း တွေ့ဆုံခဲ့သည်။ သူ၏ လုပ်ငန်းအောင်မြင်မှုအား ဆန်းစစ်ကြည့်လျှင် မြန်မာစစ်အာဏာပိုင်များဖက်က ကြိုတင်သတ်မှတ်ချက်များဖြင့် ဆန့်ကျင်ဖက်အဖွဲ့အစည်းနှင့် ဆွေးနွေးနိုင်သည့်အကြောင်းများကို ထုတ်ဖေါ်ပြောကြားခဲ့ခြင်းက ထူးခြားသည်ဟု ဆိုနိုင်ပါသည်။ သတင်းစာ ရှင်းလင်းပွဲတွင်လည်း မြန်မာစစ်ခေါင်းဆောင်များ အနေဖြင့် “ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်ကိစ္စ “ နှင့် ပတ်သက်၍ နိုင်ငံရေးမှာ မဖြစ်နိုင်တာ ဘာမျှမရှိဟု ထုတ်ဖေါ်ပြောကြားလာသည်။ သတင်းများအရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာသို့ မလာရောက်မီ တစ်ပတ်ခန့် အလိုတွင် တရုတ်သံအမတ်ကြီး အနေဖြင့် စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံ စကားပြောခဲ့ပါသည်။ တရုတ်နိုင်ငံခြား ရေးဝန်ကြီး မြန်မာနိုင်ငံ အရောက်တွင် မြန်မာစစ်တပ်၏တပ်ချုပ်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသည့်အပြင် မဲခေါင်-လန်ချမ်း ဆွေးနွေးပွဲတွင်လည်း မြန်မာစစ်ခေါင်းဆောင်အနေဖြင့် အဖွင့်စကား လာရောက်ပြောကြားရန် ကမ်းလှမ်းမှုကိုလည်း လက်မခံခဲ့ပေ။ သို့သော်လည်း မြန်မာနိုင်ငံမှအပြန် အင်ဒိုနီးရှားဘာလီကျွန်းတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံသည်။ အခြား အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာပြည်သူလူထုအနေဖြင့် တရုတ်မုန်းတီးရေး စိတ်ဓါတ်များ ကိန်းအောင်းနေသည်ကို သူတို့ အနေဖြင့် ကောင်းစွာ သိရှိနားလည်ထားပြီး သူတို့၏ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွါးများအား ထိခိုက်လာမည်ကိုလည်း စိတ်ပူပန်မှု ရှိနေနိုင်ပါသည်။
G-20 နိုင်ငံခြားရေးဝန်ကြီများ အစည်းအဝေးတွင် မြန်မာ့ပြဿနာနှင့်ပတ်သက်၍လည်း ဆွေးနွေးကြလိမ့်မည်ဟု ယုံကြည်ရပါသည်။ ထူးခြားချက်မှာ အိမ်ရှင် အင်ဒိုနီးရှားမှာ ယခုနှစ်ကုန်တွင် အာစီယံဥက္ကဌ ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အထူးကိုယ်စား လှယ်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ယင်းအတွက် အင်ဒိုနီးရှားနိုင်ငံ အနေ ဖြင့် ကြိုတင်လေ့လာပြင်ဆင်မှုများ လုပ်ဆောင်နေကြကြောင်းကိုလည်း တွေ့ရှိလာရပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်မှာ အစည်းအဝေး တက်ရောက်ရန်သာဖြစ်ပြီး အလည်အပတ်ခရီး