(တရုတ်ပြည်၏ အရှေ့ခြမ်းတွင် တရုတ်နိုင်ငံနှင့် မဟာမိတ်သည် မြောက်ကိုးရီယား တစ်နိုင်ငံထဲသာလျှင် ရှိသည်ဖြစ်၍ မဟာမိတ်အလွန်အားနည်းသော တရုတ်အနေဖြင့် သူ၏ အနောက်တံခါးပေါက်သည် လုံခြုံနေရန် အလွန်အရေးကြီး သည်ဟု နားလည်ထားပါသည်။ ထို့ကြောင့် မြန်မာအား အနောက်နိုင်ငံများက ဝင်ရောက်ကြိုးကိုင်လွှမ်းမိုး သွားခြင်း မျိုးကို လုံးဝအဖြစ်ခံလိမ့်မည် မဟုတ်ဟု ယုံကြည်ရပါသည်။)
ပထဝီ နိုင်ငံရေးကိစ္စဖက်သို့ ပြန်သုံးသပ်ကြည့်ချင်ပါသည်။
တစ်ဖက်နှင့် တစ်ဖက်နားလည်မှု မထားနိုင်ကြတော့သည့် အခြေအနေတွင် ရုရှားက အိမ်နီးချင်း ယူကရိန်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ထုံးစံအတိုင်း စီးပွါးရေး ပိတ်ဆို့မှုများက နောက်ဆက်တွဲပါဝင်လာသည်။ ထိုကိစ္စမတိုင်မီ ကာလ အတော်ကြာကတည်းက တောင်တရုတ်ပင်လယ် အငြင်းပွါးမှုသည် ပေါ်ပေါက်နေခဲ့ပြီး ဖြစ်သည်။ တရုတ်ပြည်မကြီး အနေဖြင့် အကယ်၍များ သူ၏အရှေ့ဖက် ပစိဖိတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ဒေသများတွင် စစ်ပွဲကြီးဖြစ်ခဲ့ လျှင် သူ့အနောက်ဖက်အား “ဂယ်ပေါက်” (ထွက်ပေါက်) အဖြစ် ဖန်ဆင်းထားမည်သာ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ဖြစ် စဉ်တွင် တရုတ်ပြည်အား ဂျပန်တပ်များက အရှေ့ဖက်တစ်ဝှမ်းလုံးကို တိုက်စစ်ဆင်နေခြင်းနှင့် တပြိုက်နက် ဂျပန်တပ် များသည် တရုတ်ပြည်၏ အနောက်ဖက် စားနပ်ရိက္ခာနှင့် လက်နက်များတင်ပို့နေသော တံခါးဝအားပိတ်ဆို့ရန် မြန်မာရဲဘော်သုံးကျိပ်ဦးဆောင်သော မြန်မာတပ်ဖွဲ့များ၏ အကူအညီဖြင့် မြန်မာပြည်တွင်းသို့ ယိုးဒယားမှတဆင့် ဝင်ရောက်လာခဲ့ဖူးသည့် သာဓကများရှိခဲ့သည်။
တရုတ်ပြည်၏ အရှေ့ခြမ်းတွင် တရုတ်နိုင်ငံနှင့် မဟာမိတ်သည် မြောက်ကိုးရီယား တစ်နိုင်ငံထဲသာလျှင် ရှိသည်ဖြစ်၍ မဟာမိတ်အလွန်အားနည်းသော တရုတ်အနေဖြင့် သူ၏ အနောက်တံခါးပေါက်သည် လုံခြုံနေရန် အလွန်အရေးကြီး သည်ဟု နားလည်ထားပါသည်။ ထို့ကြောင့် မြန်မာအား အနောက်နိုင်ငံများက ဝင်ရောက်ကြိုးကိုင်လွှမ်းမိုး သွားခြင်း မျိုးကို လုံးဝအဖြစ်ခံလိမ့်မည် မဟုတ်ဟု ယုံကြည်ရပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းများကို သူ၏ ပင်လယ်ထွက်ပေါက်အဖြစ် လျာထားမည်မှာ ယုံမှား သံသယ ဖြစ်ရန်မရှိပေ။ ထို့အပြင် မြန်မာနိုင်ငံတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံ့မှုမှာ အများဆုံးဖြစ်နေပြီး စီးပွါးရေးအရ အရာရာကို မြန်မာဖက်က မီခိုနေရသည့် အနေအထားဖြစ်နေသည်။ တရုတ်ပြည်ဖက်ကလည်း သူ့ရင်းနှီးမြှုပ်နှံ့မှုများကို လုံးဝထိခိုက်ခံမည် မဟုတ်ပေ။ ယခုအခါ မြန်မာနိုင်ငံ၏ အနောက်ဖက် အိမ်နီးချင်းတိုင်းပြည်ဖြစ်သည့် အိန္ဒိယနိုင်ငံသည်လည်း မြန်မာနှင့် စီးပွါးရေးလုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရန် သံတမန်နည်းလမ်းဖြင့် အပြင်းအထန် ကြိုးပမ်းနေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။
(ရန်စောင်နေကြသော အမေရိကန်နှင့် တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံအား တရုတ်နိုင်ငံ သည်လည်း အတိအလင်း မကူညီသလို အမေရိကန်နိုင်ငံသည်လည်း အတိအလင်း ကူညီဖို့ရန် ခက်ခဲနေကြသည်ဟု မြင်မိပါသည်။ ကုလသမဂ္ဂသည်လည်း ထိရောက်သော ကူညီမှုကို မပေးနိုင်ကြောင်း လက်တွေ့မြင်နေကြရသည်။ )
အနောက်နိုင်ငံများအဖို့လည်း မြန်မာနိုင်ငံ၏ ပြဿနာများကို အဝေးတစ်နေရာ ပြင်ပကဘဲ ကူညီကြဖို့ ရှိပါသည်။ သူတို့ အနေဖြင့် တရုတ်နိုင်ငံနှင့် ပဋိပက္ခ မဖြစ်လိုကြသောကြောင့် မြန်မာနိုင်ငံအား ရုပ်ဝတ္တုများဖြင့် ကူညီဖို့ရန် တွန့်ဆုတ်နေ ကြသည်ဟု မြင်မိပါသည်။ ရန်စောင်နေကြသော အမေရိကန်နှင့် တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံအား တရုတ်နိုင်ငံ သည်လည်း အတိအလင်း မကူညီသလို အမေရိကန်နိုင်ငံသည်လည်း အတိအလင်း ကူညီဖို့ရန် ခက်ခဲနေကြသည်ဟု မြင်မိပါသည်။ ကုလသမဂ္ဂသည်လည်း ထိရောက်သော ကူညီမှုကို မပေးနိုင်ကြောင်း လက်တွေ့မြင်နေကြရသည်။ ပြည်တွင်းပြဿနာများတွင် ပါဝင်ပတ်သက်နေသူများအပေါ် ဖိအားပေးနိုင်စွမ်းလည်း မရှိချေ။ မြန်မာ့အရေး ပဋိပက္ခအပေါ် ဝင်ရောက်ဖြေရှင်းပေးနိုင်ရန်မှာ အာစီယံနိုင်ငံများအတွက်လည်း ဩဇာသက် ရောက်မှု မကြီးမားလှပြန်ပေ။ အားလုံးလိုလိုမှာ မြန်မာ့ပြည်ပ တစ်နေရာမှသာ ပြောကြားနေကြရပြီး ပြည်တွင်းသို့ ဝင်ရောက်ရန်ကိုပင် အတော်ကြီးကြိုးပမ်းနေကြရသည်မှာ အားလုံးမျက်မြင်ဖြစ်ပါသည်။ ထိုအခြေအနေများကို ခြုံငုံသုံးသပ်ကြည့်လျှင် မြန်မာ့ပြဿနာကို အဆုံးသတ်ရန်မှာ ကိုယ့်အားကိုယ်ကိုးရန်သာ ဖြစ်သည်ဟု သုံးသပ်မိပါသည်။ သို့သော်လည်း ပြည်တွင်းရှိ နိုင်ငံရေးသမားများနှင့် လူမှုအဖွဲ့အစည်းဝင်များ အများအပြားသည် ထိုင်းနိုင်ငံမှတဆင့် နိုင်ငံခြားသို့ ထွက်ခွါ မှုများမှာ မကြုံစဖူး များပြားလွန်းနေသည်ကိုလည်း သတိပြုမိကြမည် ထင်ပါသည်။ မြန်မာ့အင်အားစုများ ဆုံးရှုံးနေရ သည်ဟု ဆိုလျှင် လက်ခံရမည် ဖြစ်ပါသည်။
