နိုင်ငံရေး ယုံကြည်မှုရှိသူသည် မည်သည့်အခြေအနေမျိုးသို့ ဆိုက်ရောက်နေပါစေ သူ၏ယုံကြည်မှုအတွက်ကိုဘဲ အာရုံစိုက်ဦး တည်သော လုပ်ရပ်များဖြင့်သာ ရပ်တည်နေကြမည်ဖြစ်ပါသည်။  နိုင်ငံရေးအား မျှော်လင့်မှုဖြင့် လုပ်ဆောင်သူများမှာမူ  အာဏာရရှိရေးနှင့် အာဏာရရှိမှုအပေါ်  ကိုယ်ကျိုးရှာ အမြတ်ထုတ်ကြသူများက အများစု ဖြစ်လာပါသည်။

နိုင်ငံရေးတွင် နိုင်ငံရေးယုံကြည်မှုနှင့် နိုင်ငံရေးမျှော်လင့်မှု တို့သည်မတူညီကြပေ။ နိုင်ငံရေးယုံကြည်မှုဖြင့် ဆောင်ရွက် လုပ်ကိုင်နေကြသူများနှင့်  နိုင်ငံရေးမျှော်လင့်မှုဖြင့် ဆောင်ရွက်လုပ်ကိုင်နေကြသူများလည်း မတူနိုင်ကြပေ။  နိုင်ငံရေး ယုံကြည်မှုရှိသူသည် မည်သည့်အခြေအနေမျိုးသို့ ဆိုက်ရောက်နေပါစေ သူ၏ယုံကြည်မှုအတွက်ကိုဘဲ အာရုံစိုက်ဦး တည်သော လုပ်ရပ်များဖြင့်သာ ရပ်တည်နေကြမည်ဖြစ်ပါသည်။  နိုင်ငံရေးအား မျှော်လင့်မှုဖြင့် လုပ်ဆောင်သူများမှာမူ  အာဏာရရှိရေးနှင့် အာဏာရရှိမှုအပေါ်  ကိုယ်ကျိုးရှာ အမြတ်ထုတ်ကြသူများက အများစု ဖြစ်လာပါသည်။

အာဏာရရှိခဲ့သောကာလများတွင် တွေ့ရလေ့ရှိသည့်ပြဿနာမှာ ကိုယ်ကျင့်တရားပျက်ပြားသည့် လာဘ်လာဘရယူမှု ပြဿနာများဖြစ်ပါသည်။ အလေ့အထတစ်ခုလို ဖြစ်လာခဲ့ပါသည်။  နိုင်ငံတဝှမ်း လူသိရှင်ကြား ကျော်ကြားသည့် အပြစ်ပေးအရေးယူရသည့် သာဓကများက ထိုအချက်များကို ညွှန်ပြနေပါသည်။ အထူးသဖြင့် ဝန်ကြီးချုပ်များ၏ လာဘ်ပေးလာဘ်ယူမှုများနှင့် ပြည်ထောင်စု ဝန်ကြီးများ၏ အောင်လက်မှတ်အလိမ်အညာကိစ္စများ က အထူးထင်ရှားကျော်ကြားပါသည်။

