ဖက်ဒရယ်စနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုများ အပိုင်း(၃)

အသံဆောင်းပါး နားဆင်ရန်

ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်ဝါဒ၏အခြေခံသဘောတရားမှာ နိုင်ငံများအနေဖြင့် ၎င်းတို့၏ ပြည်သူများ အပေါ်ထိရောက်သော ဆောင်ရွက်မှုများအား လုပ်ဆောင်ပေးနိုင်ရန်အတွက် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ပူးပေါင်းရမည်ကို စဉ်းစားတွေးတောရင်း ဖွံ့ဖြိုးတိုးတက်လာသော အယူအဆ တစ်ခု ဖြစ်သည်။ အဓိကအားဖြင့် ဖက်ဒရယ်စနစ်တွင် ဗဟိုချုပ်ကိုင်မှုကို ပိုမိုလျော့ချပြီး ပြည်သူများနှင့် အနီးစပ် ဆုံးသော အစိုးရများမှ ဆုံးဖြတ်ချက်များချမှတ်နိုင်ခွင့်ရရှိရန် ရည်ရွယ်ခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်မူဝါဒသည် အခွန်ကောက်ခံခြင်း၊ သုံးစွဲခြင်းတို့ကို အစိုးရအဆင့်များအကြားတွင် လုပ်ထုံးလုပ် နည်းများချမှတ်ခြင်းနှင့် ဘဏ္ဍာငွေလွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ၎င်းတို့၏ ဖက်ဒရယ်ဖွဲ့စည်းပုံများ တွင် တိကျစွာထည့်သွင်း ရေးသားထားခြင်းဖြစ်သည်။

Fiscal federalism သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်ဝါဒ

ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်ဝါဒ၏ အခြေခံသဘောတရားမှာ နိုင်ငံများအနေဖြင့် ၎င်းတို့၏ ပြည်သူများ အပေါ်ထိရောက်သော ဆောင်ရွက်မှုများအား လုပ်ဆောင်ပေးနိုင်ရန်အတွက် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ပူးပေါင်းရမည်ကို စဉ်းစားတွေးတောရင်း ဖွံ့ဖြိုးတိုးတက်လာသော အယူအဆ တစ်ခု ဖြစ်သည်။ အဓိကအားဖြင့် ဖက်ဒရယ်စနစ်တွင် ဗဟိုချုပ်ကိုင်မှုကို ပိုမိုလျော့ချပြီး ပြည်သူများနှင့် အနီးစပ် ဆုံးသော အစိုးရများမှ ဆုံးဖြတ်ချက်များချမှတ်နိုင်ခွင့်ရရှိရန် ရည်ရွယ်ခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်မူဝါဒသည် အခွန်ကောက်ခံခြင်း၊ သုံးစွဲခြင်းတို့ကို အစိုးရအဆင့်များအကြားတွင် လုပ်ထုံးလုပ် နည်းများချမှတ်ခြင်းနှင့် ဘဏ္ဍာငွေလွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ၎င်းတို့၏ ဖက်ဒရယ်ဖွဲ့စည်းပုံများ တွင် တိကျစွာထည့်သွင်း ရေးသားထားခြင်းဖြစ်သည်။ ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို အစိုးရများက ဆောင်ရွက်ပေးရာတွင် ထိရောက်ပြီး တန်းတူညီမျှမှုရှိရမည် ဆိုသောအချက်ကို အခြေခံ၍ စဉ်းစားခြင်းဖြစ်သည်။ ယခင်ဆောင်းပါးများတွင် ဖက်ဒရယ်စနစ်၏ အစိုးရအဆင့်ဆင့် တည်ရှိပုံ၊ ၎င်းတို့၏ လွတ်လပ်စွာ သီးခြားဆုံးဖြတ်ပိုင်ခွင့်နှင့်အတူ ပူးတွဲတာဝန်ခံရမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆင့်ဆင့်သော အစိုးရများ၏တာဝန်သည် ၎င်းတို့အုပ်ချုပ်မှု ဒေသအောက်ရှိ ပြည်သူများကို ထိရောက် လုံလောက်သောဝန်ဆောင်မှုများ ပေးရန်ဖြစ်သည်။

ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်မူဝါဒသည် ၁၉၅၉ ခုနှစ်တွင် လူသိများလာခဲ့ပြီး အမေရိကန်- ဂျာမန် စီးပွားရေး ပညာရှင် ရစ်ချက်မတ်စ်ဂရေ့ (Richard Musgrave) က ၎င်း၏ ပြည်သူ့ဘဏ္ဍာငွေ ဆိုင်ရာ သီအိုရီဆိုသည့် သုတေသန စာတမ်းတွင် စတင်ဖေါ်ထုတ်ခဲ့သည်။ သူ၏ သုတေသနစာတမ်းတွင် အစိုးရ၏ အခွန်ကောက်ခံမှုနှင့် သုံးစွဲခြင်း အပါအဝင် ပြည်သူ့ ဘဏ္ဍာငွေ၏ လိုအပ်သော အချက်များကို ဖေါ်ပြခဲ့သည်။

Mancur Olson (The principle of Fiscal Equivalence – 1969)၏ ဘဏ္ဍာရေးဆိုင်ရာညီမျှမှု ဆွေးနွေးချက်ကို ကိုးကားရမည်ဆိုလျှင် နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နှင့် အကျိုးအမြတ် ရယူပိုင်ခွင့်များသည် မတူညီသော အစိုးရအဆင့် များတွင်ထပ်နေပြီး ထွေးရောယှက်တင် ဖြစ်နေပါက အကျိုးအမြတ်ညီမျှစွာရရှိနိုင်မှုနှင့် ကုန်ထုတ်စရိတ် သုံးစွဲမှုတို့ တွင် တဖက်စောင်းနင်း ဖြစ်လာပြီး ပြဿနာများစွာတွေ့ကြုံနိုင်သည်။ ထိုအခြေအနေကို ဖြေရှင်းနိုင်ရန် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အတွက် မည်ကဲ့သို့ လုပ်ဆောင်မည်ကို ရှင်းလင်းတိကျစွာ ခွဲဝေ ပြဋ္ဌာန်းထားခြင်း မှာ အကောင်းဆုံး ပုံစံတစ်ခုဖြစ်သည်။

Wallace E Oates (Fiscal Federalism – 1972) ၏ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုင်ရာ သီအိုရီအရ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုစီသည် ၎င်းနှင့်သက်ဆိုင်သော အသေးဆုံးနှင့် အနီးကပ်ဆုံး အစိုးရအုပ်ချုပ်မှုအဖွဲ့၏ လက်အောက်တွင်ထားရှိမှသာ အကျိုးရလဒ်ကောင်းစွာ ရရှိမည်ဟု ဆိုထားသည်။ ထို့အပြင် ဥရောပသမဂ္ဂ၏ ဆန်းသစ် ထားသော လက်အောက်ခံ အဖွဲ့ဝင်များဆိုင်ရာ သီအိုရီအရ အခွန်ကောက်ခံခြင်း၊ သုံးစွဲခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် လုပ်ငန်းစဉ်အားလုံးကို ပြည်သူများနှင့် အနီးကပ်ဆုံး အစိုးရကသာ ကျင့်သုံး ဆောင်ရွက်သင့်သည်ဟု ဆိုထားပါသည်။

ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ သီအိုရီအရ ယနေ့ခေတ်အစိုးရများရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်း ရာတွင် ဖက်ဒရယ်စနစ်သည် အထိရောက်ဆုံးနှင့် အကျိုးသက်ရောက်မှုအရှိဆုံးဟုယူဆထားပါသည်။ ဝင်ငွေခွဲဝေမှု၊ အရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေပေးနိုင်မှုနှင့် စီးပွားရေးတည်ငြိမ်မှုတို့အတွက် အထောက်အကူ ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။ နိုင်ငံတစ်ခုတွင် ဝင်ငွေရရှိမှု အချိုးမတူညီသည့် ဒေသများ ရှိနေမည်ဖြစ်ပြီး ၎င်းမညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဖက်ဒရယ်အစိုးရများမှ ဝင်ရောက်ထိန်းညှိပေးနိုင်ပြီး ဖက်ဒရယ်စနစ်၏ ပြုလွယ် ပြင်လွယ်ရှိသော စီးပွားရေးဆိုင်ရာလိုက်လျောညီထွေလုပ်နိုင်မှုနှင့် ဝင်ငွေခွဲဝေမှုတို့ ရှိနေခြင်းကြောင့်ဖြစ်သည်။ ဖက်ဒရယ်စနစ်တွင် ပြည်နယ်နှင့် ဒေသများအနေဖြင့် ၎င်းတို့၏ အရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေသုံးစွဲခွင့်ရှိ ရန်လိုအပ်သည်။


ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ သီအိုရီအရ ယနေ့ခေတ်အစိုးရများရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်း ရာတွင် ဖက်ဒရယ်စနစ်သည် အထိရောက်ဆုံးနှင့် အကျိုးသက်ရောက်မှုအရှိဆုံးဟုယူဆထားပါသည်။ ဝင်ငွေခွဲဝေမှု၊ အရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေပေးနိုင်မှုနှင့် စီးပွားရေးတည်ငြိမ်မှုတို့အတွက် အထောက်အကူ ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။ နိုင်ငံတစ်ခုတွင် ဝင်ငွေရရှိမှု အချိုးမတူညီသည့် ဒေသများ ရှိနေမည်ဖြစ်ပြီး ၎င်းမညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဖက်ဒရယ်အစိုးရများမှ ဝင်ရောက်ထိန်းညှိပေးနိုင်ပြီး ဖက်ဒရယ်စနစ်၏ ပြုလွယ် ပြင်လွယ်ရှိသော စီးပွားရေးဆိုင်ရာလိုက်လျောညီထွေလုပ်နိုင်မှုနှင့် ဝင်ငွေခွဲဝေမှုတို့ ရှိနေခြင်းကြောင့်ဖြစ်သည်။ ဖက်ဒရယ်စနစ်တွင် ပြည်နယ်နှင့် ဒေသများအနေဖြင့် ၎င်းတို့၏ အရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေသုံးစွဲခွင့်ရှိ ရန်လိုအပ်သည်။ မတ်စ်ဂရေ့(Musgrave) ထပ်မံညွှန်ပြသည့် အချက်မှာ ဖက်ဒရယ် သို့မဟုတ် ဗဟိုအစိုးရများ အနေဖြင့် စီးပွားရေးတည်ငြိမ်မှုနှင့် ဝင်ငွေပြန်လည်ခွဲဝေမှုတို့ကိုသာ တာဝန်ယူသင့်ပြီး အရင်းအမြစ်များ ခွဲဝေသုံးစွဲ မှုအပိုင်းတွင် ပြည်နယ်နှင့် ဒေသဆိုင်ရာအစိုးရများ၏ တာဝန်ဖြစ်ရမည်။

သို့သော်လည်း Wallace E. Oakes က ၁၉၉၂ ခုနှစ်တွင် ဘဏ္ဍာရေးဖက်ဒရယ်ဝါဒနှင့်ပတ်သက်ပြီး ထပ်မံ ဖွင့်ဆိုမှုတွင် မည်သည့် လုပ်ငန်းစဉ်နှင့် ဆောင်ရွက်မည့်ပုံစံသည် ဗဟိုနှင့် လိုက်လျောညီထွေရှိပြီး မည်သည့် အရာသည် ဗဟိုချုပ်ကိုင်မှုလျော့ချကာ အခြားအဆင့် အစိုးရများ ဆောင်ရွက်သင့်သည် ဆိုသည့် အရာကို ကောင်းစွာနားလည်သဘောပေါက်ပြီး လုပ်ကိုင်ဆောင်ရွက်မှုသည် ဘဏ္ဍာရေးဖက်ဒရယ်ဝါဒကို ကျင့်သုံးခြင်း ဖြစ်သည် ဟုဆိုသည်။ ၎င်းစနစ်ကိုကျင့်သုံးရန် အတွက် တစ်ပြည်ထောင် သို့မဟုတ် ဖက်ဒရယ် သို့မဟုတ် ကွန်ဖက်ဒရိတ်ဆိုသော နိုင်ငံ၏ ဖွဲ့စည်းပုံနှင့် သက်ဆိုင်ခြင်းမရှိဟုလည်း ထောက်ပြခဲ့သည်။

