နိုင်ငံတကာ အရေးအခင်းများအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ စွမ်းဆောင်နိုင်မှု အခြေအနေ (အပိုင်း – ၁)

ပဋိပက္ခတိုင်းသည် ကမ္ဘာ၏ တည်ငြိမ်အေးချမ်းရေးနှင့် လူသားမျိုးနွယ်စု၏ အသက်ရှင်မှုကို အနည်းနှင့် အများဆိုသလို ခြိမ်းခြောက်မြဲ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပဋိပက္ခ ကမ္ဘာစစ်ကြီး (၂) ကြိမ် ဖြစ်ခဲ့သည်။ လူအများအပြားအသက်ဆုံးရှုံးခဲ့ရသည်။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံတချို့ မြေပုံ ပြောင်းလဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် နောင်တစ်ကြိမ် မဖြစ်ပေါ် စေရန်အတွက် စစ်နိုင်သော နိုင်ငံများ စုပေါင်း၍ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့သည်။ ငြိမ်းချမ်းရေး၊ လူသားမျိုးနွယ် လုံခြုံရေး ကို ကာကွယ်ရန် ရည်ရွယ်ချက်ထားခဲ့သည်။ ၎င်းအဖွဲ့အစည်းကို ကုလသမဂ္ဂဟု အမည်ပေးခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ အားလုံးနီးပါး အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ကုလသမဂ္ဂဖွဲ့စည်းပြီး နောက်ပိုင်း ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို မည်သည့် အတိုင်းအတာအထိ ဖြေရှင်းနိုင်ခဲ့သလဲဆိုသည့် မေခွန်းထုတ်သံများ ယခုအချိန်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီ ဖြစ်သည်။

ယနေ့ကမ္ဘာတွင် နိုင်ငံများအချင်းချင်း အကြားတွင် လည်းကောင်း နိုင်ငံတစ်ခုအတွင်းတွင်လည်ကောင်း ပဋိပက္ခများ အများအပြားပေါ်ပေါက်နေသည်ကို တွေ့မြင်ရသည်။ ပဋိပက္ခများသည် တချို့နေရာများ တွင်ဆွေးနွေးပြောဆိုခြင်းများနှင့် ပြီးဆုံးခဲ့သလို တချို့အခြေအနေများသည် ပြင်းတန်သော ပဋိပက္ခများအဖြစ် ပြောင်းလဲသွားသည်ကိုလည်း တွေ့မြင်ရသည်။ မည်သို့ပင်ဆိုစေကာမူ ပဋိပက္ခတိုင်းသည် ကမ္ဘာ၏ တည်ငြိမ်အေးချမ်းရေးနှင့် လူသားမျိုးနွယ်စု၏ အသက်ရှင်မှုကို အနည်းနှင့်အများဆိုသလို ခြိမ်းခြောက်မြဲ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပဋိပက္ခ ကမ္ဘာစစ်ကြီး (၂) ကြိမ် ဖြစ်ခဲ့သည်။ လူအများအပြား အသက်ဆုံးရှုံးခဲ့ရသည်။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံတချို့မြေပုံပြောင်းလဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် နောင်တစ်ကြိမ် မဖြစ်ပေါ်စေရန်အတွက် စစ်နိုင်သောနိုင်ငံများ စုပေါင်း၍ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုကိုထူထောင်ခဲ့သည်။ ငြိမ်းချမ်းရေး၊ လူသားမျိုးနွယ် လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ချက်ထားခဲ့သည်။ ၎င်းအဖွဲ့အစည်းကို ကုလသမဂ္ဂဟု အမည်ပေးခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ အားလုံးနီးပါး အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ကုလသမဂ္ဂဖွဲ့စည်းပြီး နောက်ပိုင်း ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို မည်သည့် အတိုင်းအတာအထိ ဖြေရှင်းနိုင်ခဲ့သလဲဆိုသည့် မေခွန်းထုတ်သံများ ယခုအချိန်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်အစိုးအပေါ် ပြည်သူများဆန့်ကျင်သော နွေဦးတော်လှန်ရေး  မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ စစ်အစိုးရများ၏ လုပ်ဟန်အတိုင်း အကြမ်းဖက် ဖြိုခွင်းမှုကို ပြုလုပ်ခဲ့သည်။ တော်လှန်ရေးသမားများဖက်မှလည်း ခုခံကာကွယ်ပိုင်ခွင့်ဆိုသော ဥပဒေပြဌာန်းချက်ကို ကိုင်စွဲ၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှသည် ခုခံခြင်း၊ ထိုမှတဆင့် ပြန်လည် တိုက်ခိုက်ခြင်းဆိုသော အယူအဆသို့  ပြောင်းလဲခဲ့သည်။ နောက်ဆုံးတွင် ပြည်သူများအကြား လက်နက်ကိုင်တော်လှန်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာပြီး တစ်နိုင်ငံလုံး တမဟုတ်ချင်းပြန့်နှံ့သွားခဲ့သည်။