ပါတီစုံကို ပြန်လည်စတင်ခဲ့သည့်  ၂၀၁၀-ခုနှစ်မှ  ၂၀၂၀-ခုနှစ်အထိ ပါတီကြီးနှစ်ခု၏  အစိုးရအဖွဲ့နှစ်ဖွဲ့ က တာဝန်ယူပြီး နိုင်ငံအား ဦးဆောင်အုပ်ချုပ်ခဲ့ကြသည်။ ထိုနှစ်ဖွဲ့စလုံး ဘာတွေလုပ်ဆောင်ခဲ့ကြသနည်း။ မည်သည့်အဖွဲ့က တိုင်းပြည် အတွက် မည်မျှတာဝန်ကျေပွန်ခဲ့ကြသနည်း။  စိတ်ဝင်စားဖွယ်မေးခွန်း ဖြစ်ပါသည်။  နိုင်ငံရေးပါတီတစ်ရပ်သည်  အဖိနှိပ်ခံ ရုန်းကန်နေရသော ကာလများတွင် ပါဝင်လက်တွဲ အနစ်နာခံပြီး ရုန်းကန်ခဲ့ကြသူ နိုင်ငံရေးယုံကြည်သူများဖြင့်သာ ဆက်လက်ချီတက်ကြရသည့် ဓလေ့ရှိပါသည်။ အဆိုပါ ပါတီသည် ဖိနှိပ်ခံရမှုများ လျော့နည်းလာပြီး အာဏာရရှိဖို့ရာ လမ်းစမြင်လာရချိန်မျိုးတွင်မတော့ အကျိုးရှိနိုင်သည့်အတွက် နိုင်ငံရေးမျှော်လင့်မှုရှိသူများက  ပါတီတွင်းသို့ တွန်းတွန်း တိုက်တိုက်ဝင်ရောက်လာတတ်ကြသည်။  အဆိုပါ ရောဂါပိုးမွှားများ ဝင်ရောက်လာမှုကို မတားဆီးနိုင်လျှင် အဆိုပါ ပါတီအဖို့  အာဏာရရှိသုံးစွဲရသည့် ကာလများတွင် ဒုက္ခသုက္ခများဖြင့် ရင်ဆိုင်ရတော့မည်မှာ အလွန်သေချာနေပါသည်။ အာဏာရရှိခဲ့သောကာလများတွင် တွေ့ရလေ့ရှိသည့်ပြဿနာမှာ ကိုယ်ကျင့်တရားပျက်ပြားသည့် လာဘ်လာဘရယူမှု ပြဿနာများဖြစ်ပါသည်။ အလေ့အထတစ်ခုလို ဖြစ်လာခဲ့ပါသည်။  နိုင်ငံတဝှမ်း လူသိရှင်ကြား ကျော်ကြားသည့် အပြစ်ပေးအရေးယူရသည့် သာဓကများက ထိုအချက်များကို ညွှန်ပြနေပါသည်။ အထူးသဖြင့် ဝန်ကြီးချုပ်များ၏ လာဘ်ပေးလာဘ်ယူမှုများနှင့် ပြည်ထောင်စု ဝန်ကြီးများ၏ အောင်လက်မှတ် အလိမ်အညာကိစ္စများက အထူးထင်ရှားကျော်ကြားပါသည်။

မြန်မာနိုင်ငံနှင့် ၁၇-နှစ်ခန့် နောက်ကျပြီးမှ နိုင်ငံကိုတည်ထောင်ခဲ့သော စင်္ကာပူနိုင်ငံသည် ယနေ့မြန်မာနိုင်ငံထက် များစွာ တိုးတက်ဖွံ့ဖြိုးနေသည်မှာ အဘယ်ကြောင့်ပါနည်း။  လာဘ်လာဘ- ကင်းစင်မှုနှင့် စည်းကမ်းတင်းကြပ်မှုများဖြင့် တည် ဆောက်ခဲ့သောကြောင့်သာ တိုးတက်ကြီးပွါးခဲ့သည်ဟုဆိုလျှင် ငြင်းဆိုနိုင်မည်မဟုတ်ပေ။  မြန်မာနိုင်ငံတွင် လူတစ်စုက အလွန်အမင်းချမ်းသာကြွယ်ဝနေကြပြီး လူအများစုက ဆင်းရဲမွဲတေနေကြပါသည်။  လုပ်ပိုင်ခွင့်အာဏာရှိသူများကသာ မှန်မှန်ကန်ကန် ဆောင်ရွက်ကြလျှင် ချမ်းသာဆင်းရဲကွာဟမှုမှာ ယခုကဲ့သို့ များစွာကွာခြားနေရန် မရှိနိုင်ပေ။

