နယ်မြေအခြေပြုဖက်ဒရယ် (Territorial Federalism) လော၊ လူမျိုးစု ဖက်ဒရယ် (Ethnic Federalism) လော
တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် နေထိုင်သော မြန်မာနိုင်ငံကို Multination-State အဖြစ် ပညာရှင်များက သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းက တိုင်းရင်းသား လူနည်းစု များဖြစ်ကြပြီး၊ ၎င်းတို့၏ လူမျိုးစုပြည်နယ်များအနေဖြင့် မြန်မာပြည်၏ နယ်မြေဧရိယာ ၆၀ ရာခိုင်နှုန်းနီးပါးခန့်ကို နေရာယူထားသည်။ ထိုဧရိယာ၏ ပမာဏအတော်များများတွင် သဘာဝ သယံဇာတ ခွဲဝေမှုအပေါ်မူတည်၍ သော်လည်းကောင်း၊ နိုင်ငံရေး တန်းတူညီမျှမှု (Equality) မရရှိ ခြင်းကြောင့် သော်လည်းကောင်း လက်နက်ကိုင်ပဋိပက္ခများ နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားခဲ့ရသည်။ လူမျိုးအခြေပြု ဖက်ဒရယ်လစ်ဇင် (Ethnic Federaism) ကျင့်သုံးမှုက လူမျိုးအပေါ်အခြေခံသော ယဉ်ကျေးမှုကွဲပြားမှု များကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို လျှော့ချပေးနိုင်ပြီး နယ်မြေများ မပြိုကွဲအောင် ထိန်းသိမ်းပေးနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။ သို့ရာတွင် မြန်မာ နိုင်ငံတွင် လူမျိုးစုများ ရောနှော နေထိုင်သည့်ပုံစံက လူမျိုးစုဖက်ဒရယ်ကျင့်သုံးရန် ခက်ခဲလိမ့်မည် ဖြစ်ပြီး၊ ယင်းစနစ်ကို ကျင့်သုံးမည်ဆိုပါက အလျင်ဦးစွာ တူရာအရင်စုရလိမ့်မည်ဖြစ်ပါသည်။ သို့မှသာ သီးခြားလက္ခဏာရပ်များ ကိုယ်စီရှိသော ဖက်ဒရယ်ယူနစ်များထွက်ပေါ်လာလိမ့်မည် ဖြစ်ပါ သည်။ လူမျိုးအခြေပြု ဖက်ဒရယ်က လူမျိုးစုများအကြား ပဋိပက္ခကို လျှော့ချပေးနိုင်သော်လည်း၊ တစ်ဘက်၌လည်း သီးခြားဆန်မှုကြောင့် လူမျိုးစုများအချင်းချင်း သော်လည်းကောင်း၊ ပြည်ထောင်စု အပေါ်တွင်သော်လည်းကောင်း ခံစားမှုဝေးကွာခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။
(၈) ပြည်နယ်မူအရ ဗမာ လူမျိုးအများစုနေထိုင်ရာ “တိုင်း”များကို ဗမာအမျိုးသားပြည်နယ်အဖြစ် ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသား ပြည်နယ်များကိုလည်း သဘာဝသယံဇာတများအား စီမံခန့်ခွဲပိုင်ခွင့် ပေးလိုက်မည် ဆိုပါက သဘာဝ သယံဇာတ အရင်းအမြစ် အများစုတည်ရှိနေသော ပြည်နယ်များက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အင်အားကြီးထွားလာပြီး ဗမာများထက် သာလွန်သွားလိမ့်မည်ဟု ယူဆချက်များ ရှိနေသော်လည်း၊ အခြား၌လည်းနယ်မြေကျယ်ပြန့်ပြီး လူသားအရင်းအမြစ်ပိုမိုများပြားကာ အခြေခံ အဆောက်အအုံပိုင်းတွင် သာလွန်နေပြီးဖြစ်သော ဗမာအမျိုးသားပြည်နယ်ကသာလျှင် တိုင်းရင်းသား ပြည်နယ်များကို အစဉ်အလာအတိုင်း လွှမ်းမိုးသွားနိုင်သည့် အန္ဒရာယ်ရှိနေသည်ဆိုသည့် ယူဆချက် များလည်း ရှိနေပြန်ပါသည်။
