၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးနှင့်မြန်မာ့အရေးအပေါ် အလေးထားမှု အခြေအနေ

“မြန်မာနိုင်ငံမှာဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ ပိုမိုဆိုးရွားလာနေတဲ့ ငတ်မွတ် ခေါင်းပါးမှုတွေအပြင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်ရောက်နိုင်ရေးအတွက် မျှော်လင့်ချက်တွေ ဟာလည်း ရိုက်ချိုးဖျက်ဆီးခြင်း ခံနေရပါတယ်”လို့ အတွင်းရေးမှူးချုပ်ဂူတာရက်စ် က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တစ်ယောက်က  မြန်မာ့အရေးနဲ့ပက်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေနားပေါက်အောင် တရားဝင်သတင်းစကားပါးပေးတဲ့အတွက် အကျိုးသက်ရောက် မှုများစွာရှိလာနိုင်မှာပါ။”

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးနှင့်မြန်မာ့အရေးအပေါ် အလေးထားမှု အခြေအနေ

၁၉၃ နိုင်ငံကခေါင်းဆောင်တွေ စုဝေးတက်ရောက်တဲ့ ၇၈ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၁၉ရက်ကနေ ၂၈ရက် အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အထွေထွေညီလာခံကြီးမှာ မြန်မာ့အရေးက ဘယ်လောက်လွှမ်းမိုးမှု ရှိခဲ့သလဲ၊ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက မြန်မာ့အရေးကို ဘယ်လောက်စိတ်ဝင်စားကြသလဲ။ ကုလသမဂ္ဂ အဖွဲ့အစည်း တွေအနေနဲ့ မြန်မာ့အရေးအပေါ် ဘယ်လောက်ထိ အာရုံစိုက်ကြသလဲ ဆိုတာတွေကို သိချင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စက်တင်ဘာ ၁၉ ရက်ကစပြီး စက်တင်ဘာလကုန်ထိ သတင်းများကို စောင့်ကြည့် လေ့လာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်ဆွေးနွေးပွဲတွေထဲမှာတော့ General Debate က အရေးကြီးဆုံးနဲ့ လူတွေစိတ်ဝင်စားဆုံးပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေ၊ အကြံဉာဏ်တွေနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တစ်ဦးချင်းက ၁၅မိနစ်ကြာ မိန့်ခွန်းပြောကြားလေ့ရှိပါတယ်။သူတို့ပြောတဲ့ မိန့်ခွန်းတွေထဲမှာ သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ မူဝါဒတွေ၊ ဦးစားပေးဆောင်ရွက်မဲ့အစီအစဥ်တွေပါဝင်နေလို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ General Debate မှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးမိန့်ခွန်း ပြောကြား ဖြစ်ပါတယ်။ အာဏာသိမ်းလိုက်တဲ့ အကျိုးဆက်ကြောင့်ပဲ နိုင်ငံခေါင်းဆောင်အနေနဲ့ရော၊ နိုင်ငံကိုယ်စား ပြုသူအနေနဲ့ပါ တက်ရောက်မိန့်ခွန်း ပြောကြားခွင့်မရတာ သုံးနှစ်ဆက်တိုက် ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဗီတိုအာဏာသုံးနိုင်တဲ့ ကြီးငါးကြီးထဲက အမေရိကန်သမ္မတသာ တက်ရောက်လာပြီး၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်နိုင်ငံတွေကတော့ နိုင်ငံခြားရေးဝန်ကြီးတွေပဲ တက်ရောက်လာပါတယ်။ ဒီနှစ်မှာတော့ ရုရှား ယူကရိန်းအရေးက လွှမ်းမိုးထားသလို၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုအရေးနဲ့ စွမ်းအင်၊စားနပ်ရိက္ခာဖူလုံရေးတို့ကရှေ့တန်းရောက်ခဲ့ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်ပြောတဲ့ မိန့်ခွန်းထဲမှာ မြန်မာ့အရေးမပါဝင်ခဲ့သလို၊ General Debate မိန့််ခွန်းတွေထဲမှာ မြန်မာ့အရေးထည့်သွင်း ပြောကြားတဲ့နိုင်ငံ လက်ချိုးရေလို့ရလောက်အောင် နည်းခဲ့ပါတယ်။

*ကုလသမဂ္ဂအတွင်းရေးမှုးချုပ်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်တို့ဘာပြောခဲ့သလဲ*

အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် ကတော့ ကမ္ဘာ့တဝန်းလက်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများနဲ့ ပတ်သက်ပြီးပြောကြားရာမှာ မြန်မာ့အရေးကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ ပိုမိုဆိုးရွားလာနေတဲ့ ငတ်မွတ်ခေါင်းပါးမှုတွေအပြင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်ရောက်နိုင်ရေးအတွက် မျှော်လင့်ချက် တွေဟာလည်း ရိုက်ချိုးဖျက်ဆီးခြင်း ခံနေရပါတယ်”လို့ အတွင်းရေးမှူးချုပ်ဂူတာရက်စ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တစ်ယောက်က  မြန်မာ့အရေးနဲ့ပက်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေနားပေါက်အောင် တရားဝင်သတင်းစကား ပါးပေးတဲ့အတွက် အကျိုးသက်ရောက်မှုများစွာ ရှိလာနိုင်မှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဆီ ရောက်နေတဲ့ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကလည်း မြန်မာစစ်တပ်ကို ကြီးမားစွာအနှောင့်အယှက်ဖြစ်စေပါတယ်။ မြန်မာစစ်တပ်ရဲ့ တရားလက်မဲ့နယ်မြေရှင်းလင်းခြင်း တွေကြောင့်ပဲ ရိုဟင်ဂျာလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်ထဲပြေးဝင်ခိုလှုံနေကြတာ ၆ နှစ်သက်တမ်း ရှိနေပါပြီ။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဆီ လုံခြုံစိတ်ချစွာပြန်နိုင်အောင် လုပ်ဆောင်ပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က လက်ခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေအတွက်ဟာ ၁ ဒဿမ ၂ သန်းရှိနေပါတယ်။ အမေရိကန်အစိုးရကနေ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာတွေနဲ့ အိမ်ရှင်အဖြစ်လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၁၆သန်း ထပ်မံပေးအပ်မှာ ဖြစ်ကြောင်း ကြေညာပြီးလနောက်နေ့ ညီလာခံ မိန့်ခွန်းထဲမှာရှိတ်ဟာဆီနာထည်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဂမ်ဘီယာ၊ မလေးရှား၊ တူရကီ၊ ဗြိတိန်နဲ့ အမေရိကန်တို့ ဦးဆောင်တဲ့ ညီလာခံပြင်ပ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာလည်း ရှိတ်ဟာဆင်နာက “ကမ္ဘာ့အသိိုင်းအဝိုင်း၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ဖို့ စု​ပေါင်းလုပ်ဆောင်မှုကို ၂ဆတိုးဆောင်ရွက်ပေးကြဖို့ “ထပ်မံတိုက်တွန်းပြောကြားခဲ့ပါသေးတယ်။ရိုဟင်ဂျာဒုက္ခသည်တွေအရေးရဲ့ လက်သည်အစစ်အမှန် ကလည်းတိုင်းပြည်အာဏာကိုသိမ်းယူထားတဲ့စစ်အုပ်စုပဲဖြစ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်ဆံရေးကောင်းမှုကြောင့်ပဲ စစ်ကောင်စီရဲ့ အမျက်ရှပြီး သံတမန်နှင်ထုတ်ခံရတဲ့ အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာ ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးလွတ်လပ်စွာပဲပြောသွားပါတယ်။
    “မြန်မာစစ်တပ်ဟာ မြေလှန်မီးရှို့တဲ့ စနစ်ကိုကျင့်သုံးနေပြီး၊ စစ်ရဟတ်ယာဥ်တွေ၊ တိုက်လေယာဉ်တွေနဲ့ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ၂၀၂၁ခုနှစ် အာဏာသိမ်းကတည်းက အနည်းဆုံးလူပေါင်း ၃၀၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း ၁၇၀၀၀ လောက်ကို မတရားဖမ်းဆီးထားပါတယ်။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ အကူအညီကိုမျှော်နေပြီး အဲ့ဒီလိုဖြစ်လာတဲ့အတွက်နိုင်ငံတကာဟာ သူတို့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေရကြောင်း” ကို စကားလုံးကြမ်းကြမ်းတွေနဲ့ ထင်သာမြင်သာအောင် ပြောဆိုခဲ့ပါတယ်။