မြန်မာ၏  နောက်ဆုံးပေါ် စွဲကပ်လာသော ရောဂါမှာ အာဏာအပေါ် အခြေပြုပြီး အကြီးအကျယ် လာဘ်လာဘရယူကြခြင်း နှင့် ကိုယ်ကျိုးစီးပွါးရှာဖွေကြခြင်း ဖြစ်ပါသည်။  ၁၉၉၀- ခုနှစ် နောက်ပိုင်းကာလများတွင် အစိုးရအဖွဲ့တွင် ပါဝင်လာကြသည့် စစ်တပ်အရာရှိကြီးများ၏  ကိုယ်ကျိုးရှာမှုများကို အထင်အရှားတွေ့နိုင်သလို  စစ်တပ်၏လူထုအပေါ် ဖိနှိပ်မှု ယန္တယားကြီးတစ်ခုဖြစ်ခဲ့သည့်  စစ်ထောက်လှမ်းရေးများ၏ ကိုယ်ကျိုးရှာမှုများမှာလည်း ကမ္ဘာကျော်ခဲ့ပါသည်။  ယခုအချိန်ကာလကဲ့သို့ ပဋိပက္ခများ နေရာအနှံ့အပြား၌ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေသော ကာလများတွင်ပင်  စစ်ဖက်အရပ်ဖက်တာဝန်ရှိ အရာရှိကြီးများ၏ ကိုယ်ကျိုးရှာ စီးပွါးရေးသောင်းကျန်းမှုများမှာ နားဖြင့်မဆန့်နိုင်အောင် သတင်းများဖြစ်နေသည်။  အဆိုပါ သတင်းများသည် အတည်ပြုရန် အလွန်ခက်ခဲသော်လည်း ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များထံက ရရှိသောကြောင့် အမှန်ဖြစ်နိုင်ဖွယ်ရှိပါသည်။ သူတို့အားလာဘ်ငွေ ပေးကမ်းရသော စီးပွါးရေး သမားများက အသိဆုံးဖြစ်ပြီး အဆိုပါစီးပွါးရေးသမားများသည် များသောအားဖြင့် သူတို့လုပ်ငန်းများ အောင်မြင်ပြီး နောက်ပိုင်းတွင် သူတို့ပေးကမ်းရမှုများကို တိုးတိုးတိတ်တိတ် ထုတ်ဖေါ်ပြောကြားတတ်ကြပါသည်။ မကြာမတင်ကာလက နစက ထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူလိုက်ရသည့် သာဓကများကလည်း သက်သေခံနေပါသည်။  ယခုဆောင်းပါးကို ရေးသားနေချိန်တွင်ပင် နစက ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ထောင်ဒဏ်နှစ် ရှည်များချမှတ်လိုက်သည့် သတင်းများ တက်လာနေပါသည်။

မကြာသေးမီကလည်း တော်လှန်ရေးလုပ်ကြသည်ဟုဆိုသော အဖွဲ့အစည်းများအကြား ငွေကြေးဆိုင်ရာ အငြင်းပွါးမှုများ လူမှုကွန်ရက်ပေါ်တက်လာသောအခါ များစွာစိတ်ပျက်လက်ပျက် ကြားနေရပါသည်။  အဆိုပါ ငွေရေးကြေးရေးများတွင် ယူအက်စ် ၊ စင်္ကာပူ စသောနိုင်ငံများမှနေ၍ ပါဝင်ပတ်သက်နေကြသည်ကိုလည်း တွေ့မြင်ရပါသည်။ နိုင်ငံရေးယုံကြည်မှုလား၊ နိုင်ငံရေးမျှော်လင့်မှုလား ခွဲခြားဖို့ လိုအပ်လာပါပြီ။

