2022 November (2) ** ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့်အတူ မငြိမ်းချမ်းနိုင်သေးသော ပြည်သူ့ဘဝများ ** ဒီဇင်ဘာသည် နှစ်ဟောင်း၊အဖြစ်ဟောင်းတို့ ကုန်ဆုံးတော့မည့် လက္ခဏာဖြစ်ပေသည်။   လွန်ခဲ့သော ၁၉၉၁ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရခဲ့သော်လည်း...

၂၀၁၄ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းတယ်။ ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းပုံကို အတည်ပြုပြဌာန်းတယ်။ ၂၀၁၇ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်တစ်ခုလုံး စစ်တပ်အောက်ဆီ ရောက်သွားခဲ့ရတယ်လို့ လူထုတွေမှာ ခံစားနေကြရတယ်။ *ထိုင်းတပ်မတော်နဲ့ မြန်မာ့တပ်မတော်*ထိုင်းတပ်မတော်မှာ တော်ဝင်ထိုင်းကြည်းတပ်၊ ရေတပ် နဲ့...

စစ်တပ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးပါခဲ့ပေမယ့် နိုင်ငံရေးနဲ့တော့ အတော့်ကို ကင်းရှင်းခဲ့ပါတယ်။   * ဒီမိုကရေစီအစပျိုးတော်လှန်ရေးနှင့် သက်ဦးဆံပိုင်ပဒေသရာဇ်နိဂုံး*ထိုင်းနိုင်ငံဟာ ကိုလိုနီမဖြစ်ခဲ့တဲ့အတွက် သူတို့အုပ်ချုပ်ရေးကို သူတို့စိတ်တိုင်းကျ တည်ဆောက်နိုင်ခဲ့ကြတယ်။ မြန်မာကတော့ မလွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့အတွက် တပါးသူစီမံတဲ့အုပ်ချုပ်ရေးနဲ့ နေသားကျခဲ့ရပါတယ်။ ၁၉၃၂ ခုနှစ်...

ကနောင်မင်းသားနဲ့အတူ ပြုပြင်ပြောင်းလဲရေးတွေကိုအတူတူလက်တွဲလုပ်ခဲ့တဲ့ ယောအတွင်းဝန်ဦးဘိုးလှိုင်ကလည်း မြန်မာမင်းအုပ်ချုပ်ပုံစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ဟာ မြန်မာ့သမိုင်းမှာ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုကြီးရဲ့ ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ပန်းဝင်ခါနီးအချိန်ကျမှ စစ်တပ်ကနေ အာဏာကောက်သိမ်းပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၈...

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကို ၂၀ ရာစုအလယ်ပိုင်းတွင် စတင် တည်ထောင်ခဲ့သည်။ လွတ်လပ်ရေးရလိုဇောနဲ့ ပင်လုံစာချုပ်ကို အဆောတလျှင် လုပ်ဆောင်ခဲ့ရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ တစ်ခုကိုလည်း အမြန်ရေးဆွဲခဲ့ဲကြသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံသည် အားနည်းချက်ရှိသည်ဟုဆိုသော်လည်း နိုင်ငံတစ်ခု တည်ဆောက်ရေးအတွက် အစပျိုးခဲ့သော...

2022 November (1) ဆူးကြားက ရွေးကောက်ပွဲ မြန်မာ့သမိုင်းတွင် ဆိုရိုးစကား တစ်ခုရှိသည်။ ဆူးကြားက ဗူးခါးဟူ၍။ ကျဉ်းထဲကြပ်ထဲ ရောက်ရှိချိန်၊ မလူးသာ မလွန့်သာ အခြေအနေမျိုးတွင် သုံးလေ့ရှိကြသည်။ လာမည့် ၂၀၂၃ သြဂုတ်လတွင် စစ်ကောင်စီက...

၁၉၂၀မှာ ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ပေးလိုက်တာကို မြန်မာအမျိုးသားရေးဝါဒီတွေက အားတက်သရော လက်ခံကြိုဆိုကြတာ မဟုတ်ဘူး။ နယ်ချဲ့ဝါဒနဲ့ အနောက်တိုင်းဆန်တဲ့ အထက်တန်းလွှာ တစ်စုကို အားဖြည့်ပေးမည့် စီမံကိန်းတစ်ခုလို့ပဲ ရှုမြင်ကြတယ်။ မြန်မာတွေဖက်က ဒီလိုထင်စရာ အကြောင်းတွေကလဲ ရှိနေတယ်။ ပြဌာန်းလိုက်တဲ့ ရန်ကုန်တက္ကသိုလ်မှာ...

"စာတတ် ပေတတ်" ဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာ လူတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ကိုဖော်ပြတဲ့ ဝိသေသ ဖြစ်တယ်။ စာရေးစာဖတ်တတ်မှ ဗုဒ္ဓသာသနာရဲ့ အဆုံးအမတွေကို ဖတ်ရှုလေ့လာနိုင်မယ်။ သူတပါးကိုလဲ သွန်သင်နိုင်မယ်။ လောကအကြောင်း ဓမ္မအကြောင်း ကောင်းကောင်း နားလည်မယ်လို့ ယုံကြည်ကြတယ်။ ကိုလိုနီခေတ်...

*ဖက်ဒရယ်မူကိုအကြောင်းပြပြီး စစ်တပ်ကအာဏာသိမ်းခဲ့သည်* ဖက်ဒရယ်မူဆိုတာ ခွဲထွက်ခြင်းပဲလို့ အားလုံးခေါင်းထဲသို့ စစ်အာဏာရှင်တွေက အတင်းရိုက်သွင်းခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ မျှတတဲ့တောင်းဆိုမှုတွေကို ပုံဖျက်ပြီး သမိုင်းကို လိမ်လည်ခဲ့ကြပါတယ်။ တောင်ကြီးညီလာခံပြီးတဲ့နောက် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ရောက်တဲ့အခါ ပထမအကြိမ်...

၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲကျင်းပပါတယ်။ တိုင်းရင်းသားအရေးကို အလေးပေးဆောင်ရွက်ဖို့နေနေသာသာ ပြည်မနိုင်ငံရေးခေါင်းဆောင်အချင်းချင်း ကွဲကြပြဲကြတယ်။ ၁၉၅၈ ခုနှစ်မှာ ဖဆပလ နှစ်ခြမ်းကွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။ *ပြည်ထောင်စုမှခွဲထွက်ခွင့်* လွတ်လပ်ရေးရဖို့အတွက် အောင်ဆန်း-အက်တလီစာချုပ်မှာ "နယ်ခြားဒေသများနှင့် မြန်မာနိုင်ငံပေါင်းစည်းရေးကို နယ်ခြားဒေသများတွင်နေထိုင်ကြသော တိုင်းရင်းသားများ၏ဆန္ဒအရ...