(၈) ပြည်နယ်မူအရ ဗမာ လူမျိုးအများစုနေထိုင်ရာ “တိုင်း”များကို ဗမာအမျိုးသားပြည်နယ်အဖြစ် ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသား ပြည်နယ်များကိုလည်း သဘာဝသယံဇာတများအား စီမံခန့်ခွဲပိုင်ခွင့် ပေးလိုက်မည် ဆိုပါက သဘာဝ သယံဇာတ အရင်းအမြစ် အများစုတည်ရှိနေသော ပြည်နယ်များက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အင်အားကြီးထွားလာပြီး ဗမာများထက် သာလွန်သွားလိမ့်မည်ဟု ယူဆချက်များ ရှိနေသော်လည်း၊ အခြား၌လည်းနယ်မြေကျယ်ပြန့်ပြီး လူသားအရင်းအမြစ်ပိုမိုများပြားကာ အခြေခံ အဆောက်အအုံပိုင်းတွင် သာလွန်နေပြီးဖြစ်သော ဗမာအမျိုးသားပြည်နယ်ကသာလျှင် တိုင်းရင်းသား ပြည်နယ်များကို အစဉ်အလာအတိုင်း လွှမ်းမိုးသွားနိုင်သည့် အန္ဒရာယ်ရှိနေသည်ဆိုသည့် ယူဆချက် များလည်း ရှိနေပြန်ပါသည်။ တစ်ကယ်တန်းတွင် သဘာဝသယံဇာတနှင့်ပတ်သက်၍ တိုင်းဒေသကြီး အားလုံးက ချို့တဲ့နေသည်မဟုတ်ဘဲ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်တွင် ဂြိုဟ်တုပုံရိပ်များဖြင့် ခန့်မှန်း ချက်အရ သတ္တုတွင်းများ တူးဖေါ်ထုတ်ယူရာတွင် စစ်ကိုင်းတိုင်းဒေသကြီးက အမြင့်ဆုံးဖြစ်ပြီး၊ ချင်း ပြည်နယ်က အနိမ့်ဆုံးဖြစ်ကြောင်းတွေေ့ရသည် (USAID, Asia Foundation) ။ ၂၀၂၂ တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သတ္တုတူးဖေါ်မှုအခြေအနေတွင် လုပ်ကွက်ပေါင်း (၂၁၄) ကွက်ဖြင့် ထိပ်ဆုံးမှဖြစ်သည်။
အရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ ပဋိပက္ခအတွက် ဆေး (သို့မဟုတ်) သဘာဝသယံဇာတ ဖက်ဒရယ် လစ်ဇင်
မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ် ပေါကြွယ်ဝသော်ငြားလည်း ၂၀၁၆ ခုနှစ် UNDP ၏ လူသားဖွံ့ဖြိုးတိုးတက်ရေး ညွှန်းကိန်းသတ်မှတ်ချက်၌ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် အဆင့် ၁၄၅ ဖြစ်နေသည်။ တပ်မတော်အစိုးရလက်ထက် ၁၉၈၀-၉၀ ခုနှစ်ကာလများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ရပ်သဘောတူမှုရယူခဲ့ပြီး၊ ယင်းကာလများတွင် အပစ်ရပ် ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် သတ္တုတွင်းနှင့် သစ်တောများ တူးဖေါ်ထုတ်ယူမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပြည်ပသို့ သဘာဝ အရင်းအမြစ်များ တင်ပို့ရောင်းချရာတွင် ၂၀၁၅ ခုနှစ် ပို့ကုန်ရာခိုင်နှုန်းအရ ရေနံနှင့် သဘာဝဓါတ်ငွေ့ တင်ပို့မှု ၃၇ ရာခိုင်နှုန်းနှင့် သတ္တုတွင်းထွက်များ တင်ပို့မှုမှာ ၂၆ ရာခိုင်နှုန်းဖြစ်ပါသည် (သဘာဝ အရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG) ။ မြန်မာနိုင်ငံသည် စမ်းသပ်တိုင်းတာမှုရလဒ်အရ ကမ္ဘာတွင် သဘာဝဓါတ်ငွေ့ပိုင်ဆိုင်မှု အဆင့် ၄၁ ဖြစ်ပြီး၊ ရေနံစိမ်းပိုင်ဆိုင်မှုတွင် အဆင့် ၇၈ ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ သဘာဝ အရင်းအမြစ်များ တင်ပို့ရောင်းချရာမှ ရရှိလာသော ဝင်ငွေ များကို ဒေသခံများက နည်းပါးစွာ အကျိုးခံစားခွင့်ရရှိခြင်း၊ သို့မဟုတ် တိုက်ရိုက်အကျိုးခံစားခွင့် နည်းပါးစွာ ရရှိခြင်းများရှိနေသော်လည်း သယံဇာတ တူးဖေါ်ရေးလုပ်ငန်းများ၏ ဘေးထွက် ဆိုးကျိုး များကိုမူ တိုက်ရိုက် သက်ရောက်မှု ကြုံတွေ့နေကြရသည်ဖြစ်ရာ အရပ်သားအစိုးရ အုပ်ချုပ်ခဲ့သည့် ကာလအပိုင်းအခြားများ၌ ဆန္ဒထုတ်ဖေါ်မှု အများအပြားရှိခဲ့ပါသည်။ ISP နှင့် တနင်္သာရီ မြစ်မကြီး နှင့် ဌာနေတိုင်းရင်း သားများ ကွန်ရက်(TRIP NET) တည်ထောင်သူ ကိုဖရန်ကီတို့ တွေ့ဆုံမေးမြန်း ခန်းတွင်လည်း “UNDRIP မှာ ဌာနေ တိုင်းရင်းသားတွေက သူတို့ရဲ့သဘာဝရင်းမြစ်ကို စီမံခန့်ခွဲ ပိုင်ခွင့် ရှိတယ်ဆိုပေမယ့် နိုင်ငံတော်ရဲ့ ဥပဒေမှာကျတော့ မြေပေါ်မြေအောက်အားလုံးက နိုင်ငံတော် ကပဲ ပိုင်တယ်လို့ ဆိုထားတဲ့အတွက် အောက်ခြေမှာရှိတဲ့ အာဏာပိုင်တွေနဲ့ အလုပ်လုပ်တဲ့အခါ အခက်အခဲတွေ ဖြစ်တယ်။” ဟု ဖြေဆိုထားသည်ကို တွေ့ရပါသည်။ ၂၀၁၉ ခုနှစ်တွင် တောင်ကြီး မြို့၌ပြုလုပ်သော ပအိုဝ်းတိုင်းရင်းသားများ၊ တအာင်း(ပလောင်) အဖွဲ့အစည်း၊ ကရင်နီအဖွဲ့အစည်း၊ ရှမ်းအဖွဲ့အစည်းများပါဝင်သည့် သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ် ဖွံ့ဖြိုးရေးဖိုရမ်တစ်ခုတွင်လည်း ရှမ်းပြည် နယ်ရှိ ကျောက်မီးသွေး၊ ပိုက်လိုင်း၊ ပိုးလမ်းမကြီး၊ သတ္တုတွင်း၊ ရေအားလျှပ်စစ် အစရှိသည့်စီမံကိန်းများကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းနှင့် ကျေးရွာများ အတင်း အဓမ္မ ရွှေ့ပြောင်းခံရခြင်းများကဲ့သို့သော လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများ ရှိနေခဲ့သော်လည်း ထိုစီမံကိန်းများ၏ အသီးအပွင့်ကို မခံစားရသေးကြောင်း ထုတ်ဖေါ်ဆွေးနွေးခဲ့ကြပါသည်။
စီမံကိန်းဒေသများ၌ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ပါဝင်သည့် ကနဦး ဆန်းစစ် လေ့လာခြင်း (ESIA) ပြုလုပ်ပေးရန် လိုအပ်သော်လည်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပွင့်လင်းမြင်သာမှုမရှိသော စီမံခန့်ခွဲမှုများကြောင့် အရင်းအမြစ်ပိုင်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ချို့တွင် သဘာဝသယံဇာတကဏ္ဍ၌ ပြည်တွင်း၊ ပြည်ပ (အထူးသဖြင့်တရုတ်) ရင်းနှီးမြှပ်နှံသူများက တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းစွာဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက် နေသည်ကို သုတနပြုလုပ်မှုဖြင့် တွေ့ရှိရပါသည်။ စစ်ကောင်စီ၏ အောက်ခြေမှ အုပ်ချုပ်ရေး အလွှာ အသီးသီးကလည်း အဆိုပါ စီမံကိန်းများနှင့်ပတ်သက်ပြီး မည်သည့်အသိပညာပေး ဆွေးနွေးမှုများ နှင့် တွေ့ဆုံတိုင်ပင်မှုမျှ မရှိခဲ့ကြောင်းနှင့် စီမံကိန်းများ အတိုင်းအတာတစ်ခုအထိ ပြီးမြောက်တော့မှ သာလျှင် မိမိတို့အနေဖြင့် သိရှိကြရကြောင်းတို့ကို တိုင်းရင်းသား ဒေသခံများက ဖြေဆိုခဲ့ကြသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စောင့်ကြည့်ထုတ်ဖေါ်မည့် မီဒီယာများနှင့် အရေးဆိုတိုက်တွန်းမည့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ မှေးမှိန်ရုတ်လျော့လာခဲ့ရခြင်းကလည်း သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖေါ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စောင့်ကြည့် ထိန်းကျောင်းမှုများ ပြုလုပ်နိုင်သည့်အခြေအနေမျိုးတွင် ရှိမနေတော့ချေ။ နိုင်ငံတော် စီမံအုပ်ချုပ် ရေး ကောင်စီ (SAC)သည် အဖိုးတန် သစ်တောများနှင့် အခြားသော သဘာဝအရင်းအမြစ်များကို ခြိမ်းခြောက်သည့် သစ်ခုတ်ခြင်းနှင့် သတ္တုတွင်းလုပ်ပိုင်ခွင့် အသစ်များအား ချပေးခဲ့ကြောင်းကို Ashley South က သူ၏စာတမ်းတွင် ထည့်သွင်းဖေါ်ပြထားသည်။ ထိုသို့သော အကြောင်းချင်းရာ များက အရင်းအမြစ်ပိုင်ဆိုင်သည့် ပြည်နယ်များ (တိုင်းရင်းသားဒေသခံ) များ၏ ကိုယ်ပိုင်ထိန်းချုပ် စီမံခွင့် သို့တည်းမဟုတ် ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ကို တောင့်တသည့်ဆန္ဒအား ပိုမိုပြင်းပြ လောင်မြိုက်လာစေပါသည်။
