နိုင်ငံရေးပါတီများ၏  ထွက်ရပ်လမ်း

စစ်အာဏာသိမ်းလိုက်သည့်  ၂၀၂၁- ခုနှစ် နောက်ပိုင်းကာလများတွင်  နိုင်ငံရေးပါတီများအဖို့ လုပ်ဆောင်နိုင်မှုမှာ လုံးဝ မရှိသလောက်ဖြစ်သွားသည်ကို တွေ့ရပါသည်။  နိုင်ငံရေး လုပ်ရှားနိုင်မှုစည်းဘောင်သည် လုံးဝနီးပါး ပျောက်ကွယ် သွားရသည်။  စစ်ကောင်စီက အသစ်ဖွဲ့စည်းပေးလိုက်သော ရွေးကောက်ပွဲကော်မရှင်သည် သတ်မှတ်ထားသည့် ဥပဒေ များကို လျစ်လျူရှုကာ ၂၀၂၀-ရွေးကောက်ပွဲရလဒ်များ အားလုံးကို ဖျက်သိမ်းလိုက်သောအခါ မည်သည့်ပါတီကမျှ တိတိပပ ကန့်ကွက်မှုမပြုနိုင်ခဲ့ကြပေ။  အမှန်စင်စစ် ၂၀၀၈-အခြေခံဥပဒေ၏ သတ်မှတ်ချက်အရဆိုလျှင်  မည်သည့် ရွေးကောက်ပွဲ ကော်မရှင်ဖြစ်စေ   ရွေးကောက်ပွဲရလဒ်အားလုံးကို ပယ်ဖျက်ပိုင်ခွင့် မရှိပေ။

သေချာစွာ ပြန်လည်ဆန်းစစ်ကြည့်လိုက်သောအခါ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ၏  အဓိကအလုပ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရေး သက်သက်ဖြစ်နေကြောင်း သတိပြုမိပါသည်။  မိမိ၏ မဲဆန္ဒနယ်မြေများတွင် ပြုလုပ်ကြသည့် လူထုအကျိုးပြုလုပ်ငန်းများသည်လည်း  ရွေးကောက်ပွဲကာလများတွင် မိမိတို့ပါတီအတွက် ဆန္ဒမဲ ၊ တနည်းအားဖြင့် ထောက်ခံမဲများများ ရရှိရန် ရည်မှန်းဆောင်ရွက်ကြသည်ကသာ အများစုဖြစ်ပါသည်။  ရွေးကောက်ပွဲတွင် အနိုင်ရရှိမှ သာ လွှတ်တော်များထဲတွင် အများပြည်သူအကျိုးကို ဥပဒေပြုခြင်းနည်းလမ် ၊ အရေးဆို တောင်းဆိုမှုများနှင့် အခက် အခဲများအတွက် ဝေဖန်မှု ပြုပေးနိုင်ကြမည်ဟု  ယုံကြည်ရင်းစွဲ ရှိနေကြသည်မှာ မြင်သာပါသည်။  ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံသုံးစွဲနေကြရသော ၂၀၀၈- အခြေခံ ဥပဒေပါ ဥပဒေများအတိုင်းသာ ဆောင်ရွက်ဖို့ ရှိကြသည်။ စဉ်းစားကြရသည်။  ကန့်သတ်ချက်မူဘောင်တွေအတွင်းမှာဘဲ လှုပ်ရှားဆောင်ရွက်နိုင်ကြသည်ဟုလည်း ဆိုနိုင်မည်ဖြစ်ပါသည်။