ဒီနေရာတွင်နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်သီအိုရီနှင့် ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ်တို့ အကြားတွင် ကွာခြားချက် တချို့ကို တွေ့ရပါသည်။  ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ်သည် မည်သည့်အစိုးရစနစ်မျိုးတွင် မဆို ကျင့်သုံးနိုင် ပြီး နိုင်ငံရေးအာဏာခွဲဝေခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျော့ချထားသည့် စီးပွားရေးနှင့် အဓိက သက်ဆိုင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ အခွန်ကောက်ယူမှုနှင့် အသုံးပြုမှုအပေါ် ဆောင်ရွက်ပိုင်ခွင့်ကို အစိုးရအဆင့်များသို့ ခွဲဝေပေးထားခြင်းဖြစ်သည်။ ၎င်းစနစ်သည် ပြည်သူများကိုဝန်ဆောင်မှု ပေးရာတွင်လည်းကောင်း၊ တိုင်ပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုတို့ကို အထောက်အကူပြုခြင်း ကြောင့်လည်းကောင်း နောက်ပိုင်းတွင် နိုင်ငံအများစု၌ တွင်တွင်ကျယ်ကျယ် အသုံးပြု လာသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံတွင် အခြေခံသည့် တိကျခိုင်မာသော သတ်မှတ်ပြဋ္ဌာန်းချက်မျိုးအထိ လည်း ဆောင်ရွက်ခြင်းမျိုး  မရှိဘဲ နှင့်လည်း အသုံးပြုလာကြသည်။ နိုင်ငံရေးသိပ္ပံရှင်များ၏ အဆိုအရ ထိုစနစ်ကို ဖက်ဒရယ်နိုင်ငံများ အရေအတွက် ထက် တစ်ပြည်ထောင်နိုင်ငံများတွင် အသုံးပြုမှုများပြားလာသည်ကိုတွေ့ရသည်ဟု ပြောဆိုလာကြသည်။ ၎င်းပြောဆိုချက်အပေါ်တွင် အနည်းငယ်လွဲမှားမှုရှိနိုင်သည်ဟု သုံးသပ်မိသည်။ ကမ္ဘာပေါ်တွင် နိုင်ငံစုစုပေါင်း (၁၉၅) နိုင်ငံ (ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံ) ရှိပါသည်။  ၎င်းနိုင်ငံများထဲတွင် ဖက်ဒရယ်စနစ် ကျင့်သုံးနေသည်  ဟု သတ်မှတ်ရမည့် နိုင်ငံအရေအတွက်မှာ (၂၈) နိုင်ငံသာရှိသည့်အတွက် ဖက်ဒရယ်မဟုတ်သော နိုင်ငံအရေအတွက် များနေသည်မှာ သဘာဝကျသောအချက်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်သည် မည်သည့် နိုင်ငံရေးစနစ်တွင်မဆိုကျင့်သုံးနိုင်ပြီး လက်တွေ့အားဖြင့် နိုင်ငံအတွက် အကျိုးရှိသည် မှာတော့ အမှန်ပင်ဖြစ်သည်။