ဖေါ်ပြပါ အစိုးရနှစ်ဆက်ကာလများတွင် အစိုးရအဖွဲ့အတွင်း၌ စီးပွါးရေးသမားများ အများအပြားပါဝင်ခဲ့သည်ကို တွေ့နိုင်ပါသည်။  အချို့ စီးပွါးရေးသမားများသည် ပြည်နယ်/တိုင်းဒေသများတွင် ဝန်ကြီးတာဝန်ယူခဲ့ဖူးပြီးသည့် နောက်တွင် မူလစီးပွါးရေးလုပ်ငန်းများကို ပြန်မလုပ်တော့ဘဲ နိုင်ငံရေးပါတီထူထောင်ကာ အာဏာထပ်မံရရှိရေးအတွက် ကြိုးစားနေသည်ကို တွေ့နေရပါသည်။  အာဏာရယူပြီး ငွေရှာရသည်က သာမန်စီးပွါးရေးလုပ်သည်ထက် ပိုလွယ်ပြီး ပိုအလုပ်ဖြစ်သည့်သဘောကို  ရည်ညွှန်းပြသနေပါသည်။  နိုင်ငံရေးလောကတွင်းသို့  ငွေရှာရန် ရောက်လာကြပြီ ဆိုလျှင် မည်သည့်နည်းဖြင့် စဉ်းစား ကြည့်ပါစေ ၊ ကောင်းမွန်သောကိစ္စ မဟုတ်မှန်း လက်ခံကြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ၁၇-နှစ်ခန့် နောက်ကျပြီးမှ နိုင်ငံကိုတည်ထောင်ခဲ့သော စင်္ကာပူနိုင်ငံသည် ယနေ့မြန်မာနိုင်ငံထက် များစွာ တိုးတက်ဖွံ့ဖြိုးနေသည်မှာ အဘယ်ကြောင့်ပါနည်း။  လာဘ်လာဘ- ကင်းစင်မှုနှင့် စည်းကမ်းတင်းကြပ်မှုများဖြင့် တည် ဆောက်ခဲ့သောကြောင့်သာ တိုးတက်ကြီးပွါးခဲ့သည်ဟုဆိုလျှင် ငြင်းဆိုနိုင်မည်မဟုတ်ပေ။  မြန်မာနိုင်ငံတွင် လူတစ်စုက အလွန်အမင်းချမ်းသာကြွယ်ဝနေကြပြီး လူအများစုက ဆင်းရဲမွဲတေနေကြပါသည်။  လုပ်ပိုင်ခွင့်အာဏာရှိသူများကသာ မှန်မှန်ကန်ကန် ဆောင်ရွက်ကြလျှင် ချမ်းသာဆင်းရဲကွာဟမှုမှာ ယခုကဲ့သို့ များစွာကွာခြားနေရန် မရှိနိုင်ပေ။

အညာဒေသသည် စစ်အစိုးရ ရှိနေသရွေ့  တော်လှန်ရေးနယ်မြေအဖြစ် ဆက်ပြီးရှိနေတော့မည့် သဘောကိုလည်း မေ့ထား၍ မရနိုင်ပေ။ ပို၍ ခက်ခဲသည့်ကိစ္စမှာ တပ်တွင်းတာဝန်ရှိသူများ၏ ခြစားမှုများ၊ ကိုယ်ကျိုးရှာမှုများကို ဖယ်ရှားနိုင်ရေး ဖြစ်ပါသည်။  တစ်နွယ်ငင် တစ်စင်ပါ ဖြစ်ရပ်များကြောင့် ပြန်လည်ကုစားရန် အလွန်ခက်ပေလိမ့်မည်။

မြန်မာသည် ၁၉၆၂-ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းချင်း ယိုယွင်းလာခဲ့ရာ ဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည်အဖြစ်သို့ပင် ဆိုက်ရောက်ခဲ့ရသည်။  တစ်ဦးတစ်ယောက်ထဲ၏ ခေါင်းဆောင်မှု ဆုံးဖြတ်မှုများဖြင့် လျှောက် လှမ်းလာခဲ့ရာမှာ သတိပြုမိလောက်သည့် နှစ်အနည်းငယ်မှအပ  ယခုအချိန်အထိ တစ်ဦးတည်း၏ ဆုံးဖြတ်ချက်များဖြင့် သွားနေရဆဲ ဖြစ်ပါသည်။  ဒီမိုကရေစီဆိုသည်မှာ မျှော်လေတိုင်း ဝေးနေသည့်အရာတစ်ခုသာဖြစ်ပါသည်။

