ခေါင်းဆောင်မှုနဲ့ လူထုဘဝ

ခေါင်းဆောင်မှုအခန်းမှာ ရှိသူတွေဆိုတာ ဘွဲ့ရသည်ဖြစ်စေ၊ ဘွဲ့မရသည်ဖြစ်စေ ပညာတတ် ပုဂ္ဂိုလ်တွေပဲ အများအားဖြင့် ဖြစ်လေ့ရှိပါတယ်။ ပညာတတ်လူပုဂ္ဂိုလ်တွေမှာ အားကောင်းချက်တခု ရှိတာက ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းပါ။ အခြေအနေတရပ်ကို အတွေ့အကြုံအခြေခံ၊ ပညာအခြေခံတွေနဲ့ ဘက်စုံ ခွဲခြမ်းစိတ်ဖြာတတ်ကြပါတယ်။ အဲသလို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ အားကောင်းချက်ရှိသလို၊ လူ့သဘာဝအတိုင်းပါဘဲ၊ အားနည်းချက်လည်း ရှိပါတယ်၊

ဘောဂဗေဒတွေ၊ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေမှာ အပေါ်ထပ်အဆောက်အအုံနဲ့ အခြေခံ အဆောက်အအုံဆိုတဲ့ ဝေါဟာရတွေက ရင်းနှီးကျွမ်းဝင်ကြပြီးသား။ နိုင်ငံရေးနယ်ပယ်ထဲမှာတော့ အဲဒီ အဆောက်အအုံနှစ်ခုကိစ္စဟာ လက်တွေ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခြေအနေ။ အဲဒီ့အဆောက်အအုံ ၂ ခုကို ဒီနေ့လက်တွေ့နိုင်ငံရေးနယ်ထဲမှာ ကြုံနေရတဲ့ပုံစံက အလွှာ ၂ လွှာအနေနဲ့ ဖော်ပြနေတာ။ အပေါ်ထပ်အလွှာက ခေါင်းဆောင်မှုအခန်း၊ အခြေခံအလွှာက ပြည်သူလူထု။

ခေါင်းဆောင်မှုအခန်း

ခေါင်းဆောင်မှုအခန်းက လမ်းစဉ်ဆိုင်ရာကိစ္စတွေ၊ မူဝါဒဆိုင်ရာကိစ္စတွေကို ဆုံးဖြတ်ချက် ချမှတ်ရတာ အားလုံးအသိ။ အဲဒီလို ချမှတ်ကြတဲ့အခါမှာ ခေါင်းဆောင်မှုအခန်းမှာရှိကြတဲ့ လူပုဂ္ဂိုလ်တွေဟာ မူဝါဒတွေ၊ လမ်းစဉ်တွေကို ဘယ်လိုချမှတ်သလဲဆိုတာ လေ့လာကြည့်သင့်တဲ့ကိစ္စ။ အဖွဲ့အစည်းဆိုတာလည်း လူပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ အဖွဲ့အစည်းထဲမှာရှိတဲ့ ခေါင်းဆောင်မှု အဆင့်ဆင့်ဆိုတာနဲ့ညွှန်းပြီး မပြောတော့ဘဲ လူပုဂ္ဂိုလ်တွေကိုသာ ညွှန်းပြီး ပြောဖို့ပါ။ တခုခုကို ဆုံးဖြတ်တဲ့အခါမှာ အဖွဲ့အစည်းသဘောဆောင်မှုက အရေးကြီးတာ အမှန်၊ ဒါပေမဲ့ အမှန်တကယ် စဉ်းစားဆုံးဖြတ်ကြတဲ့အခါ လူပုဂ္ဂိုလ်တွေရဲ့ခေါင်းတွေ (ဦးနှောက်တွေ)စုပေါင်းပြီး ဆုံးဖြတ်ကြတာပါ။ ဒါကြောင့် မူဝါဒလမ်းစဉ်တွေကို စဉ်းစားဆုံးဖြတ်တဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ်တွေကို တည်ပြီး ပြောပါမယ်။

 ယေဘုယျအားဖြင့် မူဝါဒလမ်းစဉ်တွေ ဖော်ထုတ်မှုလုပ်ငန်းစဉ်မှာ အခုလို အခြေခံအကြောင်း တရားတွေ ပါဝင်တာ တွေ့ရပါတယ်။