နွေဦးတော်လှန်ရေး၏ ခုခံကာကွယ်ခြင်းအစတွင်ပင် စစ်အာဏာရှင် တို့၏ ထုံးစံအတိုင်း လက်နက်မဲ့ ပြည်သူတွေကို  ရန်သူကဲ့သို့ သဘောထားကာ ရက်ရက်စက်စက် အပြင်းအထန် နှိမ်နင်းခဲ့သည်။ လူ့အခွင့်အရေး ကိုလစ်လျူရှုရုံမက လူသားမျိုးနွယ်အပေါ် ကျုးလွန်သော ရာဇဝတ်မှုများကိုပင် ဆက်တိုက်ကျုးလွန်ခဲ့သည်။ နိုင်ငံရေးအရ လှုံ့ဆော်သူများကလည်း ကုလသမဂ္ဂ တပ်တွေမကြာခင်ဝင်ရောက်နိုင်သည်။ R2P (Responsibility to Protect) ဝင်ရောက်ဆောင်ရွက်မည်ဆိုသော အယူအဆကိုထုတ်ဖေါ်ပြောကြားလာသလို ပြည်သူများ၊ တော်လှန်သူများ အကြားတွင်လည်း  ရေပန်းစားခဲ့သည်။ အားလုံးက အမျှော်လင့်ကြီး မျှော်လင့်ကြသည်။ သို့သော် ကုလသမဂ္ဂသည် ရှုတ်ချ ခြင်းမှ တစ်ပါး အခြားဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ နိုင်ငံတစ်ခုချင်းစီမှ အထူးသဖြင့် အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှုများကို တစ်ဦးချင်းသော်လည်းကောင်း၊ နိုင်ငံစီးပွားရေးများကိုသော်လည်း ကောင်း ပိတ်ဆို့သော လုပ်ငန်းစဉ်ကိုသာ ဆောင်ရွက်နိုင်ခဲ့သည်။