ဒီနေရာတွင်နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်သီအိုရီနှင့် ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ်တို့ အကြားတွင် ကွာခြားချက် တချို့ကို တွေ့ရပါသည်။  ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ်သည် မည်သည့်အစိုးရစနစ်မျိုးတွင် မဆို ကျင့်သုံးနိုင် ပြီး နိုင်ငံရေးအာဏာခွဲဝေခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျော့ချထားသည့် စီးပွားရေးနှင့် အဓိက သက်ဆိုင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ အခွန်ကောက်ယူမှုနှင့် အသုံးပြုမှုအပေါ် ဆောင်ရွက်ပိုင်ခွင့်ကို အစိုးရအဆင့်များသို့ ခွဲဝေပေးထားခြင်းဖြစ်သည်။ ၎င်းစနစ်သည် ပြည်သူများကိုဝန်ဆောင်မှု ပေးရာတွင်လည်းကောင်း၊ တိုင်ပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုတို့ကို အထောက်အကူပြုခြင်း ကြောင့်လည်းကောင်း နောက်ပိုင်းတွင် နိုင်ငံအများစု၌ တွင်တွင်ကျယ်ကျယ် အသုံးပြု လာသည်ကို တွေ့ရသည်။

ထိုအချက်ကို ထပ်လောင်းအားဖြည့်ပေးသည့် အရာမှာ အမေရိကန်နိုင်ငံတွင် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် ကျင့်သုံးချိန်တွင် ဖက်ဒရယ်၊ပြည်နယ်နှင့် ဒေသဆိုင်ရာအစိုးရများဆိုပြီး အဆင့် (၃) ဆင့်ခွဲ၍ လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးခဲ့သည်။ ၎င်းသတ်မှတ်ချက်သည် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေသဆိုင်ရာ  အစိုးရအနေဖြင့် ဖွဲ့စည်းပုံဆိုင်ရာသီးခြားလွတ်လပ်မှုမရှိခြင်းနှင့်မသက်ဆိုင်ခဲ့ပါ။

ဘဏ္ဍာရေးဖက်ဒရယ်စနစ်အရ ပြည်သူ့ရေးရာဌာနများဖွဲ့စည်းပုံ၊ ဘဏ္ဍာရေးနှင့် ဆိုင်သော အဖွဲ့အစည်းများ နှင့် သူတို့အကြားအချင်းချင်းဆက်ဆံမှုပုံစံသည် ဒေါင်လိုက်ပုံစံအဖြစ်တွေ့မြင်ရသည်။

ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ဖြင့် နိုင်ငံတစ်ခုကို ဆောင်ရွက်မည်ဆိုလျှင် –

(၁) မည်သည့် အစိုးရအဆင့်ကို မတူညီသောဘဏ္ဍာငွေသုံးစွဲမှုတာဝန်ယူရန်အတွက် သတ်မှတ်ပြဋ္ဌာန်း မလည်းဆိုတာ ဆုံးဖြတ်ရန်လိုအပ်ပါသည်။ ထိုသတ်မှတ်ချက်တွင် ဒေသအစိုးရများသည် မိမိတို့နှင့်သက်ဆိုင်သော ပြည်သူများ၏ လိုအပ်ချက်များကို အခြား အစိုးရအဆင့်များထက် ပိုမိုသိရှိနိုင်ပြီး ၎င်းလိုအပ်ချက်များကို ဖြည့်စည်းပေးရန် ပိုမိုစိတ်ဝင်စားမှုရှိသည် ဆိုသော အချက်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ဤနေရာတွင် သမရိုးကျအမြင် တစ်ခုအရ မက်ခရိုစီးပွားရေး တည်ငြိမ်ရေးနှင့် ပြန်လည်ခွဲဝေပေးရေးမူဝါဒသည် ဖက်ဒရယ်အစိုးရ ကဲ့သို့သော အမြင့်ဆုံး အစိုးရက ဆောင်ရွက်ပေးရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဆင့်သည် နိုင်ငံတော်၏ အကျိုးစီးပွားကို အဓိကဆောင်ရွက်နေသော အဆင့်ဖြစ်သောကြောင့်ဟုဆိုကြသည်။ ထို့အပြင် စီရင်ဆုံးဖြတ်ခွင့် များကို မတူညီ သော အဆင့်များအား ဆောင်ရွက်ခွင့်ပေးလိုက်ပါက မူဝါဒအများအပြား ပေါ်ထွက်လာနိုင်ပြီး အချင်းချင်းအကြား ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သောကြောင့် ညှိနှိုင်းဆုံးဖြတ်ပိုင်ခွင့် အာဏာကိုမူ ချွင်းချက်မရှိ ဗဟိုအစိုးရ သို့မဟုတ် ဖက်ဒရယ်အစိုးရသို့ ပေးထားရမည်။