ဖက်ဒရယ်နိုင်ငံများ တည်ဆောက်ရာတွင် အရင်းအမြစ် ခွဲဝေရေး (Resource Sharing)မှာ အရေးကြီးသည့် အခန်းကဏ္ဍာန်မှ ပါဝင်နေသည့်အတွက် သဘာဝသယံဇာတ ဖက်ဒရယ်လစ်ဇင်ကို သိနားလည် အသုံးချကြဖို့လည်း လိုအပ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ကျော်အတွင်း ကမ္ဘာတလွှားရှိ နိုင်ငံများ၌ ဖြစ်ပွားခဲ့သော ပြည်တွင်း ပဋိပက္ခများ၏ ၄၀ ရာခိုင်နှုန်းသည် သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဆက်နွယ်နေပါသည်။
ဖက်ဒရယ်နိုင်ငံများ တည်ဆောက်ရာတွင် အရင်းအမြစ် ခွဲဝေရေး (Resource Sharing)မှာ အရေးကြီးသည့် အခန်းကဏ္ဍာန်မှ ပါဝင်နေသည့်အတွက် သဘာဝသယံဇာတ ဖက်ဒရယ်လစ်ဇင်ကို သိနားလည် အသုံးချကြဖို့လည်း လိုအပ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ကျော်အတွင်း ကမ္ဘာတလွှားရှိ နိုင်ငံများ၌ ဖြစ်ပွားခဲ့သော ပြည်တွင်း ပဋိပက္ခများ၏ ၄၀ ရာခိုင်နှုန်းသည် သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဆက်နွယ်နေပါသည်။ မြန်မာနိုင်ငံ၌လည်း ၂၀၁၅ ခုနှစ်အတွင်း မြို့နယ်ပေါင်း (၂၇) မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲပေါင်း (၃၃၄) ပွဲ ဖြစ်ပွားခဲ့ပြီး၊ ထိုအထဲမှ ၂၂ ရာခိုင်နှုန်းသည် သဘာဝ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲ မှုနှင့် ဆက်နွယ်နေပါသည် (မင်းခင်မောင်ရင်၊ ကွဲပြားမှုကြီးမားသော လူ့အဖွဲ့အစည်းများတွင် နိုင်ငံ တည်ထောင်ခြင်းနှင့် တည်ဆောက်ခြင်း)။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)မှာ သဘာဝ သယံဇာတ အရင်းအမြစ်များနှင့် အနည်းနှင့် အများ ဆက်နွယ်နေကြပါသည်။ ထိုအထဲ၌ မြေယာ၊ သဘာဝ သယံဇာတ စီမံအုပ်ချုပ်ရေးမူဝါဒနှင့်ပတ်သက်၍ KIO, KNU, KNPP, UWSP, TNAL, PNLO, NMSP ကဲ့သို့သော စနစ်တကျ တည်ဆောက်ထားသော ခိုင်မာ တောင့်တင်းသည့် အဖွဲ့ကြီးများတွင်သာ ရေးဆွဲထားရှိခဲ့ပြီး အခြား EAO အဖွဲ့များက မူဝါဒရေးဆွဲ ထားခြင်းမျိုးမရှိပေ (Kevin M. Woods, 2019)။
ကမ္ဘာ့ရေနံ ထက်ဝက်ပမာဏနှင့် သဘာဝဓါတ်ငွေ့ ထက်ဝက်ကျော်ပမာဏမှာ ဖက်ဒရယ်နိုင်ငံများက ပိုင်ဆိုင်ခြင်း၊ ထုတ်လုပ်ကြခြင်းဖြစ်သည် (FOF, Natural Resources သဘာဝ သယံဇာတ ရင်းမြစ်များ)။ မြန်မာနိုင်ငံသည်လည်း အရှေ့တောင် အာရှတွင် ဒုတိယမြောက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်သည့် နိုင်ငံအဖြစ်ရပ်တည်နေပြီး၊ ၁၈၅၃ ခုနှစ်မှစတင်၍ ပြည်ပသို့ ရေနံတင်ပို့သည့် ကမ္ဘာ့သက်တမ်း အရင့်ဆုံး ရေနံထုတ်လုပ်သည့် နိုင်ငံများထဲတွင် ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝအရင်းအမြစ် တူးဖေါ် ထုတ်လုပ်မှုမှရရှိပြီး၊ သဘာဝသယံဇာတ များကို တရားမဝင်ရောင်းချမှုမှာ ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ မူဝါဒ အကြံ ပြုချက်စာတမ်းတစ်ခုက ဖေါ်ပြခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ကချင်ပြည်နယ်၏ သဘာဝ အရင်းအမြစ် ကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံ၊ ရခိုင်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့အတွက် ၇.