 *အင်ဒိုနီးရှား၊မလေးရှား၊စင်္ကာပူ၊ထိုင်းနှင့်အရှေ့တီမောတို့​ပြောကြတဲ့အသံ*

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘုံသဘောတူချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရေးဟာ အဓိကအဖြစ်ရှိနေဆဲ ဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ဒါကို အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်း ပါတယ်။ မြန်မာပြည်သူတွေကို ပစ်မထားဖို့ အတွက်လည်း အာဆီယံက အားသွန်ခွန်စိုက် ကြိုးစားမှာဖြစ်ပါတယ်” လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက မိန့်ခွန်းထဲထည့်သွင်း ပြောကြားကာ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ICRC ဥက္ကဋ္ဌ နဲ့တွေ့ဆုံပြီးမြန်မာ့အရေးဆွေးနွေးခဲ့တာကိုလည်းတွေ့ရပါတယ်။

မလေးရှားဝန်ကြီးချုပ် အန္နဝါအီဗရာဟင် ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ “မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ မတည်ငြိမ်မှုတွေဟာ ခုထိဆက်လက် ဖြစ်ပွားနေပြီး၊ ဒီအခြေအနေတွေအပေါ် အလွန်ပဲ စိုးရိမ်ထိတ်လန့်မိပါတယ်၊ ဒါတွေဟာ အာဆီယံနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ကိစ္စပါ၊ မြန်မာပြည်ပြဿနာဟာ ဒီနှစ်ပိုင်းတွေအတွင်း အာဆီယံရဲ့ အကြီးမားဆုံးမဟာဗျူဟာမြောက် လူသားချင်းစာနာမှု ဆိုင်ရာပြဿနာ ဖြစ်နေပါတယ်” လို့ပြောကြား သွားပါတယ်။

  စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဖြစ်သူကတော့ ရုရှားယူကရိန်း စစ်ပွဲနဲ့ ပမာနှိုင်းပြီး မြန်မာ့အရေးကို မီးမောင်းထိုးပြခဲ့ပါတယ်။
“ရုရှားနဲ့ ယူကရိန်း စစ်ပွဲဟာ အခုထိ ဆက်ဖြစ်နေဆဲဆိုတာ မှန်ပါတယ်။ ဒါဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတဲ့ အကြီးမားဆုံး စစ်ပွဲဆိုတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှဘက်အခြမ်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေဖြစ်နေပါတယ်။ မြန်မာလူမျိုးတွေနဲ့ ထိုက်တန်တဲ့၊ မြန်မာလူမျိုးတွေ လိုလားတောင့်တ နေတဲ့ငြိမ်းချမ်းရေးတွေ၊ တိုးတက်မှုတွေဟာ ရိုက်ချိုးဖျက်ဆီးခံနေရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက မောင်နှမတွေနဲ့အတူထပ်တူခံစားရပါတယ်” လို့ ထည့်သွင်း ပြောကြားသွားပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် ဆာထာထေဝီဆင်ကလည်း အထွေထွေညီလာခံမှာ မိန့်ခွန်းပြောပါတယ်။ ဒါပေမဲ့ မြန်မာအရေးနဲ့ ပတ်သက်ပြီး တိုက်ရိိုက် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံအပြီး သတင်းထောက်များကို ပြောကြားရာမှာသာ မြန်မာအကြောင်းကို ပြောပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ သူ့စိုးရိမ်စိတ်တွေကို ပြောပြထားတာကြောင့် မြန်မာ့ဒုက္ခသည် အရေး ထိုင်းဘက်က အလေးထားဆောင်ရွက်ပါမယ်လို့ပြောပါတယ်။ လူ့အခွင့်အရေးကို အလေးထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ထောက်ခံမှာဖြစ်သလို ဒုက္ခသည်တွေ ကူညီရေးမှာ ပါဝင်ဆောင်ရွက်မှာ ဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိုတော့ စွက်ဖက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမဲ့ လာအိုနိုင်ငံကလည်း မြန်မာ့အရေးကို ထည့်မပြောသလို၊ ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း နှုတ်ဆိတ် နေခဲ့ကြတာကိုသတိထားဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်ဆံရေးကောင်းမှု ကြောင့်ပဲ စစ်ကောင်စီရဲ့ အမျက်ရှပြီး သံတမန်နှင်ထုတ်ခံရတဲ့ အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာ ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးလွတ်လပ်စွာပဲပြောသွားပါတယ်။

