နိုင်ငံတကာအသံနှင့် အာဆီယံ လျှောက်မယ့်လမ်း

မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပက်သက်ပြီး ဖြေရှင်းနိုင်ဖို့ အာဆီယံဘုံသဘောတူချက် ၅ရပ်ကို ၂၀၂၁ ဧပြီလကတည်းက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်နှစ်ကျော် ကြာခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ စက္ကူစုတ်ပေါ်မှာပဲ အသက်မဲ့သွားအောင် စစ်ကောင်စီက ပြုမူခဲ့ပါတယ်။ ဘရူနိုင်းနိုင်ငံ ဥက္ကဌ ရာထူးထားတုန်းကဆိုရင် အထူးကိုယ်စားလှယ်ဟာ မြန်မာပြည်လာရောက်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ကမ္ဘောဒီးယားက ဥက္ကဌရာထူး လွှဲပြောင်းယူပြီးချိန်မှာတော့ အထူးကိုယ်စားလှယ် ရောက်လာခဲ့တာက လွဲလို့ ဘာတစ်ခုမှ အကောင်အထည်မပေါ်ခဲ့ပါဘူး။ အခုလည်း ဇွန်၂၉၊ ၃၀မှာ အာဆီယံအထူးကိုယ်စားလှယ် ဒုတိယအကြိမ်လာရောက်ဖို့ ရှိနေပြန်ပါတယ်။

နိုင်ငံတကာနဲ့ အမေရိကန်အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းပေါင်းများစွာကလည်း ဘုံသဘောတူချက်၅ချက်ကို အမြန်အကောင်အထည်ဖော်ဖို့နဲ့ မြန်မာ့အရေး ပြေလည်စေဖို့အတွက် အာဆီယံကိုပဲ ခေါင်းတည်ထားကြ ပြန်ပါတယ်။
အာဆီယံရဲ့ လုပ်ဆောင်နိုင်ခြေကို မသုံးသပ်ခင်မှာ အခုဇွန်လအတွင်းမှာပဲ ခပ်စိပ်စိပ် အသံထွက်လာတဲ့ နိုင်ငံတကာရဲ့ ဆွေးနွေးချက်တွေ၊အကြုံပြုချက်တွေကို ပထမဦးစွာ လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