၎င်းအခြေအနေသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုသော အယူအဆ ရှေ့တန်းရောက်လာပြီး နိုင်ငံတကာ အသိုင်းအဝန်း အထူးသဖြင့် ဒီမိုကရေစီစနစ် ရှင်သန်နေသော အနောက်နိုင်ငံအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအပေါ် အားကိုးမှု လျော့ကျလာခဲ့သည်။ နိုင်ငံတကာ၏ လူ့အခွင့်အရေး စံနှုန်းများအပေါ် အရေးတယူဆောင်ရွက်မှုကို စိတ်ပျက်လာပုံရသည်။  ၎င်း၏ အကျိုးဆက်က မိမိတို့ကိုယ်တိုင် လူ့အခွင့်စံနှုန်းများကို သိသိသာသာရော၊ မသိမသာပါ ချိုးဖေါက်မှု  တချို့ဖြစ်ပေါ်လာပြီး တော်လှန်ရေး ‌အတွက် အကျိုးရှိမည်ဆိုလျှင် မည်သို့သော အမူအကျင့်မဆို ကျင့်သုံးရန် သင့်လျှော်သည် ဆိုသော အတွေးခေါ်မျိုး စတင် အားကောင်းလာသည်ကို တွေ့ရသည်။ တော်လှန်ရေး အောင်မြင်မှုအတွက် ရေတိုတွင် အသုံးဝင်ကောင်း ဝင်နိုင်သော်လည်း ရေရှည်တွင် ပြည်သူများအကြား၊ နိုင်ငံတကာအကြားတွင် တော်လှန်ရေးအပေါ် ထောက်ခံမှု လျှော့ကျသွားနိုင်ပါသည်။ နိုင်ငံတကာနှင့် ကမ္ဘာကုလသမဂ္ဂ လို အဖွဲ့အစည်းများထံမှ ထိရောက်သော ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန် သူတို့၏ လုပ်ထုံးလုပ်နည်း များနှင့် အဖွဲ့အစည်း၏ လည်ပတ်နေပုံများ၊ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များအပေါ် အခြေခံသိနားလည်မှု ရှိရန်တော့ လိုအပ်သည်။ ၎င်းသိမှုသည် နိုင်ငံတကာနှင့် ဟန်ချက်ညီ ချိတ်ဆက်နိုင်ရန် မူဝါဒချမှတ်နိုင်မှုကို ကောင်းစွာ အထောက်အကူ ပြုနိုင်ပါသည်။ ခေါင်းဆောင်တချို့ ဒါမှမဟုတ်ရင် လွှမ်းမိုးနိုင်စွမ်းရှိသူ တချို့အနေဖြင့်လည်း မိမိတို့၏ စကားရပ်များ၊ ဆောင်ပုဒ်များ တချို့သည် ဖြစ်နိုင်ချေရှိနိုင်မှုအပေါ် အခြေမခံဘဲ  လှုံ့ဆော်ရန်သက်သက်အဖြစ် အလွယ်တကူသုံးစွဲလိုက်ပါက တော်လှန်ရေးအပေါ် လျှပ်တပျက် တွန်းအားသာရှိပြီး အချိန်ကြာလာသည့်အမျှ အပျက်သဘောဆောင်သော အခြေအနေသို့ ဦးတည်သွားတတ်သည်ကို သတိထားသင့်သည်။

ယခုဆောင်းပါးသည် တော်လှန်‌ရေး ကာလအရှေ့ပိုင်းတွင် ပြည်သူအများစု မျှော်လင့်နေသော R2P (Responsibility to Protect) အကြောင်းကို အခြေခံမိတ်ဆက်ပေးချင်သော ဆောင်းပါးဖြစ်သည်။ R2P အကြောင်းပြောမည်ဆိုလျှင် ကမ္ဘာကုလသမဂ္ဂ အကြောင်းချန်ထား၍ မရနိုင်ပါ၊ ထို့အတူ လုံခြုံရေးကောင်စီ အကြောင်းလည်း ထည့်သွင်း ပြောကြားရမည်ဖြစ်သည်။

နွေဦးတော်လှန်ရေး၏ ခုခံကာကွယ်ခြင်းအစတွင်ပင် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း လက်နက်မဲ့ ပြည်သူတွေကို  ရန်သူကဲ့သို့ သဘောထားကာ ရက်ရက်စက်စက် အပြင်းအထန် နှိမ်နင်းခဲ့သည်။ လူ့အခွင့်အရေး ကိုလစ်လျူရှုရုံမက လူသားမျိုးနွယ်အပေါ် ကျုးလွန်သော ရာဇဝတ်မှုများကိုပင် ဆက်တိုက်ကျုးလွန် ခဲ့သည်။ နိုင်ငံရေးအရ လှုံ့ဆော်သူများကလည်း ကုလသမဂ္ဂ တပ်တွေမကြာခင်ဝင်ရောက်နိုင်သည်။ R2P (Responsibility to Protect) ဝင်ရောက်ဆောင်ရွက်မည်ဆိုသော အယူအဆကိုထုတ်ဖေါ်ပြောကြားလာသလို ပြည်သူများ၊ တော်လှန်သူ များအကြားတွင်လည်း  ရေပန်းစားခဲ့သည်။ အားလုံးက အမျှော်လင့်ကြီး မျှော်လင့်ကြသည်။ သို့သော် ကုလသမဂ္ဂသည် ရှုတ်ချ ခြင်းမှတစ်ပါး အခြားဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ကမ္ဘာ့ကုလသမဂ္ဂ