(၂) သတ်မှတ်ခွင့်ပြုထားသော ပြည်သူ့ဝန်ဆောင်မှုနှင့် အသုံးအဆောင်များ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအစိုးရများအနေဖြင့်  ငွေကြေးရရှိရန် နည်းလမ်းများကို စဉ်းစားရန်လိုအပ်သည်။ သက်ဆိုင်ရာ အစိုးရများအနေဖြင့် ၎င်းတို့တာဝန်ယူရမည့် ပြည်သူ့ ဝန်ဆောင်မှု များအတွက် လိုအပ်သောငွေကြေး ကိုရရှိရန် အခွန်ငွေ ကောက်ခံခြင်းကို အခြေခံအချက်အဖြစ်စဉ်းစားရမည်။  ထိုကဲ့သို့လုပ်ပိုင်ခွင့်ပေးရန်စဉ်းစားရာတွင် တာဝန်ယူ ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသော လုပ်ငန်းများအတွက် လုံလောက်သော ငွေကြေးရရှိနိုင်အောင် သတ်မှတ်ပေးရမည့်အပြင် အကျင့်ပျက်ချစားမှုများ မဖြစ်ပေါ်အောင်လည်း ထိန်းချုပ်မည့် မူဝါဒကိုလည်း ကြိုတင် စဉ်းစားထားရမည်။ အခွန်ငွေ ကောက်ခံစုဆောင်းရာတွင် အမျိုးမျိုးသော ပုံစံများဖြင့် မတူညီသော အခွန်ငွေများကို စုဆောင်းရမည်ဖြစ်သည့် အတွက် လိုအပ်သောအခွန်ငွေများ  ရရှိနိုင်စေရန် ဆက်စပ်အခွန် ကောက်ခံပိုင်ခွင့် ကိုစဉ်းစားပေးရမည်။ သို့သော်လည်း လက်တွေ့ဆောင်ရွက်နေသောနိုင်ငံများ၏ အတွေ့အကြုံအရ သက်ဆိုင်ရာ အစိုးရများ အနေဖြင့် ၎င်းတို့တာဝန်ယူရသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုဆောင်ရွက်ရန် ကောက်ခံ ခွင့်ပြုထားသည့် အခွန်ငွေရရှိမှု နှင့် နှိုင်းယှဉ်လျှင် လုံလောက်မှုမရှိသည်ကို တွေ့ရသည်။

(၃) အထက်ပါအချက်များအရ ဘဏ္ဍာငွေလိုအပ်ချက်နှင့် ရရှိသော အရင်းအမြစ်များ ကွာခြားမှုမရှိစေရန်အတွက် ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကို (ထောက်ပံ့ခြင်း၊ ပိုမို၍ သီးခြားလုပ်ပိုင်ခွင့်ပေးခြင်း) စဉ်းစားဆုံးဖြတ်ရန် လိုအပ်သည်။ ဖက်ဒရယ်နိုင်ငံအများစုတွင် မတူညီသော အစိုးရအဆင့်မှ ငွေကြေးလွှဲပြောင်းပံ့ပိုးခြင်းနှင့် အဆင့်တူ အစိုးရအချင်းချင်းငွေကြေး လွှဲပြောင်းမျှဝေခြင်းဆိုသည့် စနစ်(၂) မျိုးစလုံးကို ကျင့်သုံးကြသည်။ ၎င်းစနစ် (၂) မျိုး စလုံးသည် ဘဏ္ဍာရေးဆိုင်ရာမညီမျှမှုကို ဖြေရှင်းပေးသည့် လုပ်ထုံးလုပ်နည်းများဖြစ်သည်။ မတူညီသော ငွေကြေး လွှဲပြောင်းမှုစနစ်များဖြစ်သည့် အခွန်မျှဝေခြင်း၊ သတ်မှတ်ချက် သို့မဟုတ် သတ်မှတ်ချက်မပါသော ထောက်ပံ့မှု၊ လူဦးရေ၊ အကျယ်အဝန်း၊ ဝင်ငွေ၊ ပညာတတ်မြောက်မှု စသည့် လူမှုပထဝီဝင်အခြေအနေအပေါ် အခြေခံသော ထောက်ပံ့မှု စသည့်  အခြားရွေးချယ်စရာနည်းလမ်းများဖြင့် အစိုးရအသုံးစရိတ်များအတွက် ဝင်ငွေ အချိုးမညီမှုကို ဖြေရှင်းပေးတတ်သည်။