လက်ရှိကာလတွင် နှစ်ဖက်အကြား ဝင်ရောက်စေ့စပ်ပေးနိုင်လောက်သည့် ဩဇာတိက္ကမကြီးမားသူလည်း မြန်မာနိုင်ငံ ထဲတွင် မတွေ့ရှိရပေ။ အားလုံးသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် (သို့မဟုတ်) တစ်ဖက်မဟုတ် တစ်ဖက်သို့ ပါဝင်ပတ်သက်နေကြသလို ဖြစ်နေသည်။ မည်သူ့ဖက်မျှမပါဘဲ ကြားနေကြသည်ဟူသော လူတန်းစားတစ်ရပ်၏ အသံနှင့် လုပ်ဆောင်ချက်များလည်း မတွေ့မမြင်ကြရသေးပေ။ ဘာသာရေး ခေါင်းဆောင်များသည်လည်း တစ်ချို့က ဘက်တစ်ဘက် သို့အတိအလင်း ပါဝင်အားပေးနေကြသည်ကို တွေ့ရပြီး အများစုကတော့ လက်မှိုင်ချ ထိုင်ကြည့်နေကြသည်ကို တွေ့မြင်ကြရပါမည်။
တချိန်တခါက နိုင်ငံရေးဩဇာအလွန်ကြီးမားသည့်အပြင် ပြည်တွင်းတင်မက နိုင်ငံတကာကပါ ထောက်ခံမှုကို ရရှိထားသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြစ်ဒဏ်ချမှတ်ခံထားရပြီး ထောင်တွင်းရောက်နေ ပြန်သည်။ ထောက်ခံမှုများ ကြီးမားနေချိန်နှင့် ဩဇာအာဏာ ရရှိထားချိန်တုန်းက ထိုအရှိန်အဝါကို အသုံးချလျက် အမျိုးသားညီညွတ်ရေး ၊ ဖက်ဒရယ်တည်ဆောက်ရေး ၊ အခြေခံ ဥပဒေပြုပြင်ရေးသားရေး – စသော အရေးကြီးသည့် အခြေခံ လုပ်ငန်းများကို ထိထိရောက်ရောက် မလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအဖို့ အခွင့်အရေးကြီးတစ်ရပ် လက်လွတ်ခဲ့ရသည် ဟု ဆိုနိုင်ပါသည်။
တချိန်တခါက နိုင်ငံရေးဩဇာအလွန်ကြီးမားသည့်အပြင် ပြည်တွင်းတင်မက နိုင်ငံတကာကပါ ထောက်ခံမှုကို ရရှိထားသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြစ်ဒဏ်ချမှတ်ခံထားရပြီး ထောင်တွင်းရောက်နေ ပြန်သည်။ ထောက်ခံမှုများ ကြီးမားနေချိန်နှင့် ဩဇာအာဏာ ရရှိထားချိန်တုန်းက ထိုအရှိန်အဝါကို အသုံးချလျက် အမျိုးသားညီညွတ်ရေး ၊ ဖက်ဒရယ်တည်ဆောက်ရေး ၊ အခြေခံ ဥပဒေပြုပြင်ရေးသားရေး – စသော အရေးကြီးသည့် အခြေခံ လုပ်ငန်းများကို ထိထိရောက်ရောက် မလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအဖို့ အခွင့်အရေးကြီးတစ်ရပ် လက်လွတ်ခဲ့ရသည် ဟု ဆိုနိုင်ပါသည်။ ယခုအချိန်ကာလကဲ့သို့ နိုင်ငံတကာ၏ ထောက်ခံမှုများ လက်လွတ်ဆုံးရှုံး ရသည့် အချိန်အခါမျိုးရောက် နေရသည့်ကာလတွင် ထောင်တွင်းမှ ပြန်လည်လွတ်မြောက်လာပြီး ဆောင်ရွက်မည် ဆိုလျှင်ပင် အလွန်တရာ နောက်ကျ သွားခဲ့ရပြီ ဟုဆိုချင်ပါသည်။
(နှစ်ပေါင်းများစွာ ခုခံတော်လှန်ရေးတပ် ဖွဲ့များ မရှိဘဲ အေးချမ်းနေခဲ့သော အညာဒေသသည် ယခုအခါ တော်လှန်ရေးနယ်မြေများအဖြစ်သို့ ပြောင်းလဲသွားတော့ မည့် အနေအထားဖြစ်ပေါ်နေပါသည်။ ယင်းအချက်သည် အုပ်ချုပ်ရေး ယန္တရားများ ထူထောင်ဖို့ များစွာအခက်အခဲဖြစ် စေနိုင်ပါသည်။)