ကမ္ဘာပေါ်တွင် ကမ္ဘာစစ် (၂) ကြိမ်ဖြစ်ပွားခဲ့သည်ကို လူတိုင်းသိကြသည်။ ပထမကမ္ဘာစစ် အပြီးတွင် စစ်နိုင်နိုင်ငံများစုပေါင်း၍ ၁၉၁၉ – ၂၀ ခုနှစ်အတွင်း ဗာဆိုင်းစာချုပ်အရ နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့စည်းခဲ့သည်။ အစိုးရများအကြား ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ၁၉၃၄ – ၃၅ ခုနှစ်တွင် အဖွဲ့ဝင် ၅၈ နိုင်ငံရှိခဲ့သည်။ အသင်းချုပ်၏ ရည်ရွယ်ချက်များတွင် အမျိုးသမီး အခွင့်အရေး၊ စစ်သား အခွင့်အရေး၊ လူဖြူမဟုတ်သူများ၏ အခွင့်အရေး စသည့် လူ့အခွင့်အရေးများအား မြှင့်တင်ပေးရေး၊ လက်နက်မပြန့်ပွားရေး၊ စစ်မက်တားဆီးရေး၊ နိုင်ငံများအကြား ကွာဟချက်များကို သံတမန်နည်းလမ်းအရ ညှိနှိုင်းဖြေရှင်းရေးတို့ ပါဝင်သည်။ သို့သော်လည်း အသင်း၏ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ကိုင်နိုင်စွမ်းမရှိသည့် ရလဒ်အနေဖြင့် ၁၉၃၉ ခုနှစ်တွင်  ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်။ ပထမကမ္ဘာစစ်ပွဲ၏ အဆက်အဖြစ် စစ်သမိုင်းပညာရှင်များက သုံးသပ်ခဲ့ကြပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြားတွင် မဟာမိတ်များဖွဲ့၍ အစုအဖွဲ့ (၂) ခုအနေဖြင့် တိုက်ခိုက်ကြခြင်း ဖြစ်သည်။  စစ်သားဦးရေ သန်း ၁၀ဝ ကျော် ပါဝင်တိုက်ခိုက်ကြပြီး စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်များအပြင် အရပ်ဖက် ပစ်မှတ်များကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်း သန်း ၇၀ နီးပါး သေကြေပျက်စီးခဲ့ရာ အများစုမှာ အရပ်သားများဖြစ်သည်။ (Wikipedia)

၁၉၄၅ ခုနှစ် ဧပြီလတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် နိုင်ငံပေါင်း ၅၁ နိုင်ပါဝင်သည့် ညီလာခံပြုလုပ်ပြီး  အခန်းကြီး (၁၉) ခန်း၊ ပုဒ်မ ၁၁၁ ခုပါဝင်သော ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ဇွန်လ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး  ၁၉၄၅ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် အတည်ဖြစ်ခဲ့သည်။ စတင်ဖွဲ့စည်းချိန်က နိုင်ငံပေါင်း (၅၁) နိုင်ငံရှိသော်လည်း ယခုအချိန်တွင် ကုလသမဂ္ဂသည် အဖွဲ့ဝင် နိုင်ငံ (၁၉၃) နိုင်ငံ ရှိနေပြီဖြစ်သည်။

 အခန်း(၁) တွင်ဖေါ်ပြထားသော ကုလသမဂ္ဂ၏ အခြေခံမူနှင့် ရည်ရွယ်ချက်များကို အောက်ပါအတိုင်းတွေ့ရသည်။