မဟုတ်သောကြောင့် ခေါင်းဆောင်များနှင့် မတွေ့ဆုံခြင်းဟု သံခင်းတမန်ခင်း နားလည်သူများက ဆိုပါသည်။ သို့သော် နကစ၏ ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင်လည်း သမ္မတပူတင်က လက်ခံတွေ့ဆုံခြင်းမျိုးကို လည်း မတွေ့ရှိရပြန်ပေ။ နကစ အနေဖြင့် သံခင်းတမန်ခင်း မျက်နှာစာတွင် အောင်မြင်မှုကို မဆိုထားနှင့် သာမန်အခြေ အနေမျိုး ပြန်ရရန်ပင် အတော်ကြိုးစား အားထုတ်ဖို့ လိုနေကြောင်း တွေ့နိုင်သည်။ ထူးခြားချက်မှာ စစ်တပ်ခေါင်းဆောင် များအနေဖြင့် မိမိအား ယင်းကဲ့သို့ အဆင့်နိမ့်လက်ခံကြိုဆိုကြမည်ကို မသိ၍မဟုတ်ဘဲ သိလျက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအချက်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းသည့်အပြင် စစ်ကောင်စီဖက်မှ လိုအပ်ချက် ကြီးမားနေမှုကို ဖြည့်ဆည်းရန် အရေးကြီးနေသောကြောင့် ခေါင်းလျှိုသွားရောက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါသည်။ အထူးသဖြင့် လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဒေါ်လာထုပ်ပိုက်ကာ သွားရောက်ခြင်းဟု သုံးသပ်ကြည့်လျှင် များစွာ ဖြစ်နိုင်ခြေ ရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းအချက်အား ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေများ အထူးလို အပ်နေသောကြောင့် အမိန့်ထုတ်ပြန်ချက်များဖြင့် ကုမ္ပဏီများထံမှ ဒေါ်လာငွေများကို မြန်မာကျပ်ငွေဖြင့် အတင်းအကြပ် လဲလှယ်ပြောင်းလဲစေခြင်း ကိစ္စများဖြင့် ဆက်စပ်စဉ်းစားကြည့်နိုင်ပါသည်။
စစ်တပ်၏ အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သော်လည်း နိုင်ငံတကာမှ သံတမန်များသည် စစ်အစိုးရထံ သံအမတ်ခန့်အပ်လွှာ များ ပေးအပ်ရန် တုန့်ဆိုင်းနေကြသော်လည်း မြန်မာပြည်တွင် ဆက်လက်ရှိနေကြခြင်းသည် တနည်းအားဖြင့် စစ်အစိုးရအား လက်ခံသည့်သဘော ဖြစ်သည်ဟု အချို့သော ပညာရှင်များက ထောက်ပြ ပြောဆိုကြပါသည်။ မည်သို့ပင် ဆိုပါစေ သံခင်းတမန်ခင်းတွင်မတော့ နကစသည် ထင်မှတ်မထားသော အခက်အခဲများ ကြုံတွေ့နေရသည်ကိုမူ မငြင်းဆိုနိုင်ပေ။ အာဏာကို ထိန်းသိမ်းလိုက်သည့်နောက်ပိုင်း နိုင်ငံတကာတွင် ဖြစ်ပေါ်လာနိုင်သည့် လှိုင်းဂယက် အခင်းအကျင်းများ ကိုလည်း ကြိုတင်တွက် ဆထားခြင်း ရှိခဲ့ပုံမရပါချေ။ လက်တွေ့ နဖူးတွေ့ဒူးတွေ့ ကြုံရသောအခါမှ ကိုယ်မကျွမ်းကျင် သော နယ်ပယ်တစ်ခုတွင် လိုက်လံဖြေရှင်းရသောအခါ မနိုင်မနင်းဖြစ်ကြရပါတော့သည်။