စစ်အာဏာသိမ်းလိုက်သည့်  ၂၀၂၁- ခုနှစ် နောက်ပိုင်းကာလများတွင်  နိုင်ငံရေးပါတီများအဖို့ လုပ်ဆောင်နိုင်မှုမှာ လုံးဝ မရှိသလောက်ဖြစ်သွားသည်ကို တွေ့ရပါသည်။  နိုင်ငံရေး လုပ်ရှားနိုင်မှုစည်းဘောင်သည် လုံးဝနီးပါး ပျောက်ကွယ် သွားရသည်။  စစ်ကောင်စီက အသစ်ဖွဲ့စည်းပေးလိုက်သော ရွေးကောက်ပွဲကော်မရှင်သည် သတ်မှတ်ထားသည့် ဥပဒေ များကို လျစ်လျူရှုကာ ၂၀၂၀-ရွေးကောက်ပွဲရလဒ်များ အားလုံးကို ဖျက်သိမ်းလိုက်သောအခါ မည်သည့်ပါတီကမျှ တိတိပပ ကန့်ကွက်မှုမပြုနိုင်ခဲ့ကြပေ။  အမှန်စင်စစ် ၂၀၀၈-အခြေခံဥပဒေ၏ သတ်မှတ်ချက်အရဆိုလျှင်  မည်သည့် ရွေးကောက်ပွဲ ကော်မရှင်ဖြစ်စေ   ရွေးကောက်ပွဲရလဒ်အားလုံးကို ပယ်ဖျက်ပိုင်ခွင့် မရှိပေ။ ရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သောရလဒ်အပေါ် မကျေနပ်မှု ပြဿနာတစ်ခုချင်းအား ခုံရုံးဖွဲ့စစ်ဆေးပြီးမှသာလျှင် ဆုံးဖြတ်ရမည်ဖြစ်သည်။  ယခုကဲ့သို့  မိမိဖာသာ စုံစမ်းစစ်ဆေးပြီး မည်သူတစ်ဦးတစ်ယောက်မျှအား ခုခံချေပခွင့်မပေးဘဲ ရွေးကောက်ပွဲတစ်ခုလုံးအား ပယ်ဖျက်လိုက်ခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိမှန်း သိကြသော်လည်း နိုင်ငံရေးပါတီများအဖို့  မည်သူမျှ တုတ်တုတ်မလှုပ်နိုင်ခဲ့ကြပေ။ 

၂၀၂၀- ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီးတွင် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ် / မြို့နယ် ကော်မရှင်ခွဲများက ရွေးကောက်ပွဲရလဒ်များကို အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြပြီးသည့်အပြင် မတရားဟုယူဆကြသူ ယှဉ်ပြိုင်ဖက်များက တိုင်ကြားမှုများ / ကန့်ကွက်မှုများ ရှိထားပြီးဖြစ်ရာ အဆိုပါတိုင်ကြားကန့်ကွက်မှုများကို ခုံသမာဓိ အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးရန်လိုအပ်နေဆဲမှာပင် ရွေးကောက်ပွဲရလဒ်အားလုံးကို ဖျက်သိမ်းလိုက်သည်မှာ အလွန်တရာ မှားယွင်းမှုဟု ဆိုနိုင်ပါသည်။

၂၀၂၀- ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီးတွင် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ် / မြို့နယ် ကော်မရှင်ခွဲများက ရွေးကောက်ပွဲရလဒ်များကို အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြပြီးသည့်အပြင် မတရားဟုယူဆကြသူ ယှဉ်ပြိုင်ဖက်များက တိုင်ကြားမှုများ / ကန့်ကွက်မှုများ ရှိထားပြီးဖြစ်ရာ အဆိုပါတိုင်ကြားကန့်ကွက်မှုများကို ခုံသမာဓိ အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးရန်လိုအပ်နေဆဲမှာပင် ရွေးကောက်ပွဲရလဒ်အားလုံးကို ဖျက်သိမ်းလိုက်သည်မှာ အလွန်တရာ မှားယွင်းမှုဟု ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲတစ်ခုတွင် မသမာမှုများ၊ လိမ်လည်မှုများ ရှိကောင်းရှိကြမည် ဖြစ်သော်လည်း ရွေးကောက်ပွဲတစ်ခုလုံး မသမာမှု၊ လိမ်လည်မှု ဖြစ်ခဲ့ကြသည်ဟု ဆိုနိုင်ရန်မှာမူ ခက်ခဲလှပါသည်။ တရားသဖြင့် မျှမျှတတ ဝင်ရောက်ယှဉ်ပြိုင်သူများလည်း အမှန်ပင်ရှိနေပါလိမ့်မည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်ကြီးတစ်ခုလုံးအား မတရားမှုအဖြစ် စဉ်းစားဆုံးဖြတ်ခဲ့ခြင်းသည် သမိုင်းတွင်မည့် အမှားကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်နေပါလိမ့်မည်။