“မြန်မာစစ်တပ်ဟာ မြေလှန်မီးရှို့တဲ့ စနစ်ကိုကျင့်သုံးနေပြီး၊ စစ်ရဟတ်ယာဥ်တွေ၊ တိုက်လေယာဥ်တွေနဲ့ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ၂၀၂၁ခုနှစ် အာဏာသိမ်းကတည်းက အနည်းဆုံးလူပေါင်း ၃၀၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း ၁၇၀၀၀ လောက်ကို မတရားဖမ်းဆီးထားပါတယ်။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ အကူအညီကိုမျှော်နေပြီး အဲ့ဒီလို ဖြစ်လာတဲ့အတွက်နိုင်ငံတကာဟာ သူတို့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေရကြောင်း” ကို စကားလုံးကြမ်းကြမ်းတွေနဲ့ထင်သာမြင်သာအောင်ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပေမဲ့၊ အိန္ဒိယရဲ့ ညီလာခံမိန့်ခွန်းထဲမှာတော့ မြန်မာ့အရေးပါဝင်ခဲ့ခြင်းမရှိပါဘူး။ အထွေထွေညီလာခံကို တက်ဖို့လာကြတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် (Quad) ၄နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ စက်တင်ဘာ ၂၂ ရက် နယူးယောက်မှာ တွေ့ကြပါတယ်။ Quad ၄ နိုင်ငံဆိုတာကတော့ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယတို့ပဲ ဖြစ်ပါတယ်။ ဝန်ကြီး၄ဦးတွေ့ဆုံအပြီး ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာ့အရေး ပါဝင်လာခဲ့ ပါတယ်။အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့၊ ဥပဒေမဲ့ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ဆွေးနွေးအဖြေရှာဖို့၊ လူသားချင်း စာနာတဲ့အကူအညီတွေကို အဟန့်အတားမရှိပေးနိုင်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် အသွင်ကူးပြောင်းရာမှာ အားလုံးပါဝင်နိုင်စေဖို့ဆိုပြီး သဘောတူထုတ်ပြန်ချက်ထဲမှာ
ထည့်သွင်းတောင်းဆိုထားပါတယ်။

 *အသံထွက်လာတဲ့အိန္ဒိယ*

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပေမဲ့၊ အိန္ဒိယရဲ့ ညီလာခံမိန့်ခွန်းထဲမှာတော့ မြန်မာ့အရေးပါဝင်ခဲ့ခြင်းမရှိပါဘူး။ အထွေထွေညီလာခံကို တက်ဖို့လာကြတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် (Quad) ၄နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ စက်တင်ဘာ ၂၂ ရက် နယူးယောက်မှာတွေ့ကြပါတယ်။

Quad ၄ နိုင်ငံဆိုတာကတော့ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယတို့ပဲ ဖြစ်ပါတယ်။ ဝန်ကြီး၄ဦး တွေ့ဆုံအပြီး ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာ့အရေးပါဝင်လာခဲ့ပါတယ်။အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့၊ ဥပဒေမဲ့ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ဆွေးနွေးအဖြေရှာဖို့၊ လူသားချင်း စာနာတဲ့အကူအညီတွေကို အဟန့်အတားမရှိပေးနိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ် အသွင်ကူးပြောင်း ရာမှာ အားလုံးပါဝင်နိိုင်စေဖို့ဆိုပြီး သဘောတူထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာလည်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ်က ဝင်ရောက် ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အိန္ဒိယနိုင်ငံကို ရိုက်ခက်နေကြောင်း၊ ဆက်တိုက်ဖြစ်နေတဲ့ ပဋိပက္ခတိုက်ခိုက်မှုတွေကြောင့် အိန္ဒိယထဲ မြန်မာနိုင်ငံသား တွေ ဝင်ရောက်လာနေတဲ့ အတွက် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ မြင့်တက်လာနေကြောင်း ပြောပါတယ်။ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဥ်းသားတွေပြန်လွှတ်ပေးဖို့နဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားဖို့တိုက်တွန်းကြောင်းဆွေးနွေးခဲ့ပါတယ်။