 *ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue)*

ရှန်ဂရီလာ ဒိုင်ယာလော့ဂ်ဆိုတာ ကျွန်တော်တို့နဲ့ အနည်းငယ် စိမ်းနေပါလိမ့်မယ်။ ဒါကြောင့် ရှန်ဂရီလာကို မိတ်ဆက်ပေးချင်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ ရှန်ဂရီလာဟိုတယ်ကြီးမှာ အာရှဒေသတွင်း လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပတာဖြစ်လို့ ရှန်ဂရီလာဒိုင်ယာလော့ဂ် ဆိုပြီး အမည်တွင်ခဲ့တာပါ။ သက်ဆိုင်ရာ အာရှနိုင်ငံများရဲ့  လုံခြုံရေးကိစ္စတွေကို နိုင်ငံစုံက
အဆင့်မြင့် ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာကြတဲ့ စကားဝိုင်းလည်း ဖြစ်ပါတယ်။နိုင်ငံတကာ လေ့လာရေးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ အာရှနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ဝန်ကြီးဌာနများရဲ့ အကြီးအကဲများ၊ အာရှ ပစိဖိတ် ၂၈နိုင်ငံမှ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ စုံညီစွာ တက်ရောက် ကြပါတယ်။ ၂၀၀၂ ခုနှစ်က စတင်ပြီး နှစ်စဥ်ကျင်းပပါတယ်။ ၂၀၁၈မှာကျင်းပတဲ့ ပွဲမှာတော့ မြန်မာနိုင်ငံက အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာအရေးကိစ္စကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့်ပဲ ၂နှစ်ကြာ ရပ်နားထားခဲ့ရပြီး အခုပြန်လည် ကျင်းပတာပါ။ နိုင်ငံပေါင်း၄၂နိုင်ငံမှ ဝန်ကြီးအဆင့်ရှိ ကိုယ်စားလှယ် ၃၇ဦးနဲ့ အကြီးတန်းကာကွယ်ရေးအရာရှိ ၃၀ကျော် အပါအဝင် နိုင်ငံအလိုက် ကိုယ်စားလှယ်များစွာ တက်ရောက်လာပါတယ်။ ယူကရိန်းသမ္မတက ZOOM နဲ့ တက်ရောက်စကားပြောကြခဲ့သလို အမေရိကန် ကာကွယ်ရေးဝန်ကြီး၊တရုတ် ကာကွယ်ရေးဝန်ကြီးတို့လည်း တက်ရောက်လာတာကို တွေ့ရပါတယ်။
ရှန်ဂရီလာ ဒိုင်ယာလော့ဂ်မှာ မြန်မာ့အရေးကိုလည်း ခေါင်းစဥ်တစ်ခုအနေနဲ့ ဆွေးနွေးကြပါတယ်။ ဇွန်၁၁ရက်မှာတော့ “မြန်မာ့အရေး ဖြေရှင်းနိုင်မယ့်နည်းလမ်းရှာဖွေရေး”ခေါင်းစဥ်နဲ့ ဆွေးနွေးကြပါတယ်။
မြန်မာလူထုကို အကောင်းဆုံးဖြစ်အောင် ကူညီနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဆောင်ရွက်နိုင်မဲ့ အခြေအနေကို အဓိကထား ဆွေးနွေးကြပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ထိုင်းနိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ အမေရိကန်နိုင်ငံ​ခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ ဆွေးနွေးချက်တွေထဲက တချို့ကို ထုတ်နုတ် ပြောပြချင်ပါတယ်။
ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ အဓိကထားပြီးပြောတာကတော့. . . အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာနေတဲ့ အကြမ်းဖက်မှုတွေနဲ့အတူ မတည်ငြိမ်တဲ့ အခြေအနေဟာ နိုင်ငံနယ်နမိတ်တွေကို ကျော်လွန်သက်ရောက်ပြီး ရိုက်ခက်လာနေပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ ကျွန်းသစ်တင်ပို့မှုနဲ့ တခြားသေ ာတရားမဝင်လှုပ်ရှားဆောင်ရွက်မှုတွေဟာ စံချိန်တင် မြင့်တက်လာနေတယ်။ တရားမဝင်စီးပွားရေးတွေ တိုးလာပြီး ဒေသတွင်းထိ ပျံ့နှံ့လာနေပါပြီ။ ဒီအတွက်ကြောင့်ပဲ နိုင်ငံတကာအနေနဲ့ အမြန်ဆုံး တုံ့ပြန်ဖြေရှင်းကြဖို့ တိုက်တွန်းပြောဆို သွားပါတယ်။မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေရပ်ပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်ဖြန့်ဝေခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံအတွင်းက သက်ဆိုင်သူ အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူမအနေနဲ့ အခိုင်အမာ ပြောဆိုသွားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ‘ဆိုင်ဖူဒင်အဘ္ဘဒူလာ’ ကတော့ အာဆီယံဘုံသဘောတူချက် ၅ရပ်နဲ့ ပက်သက်ပြီး ဖိဖိစီးစီး ပြောဆိုသွားပါတယ်။ အာဆီယံမူ ၅ရပ်ဟာ တစ်နှစ်​ကျော် ကြာခဲ့ပေမယ့် တိုးတက်မှု မရှိတဲ့အတွက် အဓိပ္ပာယ်ပြည့်ဝစွာ ဖော်ဆောင်နိုင်ဖို့ အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်တဲ့ နည်းလမ်းသစ်ကို အာဆီယံနေနဲ့ ဖန်တီးဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

အာဆီယံမူ ၅ရပ်ဟာ တစ်နှစ်​ကျော် ကြာခဲ့ပေမယ့် တိုးတက်မှု မရှိတဲ့အတွက် အဓိပ္ပာယ်ပြည့်ဝစွာ ဖော်ဆောင်နိုင်ဖို့ အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်တဲ့ နည်းလမ်းသစ်ကို အာဆီယံနေနဲ့ ဖန်တီးဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

ဘုံသဘောတူချက် ၅ရပ်အရ အကောင်အထည်ဖော်ရာမှာ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ဖို့လိုသလို၊ ဒီထက်ပိုကျယ်ပြန့်အောင် အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တို့ပါ ပါဝင်မှုရှိရမယ်လို့ အဆိုပြုပါတယ်။ အာဆီယံမူ ၅ရပ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် အချိန်ကန့်သတ်ချက် ထားရှိရမှာဖြစ်သလို မဖော်ဆောင်နိုင်ခဲ့ရင် ဘယ်လိုဆက်ပြီး ကိုင်တွယ်ကြမလဲဆိုတဲ့ အချက်ကိုပါ ထည့်သွင်း စဥ်းစားရမယ်လို့ ပြောဆိုပါတယ်။
 မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် ‘ပွန်ပီမော’ ကတော့ . . . မြန်မာ့အရေးမှာ စစ်တပ်မပါတဲ့ စဥ်းစားချက်ကို မလုပ်မိကြစေဖို့ ကာကွယ်ပြောဆိုသလို၊ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတွက်လည်း ကြော်ငြာ ဝင်လိုက်ပါသေးတယ်။စစ်တပ်ကို ရှုတ်ချခြင်း၊ ဒဏ်ခက်ပိတ်ဆို့ခြင်း၊ အသိုင်းအဝိုင်းကနေ ပယ်ထုတ်ထားခြင်း ဒါတွေဟာသေးသိမ်တဲ့ တန်ပြန်သက်ရောက်မှုတွေကိုသာ ဖြစ်လာစေမယ်လို့ လေပြေထိုးပါတယ်။ သူ့အနေနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် အများရဲ့စိုးရိမ်မှုတွေကို အသိအမှတ်ပြုပေမယ့် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ကတိကိုတော့ ခြွင်းချက်မရှိ ယုံကြည်ပေးကြဖို့ မဲဆွယ်လိုက်ပါသေးတယ်။ အကဲခတ် အများစုကတော့ မြန်မာ့အရေးမှာ နှုတ်ဆိတ်နေတဲ့ ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ‘ပရာရွတ်’ရဲ့ သဘောထားကို တစ်ဆင့်စကား ပါးလိုက်တာပဲလို့ ကောက်ချက်ချပါတယ်။