အဆိုပါ ရွေးကောက်ပွဲ ကော်မရှင်ကပင် နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေအသစ်တစ်ရပ်ကို ပြန်လည်ရေးဆွဲ ထုတ်ပြန်ခဲ့ သည်။  သတ်မှတ်ကာလအတွင်း မှတ်ပုံပြန်တင်ကြရန် ၊ နိုင်ငံတဝှမ်း စည်းရုံးမည့်ပါတီများအဖို့  ကျပ်သိန်းတစ်ထောင် အားဘဏ်တွင် အပ်နှံရပါမည်။ သုံးလအတွင်း ပါတီဝင် တစ်သိန်းစည်းရုံးရမည်  စသဖြင့် အလွန်တင်းကြပ်သော စည်းကမ်းများဖြင့် မှတ်ပုံပြန်တင်ရန် သတ်မှတ်ခဲ့သည်။   သတင်းများအရ “နစက” အစည်းအဝေးများတွင် ကန့်ကွက်မှု များကြောင့် ပြင်ဆင်မှုအချို့လုပ်ခဲ့ရပြီး ပါတီငယ်များအတွက် လမ်းဖွင့်သည့်အနေဖြင့်  ဘဏ်အပ်ငွေ ကျပ်သိန်းတစ်ရာ နှင့် သုံးလအတွင်း ပါတီဝင် တစ်ထောင် စည်းရုံးရမည် – စသဖြင့် ပြေလျော့မှုများဖြင့် မှတ်ပုံပြန်တင်စေခဲ့ပါသည်။ ထိုအခါ ပါတီ (၆၄) ပါတီတို့က ပြန်လည်မှတ်ပုံတင်ခဲ့သည်ကို တွေ့ရသည်။  ၂၀၂၀- ရွေးကောက်ပွဲအနိုင်ရ ပါတီများ ဖြစ်သည့် NLD  ပါတီနှင့် တိုင်းရင်းသားပါတီကြီးတစ်ခုဖြစ်သည့်  SNLD ပါတီတို့က မှတ်ပုံပြန်တင်သည်ကို မတွေ့ရ တော့ပေ။  အဆိုပါ ပါတီကြီး နှစ်ခုအပါအဝင် သတ်မှတ်ကာလအတွင်း ပြန်လည်မှတ်ပုံတင်ခြင်းမရှိသည့် ပါတီပေါင်း (၄၀) အား ဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်ထုတ်ပြန်၍ ဖျက်သိမ်းခဲ့ပြန်သည်။

ဥပဒေအသစ်၏  ဥပဒေပုဒ်မ (၃) အရ လျှောက်ထားသည့်ပါတီ (၁၄) ပါတီရှိပြီး ဥပဒေပုဒ်မ (၂၅)အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း (၅၀) စုစုပေါင်း ပါတီ (၆၄) ပါတီရှိပါသည်။ ပြန်လည်မှတ်ပုံတင်ထားသော ပါတီပေါင်း (၆၄) ပါတီထဲမှ ပါတီပေါင်း (၃၇) ပါတီအား မှတ်ပုံတင်ခွင့်ပြန်လည်ခွင့်ပြု ခဲ့ပြီး ယင်းအထဲတွင် နိုင်ငံတဝှမ်းစည်းရုံးမည့်ပါတီမှာ (၈) ပါတီဖြစ်ပြီး ကျန်ပါတီများကတော့ ဆိုင်ရာတိုင်းဒေသကြီး များနှင့် ပြည်နယ်များတွင် စည်းရုံးကြမည့်ပါတီများ ဖြစ်ကြသည်။  ၂၇-ပါတီကတော့ ယနေ့တိုင် မှတ်ပုံတင်ခွင့် ပြန်မကျလာသေးပေ။မှတ်ပုံတင်ခွင့်ပြုခဲ့သော နိုင်ငံရေးပါတီများ၏ စည်းရုံးကြမည့်ဒေသ အသီးသီးကို စာရင်းချကြည့်ရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး ၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သီးသန့်စည်းရုံး ကြမည့် နိုင်ငံရေးပါတီ တစ်ခုမျှ မပါဝင်သေးကြောင်းကို သတိပြုမိပါသည်။  မည်သည့်အကြောင်းကြောင့်  မသိရပေ။  ချွင်းချက်အနေဖြင့် နိုင်ငံတဝှမ်းစည်းရုံးမည့်ပါတီများအတွက် အခွင့်အလန်းကောင်းများ ဖြစ်လာနိုင်ပါသည်။

မှတ်ပုံတင်ခွင့်ပြုခဲ့သော နိုင်ငံရေးပါတီများ၏ စည်းရုံးကြမည့်ဒေသ အသီးသီးကို စာရင်းချကြည့် ရာတွင်  တနင်္သာရီတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သီးသန့်စည်းရုံး ကြမည့် နိုင်ငံရေးပါတီ တစ်ခုမျှ မပါဝင်သေးကြောင်းကို သတိပြုမိပါသည်။ 

ထူးခြားသည်မှာ မှတ်ပုံတင်ခွင့် ပြန်လည်တင်ပြထားသော လက်ရှိပါတီများဖြစ်ကြသည့်အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက် ထုတ် ဖျက်သိမ်းလိုက်သော နိုင်ငံရေးပါတီ(၄၀) စာရင်းတွင်လည်း မပါဝင်သည့်  ( ဥပမာ – ပြည်သူ့ပါတီ ) ပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို  ရွေးကောက်ပွဲ ကော်မရှင်မှ စာဖြင့် တားမြစ်သည့်ကိစ္စ ဖြစ်ပါသည်။

နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် တင်ပြထားပြီး ယခုတိုင်အောင် မှတ်ပုံတင်ခွင့် မကျ သေးသော နိုင်ငံရေးပါတီများစာရင်းကို ဆန်းစစ်ကြည့်သောအခါ စိတ်ဝင်စားဖွယ်ရာ အချက်အချို့ကိုတွေ့ရှိရပါသည်။  လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားထားကြသော ပါတီဝင်များ၏ ထုတ်ဖေါ်ပြောဆိုချက်များကို တွေ့ရှိရပြီးသည့် နောက်  မှတ်ပုံတင်ခွင့် ပြန်လည်မကျသေးသော ပါတီများကိစ္စကို လေ့လာကြည့်ဖြစ်ခဲ့ပါသည်။ ထူးခြားသည်မှာ မှတ်ပုံတင်ခွင့် ပြန်လည်တင်ပြထားသော လက်ရှိပါတီများဖြစ်ကြသည့်အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်ထုတ် ဖျက်သိမ်းလိုက်သော နိုင်ငံရေးပါတီ(၄၀) စာရင်းတွင်လည်း မပါဝင်သည့်  ( ဥပမာ – ပြည်သူ့ပါတီ ) ပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို  ရွေးကောက်ပွဲ ကော်မရှင်မှ စာဖြင့် တားမြစ်သည့်ကိစ္စ ဖြစ်ပါသည်။

အဆိုပါ ပါတီများမှာ နိုင်ငံရေးပါတီများ ဥပဒေအသစ်က ပြဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်မှတ်ပုံတင်ခွင့် တင်ပြထားကြသည့် ပါတီများ ဖြစ်ပါသည်။  ပါတီများ မှတ်ပုံတင် ဖျက်သိမ်းခြင်းမပြုမီကတည်းက မှတ်ပုံတင် ရရှိထားကြသည့် ပါတီများဖြစ်ပါသည်။  ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်ထုတ်ပြန်ပြီး ဖျက်သိမ်းလိုက်သည့် နိုင်ငံရေးပါတီများ စာရင်းတွင်လည်း မပါဝင်ကြပါ။  နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်တင်ပြချက်အား လက်မခံတားမြစ်ထားသည့် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုးလည်း မရှိထားပေ။ ထို့ကြောင့် ယင်းတို့သည် လက်ရှိ မှတ်ပုံတင် ရရှိထားကြသည့် ပါတီများသာ ဖြစ်ပါသည်။  သို့သော် အဆိုပါ ပါတီများအနေဖြင့် မိမိတို့ပါတီတွင်း တွေ့ဆုံပွဲများကိုပင် ကျင်းပခွင့် မရရှိကြပေ။  ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကမူ ပါတီများကို မှတ်ပုံတင်ခွင့် ပြုနိုင်ရန် စိစစ်မှုများကို ဆက်လက်လုပ် ကိုင်နေကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

မှတ်ပုံတင်ခွင့် မရရှိ သေးသော ပါတီများကို စာရင်းပြုစု၍ ဆက်လက်လေ့လာကြည့်ရာ အတော်များများသည် အတိုက်အခံပါတီများဟု ယူဆနိုင်သည့် ပါတီများဖြစ်နေသည်ကို သတိပြုမိပါသည်။  ဥပမာအားဖြင့် –  ဦးကိုကိုကြီး ခေါင်းဆောင်သည့် ပြည်သူ့ ပါတီ ၊  ဦးဒေးဗစ်လှမြင့် ဦးဆောင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ၊ ပူကျင်ကမ်းလန် ဦးဆောင်သည့် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ၊ ဦးသာထွန်းလှ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ ၊ မွန်ညီညွတ်ရေးပါတီ ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ – စသဖြင့်  အတိုက်အခံ ဖြစ်မည့်ပါတီများဟု ယူဆရသည့်ပါတီများကို သတိပြုမိပါသည်။