တပ်မတော်သည်လည်း အကြပ်အတည်းကာလအတွင်း ကျရောက်နေသည် ဟုဆိုလျှင် မှားမည်မဟုတ်ပါ။ ယခင်တစ်ချိန်က လူသား အရင်းအမြစ်များ ရရှိခဲ့သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များမှ တပ်သားသစ်များ မရရှိနိုင်တော့ပေ။ ထို့အပြင် လူသား အရင်းအမြစ်ကြီးများ ဖြည့်ဆည်းနေခဲ့သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ကဲ့သို့သော အညာဒေသမှ တပ်သားသစ်များရရှိမှုကို ယခုအခါ လက်လွတ်ရပြန်သည်။ ဗိုလ်နေဝင်း လက်ထက်က စစ်ရေးအရ အလွန်လုံခြုံသော မြေအနေအထားကို တွက်ချက်၍ လက်နက်ထုတ်လုပ် ရေးစက်ရုံများအား ဧရာဝတီမြစ် အနောက်ခြမ်း နှင့် ရခိုင်ရိုးမအကြားတွင် တည်ဆောက်ထားခဲ့သည်။ လူသူကင်းဝေးသည့်အပြင် အလွန်မြင့်မားသော ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်တို့အကြားတွင် တည်ရှိသောကြောင့် လုံခြုံရေးအလွန် ကောင်းသည်ဟု ဆိုရမည်။ သို့သော် ယခုအခါ ချင်းတွင်းနှင့် ဧရာဝတီမြစ်တို့၏ အနောက်ခြမ်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ခုခံတော်လှန်ရေး တပ်ဖွဲ့များ အများအပြား ထွက်ပေါ်လာခဲ့ရာ အဆိုပါ လက်နက်ထုတ်လုပ်ရေး စက်ရုံများကို ချိန်း ခြောက်ခံရတော့မည့် အခြေအနေဖြစ်လာပါသည်။ တပ်မတော်က အစဉ်တစိုက် တိုက်ခိုက်နေရသော တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ သည် တဖြည်းဖြည်း လျော့နည်းသွားရမည့်အစား တဖြည်းဖြည်းချင်း ကြီးထွားလာနေပြန်သည်။ ထို့အပြင် အဖွဲ့အစည်း သစ်များလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ပေါက်လာကြပြန်သည်။ ယခု နောက်ဆုံးပေါ်အဖြစ် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ တွင် (တစုတစည်းထဲ မဟုတ်သည့်တိုင်) အလွန်များပြားလှသော ခုခံ တော်လှန်ရေး အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်း သည် တပ်မတော်အဖို့ ခေါင်းကိုက်စရာ ဖြစ်စေပါလိမ့်မည်။ နှစ်ပေါင်းများစွာ ခုခံတော်လှန်ရေးတပ် ဖွဲ့များ မရှိဘဲ အေးချမ်းနေခဲ့သော အညာဒေသသည် ယခုအခါ တော်လှန်ရေးနယ်မြေများအဖြစ်သို့ ပြောင်းလဲသွားတော့ မည့် အနေအထားဖြစ်ပေါ်နေပါသည်။ ယင်းအချက်သည် အုပ်ချုပ်ရေး ယန္တရားများ ထူထောင်ဖို့ များစွာအခက်အခဲဖြစ် စေနိုင်ပါသည်။