  1. ကမ္ဘာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်တံ့အောင်ထိန်းသိမ်းရန်နှင့် ပြည်ထောင်အချင်းချင်း အငြင်းပွားမှုများကို ရားမျှတမှုရှိစွာဖြင့် အပြည်ပြည်ဆိုင်ရာတရားဥပဒေများနှင့် အညီ ငြိမ်းချမ်းစွာ ဖြေရှင်း ဆောင်ရွက်နိုင်ရန်။
  2. လူများတွင် တန်းတူရည်တူ အခွင့်အရေးများနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည် ဆိုသောမူကို လေးစားလိုက်နာ၍ကမ္ဘာ့ငြိမ်းချမ်းရေးတိုးတက်ခိုင်မြဲစေရေးအတွက် အခြားသင့်သော်သော လုပ်ငန်းစဉ်များလည်း ဆောင်ရွက်ရန်။
  3. အပြည်ပြည်ဆိုင်ရာ အရေးကိစ္စများ ဖြေရှင်းရာတွင် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ဘာသာနှင့် ကျားမ မရွေး လူသားအားလုံး၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ အပေါ် လေးစားလိုက်နာစေရန်နှင့် ပြည်ထောင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ရစေရန်။ နှင့်
  4. အထက်ပါလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်အတွက် ညှိနှိုင်းပေးရာ ဗဟိုစင်တာကြီး အဖြစ် တည်ရှိနေစေရန် တို့ ဖြစ်သည်။

ကမ္ဘာကုလသမဂ္ဂတွင် အဓိက လုပ်ငန်းဆောင်ရွက်နေသော အစိတ်အပိုင်းအားဖြင့် (၆)ခုရှိသည်။

၁။ အထွေထွေ ညီလာခံ၊

၂။ လုံခြုံရေးကောင်စီ

၃။ စီးပွားရေးနှင့်လူမှုရေးကောင်စီ၊

၄။ နယ်မြေထိန်းသိမ်းရေးကောင်စီ (Trusteeship Council)

၅။ အပြည်ပြည်ဆိုင်ရာတရားရုံး နှင့်

၆။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးတို့ဖြစ်သည်။

အထွေထွေညီလာခံ

အထွေထွေညီလာခံသည် နိုင်ငံတကာ ပါလီမန်ဖြစ်သည်။ ကုလသမဂ္ဂတွင် အဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံရှိသောကြောင့် ညီလာခံတွင် တစ်နိုင်ငံ ကိုယ်စားလှယ် တစ်ဦး နှုန်းဖြင့် ၁၉၃ ဦး တက်ရောက်သည်။ တစ်နိုင်ငံ မဲတစ်မဲစီဖြင့် တန်းတူအခွင့်အရေးရသည်။ ကုလသမဂ္ဂချာတာတွင် ဖေါ်ပြထားသော အကြောင်းအရာများနှင့် သက်ဆိုင်သည့် နိုင်ငံတကာ အရေးကိစ္စများကို ဆွေးနွေးအဖြေရှာ၊ ဆုံးဖြတ်ရာနေရာ ဖြစ်သည်။ အထွေထွေညီလာခံ ၏ အဓိကဆုံးဖြတ်သောအချက်များမှာ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့်တင်ပြသည့် အထွေထွေ အတွင်းရေးမှူးချုပ်ကို ရွေးချယ်ခြင်း၊ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအ ဖွဲ့ဝင်မဟုတ်သော အလှည့်ကျ အဖွဲ့ဝင်များကို ရွေးချယ်ခြင်းနှင့် ကုလသမဂ္ဂ၏ ဘတ်ဂျက်ကို အတည်ပြုပေးခြင်းတို့ကို လုပ်ဆောင်သည်။ အထွေထွေညီလာခံသည် နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ပုံမှန်အစည်းအဝေးများကို ပြုလုပ်လေ့ရှိသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပပါသည်။