မကြာသေးမီကလည်း တော်လှန်ရေးလုပ်ကြသည်ဟုဆိုသော အဖွဲ့အစည်းများအကြား ငွေကြေးဆိုင်ရာ အငြင်းပွါးမှုများ လူမှုကွန်ရက်ပေါ်တက်လာသောအခါ များစွာစိတ်ပျက်လက်ပျက် ကြားနေရပါသည်။  အဆိုပါ ငွေရေးကြေးရေးများတွင် ယူအက်စ်၊ စင်္ကာပူ စသောနိုင်ငံများမှနေ၍ ပါဝင်ပတ်သက်နေကြသည်ကိုလည်း တွေ့မြင်ရပါသည်။ နိုင်ငံရေးယုံကြည်မှုလား၊ နိုင်ငံရေးမျှော်လင့်မှုလား ခွဲခြားဖို့ လိုအပ်လာပါပြီ။ ထို့အတူ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ကြေးကောက်ယူမှုများမှာလည်း မကြားချင်အဆုံး ကြားနေရသည်။  ဆင်းရဲမွဲတေနေသည့် လူထုအပေါ်  ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။

ချုပ်၍ဆိုရလျှင် အဆိုပါဖြစ်ရပ်များသည် တိုင်းပြည်အားအလွန်အမင်း နစ်နာစေခဲ့သည်။  အဖက်ဖက်က ကျဆုံးအောင် လုပ်နေသလို ဖြစ်နေသည်။  သူမနိုင် ငါမနိုင် လိပ်ခဲတည်းလည်း ဖြစ်ရပ်သည်တိုင်းပြည်ကို ပို၍နစ်နာစေနိုင်ပြီး ဖြေရှင်းရ အလွန်ခက်သော အခြေအနေမျိုးကို သက်ရောက်စေသည်။ အကယ်၍များ တစ်ဖက်ဖက်က နိုင်ခဲ့သည်ဆိုဦးတော့ ကျန်တစ်ဖက်က ဆက်လက်ပြီး တိုင်းပြည်တည်ဆောက်ရေးကို နှောက်ယှက်နိုင်ပါသည်။ ရွှံ့အလူးလူး ဖုံအလိမ်းလိမ်းဖြင့် ဆက်သွားရမည့် သဘောမျိုးဖြစ်လာနိုင်ပါသည်။  အားကိုးစရာကား ရှာမတွေ့နိုင်သေးပေ။ တိုင်းပြည်၏ ကံကြမ္မာကိုသာလျှင် မျှော်လင့်အားထားရတော့မည့် သဘောဖြစ်နေသည်။

စစ်တပ်အနေဖြင့် နိုင်ငံအား ဆက်လက်ထိန်းထားနိုင်သည်ဟု ဆိုစေကာမူ  အရင်လိုသြဇာညောင်းဖို့က မဖြစ်နိုင်တော့ပါ။  မိမိကိုလက်နက်ကိုင်တိုက်ခိုက် တော်လှန်နေကြသော ယခင်အဖွဲ့အစည်းများကိုရော  လူထုကြားမှာ မှိုတွေလိုပေါ်ပေါက် လာနေသော ဆန့်ကျင်တိုက်ခိုက်သူ အသစ်များကိုပါ အမြစ်ပြတ်ချေမှုန်းရန်မှာ ဖြစ်နိုင်ခြေ အလွန်ကိုနည်းသွားပါပြီ။  အညာဒေသသည် စစ်အစိုးရ ရှိနေသရွေ့  တော်လှန်ရေးနယ်မြေအဖြစ် ဆက်ပြီးရှိနေတော့မည့် သဘောကိုလည်း မေ့ထား၍ မရနိုင်ပေ။ ပို၍ ခက်ခဲသည့်ကိစ္စမှာ တပ်တွင်းတာဝန်ရှိသူများ၏ ခြစားမှုများ၊ ကိုယ်ကျိုးရှာမှုများကို ဖယ်ရှားနိုင်ရေး ဖြစ်ပါသည်။  တစ်နွယ်ငင် တစ်စင်ပါ ဖြစ်ရပ်များကြောင့် ပြန်လည်ကုစားရန် အလွန်ခက်ပေလိမ့်မည်။