မြေပြင်သတင်းများအရ  ပါတီမှတ်ပုံတင်ခွင့် ပြန်လည်မရရှိသေးသော ပါတီခေါင်းဆောင်များ၏  နောက်ကြောင်းများကို စုံစမ်းမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်နေကြောင်းသိရပါသည်။  သို့သော် ယင်းခေါင်းဆောင်များအပေါ် မေးမြန်း သော မေးခွန်းများမှာ အပြုသဘောမဟုတ်ဘဲ အပြစ်ရှာသည့်သဘောက ပိုနေသည်ဟု ဆိုသည်။  Negative question များဟု အမေးခံရသည့် ခေါင်းဆောင်တစ်ဦးက ဆိုပါသည်။ ယင်းအချက်များကို အကြောင်းပြု၍ မှတ်ပုံတင်ခွင့် မရရှိ သေးသော ပါတီများကို စာရင်းပြုစု၍ ဆက်လက်လေ့လာကြည့်ရာ အတော်များများသည် အတိုက်အခံပါတီများဟု ယူဆနိုင်သည့် ပါတီများဖြစ်နေသည်ကို သတိပြုမိပါသည်။  ဥပမာအားဖြင့် –  ဦးကိုကိုကြီး ခေါင်းဆောင်သည့် ပြည်သူ့ ပါတီ ၊  ဦးဒေးဗစ်လှမြင့် ဦးဆောင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ၊ ပူကျင်ကမ်းလန် ဦးဆောင်သည့် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ၊ ဦးသာထွန်းလှ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ ၊ မွန်ညီညွတ်ရေးပါတီ ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ – စသဖြင့်  အတိုက်အခံ ဖြစ်မည့်ပါတီများဟု ယူဆရသည့်ပါတီများကို သတိပြုမိ ပါသည်။   ဖေါ်ပြပါ ပါတီများ၏ ပါတီဝင်များက လူမှုကွန်ရက်ပေါ်တွင် ရေးသားချက်များအရဆိုလျှင် ယင်းပါတီများ၏ မူလပါတီဝင်များအား မှတ်ပုံတင်ခွင့် ရရှိထားပြီး စည်းရုံးရေးဆင်းခွင့်လည်း ရရှိထားသည့်ပါတီကြီးများက လာရောက် စည်းရုံးသွားကြသည်ဟု ဆိုပါသည်။   အထူးသဖြင့် နိုင်ငံတဝှမ်း စည်းရုံးသည့်ပါတီကြီးများက ပါတီဝင်အင်အား တစ်သိန်းရရှိရေးကို ဆောင်ရွက်ရာ၌  ဖေါ်ပြပါ အပြုအမူမျိုးကို ပိုပြီးဆောင်ရွက်ကြသည်ဟု ဆိုပါသည်။

သတ်မှတ်ထားသည့် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပြီး နိုင်ငံရေးပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ကြသည့် နိုင်ငံရေးပါ တီများအဖို့  ဆုပ်လည်းဆူး စားလည်းရူးဆိုသကဲ့သို့  မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်ကြရမည်ကိုပင် မသိနိုင်ကြ တော့ဟု ဆိုပါသည်။   နစက အားထောက်ခံသည်ဟု အကြမ်းဖျဉ်းယူဆရသည့်  မှတ်ပုံတင်ခွင့်ရရှိထားကြသည့် ပါတီများနည်းတူ ၎င်းတို့တွင် ဆောင်ရွက်ခွင့် မရရှိကြပေ။  ရွေးကောက်ပွဲ ကော်မရှင်က လျှပ်စစ်နည်းဖြင့် မဲပေးသည့် ကိရိယာများကို လာရောက်ရှင်းပြသည့် ကော်မရှင်နှင့်တွေ့ဆုံပွဲများသို့လည်း ဖိတ်ကြားခြင်း မခံကြရပါ။  တက်ရောက်ခွင့် မရကြပေ။  နစက အဖွဲ့အား ဆန့်ကျင်တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းများ၏  ပြစ်တင်ဝေဖန်ခြင်းခံနေရသည့်ကြားတွင် ပါတီအတွက် မှတ်ပုံတင်ခွင့်ပြုရန်ကလည်း မည်သည့်အခြေအနေမှန်းမသိ  ဖြစ်နေကြရပြီး ကြားညှပ်ခံနေကြရသည်။

သတ်မှတ်ထားသည့် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပြီး နိုင်ငံရေးပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ကြသည့် နိုင်ငံရေးပါ တီများအဖို့  ဆုပ်လည်းဆူး စားလည်းရူးဆိုသကဲ့သို့  မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်ကြရမည်ကိုပင် မသိနိုင်ကြ တော့ဟု ဆိုပါသည်။   နစက အားထောက်ခံသည်ဟု အကြမ်းဖျဉ်းယူဆရသည့်  မှတ်ပုံတင်ခွင့်ရရှိထားကြသည့်ပါတီများ နည်းတူ ၎င်းတို့တွင် ဆောင်ရွက်ခွင့် မရရှိကြပေ။  ရွေးကောက်ပွဲ ကော်မရှင်က လျှပ်စစ်နည်းဖြင့် မဲပေးသည့် ကိရိယာ များကို လာရောက်ရှင်းပြသည့် ကော်မရှင်နှင့်တွေ့ဆုံပွဲများသို့လည်း ဖိတ်ကြားခြင်း မခံကြရပါ။