၁။ အတိတ် နဲ့ ပစ္စုပ္ပန်အတွေ့အကြုံတွေအပေါ် အခြေခံတယ်။

၂။ လေ့လာခဲ့ရတဲ့သဘောတရား၊ သီဝရီတွေအပေါ် အခြေခံတယ်။

၃။ မျှော်မှန်းထားတဲ့ ရည်မှန်းချက်အပေါ် အခြေခံတယ်။

၄။ (လူတဦးချင်းရဲ့ ဆင်ခြင်တုံတရားအတိမ်အနက်နဲ့ယှဉ်တဲ့) စိတ်ခံစားမှုအပေါ် အခြေခံ တယ်။

၅။ ပကတိအခြေအနေအပေါ် အခြေခံတယ်။

၆။ လူထုရဲ့ဖော်ပြချက်အပေါ် အခြေခံတယ်။

လူဆိုတာ နိုင်ငံရေးသတ္တဝါဆိုတဲ့ဆိုစကားအတိုင်းပါဘဲ၊ နိုင်ငံရေးဆိုတာ မီးဖိုချောင်ကနေ အိမ် ဦးခန်းအထိ သက်ဆိုင်တဲ့အကြောင်းအရာဖြစ်လို့ လူတိုင်းနဲ့ပတ်သက်နေပါတယ်။ ဒါပေမဲ့ လူထုဆို တာ နိုင်ငံရေးသမားမဟုတ်ပါ။ ဒါကြောင့် သူတို့နဲ့ပတ်သက်နေတဲ့နိုင်ငံရေးအကြောင်းအရာကို နိုင်ငံ ရေးစကားလုံးတွေနဲ့မဟုတ်ဘဲ၊ လူထုသုံး အရပ်သုံးစကားလုံးတွေနဲ့ ဖော်ပြကြပါတယ်။

လူပုဂ္ဂိုလ်နဲ့စိတ်ခံစားမှု

ခေါင်းဆောင်မှုအခန်းမှာ ရှိသူတွေဆိုတာ ဘွဲ့ရသည်ဖြစ်စေ၊ ဘွဲ့မရသည်ဖြစ်စေ ပညာတတ် ပုဂ္ဂိုလ်တွေပဲ အများအားဖြင့် ဖြစ်လေ့ရှိပါတယ်။ ပညာတတ်လူပုဂ္ဂိုလ်တွေမှာ အားကောင်းချက်တခု ရှိတာက ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းပါ။ အခြေအနေတရပ်ကို အတွေ့အကြုံအခြေခံ၊ ပညာအခြေခံတွေနဲ့ ဘက်စုံ ခွဲခြမ်းစိတ်ဖြာတတ်ကြပါတယ်။ အဲသလို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ အားကောင်းချက်ရှိသလို၊ လူ့သဘာဝအတိုင်းပါဘဲ၊ အားနည်းချက်လည်း ရှိပါတယ်၊ ယေဘုယျကျတဲ့ အဓိကအားနည်းချက်တခု ကတော့ နံပတ် ၄ အချက်မှာ ဖော်ပြထားတဲ့ စိတ်ခံစားမှုကိစ္စပါ။

ပကတိအခြေအနေကို သုံးသပ်တယ်ကြည့်မြင်တယ်ဆိုတာ ပကတိအခြေအနေကို အရှိ အရှိ အတိုင်း ကြည့်မြင်သုံးသပ်ခြင်းပါ၊ ကိုယ်ဖြစ်လိုခြင်း၊ မဖြစ်လိုခြင်းတွေ မပါဘဲ ပကတိအရှိတရားကို အရှိအတိုင်း ကြည့်မြင်ရပါတယ်။ အဲသလိုကြည့်မြင်သုံးသပ်တဲ့အခါမှာ တိမ်းစောင်းမှု၊ မသိမသာကနေ သိသိသာသာ လွဲချော်မှု ဖြစ်သွားစေတတ်တဲ့အကြောင်းတရားကတော့ ဖြစ်လိုခြင်း၊ မဖြစ်လိုခြင်း ဆိုတဲ့စိတ်ခံစားမှုတွေ ရောယှက်ပါဝင်သွားလို့ပါပဲ။

ဒါကြောင့်ပဲ ခွဲခြမ်းစိတ်ဖြာမှုအတတ်ပညာ အားကောင်းလှတဲ့ ခေါင်းဆောင်မှုအခန်းက ပညာတတ် လူပုဂ္ဂိုလ်တွေဟာ ပကတိအခြေအနေကို ချဉ်းကပ်ကြည့်မြင်တဲ့အခါမှာ စိတ်ခံစားမှုနဲ့ ကြည့်မြင် သုံးသပ်ပြီး၊ စိတ်ခံစားမှု ပါဝင်ရင် ပါဝင်သလောက် အရှိတရား၊ အမှန်တရားကနေ လမ်းလွဲသွားတတ်ကြပါတယ်။