ထိုင်းအထူးကိုယ်စားလှယ်ရဲ့ ရွေးကောက်ပွဲအပေါ်ရှုမြင်ပုံနဲ့ နိုလင်းဟေဇာ၊အမေရိကန်ကိုယ်စားလှယ်တို့ရဲ့ ရှုမြင်ပုံကတော့ လုံးဝဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ ကုလကိုယ်စားလှယ် နိုလင်းဟေဇာ ကတော့ စစ်ကောင်စီကလုပ်ပေးမယ့် ရွေးကောက်ပွဲဟာ အားလုံးရဲ့အမြင်မှာ တရားဝင်မှု ရှိမနေဘူး။ တရားမဝင်တဲ့ ရွေးကောက်ပွဲကြောင့်ပဲ လူထုအုံကြွမှုတွေ ပိုပြီးဖြစ်လာနိုင်စရာ ရှိနေတယ်လို့ ထောက်ပြပြောဆိုပါတယ်။

‘ဒဲရက်ရှိုလက်’ ကတော့ စစ်ကောင်စီလုပ်ပေးမယ့် ရွေးကောက်ပွဲကို ပြတ်သားစွာ ဝေဖန်ပါတယ်။ စစ်ခေါင်းဆောင်တွေ လုပ်ပေးမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မျှ လွတ်လပ်ပြီးတရားမျှတမှု ရှိမှာမဟုတ်ဘူး။ အဲ့ဒီရွေးကောက်ပွဲဟာ အစစ်အမှန်မဟုတ်ဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖြားဖို့ ကြိုးပမ်းအားထုတ်မှု သက်သက်တာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ‘ဒဲရက်ရှိုလက်’ ကတော့ စစ်ကောင်စီလုပ်ပေးမယ့် ရွေးကောက်ပွဲကို ပြတ်သားစွာ ဝေဖန်ပါတယ်။ စစ်ခေါင်းဆောင်တွေ လုပ်ပေးမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မျှ လွတ်လပ်ပြီးတရားမျှတမှု ရှိမှာမဟုတ်ဘူး။ အဲ့ဒီရွေးကောက်ပွဲဟာ အစစ်အမှန်မဟုတ်ဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖြားဖို့ ကြိုးပမ်းအားထုတ်မှု သက်သက်တာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်အနေနဲ့ မြန်မာတို့ရဲ့ တော်လှန်ရေးအတွက် ယူကရိန်းကဲ့သို့ လက်နက်များ ထောက်ပံ့ပေးရန် ရည်ရွယ်ထားခြင်း မရှိသော်လည်း အခြားနည်းလမ်းပေါင်းစုံနဲ့ မဖြစ်ဖြစ်အောင် ကူညီပေးသွားမှာ ဖြစ်တယ်လို့ တာဝန်ခံ ပြောကြားသွားပါတယ်။
 ရှန်ဂရီလာဒိုင်ယာလော့ဂ် ပြီးတာနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ ထိုင်းနိုင်ငံဆီချက်ချင်းရောက်သွားပြီး ပရာယွတ်နဲ့ တွေ့ဆုံပါတော့တယ်။ The Nation ရဲ့ သတင်းဖော်ပြချက်အရ တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ လုံခြုံရေးအခြေအနေအပေါ်  အမြင်ချင်း ဖလှယ်ခဲ့ကြတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားနေလို့ ထွက်ပြေးလာကြတဲ့ ဒုက္ခရောက်နေသူတွေကို ခိုလှုံစရာနဲ့ အကူအညီများ ပေးအပ်ခြင်းအပါအဝင် ထိုင်းနိုင်ငံအနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့အတူ ဖြစ်လာမဲ့အကျိုးသက်ရောက်မှုအားလုံးကို နိုင်ငံတကာဥပဒေများ၊လူသားဆန်မှုဆိုင်ရာ အခြေခံမူများအပေါ် အမြဲတမ်းလိုက်နာပြီး ထိုင်းနိုင်ငံက ကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း ဝန်ကြီးချုပ်ပရာယွတ် ကရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ The Nation ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရှန်ဂရီလာဒိုင်ယာလော့ဂ် မတိုင်မီ ဇွန်လ၉ရက်နေ့မှာလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ပို့ပေးနိုင်ဖို့အတွက် တောင်ကိုရီးယား၊ဂျပန်တို့နဲ့ အတူ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးဟာ မြို့တော် ဆိုးလ်မှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။အာဆီယံနဲ့ အာဆီယံဦးဆောင်တဲ့ အစုအဖွဲ့တွေအပေါ် စေ့စပ်ညှိနိုနှိုင်းမှု ကိုမြှင့်တင်ကြဖို့ အဓိကထားဆွေးနွေးခဲ့ပါတယ်။

  *ကုလမဂ္ဂအထွေထွေညီလာခံ၏အစီအရင်ခံဆွေးနွေးမှုများ*

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ တင်သွင်းတဲ့ အစီအရင်ခံစာ၊ ဗြိတိသျှသံအမတ်ကြီးရဲ့ ဆွေးနွေးချက်၊ ဗီယက်နမ် ကိုယ်စားလှယ်တို့ရဲ့ ဆွေးနွေးချက်တွေကို ထုတ်နုတ်ဖော်ပြပါမယ်။

နိုလင်းဟေဇာရဲ့ အစီအရင်ခံစာမှာတော့ နိုင်ငံအတွင်းရှိ လက်ရှိ အကျပ်အတည်းတွေကြောင့်ပဲ ယန္တရားအားလုံး၊ လူမှုစီးပွား အခြေခံ အဆောက်အအုံအားလုံး ပြိုလဲသွားပြီဖြစ်သလို ရာဇဝတ်မှုများနဲ့ တရားမဝင်လုပ်ငန်းများ တိုးပွားလာနေတယ်။နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံ ဖြစ်တဲ့ ပြည်သူ ၁၄.၄သန်းဟာလည်း အရေးပေါ် အကူအညီတွေများစွာ လိုအပ်နေပါတယ်လို့ ဆိုထားပါတယ်။ လူငယ်အများစု ဦးဆောင်ပါဝင်နေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး တင်ပြရာမှာလည်း  ပြီးခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွင်း အကျိုးဖြစ်ထွန်းခဲ့တဲ့ မျိုးဆက်တွေဟာ ယခုအခါ စိတ်ပျက်လက်ပျက်စွာ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ရပြီးနောက် ၄င်းတို့မှာ ရွေးချယ်စရာလမ်းမရှိတော့ဘဲ လက်နက်ကိုင်တိုက်ခိုက်တဲ့ နည်းလမ်းကိုသာ အသုံးပြုနေကြတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။ တစ်ဆက်တည်းမှာပဲ လက်နက်ကိုင် ပဋိပက္ခများမှာ ယခုအခါ ဖြစ်ရိုးဖြစ်စဥ်သဖွယ် ဖြစ်လာနေပြီး ပက်သက်နေကြသူများ ကြားမှာလည်း မယုံကြည်မှုများက ပိုလို့ နက်ရှိုင်းလာတယ်။ တစ်ဖက်က အသာရတာနဲ့ တစ်ဖက်မှာ အရှုံးဖြစ်တော့မယ့် Zero-Sum အနေအထားသို့ ရောက်နေပြီ ဖြစ်တယ်။ အကြမ်းဖက်မှုများ အရှိန်လျော့ကျသွားစေဖို့ ဆွေးနွေးကြပါဟု ကြားဝင်ပြောမယ့်သူများအတွက်လည်း နေရာတစ်နေရာမျှပင် မကျန်တော့တဲ့ အခြေအနေ ရောက်ရှိနေကြောင်း တင်ပြထားပါတယ်။

ဗြိတိသျှသံအမတ်ကြီး ‘ဘာဘရာဝုဝပ်ဒ်’ ကတော့ လက်ရှိအကျပ်အတည်းများကြောင့် တစ်နိုင်ငံလုံးမှာ ဒုက္ခမရောက်ရတဲ့သူ မရှိတော့တဲ့ အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ အာဆီယံ အချက် ၅ချက်ကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုထားရုံ မကတော့ဘဲ ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားခဲ့သူများကို ကြိုးပေးစီရင်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်လာနေပြီဖြစ်တယ်။

ဗြိတိသျှသံအမတ်ကြီး ‘ဘာဘရာဝုဝပ်ဒ်’ ကတော့ လက်ရှိအကျပ်အတည်းများကြောင့် တစ်နိုင်ငံလုံးမှာ ဒုက္ခမရောက်ရတဲ့သူ မရှိတော့တဲ့ အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ အာဆီယံ အချက် ၅ချက်ကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုထားရုံ မကတော့ဘဲ ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားခဲ့သူများကို ကြိုးပေးစီရင်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်လာနေပြီဖြစ်တယ်။ အကြမ်းဖက်မှုများ ရပ်တန့်ပြီး လူသားချင်းစာနာတဲ့ အကူအညီများပေးနိုင်ဖို့ အတားအဆီးများကို ဖယ်ရှားပေးရန်၊လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အားလုံးပါဝင်နိုင်တဲ့ ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်မျိုး ရရှိရေးအတွက် အဓိကထား ဆောင်ရွက်ရမှာဖြစ်ကြောင်း တောင်းဆိုတင်ပြခဲ့ပါတယ်။
 ကုလသမဂ္ဂရှိ ဗီယက်နမ်နိုင်ငံ ကိုယ်စားလှယ်ကလည်း  မြန်မာ့အကျပ်အတည်း ဖြေရှင်းဆောင်ရွက်ရာမှာ သက်ဆိုင်သူအားလုံးရဲ့ အခိုင်အမာကတိကဝတ်ပြုမှုများနဲ့အတူ ပြီးပြည့်စုံပြီး ရေရှည်တည်တံ့မယ့်ဖြေရှင်းချက်မျိုး ထွက်ပေါ်လာစေဖို့ ထောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