(အလွန်သတိထား ရမည့်အချက်မှာ တရုတ်ပြည်နယ်စပ် အခြေပြုတပ်ဖွဲ့များနှင့် ထိုင်းနိုင်ငံ၏ နယ်စပ်ကို အခြေပြုကြသည့်တပ်ဖွဲ့များမှာ သိသိသာသာ ကွဲပြားနေကြခြင်း ဖြစ်သည်။ အသေးစိပ်သုံးသပ်ကြည့်လိုက်ပါက မြန်မာပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းအဖြစ် ခွဲခြားထားသလို ဖြစ်နေသောကြောင့် ကိုးရီယား ၊ ဗီယက်နမ်တို့လို မြောက်ပိုင်းနှင့် တောင်ပိုင်းအဖြစ် ခွဲခြားခံရမည့် အန္တရာယ်အားလည်း ထည့်တွက်ထားသင့်ပါသည်။)
EAO’s သို့မဟုတ် ERO’s ဟုခေါ်ဆိုကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည်လည်း နှစ်ကာလများ ရှည်လျားကြာညောင်းလာသောကြောင့် သွေးအေးကုန်ကြပြီ ဟုဆိုရမလို ဖြစ်နေသည်။ အလွန်သတိထား ရမည့်အချက်မှာ တရုတ်ပြည်နယ်စပ် အခြေပြုတပ်ဖွဲ့များနှင့် ထိုင်းနိုင်ငံ၏ နယ်စပ်ကို အခြေပြုကြသည့်တပ်ဖွဲ့များမှာ သိသိသာသာ ကွဲပြားနေကြခြင်း ဖြစ်သည်။ အသေးစိပ်သုံးသပ်ကြည့်လိုက်ပါက မြန်မာပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းအဖြစ် ခွဲခြားထားသလို ဖြစ်နေသောကြောင့် ကိုးရီယား ၊ ဗီယက်နမ်တို့လို မြောက်ပိုင်းနှင့် တောင်ပိုင်းအဖြစ် ခွဲခြားခံရမည့် အန္တရာယ်အားလည်း ထည့်တွက်ထားသင့်ပါသည်။ အနောက်ဖက် အိန္ဒိယနိုင်ငံနယ်စပ်ကို အခြေပြုသည့် အဖွဲ့အစည်းများမှာမူ အင်အားကြီးမားခြင်း မရှိသောကြောင့် မြန်မာ့အရေးကို ထိတွေ့ပြောင်းလဲနိုင်စွမ်း မရှိသေးဟု ဆိုရပါမည်။ ယခုအခါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ဖြစ်သည့် (NCA) သည်လည်း အသုံးမဝင်သလို ဖြစ်နေရပါ သည်။ လက်မှတ်ထိုးထားသည့် အဖွဲ့ပေါင်း တစ်ဆယ်ဖွဲ့ထဲမှ သုံးဖွဲ့ခန့်မှာ စာချုပ်ပါအချက်များကို လျစ်လျူရှုထားကြ ကြောင်းတွေ့နိုင်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားသည်ဟုပင် ဆိုနိုင်ပါသည်။
မြန်မာ့အရေး မြန်မာ့ပြဿနာများကို ဖြေရှင်းရန်အတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း သုံးသပ်ချက်များ၊ ထင်မြင်ယူဆချက်များ၊ အကြံပြုချက်များ အများအပြား ဖတ်ရှုနေရပါသော်လည်း လက်တွေ့ဆောင်ရွက်နိုင်သော အချက်အလက်များကိုမူ မတွေ့ရှိရသေးပေ။ လက်တွေ့ ဆောင်ရွက်နိုင်သော လုပ်ငန်းစဉ်များကို မတွေ့ရှိရသေးပေ။ မည်သည့်အချက်ကို စတင်ကိုင်တွယ်ရမည်ကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှင်းရှင်းလင်းလင်း နားလည်သိရှိသူ မတွေ့ရသေးပေ။ အာစီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်သည်လည်း အလုပ်မဖြစ်ခဲ့ပါ။ နှစ်ကုန် တွင် ဆက်လက်တာဝန်ယူမည့် အင်ဒိုနီးရှား အနေဖြင့် သူ့လက်ထက်တွင် ပြေလည်နိုင်စေရန် လုပ်ငန်းအပေါ် “ကီ” သွင်း နေသည်ကိုတော့ သတိပြုမိပါသည်။
ဉာဏ်လင်း