ပညာရပ်ဆိုင်ရာ စစ်တမ်းတစ်ခု၏ အဆိုအရ တရုတ်ပြည်၏ အခန်းကဏ္ဍမှာ မြန်မာနိုင်ငံအတွက် အရေးပါသည့် အနေအထား ရှိနေပါသည်။ ဖိနှိပ်မှုများကြောင့် မြန်မာလူထု၏ ရန်လိုမှုကို ရင်ဆိုင်နေရသော စစ်တပ်အား အားပေးမှုများ မပြုလုပ်မိစေရန် သတိကြီးကြီး ထားပုံရပါသည်။ တတ်နိုင်သမျှ ခပ်ခွါခွါနေပြခဲ့သည်။ မြန်မာစစ်ခေါင်းဆောင်များ ဖက်ကလည်း ရုရှားဖက်သို့ ပိုမိုအလေးပေး ဆက်သွယ်မှုများရှိခဲ့သည်။ ယင်းအချက်ကိုလည်း တရုတ်နိုင်ငံအနေဖြင့် သိပ်နှစ်သက်ဟန် မတူပေ။ သို့သော် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား နိုင်ငံရေးအရ တည်ငြိမ်နေစေချင်သည်။ နိုင်ငံချင်းလည်း တည်တည်ငြိမ်ငြိမ် ဆက်ဆံရေးကို ထူထောင်စေချင်သည်။ ထို့အပြင် တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ အကြိမ် ၂ဝ-မြောက် ညီလာခံကလည်း ခန့်မှန်းချက်အရ လာမည့် စက်တင်ဘာ၊ အောက်တိုဘာ ခန့်တွင် ကျင်းပဖြစ်မည့် အနေအထားတွင် မြန်မာနိုင်ငံအား တည်ငြိမ်စေချင်သည်။ တရုတ်ပြည်တွင်းတွင်လည်း သမ္မတ ရှီကျင်းဖျင် အနေဖြင့် ဆက်လက်ရွေးချယ်ခံရပြီး ခေါင်းဆောင်မှု ဆက်လက်ပေးနိုင်ဖို့ရာကလည်း အလွန်အင်မတန်ကို အရေးကြီးနေသည်။ သူ့တွင် နိုင်ငံရေးပြိုင်ဖက်များ ပေါ်ပေါက်လာနေခြင်းကြောင့် မြန်မာနိုင်ငံအား ပိုမိုအေးချမ်းစေလိုသည့် သဘောထား ရှိကိုရှိနေမည်ဟု သုံးသပ်နိုင်ပါသည်။
ထို့အပြင် မြန်မာပြည်သူလူထုအနေဖြင့် တရုတ်မုန်းတီးရေး စိတ်ဓါတ်များ ကိန်းအောင်းနေသည်ကို သူတို့ အနေဖြင့် ကောင်းစွာ သိရှိနားလည်ထားပြီး သူတို့၏ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွါးများအား ထိခိုက်လာမည်ကိုလည်း စိတ်ပူပန်မှု ရှိနေနိုင်ပါသည်။ အဓိကအချက်အနေဖြင့် သူ၏ အနောက်ဖက်တံခါးအတွက် အခက်အခဲ ဖြစ်မနေစေရေး ဆိုသည့်အချက်သည် အလွန်အရေးကြီးသည်ဟု သုံးသပ်နိုင်ပါသည်။
မြန်မာသည် စစ်အာဏာမသိမ်းမီ တစ်နှစ်ခန့်ကပင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အတော်ပင် အထိနာ ခံထားရသည်။ ကပ်ဘေးရောဂါကာလ တစ်ခုကို အလူးအလဲ ခံစားနေရပြီး ပြန်လည်နာလန်ထူနိုင်ရေး အားထုတ်နေသောကာလတွင် စစ်တပ်အနေဖြင့် အာဏာသိမ်းလိမ့်မည်ဟု မယုံကြည်ခဲ့ကြသူ အတော်များပါသည်။ သို့သော် သူတို့ထင်မှတ်ထားသလို မဟုတ်ခဲ့ဘဲ အာဏာသိမ်းလိုက်သောကြောင့် မြန်မာနိုင်ငံသည် အာဏာသိမ်းပြဿနာများနှင့်အတူ ကိုဗစ်ကပ်ရောဂါ အား ခုခံရာတွင် အတော်ပင် ဖရိုဖရဲ ဖြစ်ခဲ့ရသည်။ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေး ဝန်ထမ်းများ အများအပြား CDM လုပ်ခဲ့ကြသည်။ ကိုဗစ်ကပ်ရောဂါ သည်းထန်နေစဉ်က ကိုယ်ရောစိတ်ပါ စွန့်လွှတ်စွန့် စားမှုများဖြင့် ကုသပြုစုနေကြသော ကျန်းမာရေးတာဝန်ရှိသူများသည် အာဏာသိမ်းမှုအား အပြင်းထန်ဆုံး ကန့်ကွက် ခဲ့ကြသည်။ လူထုအနေဖြင့် ဆေးဝါးကုသမှုထိခိုက်ခဲ့ရသော်လည်း အာဏာသိမ်းသူများက မည်သို့မျှ တာဝန်ယူ ကူညီမှု များ မလုပ်ပေးခဲ့ချေ။ စိတ်ပျက်နေကြသော လူထုကြီးက ကိုဗစ် နှင့် ကိုစစ် ဟူ၍ အာဏာသိမ်းသူများကို ကိုဗစ်ရောဂါ နှင့် တတန်းထဲ ထားလိုက်ကြသည်။
၂၀၂၁- ခုနှစ် အာဏာသိမ်းလိုက်သည့်အချိန်တွင် ယခင်အာဏာသိမ်းပွဲများကဲ့သို့ အဖမ်းအဆီး မများခဲ့ပေ။ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လက်ရှိ အစိုးရအဖွဲ့ဝင်များကိုသာ အဓိက ဖမ်းဆီးခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။ အခြား ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင် အနည်းအကျဉ်းကိုလည်း ဖမ်းဆီးခဲ့ပါသည်။ နယ်စပ်တစ်နေရာသို့ ထွက်ခွါခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ CRPH ကိုဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးမှုများ လုပ်ခဲ့သည်။ တရားစွဲမှုများ လုပ်ခဲ့သည်။ CDM လုပ်သူများ ကိုလည်း အမှုဖွင့် ဖမ်းဆီးမှုများ များပြားလာခဲ့သည်။ ထိုသို့သော အခြေအနေတွင် နိုင်ငံရေးပါတီများ အနေဖြင့် ငြိမ် သက်နေသည်ကို တွေ့ရသည်။ နိုင်ငံရေးဘောင်ကျဉ်းသွားပြီး စစ်ရေးဘောင်က ကျယ်သွားသည်ဟု ဆိုကြပါသည်။ ယင်းအခြေအနေမျိုးတွင် မည်သည့်နိုင်ငံရေးပါတီကမျှ လေသံမဟရဲကြပေ။ သူတို့၏ ထုတ်ပြန်ချက်အသံများကိုလည်း တိုက်ခိုက်နေကြသူများက အရေးတယူ ထည့်သွင်းစဉ်းစားကြခြင်းလည်း မရှိခဲ့ပေ။
အမှန်စင်စစ် မြန်မာတွင် နိုင်ငံရေးသည် ပျောက်ဆုံးသွားခဲ့ရပြီး တိုက်ရေးခိုက်ရေး တိုက်ပွဲများသည်သာ ရှေ့တန်းကို ရောက်နေခဲ့သည်။ ပြည်သူလူထု ကိုယ် တိုင်ကပင်လျှင် နိုင်ငံရေးပါတီများကို အားကိုးနေကြသည် မဟုတ်ချေ။ အားကိုးခဲ့လျှင်လည်း ပါတီများဖက်က မည်သို့ မျှ အကူအညီမပေးနိုင်ပြန်ပါချေ။ စင်စစ် မြန်မာတွင် စားပွဲဝိုင်း ထိုင်ဆွေးနွေးသည့် ဖြစ်စဉ်များက ပျောက်ဆုံးနေပြီ ဟုဆိုရပေမည်။