  *ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်၏ အကြိမ် ၅၀မြောက် ညီလာခံ*

 မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တစ်ချိန်လုံး မြွေမသေတုတ်မကျိုးပုံစံမျိုးနဲ့ ဆက်ဆံနေခဲ့တဲ့ အိန္ဒိယနိုင်ငံကတော့ စပြီးအသံထွက်လာပြီ။ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်အနေနဲ့ ညီလာခံမှာပဲ မြန်မာနိုင်ငံအပေါ် စတင်ပြီး ကန့်ကွက်စကားပြောဆို လာခဲ့ခြင်းဟာ ထူးခြားမှုတစ်ခုလို့ ဆိုရမှာပါ။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မဟာမင်းကြီး ‘မီချယ်ဘက်ချလက်’ တင်သွင်းတဲ့ အစီအရင်ခံစာထဲက အရေးကြီးတဲ့အချက်အချို့ကို ကိုးကားဖော်ပြပါမယ်။
 ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးမှာ လုပ်နေတဲ့ စစ်ဆင်ရေးတွေကြောင့်ပဲ ဒေသခံပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲခြင်းတွေက ဆထက်ထမ်းပိုး တိုးပွားလာနေတယ်။ မကြာခဏ အဖမ်းခံရတာတွေ၊ တချို့မှ ာပျောက်ကွယ်သွားခဲ့တာတွေ၊ တချို့မှာတော့ လူသားဒိုင်းအဖြစ် အသုံးချတာ ခံနေရပါတယ်။ ကျေးရွာများကို မီးတင်ရှို့ပါတယ်။ စာသင်ကျောင်း၊ဘာသာရေး အဆောက်အဦတွေသာ မကတော့ဘဲ နိုင်ငံတကာ ဥပဒေများအရ အထူးကာကွယ်ပေးထားတဲ့ အရာအားလုံးကိုလည်း မီးရှို့ဖျက်ဆီးပါတယ်။ စစ်ကောင်စီကို လက်ခံရန် ငြင်းဆန်သူ မှန်သမျှဟာ ကြမ်းတမ်းရက်စက်စွာ နှိမ်နင်းခံနေရပါတယ်။ အာဆီယံနိုင်ငံများ အနေနဲ့ NUGအပါအဝင် ပက်သက်ဆက်နွယ်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ကို နိဂုံးချုပ်မှာ သံအမတ်ကြီးက တိုက်တွန်းထားပါတယ်။

  *စစ်ကောင်စီရဲ့သဘောထားတုံ့ပြန်ချက်*

ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ် တက်ခွင့်မရပါဘူး။ လူ့အခွင့်ရေး ကော်မရှင်ရဲ့ညီလာခံကိုလည်း စစ်ကောင်စီ ခြေချခွင့် မရှိခဲ့ပါဘူး။ ညီလာခံနှစ်ခုလုံးရဲ့ ပြောဆိုဆွေးနွေးချက်များကိုတော့ စစ်ကောင်စီက တစ်လုံးမကျန် နားစွင့်ထားပုံရပါတယ်။
ညီလာခံနှစ်ခုလုံးမှာ တင်သွင်းတဲ့ အစီရင်ခံစာတွေ၊ ဆွေးနွေးချက်တွေဟာ စစ်ကောင်စီအတွက် အတော်လေး နာကျင်ခံခက် နေပုံရပါတယ်။ သူတို့လုပ်ထားသမျှကို ဝန်ခံဖို့ အစီအစဥ် လုံးဝမရှိပါဘူး။
ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင်အရေးကောင်စီ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံနဲ့ ပတသက်ပြီး တာဝန်ရှိသူများရဲ့ ​အစီအရင်ခံချက်၊ ပြောဆိုချက်အားလုံးကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြီး ချက်ချင်းတုံ့ပြန်ပါတယ်။