ထို့အပြင် ရွေးကောက်ပွဲကျင်းပရေးကလည်း ဘယ်ဆီဘယ်ဝယ် ခန့်မှန်းလို့ မရကြသည့်အတွက် အခက်တွေ့ကြရသည်။ စစ်တပ်အာဏာသိမ်းမှု စတင်စဉ်က  ရွေးကောက်ပွဲကျင်းပရေးသည် နစက၏ ပထမဦးစားပေးဖြစ်ကြောင်း ထုတ်ပြန် ချက်များတွင် တွေ့နိုင်သော်လည်း ယခုကာလ ထုတ်ပြန်ချက်များတွင်မူ  ရွေးကောက်ပွဲသည် ကိစ္စအားလုံးပြီးစီးသည့်  နိုင်ငံအေးချမ်းတည်ငြိမ်သည့် အချိန် (နောက်ဆုံးကာလ) တွင် ကျင်းပမည့်သဘောမျိုး ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ သည့်အပြင် နစက ဥက္ကဌ၏ ပြောဆိုချက်များအရဆိုလျှင်  ၂၀၂၄- အောက်တိုဘာလတွင် သန်းခေါင်စာရင်း ကောက်ယူ ပြီးမှသာ မဲစာရင်းများ မှန်မှန်ကန်ကန် ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပြောဆိုချက်အရဆိုလျှင် ၂၀၂၄-အောက်တိုဘာအထိ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ လုံးဝမရှိတော့ပေ။  အလွန်ဆုံး ဖြစ်နိုင်ခြေကာလသည်ပင် ၂၀၂၅- နှောင်းပိုင်းတွင်သာ ဖြစ်နိုင်ပါလိမ့်မည်။  အဆိုပါ စဉ်းစားချက်သည်ပင် အခက်အခဲအများအပြားကို ကျော်ဖြတ်ဖို့ လိုအပ်နေပါသေးသည်။

ဖြစ်နိုင်ခဲ့သည်ဆိုဦးတော့ အနိုင်ရသူအား ပြန်လည်အာဏာလွဲရန်မှာ သေချာပါသလား။  ၁၉၉၀-ရွေးကောက်ပွဲတွင် စစ်တပ်က အနိုင်ရစေချင်သူ မနိုင်သောအခါ အာဏာလွဲပေးခြင်း မရှိခဲ့ပေ။  ၂၀၁၀- ကြပြန်တော့လည်း မိမိလူ မိမိအဖွဲ့ အနိုင်ရစေဖို့အတွက် ကြိုတင်မဲစာရင်းများအား ဆာလာအိတ်လိုက် မနိုင်မချင်း မဲဖြည့်လိမ်လည်ခဲ့ကြသည်ကို မည်သူမျှ မမေ့နိုင်ကြသေးပါ။ ထိုကာလ ၂၀၁၀-ရွေးကောက်ပွဲ၏ ကော်မရှင်ဥက္ကဌမှာ ယခုလက်ရှိ ကော်မရှင်ဥက္ကဌ နှင့် တစ်ဦးတည်း တစ်ယောက်ထဲ ဖြစ်နေပြန်သောအခါ လူထုအနေဖြင့် ယုံကြည်မှုပေးရန် ခက်ခဲနေခြင်းသည် နားလည်ပေးနိုင်ရမည့် အချက်ဖြစ်ပါသည်။  ထို့အပြင် လက်ရှိအခြေအနေအရဆိုလျှင် နစက အနေဖြင့် ရွေးကောက်ပွဲတွင် မိမိအား ဆန့်ကျင်သူများကို အနိုင်ပေးဝံ့သည့် သတ္တိမျိုး ရှိ-မရှိမှာလည်း စဉ်းစားတတ်သူတိုင်း အလိုလိုသိနေကြမည်သာ။