PDFတွေ ခုခံတော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာမှာ ဖော်ပြထာတာကို တွေ့ရပါ တယ်။ ပစ်မှတ်ထား တိုက်ခိုက်တာတွေ အများပြည်သူနေရာတွေမှာ ဗုံးခွဲတိုက်ခိုက်တာမျိုးတွေ ရှိနေပေမဲ့  စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့  နှိုင်းယှဉ်လို့ မရလောက်အောင်ကို  အတိုင်းအတာက သေးငယ်တယ်လို့ဆိုပါတယ်။စစ်တပ်ကိုဆန့်ကျင်တဲ့အုပ်စုတွေအနေနဲ့နိုင်ငံတကာလူ့အခွင့်အရေးတွေ၊ လူသားချင်းစာနာမှုဥပဒေတွေ၊ အရပ်သားပြည်သူတွေအပေါ်အကာအကွယ်ပေးရမဲ့ စည်းမျည်းစည်ကမ်း တွေကို လေးစားလိုက်နာမှုရှိကြတယ်လို့ဖော်ပြထားပါတယ်။

*လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီးရဲ့အစီရင်ခံစာ*

စက်တင်ဘာ ၂၆ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို  ကျင်းပခဲ့ပါတယ်။ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာတာ့စ် က အစီရင်ခံစာသွင်းခဲ့ပါတယ်။

 ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ စက်တင်ဘာ၂၅ရက်အထိ မြန်မာစစ်တပ်နဲ့ သူ့မဟာမိတ်လက်နက်ကိုင် တွေကြောင့် သေဆုံးရသူ ၄၁၀၈ ဉီးရှိနေပြီး ၊ လေကြောင်းတိုက်ခိုက်ခြင်း ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရွာတွေကိုမီးရှို့ခြင်း အဓိက ဗျူဟာသုံးခုနဲ့ အရပ်သားတွေကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ စစ်ရေးဆောင်ရွက်မှု၊ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ၁၀ ဦး ထက် မနည်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု၂၂ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်။

မြန်မာစစ်တပ်ဟာ အရပ်သားအုပ်ချုပ်ရေးနဲ တရားစီရင်ရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးပစ်ခဲ့လို့ တရားဉပဒေစိုမိုးမှု လုံးဝပျောက်ကွယ်ခဲ့တယ်။ လူပေါင်း၂၄,၀၀၀ကျော်ကိုဖမ်းဆီးပြီး ၁၉,၀၀၀ လောက် ကို ထိန်းသိမ်းထားကာ ၇၃၆၈ဉီးကို မိနစ်ပိုင်းလောက်ပဲကြာမြင့်တဲ့ အရေးပေါ်တရားခွင်ကနေ ပြစ်ဒဏ်ချမှတ်တယ်။ အဲဒီအထဲက ၁၅၀ယောက်ဟာ စစ်တပ်လက်အောက်ခံ တရားရုံးတွေကနေ သေဒဏ်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ် မိုခါမုန်တိုင်းကြောင့် အသက်ကယ်ဖို့ အကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေမျိုးမှာတောင် ပြင်ပက အကူအညီတွေကို ပိတ်ဆို့ထားတယ်။ ပြည်သူတွေရဲ့ ဒုက္ခကို ဖြေရှင်းပေးဖို့ထက်  သူတို့အတွက်နိုင်ငံရေးအကျိုးအမြတ်ကိုသာ မြန်မာတပ်ကဦးစားပေး လုပ်ဆောင် ခဲ့တယ်။

PDFတွေ ခုခံတော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာမှာ ဖော်ပြထာတာကို တွေ့ရ ပါတယ်။ ပစ်မှတ်ထား တိုက်ခိုက်တာတွေ အများပြည်သူနေရာတွေမှာ ဗုံးခွဲတိုက်ခိုက်တာမျိုးတွေ ရှိနေ ပေမဲ့  စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့  နှိုင်းယှဉ်လို့ မရလောက်အောင်ကို  အတိုင်းအတာက သေးငယ်တယ်လို့ဆိုပါတယ်။ စစ်တပ်ကိုဆန့်ကျင်တဲ့ အုပ်စုတွေအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးတွေ၊ လူသားချင်းစာနာမှုဥပဒေတွေ၊ အရပ်သားပြည်သူတွေအပေါ်အကာအကွယ်ပေးရမဲ့ စည်းမျည်း စည်ကမ်းတွေကို လေးစားလိုက်နာမှုရှိကြတယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တာ့စ် ရဲ့ အစီရင်ခံစာနဲ့ တောင်းဆိုမှုတွေ အတွက် ပြည်သူတစ်ယောက်ချင်းစီ အားရကျေနပ်ကြမှာ အမှန်ပါပဲ။ ကြေညာချက်တွေ၊ တိုက်တွန်း တောင်းဆိုချက်တွေ ထုတ်ရုံလောက်နဲ့တော့ ပြည်သူတွေ အနှိပ်စက်ခံ၊ အသတ်ဖြတ်ခံရခြင်းမှ ကင်းလွတ်မှာမဟုတ်ပါဘူး။ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းကိုင်တွယ်စေပြီး အရေးယူဆောင်ရွက်နိုင်မှသာ ဟန့်တားကာကွယ်ပေးရာ ရောက်မှာဖြစ် ပါတယ်။ ဒီသတင်းကို ကြားရတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းကလည်း
မြန်မြန်ဖြစ်ပါစေလို့ ဆုတောင်းနေကြမှာ သေချာပါတယ်။