 *အာဆီယံ အိန္ဒိယအစည်းအဝေး*

အိန္ဒိယနဲ့ အာဆီယံတွေ့ဆုံမှုကလည်း မြန်မာ့အရေးအတွက် အရေးပါပါတယ်။ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတော်တော်များများက အသိအမှတ်ပြုဖို့ တွန့်ဆုတ်နေတဲ့အချိန်မှာပဲ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နှစ်ရက်ကြာခရီးဖြင့် မြန်မာနိုင်ငံသို့ရောက်လာပြီး စစ်ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီမိုကရေစီ ဘိုးအေကြီး အိန္ဒိယရဲ့ အပြုအမူကြောင့်ပဲ အားလုံးက အံ့သြခဲ့ကြပါတယ်။ အိန္ဒိယ အာဆီယံ အစည်းအဝေးကိုလည်း စစ်ခေါင်းဆောင်ဝန်ကြီး တက်ရောက်ခွင့် ပေးမလားဆိုပြီး အစပိုင်းမှာ စိုးရိမ်မကင်း ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတကာရဲ့အသံတွေကြောင့်ရော၊ အာဆီယံရဲ့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကြောင့်ရော အစည်းအဝေး တက်ခွင့် မရခဲ့ပါဘူး။
ဇွန် ၁၅ရက်မှာ ၂၄ကြိမ်မြောက် အိန္ဒိယ အာဆီယံ အစည်းအဝေး ကျင်းပပြုလုပ်ပါတယ်။ စစ်ကောင်စီ ဝန်ကြီးမပါဘဲ တခြားအာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ကိုယ်စားလှယ်တွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။
မလေးရှာ းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ရှန်ဂရီလာဒိုင်ယာလော့ဂ်မှာ ပြောခဲ့တဲ့စကားအတိုင်းပဲ တင်ပြဆွေးနွေးပါတယ်။NUG နဲ့ NUCC တို့ အပါအဝင် ငြိမ်းချမ်းရေးနဲ့ရင်ကြားစေ့ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အားလုံးပါဝင်ခွင့်ရပြီး တီထွင်ဖန်တီးနိုင်တဲ့ နည်းလမ်းသစ်များ လိုအပ်တယ်လို့ ထပ်မံတိုက်တွန်းပါတယ်။
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့အကျပ်အတည်းနဲ့ ပက်သက်ပြီး စစ်ကောင်စီကို ဝေဖန်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေကို နိုင်ငံရေးအရ အသုံးချခံရတဲ့ အဖြစ်မျိုး ဖြစ်လို့မရပါဘူး။ မြန်မာနိုင်ငံမှာ ဘာတိုးတက်မှုမှ ရှိမလာသေးပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့အတွက် ခိုင်မာပြီး ရိုးသားပွင့်လင်းတဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ လုံးဝ မရှိသေးပါဘူး။အဲ့ဒါတွေ အားလုံးအတွက် စစ်တပ်မှာ တာဝန်ရှိပါတယ်လို့ ဝေဖန်ပြောဆိုပါတယ်။ ဇွန်၁၉ရက်နေ့ဟာ စစ်ကောင်စီရဲ့ထိန်းသိမ်းခြင်းကို ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပါ။ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ facebook စာမျက်နှာကနေပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း တင်ထားတာကိုလည်း တွေ့လိုက်ရပါသေးတယ်။