နိုင်ငံတကာနှင့် ကမ္ဘာကုလသမဂ္ဂလို အဖွဲ့အစည်းများထံမှ ထိရောက်သော ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန် သူတို့၏ လုပ်ထုံးလုပ်နည်းများနှင့် အဖွဲ့အစည်း၏ လည်ပတ်နေပုံများ၊ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များအပေါ် အခြေခံသိနားလည်မှု ရှိရန်တော့ လိုအပ်သည်။ ၎င်းသိမှုသည် နိုင်ငံတကာနှင့် ဟန်ချက်ညီ ချိတ်ဆက်နိုင်ရန် မူဝါဒ ချမှတ်နိုင်မှုကို ကောင်းစွာ အထောက်အကူပြုနိုင်ပါသည်။ ခေါင်းဆောင်တချို့ ဒါမှမဟုတ်ရင် လွှမ်းမိုးနိုင်စွမ်းရှိသူ တချို့အနေဖြင့်လည်း မိမိတို့၏ စကားရပ်များ၊ ဆောင်ပုဒ်များ တချို့သည် ဖြစ်နိုင်ချေရှိနိုင်မှုအပေါ် အခြေမခံဘဲ  လှုံ့ဆော်ရန်သက်သက်အဖြစ် အလွယ်တကူသုံးစွဲလိုက်ပါက တော်လှန်ရေးအပေါ် လျှပ်တပျက် တွန်းအားသာရှိပြီး အချိန်ကြာလာသည့်အမျှ အပျက်သဘောဆောင်သော အခြေအနေသို့ ဦးတည်သွားတတ်သည်ကို သတိထားသင့်သည်။