အမှန်စင်စစ် မြန်မာတွင် နိုင်ငံရေးသည် ပျောက်ဆုံးသွားခဲ့ရပြီး တိုက်ရေးခိုက်ရေး တိုက်ပွဲများသည်သာ ရှေ့တန်းကို ရောက်နေခဲ့သည်။ ပြည်သူလူထု ကိုယ် တိုင်ကပင်လျှင် နိုင်ငံရေးပါတီများကို အားကိုးနေကြသည် မဟုတ်ချေ။ အားကိုးခဲ့လျှင်လည်း ပါတီများဖက်က မည်သို့ မျှ အကူအညီမပေးနိုင်ပြန်ပါချေ။ စင်စစ် မြန်မာတွင် စားပွဲဝိုင်း ထိုင်ဆွေးနွေးသည့် ဖြစ်စဉ်များက ပျောက်ဆုံးနေပြီ ဟုဆိုရပေမည်။ မည်သည့်အချိန်ကာလနှင့် မည်သည့်အခြေအနေမျိုးတွင် စားပွဲဝိုင်းဆွေးနွေးပွဲများ ပြန်လည်စတင်နိုင် မည်ဆိုသည်ကိုလည်း ပညာရှင်အကျော်အမော်များကပင်လျှင် ခန့်မှန်းနိုင်ကြသည် မဟုတ်တော့ပါ။
မည်သူမဆို စေ့စပ်ဆွေးနွေးရေးစကားများ ပြောကြားလိုက်မိသည်နှင့် နာကျည်းစိတ်ဖြင့် ဝိုင်းဆဲကြသည်မှာ အလေ့အ ထ တစ်ခုလို ဖြစ်လာနေပါသည်။ ကြားဝင်စေ့စပ်မှုကိုလည်း လက်မခံနိုင်ကြတော့ဘဲ တဖက်နှင့်တဖက် အပြတ်ရှင်းရေး ကိုသာ တောင်းဆိုနေပါတော့သည်။ လက်တွေ့တွင်လည်း တဖက်နှင့်တဖက် ရက်ရက်စက်စက် နှိမ်နှင်းတိုက်ခိုက် နေကြ သည်။ ဆင်ခြင်တုံတရား လက်ကိုင်ထားကြရန် မေ့လျော့နေကြသည်။ တိုင်းပြည်၏ ကံကြမ္မာသည် အညံ့ပိုင်းတွင် ကျ ရောက်နေသည်ဟုပင် ဆိုရမည်လား မသိပေ။
အချို့သော စီးပွါးရေးသမားများသည် ယင်းတို့၏ လုပ်ငန်းများ ထိခိုက်လာသောအခါ မည်သည့်ဖက်က အနိုင်ရမည်နည်း ဟူသော မေးခွန်းများကို လေ့လာစောင့်ကြည်သူ ပညာရှင်များကို မေးမြန်းလာကြပါသည်။ ကမ္ဘာ့နိယာမ ဟုပြောနိုင် သောအချက်တစ်ခုမှာ ပြည်သူလူထုက ထောက်ခံအားပေးသောဖက်သည်သာ အနိုင်ရလေ့ရှိပါသည်။ တရုတ်နိုင်ငံ သမ္မတကြီး မော်စီတုံး၏ အဆိုအမိန့်တစ်ခု ရှိခဲ့ဖူးသည်။ အစိုးရကို ဆန့်ကျင်တော်လှန်ကြသော အင်အားစုများသည် ပြည်သူလူထု၏ အားပေးထောက်ခံမှု ၁၅ ရာခိုင်နှုန်းမှသည် ၂၅ ရာခိုင်နှုန်းကြား ရှိလာခဲ့ပြီဟုဆိုလျှင် ထိုအင်အားစုများ အား ရှင်းလင်းသုတ်သင်ဖို့ရာ အတော်ခက်ခဲသွားပြီ ဟုဆိုထားပါသည်။ အမှန်စင်စစ် မြန်မာနိုင်ငံသားများအနေဖြင့် ဘယ်သူနိုင်မည်ဆိုသည့်ကိစ္စမှာ စဉ်းစားအပ်သော စဉ်းစားချက် မဟုတ်ပေ။ အားလုံးသည် တစ်နိုင်ငံထဲတွင် အတူနေ နိုင်ငံသားများချည်းဖြစ်သည် ဟူသောအတွေးမျိုးသည်သာ မှန်ကန်သည်ဟု ယူဆသူများ ရှိကြပါသည်။ သို့သော်လည်း လက်တွေ့တွင် အားလုံးသည် ဓမ္မကိုကျင့်သုံးကြသလို အဓမ္မကိုလည်း ကျင့်သုံးကြပြန်သည်။ မြန်မာနိုင်ငံ၏ ကံကြမ္မာ ဟုသာ မှတ်ယူပါလေ။