 *ဗြဟ္မာဦးခေါင်းကို ကိုင်ထားမိတဲ့ အာဆီယံ*

  ကျွန်တော်တို့ အာဆီယံသမိုင်းကြောင်းမှာ အနည်းငယ် ပြန်ကြည့်ရအောင်။
၁၉၆၇ သြဂုတ်၈ရက်နေ့မှာ အင်ဒို၊ မလေး၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အာဆီယံကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ရာက စတင်ပေါ်ပေါက်ခဲ့ပါတယ်။
၁၉၈၄ မှာ ဘရူနိုင်း၊ ၁၉၉၅မှာ ဗီယက်နမ် တို့ ပါဝင်လာခဲ့သလို ၁၉၉၇ ဇူလိုင်၂၃ မှာတော့ ၈၈မှာ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရ ပါဝင်လာပါတယ်။ ပြီးတော့ လာအို၊ ကမ္ဘောဒီးယားကတော့ မြန်မာထက် နောက်ကျပြီး ၁၉၉၉ရောက်မှ အဖွဲ့ဝင်ဖြစ်ပါတယ်။
အာဆီယံရဲ့ အခြေခံ ရည်ရွယ်ချက်ကိုက စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှုတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ ဦးတည်ခဲ့ပါတယ်။ အာဆီယံမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့မူဝါဒ မရှိပါဘူး။ အာဆီယံ နိုင်ငံတွေဟာ ပထဝီဒေသ ကွဲပြားကြသလို ပထဝီနိုင်ငံရေးအပေါ် ရင်ဆိုင်ရှုမြင်ပုံတွေလည်း မတူကြပါဘူး။
ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့က သမ္မတ ဦးဆောင်တဲ့ အစိုးရပုံစံ ဖြစ်တယ်။ စင်္ကာပူက ပါလီမန် ပုံစံယူထားပေမယ့် တစ်ပါတီတည်းသာ လွှမ်းမိုးထားတယ်။ ဗီယက်နမ်နဲ့ လာအိုတို့ကတော့ ဆိုရှယ်လစ်ဝါဒကို ကျင့်သုံးတယ်။ မလေးရှား၊ ထိုင်းနဲ့ ကမ္ဘောဒီယားတို့က စည်မျဥ်းခံ ဘုရင်စနစ်ကို ကျင့်သုံးတယ်။ ဘရူနိုင်းက ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်တယ်။
အာဆီယံ နိုင်ငံတွေရဲ့ အဓိက အားသာချက်ကတော့ စီးပွားရေး အလားအလာ ကောင်းမွန်နေသလို အလုပ်လုပ်နိုင်တဲ့ လူသား အရင်းအမြစ် များစွာ ရှိနေခြင်းပဲ ဖြစ်ပါတယ်။ အားအနည်းဆုံး အချက်ကတော့ နိုင်ငံတိုင်း လိုလိုမှာ အဂတိ လိုက်စားမှုဟာ ပြဿနာကြီးတစ်ရပ်လို အမြစ်တွယ်နေခြင်းပဲ ဖြစ်နေပါတယ်။
အာဆီယံ နိုင်ငံတွေအနေနဲ့ ကိစ္စရပ်တစ်ခုကို တူညီသောစိတ်နဲ့ တစ်သံတည်း ဆုံးဖြတ်ချက်ချနိုင်ဖို့ အလွန်ခက်ခဲတဲ့အခြေအနေ ဖြစ်ပါတယ်။ အာဆီယံက ထုတ်ပြန်တဲ့ မည်သည့် ထုတ်ပြန်ချက်မျိုးမဆို သဘောမတူသူ ရှိမှသာ ထုတ်ပြန်ဆောင်ရွက်နိုင်ပါတယ်။ တစ်နိုင်ငံ နှစ်နိုင်ငံက သဘောမတူတာနဲ့ ဆုံးဖြတ်ချက်ချလို့မရပါဘူး။
ထူးခြားတဲ့ လုပ်ဆောင်ချက်ကတော့ ၁၉၉၅ခုနှစ်မှာ အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေး စာချုပ်ကို ချုပ်ဆိုနိုင်ပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်းရှိတဲ့ ဖိလစ်ပိုင်ကိုတော့ ခြွင်းချက်ထားခဲ့ပါတယ်။ ၂၀၀၁ခုနှစ်မှာ ဖိလစ်ပိုင်ကပါ လက်မှတ်ရေးထိုးလာသည့်အတွက် အာဆီယံ ဒေသတစ်ခုလုံး နျူကလီးယား ကင်းမဲ့ရေးဇုန် ဖြစ်ခဲ့ပါတယ်။
 ၂၀၀၃ခုနှစ်မှာတော့ အာဆီယံ လုံခြုံရေးအသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်း၊ လူမှုရေးယဥ်ကျေးမှု အသိုက်အဝန်းအဖြစ် မဏ္ဍိုင်သုံးရပ်ကို ထူထောင်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ အာဆီယံ ပဋိညာဉ်စာတမ်း စတင်အသက်ဝင်စေပါတယ်။ ပဋိညာဉ်စာတမ်းမှာ အာဆီယံရဲ့ ရည်ရွယ်ချက် ၁၅ချက်၊ အခြေခံမူ ၁၄ချက်၊ အခွင့်အရေးတာဝန် ၃ခု၊ ထိပ်သီးအစည်းအဝေးဆိုင်ရာ အချက်ကြီ း၃ချက်နဲ့ အချက်ငယ် ၉ချက်၊ တိုင်ပင်ဆွေးနွေးခြင်းဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ ၄ချက် စသဖြင့် အပိုဒ်ပေါင်း ၅၅ပိုဒ် ပါဝင်ပါတယ်။

 

ပဋိညာဉ်ရဲ့ အပိုဒ်၂ပါ အခြေခံမူ များထဲက အချက်၂ချက်ဟာ အဓိက အဟန့်အတားဖြစ်နေပါတယ်။

၂(င) -အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောင်စွက်ဖက်မှု မရှိခြင်း။

၂(စ)- ပြည်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်း။

ပဋိညာဉ်ရဲ့ အပိုဒ်၂ပါ အခြေခံမူ များထဲက အချက်၂ချက်ဟာ အဓိက အဟန့်အတားဖြစ်နေပါတယ်။

၂(င) -အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောင်စွက်ဖက်မှု မရှိခြင်း။