ထို့အပြင် ရွေးကောက်ပွဲကျင်းပရေးကလည်း ဘယ်ဆီဘယ်ဝယ် ခန့်မှန်းလို့ မရကြသည့်အတွက် အခက်တွေ့ကြရသည်။ စစ်တပ်အာဏာသိမ်းမှု စတင်စဉ်က  ရွေးကောက်ပွဲကျင်းပရေးသည် နစက၏ ပထမဦးစားပေးဖြစ်ကြောင်း ထုတ်ပြန် ချက်များတွင် တွေ့နိုင်သော်လည်း ယခုကာလ ထုတ်ပြန်ချက်များတွင်မူ  ရွေးကောက်ပွဲသည် ကိစ္စအားလုံးပြီးစီးသည့်  နိုင်ငံအေးချမ်းတည်ငြိမ်သည့်အချိန် (နောက်ဆုံးကာလ) တွင် ကျင်းပမည့်သဘောမျိုး ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲစာရင်းများ ပြုစုခြင်း၊ လျှပ်စစ်ခလုတ်များဖြင့် မဲပေးခြင်း စသဖြင့် အလုပ်မရှိ အလုပ်ရှာလုပ်ပြနေသော်လည်း လက်တွေ့မြေပြင်တွင်မူ မြို့နယ်တိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ခွဲများကိုပင် ဖွဲ့စည်း နိုင်ခြင်းမရှိသေးဟု သိရပါသည်။  မဲစာရင်းများ ပြုစုရန်မှာမူ စိတ်ကူး၍ပင် မရနိုင်သေးပေ။  မဲရုံများတွင် မဲရုံမှူး၊ မဲရုံစောင့် များ လျာထားရန်ဆိုလျှင် ပို၍ပင် ဝေးနေအုန်းမည်ဖြစ်သည်။  ရွေးကောက်ပွဲကိစ္စများနှင့် ပတ်သက်၍  ကမ္ဘောဒီးယား ၊ တရုတ် ၊ ရုရှား နိုင်ငံများသို့ သွားရောက်လေ့လာနေကြောင်း သတင်းများကြောင့် လူထုအတွက် ပို၍ပင် ယုံကြည်မှုပျက် စေခဲ့သည်ဟု သုံးသပ်သူများရှိပါသည်။   ရွေးကောက်ပွဲအား ပီအာစနစ်ဖြင့် ရောနှောကျင်းပမည်ဟုဆိုထားပြန်ရာ ယခုအချိန်အထိ လူထုအား တိတိပပချပြနိုင်ခြင်းမရှိသေးပေ။ နစက၏ လမ်းပြမြေပုံ (နောက်ဆုံးထုတ်)ကို ကြည့်လျှင်လည်း ရွေးကောက်ပွဲသည် နိုင်ငံတည်ငြိမ်အေးချမ်းပြီးမှ ကျင်းပမည်ဟုဆိုထားပြန်ရာ ရွေးကောက်ပွဲကို ရည်မျှော်၍ မှတ်ပုံတင်ကြသော နိုင်ငံရေးပါတီများအဖို့ ရွှေပြည်တော် မျှော်တိုင်းဝေးနေပြီဟု ဆိုရပါမည်။  ထိုသောအခါ ရွေးကောက်ပွဲအား လူထုဖက်က စိတ်ဝင်စားမှု နည်းပါးနေခြင်းနှင့် ယုံကြည်မှု နည်းနေခြင်းမှာ အပြစ်တင်နိုင်ဖွယ် မရှိတော့ပေ။

၁၉၉၀-ရွေးကောက်ပွဲတွင် စစ်တပ်က အနိုင်ရစေချင်သူ မနိုင်သောအခါ အာဏာလွဲပေးခြင်း မရှိခဲ့ပေ။  ၂၀၁၀- ကြပြန်တော့လည်း မိမိလူ မိမိအဖွဲ့ အနိုင်ရစေဖို့အတွက် ကြိုတင်မဲစာရင်းများအား ဆာလာအိတ်လိုက် မနိုင်မချင်း မဲဖြည့်လိမ်လည်ခဲ့ကြသည်ကို မည်သူမျှ မမေ့နိုင်ကြသေးပါ။ ထိုကာလ ၂၀၁၀-ရွေးကောက်ပွဲ၏ ကော်မရှင်ဥက္ကဌမှာ ယခုလက်ရှိ ကော်မရှင်ဥက္ကဌ နှင့် တစ်ဦး တည်း တစ်ယောက်ထဲ ဖြစ်နေပြန်သောအခါ လူထုအနေဖြင့် ယုံကြည်မှုပေးရန် ခက်ခဲနေခြင်းသည် နားလည်ပေးနိုင်ရမည့် အချက်ဖြစ်ပါသည်။  ထို့အပြင် လက်ရှိအခြေအနေအရဆိုလျှင် နစက အနေဖြင့် ရွေးကောက်ပွဲတွင် မိမိအား ဆန့်ကျင်သူများကို အနိုင်ပေးဝံ့သည့် သတ္တိမျိုး ရှိ-မရှိမှာလည်း စဉ်းစားတတ်သူတိုင်း အလိုလိုသိနေကြမည်သာ။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများနှင့် စားဝတ်နေရေး အခက်အခဲများအကြားတွင် ပြည်သူလူထုအနေဖြင့် နိုင်ငံရေးပါတီများကို စိတ်ဝင်စားမှု အလွန်နည်းပါးနေခြင်းသည် သဘာဝကျပါသည်။ လက်တွေ့ တွင်လည်း နိုင်ငံရေးမူဘောင်များက အလွန်ကျဉ်းလွန်းနေပြီး စစ်မူဘောင်က အလွန်အမင်း ကျယ်ပြန့်နေကြောင်း လူထု ကြီးက ကောင်းကောင်းသိနေကြမည်ဟု ယူဆနိုင်ပါသည်။   ရည်မျှော်ထားသော ရွေးကောက်ပွဲကလည်း အဝေးကြီးဖြစ် နေဆဲကာလတွင်  ပါတီအားမှတ်ပုံတင်ခွင့်  ခွင့်ပြုခဲ့သည်ဟုဆိုလျှင်ပင် တင်းကြပ်လွန်းသော စည်းမျဉ်းများကိုဆက်လက် ဖြတ်ကျော်ဖို့ရာ အင်တိုက်အားတိုက် ကြိုးပမ်းကြရမည့်အရေးမှာလည်း တွေးပူစရာဖြစ်နေဆဲပါ။