နိုင်ငံရေးဖက်သို့ စောင်းငဲ့ကြည့်ပြန်လျှင်လည်း လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲသည် မြန်မာ့ထွက်ရပ်လမ်း မဟုတ်သလို  နိုင်ငံရေးအဖြေလည်း မဟုတ်နိုင်ပေ။  ကြံ့ခိုင်ရေးပါတီအနေဖြင့် စစ်တပ်နှင့် ပတ်သက်သည်ဟု ပြည်သူလူထုက ထင်မြင်ယုံကြည်နေသရွေ့  ရွေးကောက်ပွဲ အနိုင်ရဖို့  အလွန်ခဲယဉ်းပါသည်။ အမှိုက်သရိုက်များဖြင့် ရောဂါရနေသော ဒီချုပ်သည်လည်း ဒေါ်အောင်ဆန်းစုကြည် မပါလျှင် ညီညွတ်ရေးတည်ဆောက်နိုင်မည် မဟုတ်ပေ။

တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြန်လည်၍ နာလံထလာရမည်မှာ ဓမ္မတာဖြစ်ပါသည်။ ရုပ်ဝတ္တုပျက်စီးယိုယွင်းမှုများနှင့် နိုင်ငံရေးစနစ်များ မတည်ငြိမ်မှုများကို ပြန်လည်တည်ဆောက်ရန် ခက်ပင်ခက်ငြားသော်လည်း ပြင်ဆင်နိုင်ရန် အခွင့်အလန်းများ ရှိနေပါသေးသည်။ သို့သော်လည်း တာဝန်ရယူသူများ၏ ကိုယ်ကျင့်တရား ပျက်ယွင်းနေမှုများဖြစ်သည့် စာရိတ္တ ပြုပြင်ခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာကြစေရန်မှာမူ အခက်ခဲဆုံးကိစ္စတစ်ခု ဖြစ်လာပါလိမ့်မည်။

ယနေ့ကာလတွင်  စစ်ရေးပဋိပက္ခများ၊ လုံခြုံရေးအားနည်းမှုများ၊ ဥပဒေစိုးမိုးမှု လျော့ပါးလာမှုများ၊ စားဝတ်နေရေး ကြပ်တည်းလာမှုများ၊ အလုပ်အကိုင်ခက်ခဲလာမှုများသည် နိုင်ငံတဝှမ်း လွှမ်းမိုးလျက်ရှိပါသည်။ ပြောရမည်ဆိုလျှင် မြန်မာပြည်သည် ဆက်လက်ပြီးတဖြည်းဖြည်းခြင်း ပျက်စီးကျဆုံးနေသည်ဟု ပြောနိုင်ပါသည်။  သို့သော်ငြားလည်း နိုင်ငံတစ်နိုင်ငံသည် အစဥ်အမြဲတော့ဖြင့်  ဆုတ်ယုတ်ပျက်စီးနေမည်တော့ မဟုတ်နိုင်ပါ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြန်လည်၍ နာလံထလာရမည်မှာ ဓမ္မတာဖြစ်ပါသည်။ ရုပ်ဝတ္တုပျက်စီးယိုယွင်းမှုများနှင့် နိုင်ငံရေးစနစ်များ မတည်ငြိမ်မှုများကို ပြန်လည်တည်ဆောက်ရန် ခက်ပင်ခက်ငြားသော်လည်း ပြင်ဆင်နိုင်ရန် အခွင့်အလန်းများ ရှိနေပါသေးသည်။ သို့သော်လည်း တာဝန်ရယူသူများ၏ ကိုယ်ကျင့်တရား ပျက်ယွင်းနေမှုများဖြစ်သည့် စာရိတ္တ ပြုပြင်ခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာကြစေရန်မှာမူ အခက်ခဲဆုံးကိစ္စတစ်ခု ဖြစ်လာပါလိမ့်မည်။ ထိုသောအခါ  ကိုယ်ကျိုးရှာ- နိုင်ငံရေးဖြင့် လုပ်စားကြမည့်သူများ ပြန်လည်မပါဝင်လာစေရန်၊ စိစစ်ဖယ်ရှားနိုင်ရန် အလွန့်အလွန် အရေးကြီးပါသည်။

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)