လူထုရဲ့ဖော်ပြချက်၊ လူထုရဲ့သဘောထားနဲ့ပတ်သက်လို့ အထူးသတိထားရဖို့အကြောင်းတခု ရှိပါသေးတယ်။ အဲဒါကတော့ လူထုဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပါတယ်။ နိုင်ငံရေးသမားတွေမှာ၊ အတိအကျပြောရရင်တော့ မရိုးသားတဲ့ နိုင်ငံရေးအပြုအမူတွေမှာ သူတို့လုပ်ချင်ရာလုပ်ဖို့အတွက် လူထုသဘောထားဆိုတာကို ထည်လဲယူသုံးတတ်ကြပါတယ်။ ဒါကြောင့် လူထုသဘောထား၊ လူထု ရဲ့ဖော်ပြချက်ဆိုတာကိုလည်း အတိအကျ စစ်ထုတ်ဖို့ လိုပါတယ်။

လူထုရဲ့ဖော်ပြချက်

လူဆိုတာ နိုင်ငံရေးသတ္တဝါဆိုတဲ့ဆိုစကားအတိုင်းပါဘဲ၊ နိုင်ငံရေးဆိုတာ မီးဖိုချောင်ကနေ အိမ်ဦးခန်းအထိ သက်ဆိုင်တဲ့အကြောင်းအရာဖြစ်လို့ လူတိုင်းနဲ့ ပတ်သက်နေပါတယ်။ ဒါပေမဲ့ လူထုဆိုတာ နိုင်ငံရေးသမားမဟုတ်ပါ။ ဒါကြောင့် သူတို့နဲ့ပတ်သက်နေတဲ့ နိုင်ငံရေးအကြောင်းအရာကို နိုင်ငံရေးစကားလုံးတွေနဲ့ မဟုတ်ဘဲ၊ လူထုသုံး အရပ်သုံး စကားလုံးတွေနဲ့ ဖော်ပြကြပါတယ်။

ဥပမာအနေနဲ့ ရှစ်လေးလုံးကာလ လူထုကြွေးကြော်သံတွေကို ပြန်ကြည့်ရင် “ဘဲဥတလုံး နှစ်ကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲ”၊ “ဆန်တပြည် ၁၅ ကျပ် စိန်လွင်ခေါင်းကိုဖြတ်”၊ “ဆန်တပြည် ၁၅ ပြား နေဝင်းသေမှစား” စတဲ့ကြွေးကြော်သံတွေဟာ ၁၉၈၇ ခုနှစ်မှာ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (Least Developed Country – LDC) စာရင်းဝင်သွားပြီး၊ စီးပွားရေး ချွတ်ခြုံကျသွားတဲ့ အခြေအနေကို မကျေနပ်ကြောင်း ထင်ဟပ်တဲ့ လူထုရဲ့နိုင်ငံရေးဖော်ပြချက်ကြွေးကြော်သံတွေပါ။ တိုင်းပြည် ဆင်းရဲ ဒုက္ခ ရောက်သွားရတဲ့အခြေအနေနဲ့အတူ အဲဒီ့အချိန်က နိုင်ငံတော်သမ္မတဖြစ်တဲ့ စိန်လွင်၊ အကြီးဆုံး စစ်အာဏာရှင်ခေါင်းဆောင်ဖြစ်တဲ့ နေဝင်းတို့ကိုပါ ဖယ်ရှားပေးဖို့ လူထုအသံ၊ လူထုစကားလုံးနဲ့ ကြွေးကြော်ခဲ့ကြတာပါ။

လူထုရဲ့ကြွေးကြော်သံတွေကနေ အဲ့ဒီခေတ်ကာလ နိုင်ငံရေးသမားတွေက ရှစ်လေးလုံးဒီမို ကရေစီ လူထုအရေးတော်ပုံကြီးတခုလုံးရဲ့ ကြွေးကြော်သံတွေကို “တပါတီစနစ် ဖျက်သိမ်းရေး”၊ “ပါတီစုံစနစ်ကျင့်သုံးရေး” ဆိုတဲ့ နိုင်ငံရေးစကားလုံးတွေနဲ့ ထင်ဟပ်ဖော်ပြခဲ့ကြတာပါ။