သတိပြုသင့်သော အချက်တစ်ခုလည်း ရှိနေပါသည်။ ယင်းမှာ စစ်အာဏာသိမ်းပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီး ပြီးသည့်နောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများမှ ခေါင်း ဆောင်များ စသည့် ခေါင်းဆောင်မှုနယ်ပယ်မှ ခေါင်းဆောင်များသည် နယ်စပ်မှတဆင့် အခြားနိုင်ငံများသို့ ထွက်ခွါသွား ကြခြင်းကို အများအပြားတွေ့လာရသည်။ နိုင်ငံရေး ခိုလှုံခွင့်ဖြင့်သွားကြသည်။ အချို့က ဒုက္ခသည်များအဖြစ်သွားကြပါ သည်။ ပြဿနာတစ်စုံတစ်ရာ မရှိသူများလည်း အခွင့်အရေးတစ်ခုအဖြစ် အသုံးချပြီး ထွက်ခွါကြသည်။ မိသားစု၏ ရှေ့ရေးကို ဦးစားပေးပြီး မိမိတို့ တိုင်းပြည်ကို စွန့်ခွါကြသည်။
လေ့လာဆန်းစစ်သူတစ်ဦး၏ အဆိုအရ မြန်မာနိုင်ငံရေး လောက၏ ဦးဆောင်သူအားလုံးလောက်နီးနီး ထွက်ခွါသွားကြပြီ ဟုဆိုပါသည်။ အထူးသဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးအတွက် ကြွေးကြော်ကြသူများက အများဆုံး ထွက်ခွါသွားကြသည် ဟုဆိုပါသည်။ သို့ဆိုလျှင် နောင်ကာလများတွင် မြန်မာပြည်အား ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံဖြစ်မြောက်ရေးကို မည်သူများက ဆက်ပြီး ဦးဆောင်ကြမည်နည်း ဟု အဆိုပါ လေ့လာဆန်းစစ်သူက မေးခွန်းထုတ်ခဲ့ပါသည်။
လေ့လာဆန်းစစ်သူတစ်ဦး၏ အဆိုအရ မြန်မာနိုင်ငံရေး လောက၏ ဦးဆောင်သူအားလုံးလောက်နီးနီး ထွက်ခွါသွားကြပြီ ဟုဆိုပါသည်။ အထူးသဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးအတွက် ကြွေးကြော်ကြသူများက အများဆုံး ထွက်ခွါသွားကြသည် ဟုဆိုပါသည်။ သို့ဆိုလျှင် နောင်ကာလများတွင် မြန်မာပြည်အား ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံဖြစ်မြောက်ရေးကို မည်သူများက ဆက်ပြီး ဦးဆောင်ကြမည်နည်း ဟု အဆိုပါ လေ့လာဆန်းစစ်သူက မေးခွန်းထုတ်ခဲ့ပါသည်။
အဝေးတစ်နေရာ နိုင်ငံခြားမှနေ၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ကြွေးကြော်သံများဖြင့် တည်ဆောက်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စဆိုသည်မှာ အများစုက နားလည်ထားကြပြီး ဖြစ်ပါသည်။ စစ်အာဏာပိုင်များကို ဖားလျားသူ နိုင်ငံရေးပါတီများနှင့် ကပ်ပါးရပ်ပါး နိုင်ငံရေးသမားများသာ ပြည်တွင်းတွင် အများအပြား ကျန်နေရစ်ကြသည်ကို သတိပြုကြစေလို သည်ဟု အဆိုပါ လေ့လာဆန်းစစ်သူက သတိပေးပြောဆိုပါသည်။