 * စစ်ကောင်စီကိုICC လွဲပြောင်းကိုင်တွယ်ဖို့ တောင်းဆိုပြီ*

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ပထမဆုံးဆုံးဖြတ်ချက် ၂၆၆၉ ကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလကချမှတ်ခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖိုဲ့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်သားတွေကို ပြန်လွှတ်ပေးဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ အကန့်အသတ်မရှိခွင့်ပြုဖို့ပဲဖြစ်ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ဆုံးဖြတ်ခဲ့တာမှန်ပေမဲ့မလိုက်နာခဲ့ရင်ဘယ်လိုအရေးယူမယ်ဆိုတာ  မပါတဲ့အတွက် စစ်ကောင်စီက ဂရုစိုက်ခြင်းမရှိခဲ့ပါဘူး။ ဒီအချက်ကို မဟာမင်းကြီးက ထောက်ပြပြီး တစ်ဆင့်တက်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မြေပြင်အခြေအနေတွေ ဆိုးဝါးပြင်းထန်လာမှုနဲ့ကျူးလွန်ကြသူတွေ အပြစ်ပေး အရေးယူခံရခြင်း မရှိတာကြောင့် မြန်မာနိုင်ငံအရေးကို နိုင်ငံတကာရာဇဝတ်မှု ခုံရုံး(ICC ) ထံသို့ လွှဲပြောင်းကိုင်တွယ်စေဖို့ မဟာမင်းကြီးကတောင်းဆိုလိုက်တာပါ။  နိုင်ငံတကာက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ခြင်းမရှိတဲ့ ဒဏ်ကို မြန်မာပြည်သူတွေ ခံစားနေရတာကြာပါပြီ။

ဒီအဖြစ်ကို ပြောင်းလဲရပါမယ်။ မြန်မာစစ်တပ်ဟာ အပြစ်ပေး အရေးယူခံရခြင်း မရှိဘဲ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြာခဲ့ပါပြီ။ မြန်မာစစ်တပ်ဟာတော်ရုံနဲ့ ပြောင်းလဲလာမဲ့ လက္ခဏာမပေါ်ပါဘူး။အခုဆိုရင် မြန်မာပြည်သူတွေကို အကာကွယ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိမဲ့ အခြေအနေ ဖြစ်လာအောင် ပြန်လုပ်ပေးဖို့တာဝန်ဟာ နိုင်ငံတကာအပေါ်မှာပဲ မူတည်နေပါတယ်။ ဒါကြောင့် အခုပဲ စတင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်လို့ မဟာမင်းကြီးက ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတာ့စ် ရဲ့ အစီရင်ခံစာနဲ့ တောင်းဆိုမှုတွေ အတွက် ပြည်သူ တစ်ယောက်ချင်းစီအားရကျေနပ်ကြမှာအမှန်ပါပဲ။ ကြေညာချက်တွေ၊ တိုက်တွန်းတောင်းဆိုချက်တွေ ထုတ်ရုံလောက်နဲ့တော့ ပြည်သူတွေ အနှိပ်စက်ခံ၊ အသတ်ဖြတ်ခံရခြင်းမှ ကင်းလွတ်မှာမဟုတ်ပါဘူး။ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်း ကိုင်တွယ်စေပြီး အရေးယူဆောင်ရွက်နိုင်မှသာ ဟန့်တားကာကွယ်ပေးရာ ရောက်မှာဖြစ်ပါတယ်။

ဒီသတင်းကို ကြားရတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းကလည်း မြန်မြန်ဖြစ်ပါစေလို့ ဆုတောင်းနေကြမှာ သေချာပါတယ်။

ဘုန်းသွေးနီ

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)