ခေါင်းဆောင်မှုအခန်းမှာ ရှိနေတဲ့နိုင်ငံရေးသမားတွေဟာ (ကြွေးကြော်သံနဲ့ဖော်ပြမှ မဟုတ် ဘဲ) လူထုရဲ့ပကတိဖော်ပြချက်တွေကို၊ လူထုရဲ့အသံအစစ်အမှန်ကို စိတ်ခံစားမှုကင်းကင်းနဲ့ ဖော်ထုတ် ဘာသာပြန်နိုင်ဖို့လိုပါတယ်။

လူထုသဘောထားဖော်ပြချက်၊ လူထုအသံကို ရယူနိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးနဲ့ အနီးစပ်ဆုံး မှန်မှန်ကန်ကန်ရယူနိုင်တဲ့တခုတည်းသောနည်းလမ်းကတော့ –
– လူထုထဲမှာ နေထိုင်ဖို့ပါပဲ၊
– ဆိုလိုတာက လူထုဘဝနဲ့ ကိုယ့်ရဲ့နေထိုင်မှုဘဝ မကွာခြားဖို့ လိုပါတယ်၊ အထူးသဖြင့် အလွန်အမင်း မကွာခြားဖို့လိုပါတယ်။ ဒီအချက်ဟာ အလွန်လည်း အရေးကြီးပါတယ်။

နိုင်ငံရေးသမားနဲ့ လူထုကြားက ကွင်းဆက်

အထက်မှာ ဖော်ပြခဲ့တဲ့ ခေါင်းဆောင်မှုအခန်းက နံပတ် ၅။ ပကတိအခြေအနေအပေါ် အခြေ ခံတယ် … ဆိုတဲ့အချက်နဲ့၊ နံပတ် ၆။ လူထုရဲ့ဖော်ပြချက်အပေါ် အခြေခံတယ် … ဆိုတဲ့အချက်တွေဟာ နိုင်ငံရေးအလွှာ ၂ လွှာကြားက သိသာထင်ရှားတဲ့ ဆက်စပ်မှု ကွင်းဆက်ဖြစ်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်မှုအခန်းမှာ ရှိနေသူတွေဟာ မြေပြင်မှာအမှန်တကယ်ဖြစ်ပေါ်နေတဲ့၊ လူထုဘဝ အစစ်အမှန်ဖြစ်တဲ့၊ ပကတိအခြေအနေနဲ့သက်ဆိုင်အကျုံးဝင်တဲ့ဘက်အသီးသီးရဲ့ ပကတိ အရှိတရား အမှန်တွေကို အရှိအတိုင်း သုံးသပ်နိုင်ဖို့လိုတဲ့အတွက် အဲဒီလိုပကတိအခြေအနေကို သုံးသပ်တဲ့အခါမှာ –

  • တွေ့၊ မြင်၊ ကြားသိ ရတဲ့အချက်အလက်တွေကို မိမိရဲ့ထင်မြင်ချက်နဲ့မပေါင်းစပ်ဘဲ၊ မိမိရဲ့ ခံစားမှုအခံ မစွက်ဖက်ဘဲ တွေ့၊ မြင်၊ ကြားသိရတဲ့အတိုင်း မှတ်သားဖို့လိုပါတယ်။
  • လက်လှမ်းမီနိုင်သမျှ ဘက်ပေါင်းစုံကို စုံနိုင်သမျှစုံအောင် အချက်အလက်တွေ ရယူဖို့လိုပါတယ်။

လူထုရဲ့ဖော်ပြချက်၊ လူထုရဲ့သဘောထားနဲ့ပတ်သက်လို့ အထူးသတိထားရဖို့အကြောင်းတခု ရှိပါသေးတယ်။ အဲဒါကတော့ လူထုဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပါတယ်။ နိုင်ငံရေးသမားတွေမှာ၊ အတိအကျ ပြောရရင်တော့ မရိုးသားတဲ့ နိုင်ငံရေးအပြုအမူတွေမှာ သူတို့လုပ်ချင်ရာလုပ်ဖို့အတွက် လူထုသဘောထား ဆိုတာကို ထည်လဲယူသုံးတတ်ကြပါတယ်။ ဒါကြောင့် လူထုသဘောထား၊ လူထုရဲ့ဖော်ပြချက် ဆိုတာကိုလည်း အတိအကျ စစ်ထုတ်ဖို့ လိုပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ထိတွေ့ရတဲ့သူတွေဆီက ကြားသိရရုံမျှနဲ့ အဲဒါ လူထုသဘောထားလို့ ကောက်ယူလိုက်လို့ မရပါဘူး။ အကြောင်းချင်းရာမျိုးစုံ၊ နယ်ပယ်မျိုးစုံလိုက်လို့ လူထုသဘောထား စစ်တမ်းကောက်ယူတဲ့ မေးခွန်းလွှာနည်းနာမျိုးစုံ ရှိနိုင်ပေမယ့်၊ နိုင်ငံရေးနဲ့ပတ်သက်လို့ လူထုသဘော ထားဖော်ပြချက်ကို အမှန်အတိုင်းရရှိအောင် ကောက်ယူတဲ့ပုံသေနည်းရယ်လို့ မတွေ့မိသေးပါဘူး။