၆ ဘီလီယံနှင့် ရှမ်းပြည်နယ် ၆.၆ ဘီလီယံဖြင့် ၎င်းပြည်နယ် (၃)ခုတွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကို ရင်းနှီးမြှပ်နှံခဲ့ကြသည် (TNI)။ မြန်မာ နိုင်ငံ၏ ၂၀၁၄ ခုနှစ် တရားဝင် ကျောက်စိမ်းထုတ်လုပ်မှုသည် တရုတ်နိုင်ငံ၏တင်သွင်းမှု စာရင်း ဇယားများအပေါ် အခြေခံ၍ တွက်ချက်ရာတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ရှိသည်ဟု Global Witness က ဖေါ်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သတ္တုလုပ်ကွက်များ ချထားရာ၌ ကချင်ပြည်နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးပြီးလျှင် လုပ်ကွက် (၁၀၆)ကွက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်နှင့် စမ်းသပ် ဖြစ်မြောက်သတ္တုလုပ်ကွက် စုစုပေါင်း ၁၁၆၉ ခု ခွင့်ပြုပေးခဲ့ရာတွင်လည်း ရှမ်းပြည်နယ်၌ လုပ်ကွက်ပေါင်း (၂၇၈)ခု ဖြစ်ကာ (၅)လအတွင်း ရွှေသတ္တု ၆၁၀.၅၅ ထရိုင်အောင်စ ထုတ်ယူခဲ့ပါသည်။ မြန်မာနိုင်ငံသည် တတိယမြောက် ကမ္ဘာ့ ခဲမဖြူ ထုတ်လုပ်သည့် နိုင်ငံဖြစ်လာခဲ့ပြီး UWSP ထိန်းချုပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အဓိက ခဲမဖြူသတ္တုတွင်းများ တည်ရှိနေသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုထုတ်လုပ်သည့် နိုင်ငံများ ကို သယံဇာတ စီမံအုပ်ချုပ်မှု အညွှန်းကိန်းဖြင့် တိုင်းတာစစ်ဆေးပြီး အဆင့်သတ်မှတ်ရာတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံ၌ မြန်မာသည် အဆင့် ၅၈ (နောက်ဆုံးအဆင့်)အဖြစ် သတ်မှတ်ခံထားရသည်။
၁၉၈၈-၈၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရခိုင်ပြည်နယ်၌ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အရေအတွက် စုစုပေါင်း၏ ၂၈.၅၅% (လုပ်ငန်းအရေအတွက် ၁၅၄ ခု)မှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင်ဖြစ်ပါ သည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်စွမ်းအား ရယူသုံးစွဲနိုင်မှုတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယ အနည်းဆုံးဒေသဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်း၏ ၆၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသားပြည်နယ်များ၏ မြေယာနှင့် ရပ်ရွာဒေသများကို ရေလွှမ်းမိုး နစ်မြုပ်စေခဲ့သော်လည်း အဆိုပါဒေသများအနေဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်း လျှပ်စစ် အသုံးပြုမှုပေါင်း ၁၀ ရာခိုင်နှုန်းမျှ ကိုသာ သုံးစွဲနေကြရကြောင်း သုတေသန အစီရင်ခံစာများက ဖေါ်ပြထားကြသည်။ ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေသော Asia Development Bank ၏ မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးမှု သုတေသန စာတမ်းတွင် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လျှပ်စစ်ဓါတ်အား သုံးစွဲမှုအခြေပြ ဇယား၌ တိုင်းဒေသကြီး(၇)ခုက သုံးစွဲမှုအမြင့်ဆုံးဖြစ်ပြီး၊ ပြည်နယ် (၇)ခုက အနည်းဆုံးဖြစ်ပါသည်။ ထိုအထဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့က အမြင့်ဆုံးဖြစ်ကာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ အသုံးပြုမှုအနိမ့်ဆုံး ပြည်နယ်နှစ်ခု ဖြစ်ကြပါသည်။