စစ်ကောင်စီက ကျင်းပပေးမည်ဟုဆိုသော ရွေးကောက်ပွဲမှာ ဖြစ်နိုင်ခြေအလွန်ကို ဝေးနေသေးသည်။ ယခုတွေ့မြင်နေရသလို မိမိကိုထောက်ခံမည့်ပါတီများကို အရင်ဆုံးလှုပ်ရှားခွင့်ပေးထားပြီး ဆန့်ကျင် မည်ဟု ယူဆရသည့်ပါတီများကို လှုပ်ရှားခွင့်ပိတ်ပင်ထားခြင်းသည်-  မိမိမြင်းကို အရင်တာလွှတ်ပြီး ပြိုင်ဖက်၏ မြင်းကို ခုချိန်ထိ တာမလွှတ်ပေးသည့်သဘော ဖြစ်နေပါသည်။  စဉ်းစားကြည့်လျှင် တရားမျှတမှု ရှိသောပြိုင်ပွဲ ဖြစ်လာရန်မှာ အလွန်ကို သံသယဖြစ်ဖွယ် ဖြစ်ပါသည်။  သို့ဆိုပါလျှင်  မည်သူက သတ်မှတ်သည့် ဥပဒေစည်းမျဉ်းပင်ဖြစ်ပါစေ၊ ဥပဒေ စည်းမျဉ်းများကို လိုက်နာပြီး ပါဝင်ဆောင်ရွက်လိုကြသော နိုင်ငံရေးပါတီများအဖို့  ထွက်ရပ်လမ်းသည် ဘယ်အရာနည်းဟု မေးမြန်းကြရတော့မည် ဖြစ်ပါသည်။

အားလုံးကို ခြုံငုံသုံးသပ်ရလျှင်  စစ်ကောင်စီက ကျင်းပပေးမည်ဟုဆိုသော ရွေးကောက်ပွဲမှာ ဖြစ်နိုင်ခြေအလွန်ကို ဝေးနေသေးသည်။ ယခုတွေ့မြင်နေရသလို မိမိကိုထောက်ခံမည့်ပါတီများကို အရင်ဆုံးလှုပ်ရှားခွင့်ပေးထားပြီး ဆန့်ကျင် မည်ဟု ယူဆရသည့်ပါတီများကို လှုပ်ရှားခွင့်ပိတ်ပင်ထားခြင်းသည်-  မိမိမြင်းကို အရင်တာလွှတ်ပြီး ပြိုင်ဖက်၏ မြင်းကို ခုချိန်ထိ တာမလွှတ်ပေးသည့်သဘော ဖြစ်နေပါသည်။  စဉ်းစားကြည့်လျှင် တရားမျှတမှု ရှိသောပြိုင်ပွဲ ဖြစ်လာရန်မှာ အလွန်ကို သံသယဖြစ်ဖွယ် ဖြစ်ပါသည်။  သို့ဆိုပါလျှင်  မည်သူက သတ်မှတ်သည့် ဥပဒေစည်းမျဉ်းပင်ဖြစ်ပါစေ၊ ဥပဒေ စည်းမျဉ်းများကို လိုက်နာပြီး ပါဝင်ဆောင်ရွက်လိုကြသော နိုင်ငံရေးပါတီများအဖို့  ထွက်ရပ်လမ်းသည် ဘယ်အရာနည်းဟု မေးမြန်းကြရတော့မည် ဖြစ်ပါသည်။

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)