ယေဘုယျအားဖြင့် နိုင်ငံရေးမှာ လူထုသဘောထားဖော်ပြချက်ကို အနီးစပ်ဆုံး ကောက်ယူလို့ ရနိုင်တဲ့နည်းလမ်းတခုတော့ ရှိပါတယ်၊ အဲဒါကတော့ လူထုအများစုကြီးရဲ့အသံကို ရယူတာပဲ ဖြစ်ပါတယ်။ လူထုအများစုကြီးရဲ့အသံကို ဘယ်လို ရယူနိုင်မလဲ။ ဒါလည်း ပုံသေနည်းမရှိပါဘူး။

လူထုသဘောထားဖော်ပြချက်၊ လူထုအသံကို ရယူနိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးနဲ့ အနီးစပ်ဆုံး မှန်မှန်ကန်ကန်ရယူနိုင်တဲ့တခုတည်းသောနည်းလမ်းကတော့ –

  • လူထုထဲမှာ နေထိုင်ဖို့ပါပဲ၊
  • ဆိုလိုတာက လူထုဘဝနဲ့ ကိုယ့်ရဲ့နေထိုင်မှုဘဝ မကွာခြားဖို့ လိုပါတယ်၊ အထူးသဖြင့် အလွန် အမင်း မကွာခြားဖို့လိုပါတယ်။ ဒီအချက်ဟာ အလွန်လည်း အရေးကြီးပါတယ်။
  • လူထုအများစုကြီးရဲ့ ဘဝအခြေအနေ၊ နေထိုင်မှုဘဝနဲ့ ကိုယ့်တဦးချင်းရဲ့ နေထိုင်မှုဘဝ အခြေအနေ အလွန်ကွာခြားနေရင် လူထုခံစားမှု၊ လူထုသဘောထားကို ဘယ်လိုမှ ထပ်တူခံစားဖို့၊ ထပ်တူသိမြင်ဖို့ မဖြစ်နိုင်ပါဘူး၊ ဒီသဘောကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး၊ ဘဝချင်းကွာရင် ခံစားမှုချင်း အသိအမြင်ချင်း ကွာသွားပါတယ်။ လူထုရဲ့သဘောထားကိုလည်း တလွဲကောက်ယူ၊ တလွဲအဓိပ္ပာယ် ဖွင့်မိတော့မှာ အသေအချာပါ။

ပြန်ချုပ်ဖော်ပြရရင် မူဝါဒလမ်းစဉ်တွေဟာ အပေါ်ထပ်အဆောက်အအုံမှာ ရှိနေတဲ့ လူတစုဆီက လာတာမဟုတ်ဘဲ၊ လူထုဆီကလာတဲ့ လူထုကို ကိုယ်စားပြုတဲ့ မူဝါဒ လမ်းစဉ်တွေဖြစ်ဖို့အတွက်၊ တနည်းအားဖြင့် လက်တွေ့ကျတဲ့ မူဝါဒလမ်းစဉ်တွေဖြစ်ဖို့အတွက်  ခေါင်းဆောင်မှုအခန်းနဲ့အခြေခံ လူထုကြားက အဓိကကျတဲ့ဆက်စပ်မှုကတော့ ခေါင်းဆောင်မှုအခန်းမှာ ရှိသူများရဲ့ ပုံမှန်နေထိုင် မှုဘဝနဲ့ လူထုအများစုကြီးရဲ့ပုံမှန်နေထိုင်မှုဘဝ မကွာဟနေဖို့ပဲ ဖြစ်ပါတယ်။      ။

အောင်သစ်

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)