ထို့အပြင် ပိုမိုဝမ်းနည်းဖွယ်ကောင်းသော ထွက်ခွါမှုများလည်း ရှိနေပါသေးသည်။ ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးမှု ကြောင့် နယ်စပ်မှတဆင့် ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံများသို့ တိတ်တဆိတ်ထွက်ခွါနေကြသော အလုပ်သမားလူတန်း စားများကို အများအပြားတွေ့လာနေရပါသည်။ ထိုင်းနှင့် မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီးမှုအောက်တွင် မြေပေါ် ထိုင်နေကြရသည့် သတင်းဓါတ်ပုံများသည် နိုင်ငံချစ်စိတ်ရှိသူတိုင်းအတွက် ထိတ်လန့်တုန်လှုပ်စရာများ ဖြစ်လာရ ပါသည်။ ယခင်ကာလများတွင် ရခိုင်ဒေသဖက်မှ ဘင်္ဂလီ ခေါ် ရိုဟင်ဂျာများကိုသာ တွေ့ကြရပြီး ယခုအခါ ထိုနေရာ များတွင် မြန်မာပြည်၏ ကုန်ထုတ်လုပ်သားများက အစားထိုးနေရာဝင်ယူနေကြလေပြီ။ ပြည်တွင်းတွင် တရားဥပဒေ စိုးမိုးမှုလျော့နည်းလာခြင်း၊ အလုပ်အကိုင်များ ပျောက်ဆုံးကုန်ခြင်း၊ အလုပ်အကိုင်သစ်များလည်း မရှိခြင်း၊ စားဝတ်နေ ရေးကြပ်တည်းလာခြင်း စသော ဒုက္ခအဖုံဖုံကြောင့်သာလျှင် စွန့်စားထွက်ခွါကြခြင်း ဖြစ်ပါသည်။ အာဏာသိမ်းအစိုးရ ဖက်ကလည်း ရှင်း၍မပြီးနိုင်သော ပြဿနာများဖြင့် လုံးလည်လိုက်နေသောကြောင့် အလုပ်သမားများဖက်သို့ လှည့်ကြည့်ရန် စိတ်ကူးလုံးဝ မရှိဟုပင် ဆိုရပေမည်။
ယနေ့ မြန်မာ့ပြဿနာမှာ နိုင်ငံရေးပြဿနာတစ်ခုတည်း ဟုမဆိုနိုင်တော့ပါ။ အထွေထွေ ပြဿနာများအဖြစ်သို့ ဆိုက်ရောက်နေပြီဟု ဆိုရလျှင် မှားမည်မထင်ပေ။ ကိုဗစ်ကပ်ရောဂါ သည်လည်း အမြစ်ပြတ်သေးသည် မဟုတ်ပါ။ သို့သော်လည်း ယခုအခါတွင် ထိုကပ်ဘေးကို ဘေးဖယ်ထားလိုက်ရသည့် အဖြစ်သို့ ရောက်သွားရပါပြီ။ ယခုအခါ ကျန်း မားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကျေညာချက်တွင် ကိုဗစ်ရောဂါ မျိုးကွဲဖြစ်သည့် AB4 နှင့် AB5 တို့ကို မြန်မာနိုင်ငံတွင် စမ်းသပ်စစ်ဆေးရာ ရောဂါသယ်ဆောင်လာသူများကို တွေ့ရှိရသည်ဟု ဆိုပါသည်။ ပညာရေး ကိစ္စတွင်လည်း နှစ်ဖက် အားပြိုင်နေကြပြီး ကျောင်းသူကျောင်းသားများက ကြားညှပ်နေရသလို ဖြစ်နေရပါပြီ။ အခက်အခဲ ပြဿနာများက တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်နေသောကြောင့် ပြဿနာဆိုသည်မှာ အပေါင်းအဖေါ်များနှင့် လာတတ်သည် ဟူသော စကားကိုပင် အမှတ်တရ ပြန်လည်ဖေါ်ပြရမလို ဖြစ်နေပါတော့သည်။
ဉာဏ်လင်း