လုံခြုံရေးကောင်စီ

ကုလသမဂ္ဂ၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကုလသမဂ္ဂချာတာအရ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် တာဝန်ရှိသည်။ လုပ်ပိုင်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ပေးထားသည်။ နိုင်ငံတကာ သဘောတူထားသည့် စံနှုန်းများနှင့် ကမ္ဘာလုံခြုံရေးကိုထိခိုက်စေနိုင်သော မည်သည့် ကိစ္စရပ်ကိုမဆို စုံစမ်းစစ်ဆေးနိုင်ပြီး အရေးယူမှုပြုလုပ်ရန် ဆုံးဖြတ်ချက်ချမှတ်နိုင်သည်။ ၎င်းတွင် အဖွဲ့ဝင် (၁၅) ဦးရှိပြီး အမြဲတမ်းအဖွဲ့ဝင် (၅) ဦးနှင့် အလှည့်ကျ အဖွဲ့ဝင် (၁၀) ဦးရှိသည်။ အမြဲတမ်းအဖွဲ့ဝင်များမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံ(Republic of China- ထိုင်ဝမ်) အစား တရုတ်ပြည့်သူသမ္မတနိုင်ငံ (People’s Republic of China) ကိုအစားထိုးပြောင်းလဲခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ (Soviet Union )မှ ရုရှားဖက်ဒရေးနိုင်ငံ (Russian Federation) ကို အမြဲတမ်း အဖွဲ့ဝင်အဖြစ် ပေးအပ်ခဲ့သည်။ ကျန်အဖွဲ့ဝင် (၁၀) နိုင်ငံကို တစ်ကြိမ်လျှင် (၂) နှစ်သက်တမ်းဖြင့်ရွေးချယ်ပြီး  ၁၉၆၀ ခုနှစ်စ၍ ဒေသအလိုက်သတ်မှတ်ချက်ဖြင့် ရွေးချယ်သည့်စနစ်ကိုပြောင်းလဲကျင့်သုံးခဲ့သည်။  အာရှနှင့် အာဖရိက မှကိုယ်စားလှယ် (၅) ဦး၊ လက်တင်အမေရိက (၂) ဦး၊ အရှေ့ဥရောပ (၁) ဦး၊ အနောက်ဥရောပနှင့် ဩစတြေးလျ၊ ကနေဒါ စသည့်နိုင်ငံများက (၂) ဦး သတ်မှတ်ခဲ့သည်။ ကိုယ်စားလှယ်တစ်ဦးစီသည် ဆန္ဒမဲ တစ်မဲ တန်းတူပေးပိုင် ခွင့်ရှိသည်။ ဆုံးဖြတ်ချက်တစ်ခုချမှတ်ရန်အတွက် စုစုပေါင်း ဆန္ဒမဲ (၉) မဲ ရရှိရန် လိုအပ်သည်။ သို့သော်လည်း လုံခြုံရေးကောင်စီ၏ ထူးခြားချက်မှာ အမြဲတမ်း အဖွဲ့ဝင် (၅) နိုင်ငံသည် ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိခြင်းဖြစ်သည်၊ ၎င်းတို့အထဲမှ တစ်နိုင်ငံက သဘောမတူပါက ဗီတိုအာဏာ သုံး၍ ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သောအခွင့်အရေး ရှိနေသည်။ ၎င်းတို့အားလုံးသဘောတူလည်း ကျန်သည့် အလှည့်ကျအဖွဲ့ဝင် (၁၀) နိုင်ငံထဲမှ အနည်းဆုံး(၄) နိုင်ငံမှ သဘောမတူပါက မည်သည့် ဆုံးဖြတ်ချက်ကိုမှ အတည်ပြု၍မရနိုင်ပါ။ ဆဋ္ဌမမြောက် ဗီတို ပါဝါ ဟုလည်း ခေါ်ဆိုကြပါသည်။ လုံခြုံရေးကောင်စီသည် အမြဲတမ်းတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လေ့ရှိပြီး အစည်းအဝေး တစ်ခုနှင့်တစ်ခုအကြားတွင် နှစ်ပတ် (၁၄)ရက် ထက်ပိုကြာခြင်း မရှိပါ။ လုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံနှင့် ဆုံးဖြတ်ပိုင်ခွင့်စနစ်အရ ကမ္ဘာနိုင်ငံတိုင်း တန်းတူအခွင့်အရေးမရသလို အဖွဲ့ဝင်များ၏ မဲပေးပိုင်ခွင့် စနစ်တွင်လည်း တန်းတူမှုမရှိသည်ကို တွေ့မြင်ရသည်။ နိုင်ငံတကာ အငြင်းပွားမှုနှင့် ပဋိပက္ခများကို စုံစမ်းစစ်ဆေးရန်နှင့် ဖြေရှင်းရန်တာဝန်ရှိသောကြောင့် ငြိမ်းချမ်းစွာ ဖြေရှင်း၍မရပါက သတ်မှတ်ချက်အလိုက် အရေးယူခြင်း (သံတမန်၊ စီးပွားရေး၊ စစ်ရေး) တွေကို ဆောင်ရွက်ရန် ဆုံးဖြတ်ခွင့်ရှိပြီး  ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရန် နိုင်ငံတကာကို တောင်းဆိုနိုင်သော အခွင့်အာဏာ ရှိသည်။ အထွေထွေညီလာခံသို့ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခွင့်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဝင်ရောက် ရွေးချယ်မည့် သူများ၏ စာရင်းများကို အတည်ပြု ပေးရပါသည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ် တရားသူကြီးများ (ICJ) ရွေးချယ်ရာတွင်လည်း အထွေထွေညီလာခံနှင့် အတူ ပူးပေါင်းဆောင်ရွက်ရသည်။

မောင်မြစ်သစ်

ကိုးကား

ကုလသမဂ္ဂ နှင့် ၎င်းနှင့်ဆက်စပ်သော ဝက်ဆိုက်များ

ဘီဘီစီ သတင်းဌာနနှင့် အခြားသတင်းဌာနများ

သုတေသနစာတမ်းများ

အေအေပီပီ အစီရင်ခံစာနှင့် အခြားအဖွဲ့အစည်းများ၏အစီရင်ခံစာများ

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)