ကျွန်ုပ်တို့အကြောင်း
Legal Aspect for Myanmar People (LAMP) Facebook Page နှင့် Website သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူမှု ဖြစ်ပွားအပြီး အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ အတွက် သိသင့်သိထိုက်သော ဥပဒေများ၊ ပြည်သူ့ရေးရာ မူဝါဒများ၊ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုသိရှိလာရန် လိုအပ်နေကြောင်း မိမိတို့ LAMP အဖွဲ့သားများမှ သိရှိနားလည် မိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် နိုင်ငံရေးနှင့် ဥပဒေရေးရာ ဆိုင်ရာ ချဉ်းကပ်မှုများအား လေ့လာရာတွင် စနစ်တကျ သိမြင်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဥပဒေပညာရှင်များ တက်ကြွလှုပ်ရှား နေကြသော လူငယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးတွင် ပါဝင်ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်များ၏ ဆောင်းပါးများ၊ အတွေးအမြင်များကို ပြည်သူများ သိရှိဆဝါးနိုင်စေရန် ရည်ရွယ်၍ LAMP Facebook Page နှင့် Website တို့မှ တင်ပြပေးသွားမည် ဖြစ်ပါသည်။
ပြည်သူများ အနေဖြင့် ဓမ္မနှင့် အဓမ္မ တိုက်ပွဲတွင် အဓမ္မ သမားများအနေဖြင့် တည်ဆဲဥပဒေများကို လိုသလို အသုံးချ၍ နိုင်ငံတော် အာဏာကို သိမ်းယူခြင်း၊ ဥပဒေများကို လစ်လျှူရှုခြင်း၊ ပြည်သူများ၏ လူ့အခွင့်အရေး စံနှုန်းများကို ချိုးဖောက်ခြင်း စသည့်လုပ်ရပ်များကို နိုင်ငံတကာ ဥပဒေများ၊ ပြည်တွင်းရှိတည်ဆဲ ဥပဒေများကို ကိုးကား၍ ပြည်သူများအား ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။
ပြည်သူများ အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ရေးရာများ၊ လူ့အခွင့်အရေး စံနှုန်းများ၊ ပြည်သူများအား အကာအကွယ် ပေးသည့် ပြည်တွင်းပြည်ပ ဥပဒေဆိုင်ရာများ၊ နိုင်ငံတကာရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ သမိုင်းကြောင်းများ၊ ရေးဆွဲပုံများ၊ ပြည်သူကို အစောင့်အရှောက်ပေးမှုများအား သိရှိနားလည်ပြီး ဓမ္မဘက်တော်သားများအဖြစ် ဓမ္မဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်မည်ဟု ယုံကြည်မိပါကြောင်း . . . . .