K.L
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
ရည်ညွှန်းကိုးကားစာရင်း
https://en.wikipedia.org/wiki/B._N._Rau
https://www.gktoday.in/topic/residuary-powers-of-parliament-of-india/
https://legalraj.com/articles-details/residuary-power
Breen, Michael G, The Origins of Holding-Together Federalism: Nepal, Myanmar, and Sri Lanka
https://www.idea.int/sites/default/files/publications/federalism-primer.pdf
https://en.wikipedia.org/wiki/Dominion_of_India
ဘင်ဂမ်စင်တာ မြန်မာစီမံကိန်း-အာရှအတွင်းက ဖက်ဒရယ်စနစ် (၂၀၁၄)
BCES, The 2008 Constitution and Ethnic Issues: To What Extent Did It Satisfy the Aspirations of Various Ethnic Groups?
Hanns Seidel Foundation, 50 Shades of Federalism
https://www.ispmyanmar.com/burmese/2017/07/16/interviews-ko-frenky/
သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု၊ ENAC
သဘာဝသယံဇာတ ဖက်ဒရယ်စနစ်-မြန်မာနို်ငငံအတွက် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ၊ NRGI
မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း (ညောင်ရွှေ)
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော
ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ (မူကြမ်းများ)၊ ENAC
ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ ENAC
ဖက်ဒရယ်အက်ဆေးများ၊ FOF
2008 မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေ၏ဖက်ဒရယ်ပုံစံကို လေ့လာသုံးသပ်ချက်၊ FOF
ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း၊ မဆလ ဗဟိုကော်မတီဌာနချုပ်
UNEP, From Conflict to Peacebuilding: The role of natural resources and the environment
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ယဉ်ကျေးမှု တည်ဆောက်ရေး၊ AMCDP
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု၊ Ashley South
EITI Award အတွက် တင်သွင်းသော အစီရင်ခံစာ (၂၀၁၉)၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး
လက်လွတ်ဆုံးရှုံးမှုကို ဆက်လက်ရှင်သန်တိုးပွားစေခြင်း၊ Transnational Institute (TNI)
https://www.dica.gov.mm/sites/default/files/news-files/report_on_rsios_for_printing_20190215_english.pdf
(JICA, Rakhine state investment opportunity survey)
https://www.boell.de/en/2013/12/11/myanmars-natural-resources-blessing-or-curse
မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်နိုင်သည့် သာယာဝပြောမှုကို ဖေါ်ဆောင်နိုင်မည့်
မူဝါဒအကြံပြုချက်များ၊ World Bank
သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG
ဒေသအလိုက် အုပ်ချုပ်မှုနှင့်ပဋိပက္ခကို သုံးသပ်ခြင်း၊ Myanmar Centre for Responsible Business
မြန်မာနိုင်ငံမှ သဘာဝ သယံဇာတ စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊
Kevin M. Woods