၂(စ)- ပြည်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်း။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာ့အရေးနဲ့ ပတ်သက်ပြီ းစာဖတ်သူတို့ အကဲခတ် နိုင်လိမ့်မယ် ထင်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ကာကွယ်ရေးဝန်ကြီးများရဲ့ အစည်းအဝေး (ADMM)ဟာ ထူးခြားမှု ရှိနေပါတယ်။ဇွန်၂၂မှာတော့ ၁၆ကြိမ်မြောက် အစည်းအဝေးကို ကမ္ဘောဒီးယားမှာ ကျင်းပဖို့ရှိနေပါတယ်။ ဒီဆောင်းပါး ရေးနေတဲ့အချိန်အထိတော့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တက်ရောက်ခွင့်ရဖို့ အခြေအနေ ရှိနေပါတယ်။ နိုင်ငံတကာကတော့ တက်ရောက်ခွင့်မပေးဖို့ ကန့်ကွက်နေကြပါတယ်။ အာဆီယံအနေနဲ့ ထိပ်သီးအစည်းအဝေးများမှာ စစ်ကောင်စီကို ချန်လှပ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့သော်လည်း ADMM အနေနဲ့ စစ်ကောင်စီကို စဥ်ဆက်မပြတ် ပံ့ပိုးပေးနေပါတယ်။ADMM ရဲ့အဓိက ရည်ရွယ်ချက်ကတော့ အာဆီယံရဲ့ မဏ္ဍိုင် ၃ရပ်ထဲက တစ်ခုဖြစ်တဲ့ အာဆီယံလုံခြုံရေးအသိုက်အဝန်းကို ဖော်ဆောင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ADMM-Plus မှာဆိုရင်လည်း မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊တရုတ်၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယား၊နယူးဇီလန်၊ရုရှား နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေပါဝင်နေပါတယ်။

 *အာဆီယံ တကယ်အလုပ်ဖြစ်ပါ့မလား*

အထက်မှ ာပြောခဲ့သလို အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ‘ပရက်ဆော့ခွန်း’ဟာ ဇွန်၂၉၊ ၃၀ မှာ လာရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဥ် အတွင်းမှာပဲ အာဆီယံ ဘုံသဘောတူချက် ၅ရပ်ကို အကောင်အထည် ဖော်ရေးနဲ့ လူသားခြင်း စာနာမှု အကူအညီပေးရေး ကိစ္စတွေကို အဓိကထားပြီး ဆောင်ရွက်မှ ာဖြစ်တယ်လို့ ထိုင်း PBS သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဇွန် ၉ရက်နေ့မှာတော့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်အတွက် ကြိုတင်ညှိနိုင်းဖို့ ကမ္ဘောဒီးယားရဲ့ ဒုဝန်ကြီးတစ်ဦးခေါင်းဆောင်ပြီး ရောက်လာပါတယ်။ ကမ္ဘောဒီးယားဘက်က သတင်းထုတ်ပြန်ခဲ့တာမျိုး မရှိဘဲ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ဟာ ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ခဲ့ကြတယ်။ အဲ့ဒီလို တွေ့ကြစဥ်မှာ  မြန်မာ့ အကျပ်အတည်းကို အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းဖို့နဲ့ ဖယ်ကြဥ်တာမျိုး မလုပ်ဖို့ မြန်မာဘက်က တိုက်တွန်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၁၀ရက် သတင်းမှာတော့ ကိုဂျင်မီ အပါအဝင် ၄ဦးအပေါ် သေဒဏ်စီရင်မိန့်ကို ပြန်လည်စဥ်းစားပေးဖို့ ဝန်ကြီးချုပ်ဟွန်ဆန် ကိုယ်တိုင် စာပေးပို့ တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန် ရေးတာကို ထုတ်နုတ်ဖော်ပြရရင်တော့…
“သေဒဏ်ကွပ်မျက်မှု အစီအစဥ်သာ တကယ် အကောင်အထည် ဖော်ခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းဆီကနေ အနုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာမယ်ဆိုတာကို ကမ္ဘောဒီးယားအနေနဲ့ အခိုင်အမာယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေးနဲ့ အာဆီယံ ဘုံသဘောတူချက် ၅ရပ်ကို အခြေခံပြီး လက်ရှိ ပြဿနာတွေအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အာဆီယံနဲ့ ဥက္ကဌ ကမ္ဘောဒီးယား နိုင်ငံတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ်  ကြီးကြီးမားမား ရိုက်ခတ်လိမ့်မှာ ဖြစ်ပါတယ်”
ဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ ဘယ်လိုပဲ နားချနားချ စစ်ကောင်စီကတော့ နားဝင်လက်ခံခြင်း မရှိပါဘူး။ ဇွန်လ၁၂ရက် သတင်းတွေမှာတော့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ တောင်းဆိုမှုအပေါ်  စစ်ကောင်စီဘက်က တရားဝင် ငြင်းပယ်ခဲ့ပါတယ်။
အထူးကိုယ်စားလှယ် ရောက်လာခဲ့ရင်လည်း သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ခွင့်ရမယ် မထင်ပါဘူး။တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်က ကြိုပြီး ပြောဆိုထားပါတယ်။
နိုင်ငံတကာအသံနဲ့ အာဆီယံလျှောက်ရမယ့် လမ်းကတော့ ပျောက်သောလမ်းမှာစမ်းတဝါးဝါး ဖြစ်လေဦးမလား ဆိုတာကိုတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

( လက်ျာဧ )

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

    (  -The Nation
   – Thai PBS
   – BBC
   – VOA
   – RFA
   – Mizzima သတင်းဌာနများ ၏ ထုတ်လွှင့်ချက်များ၊ ကိုယ်ပိုင်မှတ်စုများမှ ထုတ်နုတ်ကိုးကားပြီး ရေးသားထားခြင်း ဖြစ်ပါသည်။ )