(၄) ဘဏ္ဍာငွေဆိုင်ရာဒေါင်လိုက်စီးဆင်းသောလုပ်ပိုင်ခွင့်တွင် လုံလောက်သော ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများမချမှတ်နိုင်သည့်အခါ အစိုးရအဆင့်တိုင်းတွင် အလွန်အကျွံချေးငှားမှု၊ သုံးစွဲမှုများ မဖြစ်ပေါ် စေရန် အတွက် ကန့်သတ်ချက်များလည်း ချမှတ်ထားရန်လိုအပ်သည်။  အဓိကဖြစ်နိုင်ခြေဖြစ်သည့် ဘဏ္ဍာငွေကို ထင်သလိုစိတ်တိုင်းကျသုံးစွဲခြင်းနှင့် အကျင့်ပျက်ခြစားခြင်း အပါအဝင်ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်ဖြစ်သည်။ ချိတ်ဆက်နေသော နယ်မြေများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုများအရ အစိုးရများအနေဖြင့် အခြားသူများ၏ ဒေသဆိုင်ရာ စီရင်ဆုံးဖြတ်ပိုင်ခွင်များအပေါ် ထိခိုက် စေနိုင်သော လုပ်ဆောင်ချက်များ၊ အခြားဒေသအစိုးရများထံမှ အကျိုးအမြတ်များ ရယူရန်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် သော လုပ်ငန်းစည်များပြုလုပ်နိုင်သည်။ ဖက်ဒရယ်နိုင်ငံများအားလုံးတွင် ဘတ်ဂျက်လိုငွေပြမှု၊ ချေးငှားခြင်းဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ဘဏ္ဍာရေးစီမံအုပ်ချုပ်မှုပုံစံများရှိကြသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံထပ်တူကျမှု မရှိကြပါ။

(၅) နောက်ဆုံးအချက်မှာ  အခန်းကဏ္ဍများစွာတွင် မတူညီသော  အစိုးရအဆင့်များသို့ ခွဲဝေပေးထားသော တာဝန်နှင့် လုပ်ထုံးလုပ်နည်းများ ရှင်းရှင်းလင်းလင်း မရှိသေးသည်ကို သတိပြုသင့်သည်။ တချို့ အရာများတွင် အတိုင်းအတာ တစ်ခု အထိ ထွေးရောယှက်တင်ထပ်နေသည်။ ဥပမာအားဖြင့် အစိုးရမှ ဆောင်ရွက် ရမည့် တာဝန်အများအပြားကို ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရများသို့ မျှဝေပေးထား တတ်သည် သို့မဟုတ် ပူးတွဲလုပ်ဆောင်ရန် ချမှတ်ထားတတ်သည်။ ထို့အပြင် အခွန်အပေါ်တွင်အခြေခံထားသော သဟဇာတဖြစ်မှုနှင့် နိုင်ငံတော်စံနှုန်းများကို ဖေါ်ဆောင်ရန် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် ဒေသဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင်ဆောင်ရွက်ရသည် ဆိုသည့်တိုင်အောင် သူတို့၏ လိုလားနှစ်သက်မှုနှင့် အမြဲတမ်း တစ်ထပ်တည်း ကျနေမည် မဟုတ်သည်ကို သတိပြုရန်လည်းလိုအပ်သည်။

ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်တွင် ကောင်းခြင်းဆိုးခြင်းများ ဒွန်တွဲနေသော်လည်း ပြည်သူများ၏ လိုအပ်ချက်ကို အနီးကပ်ဆုံးသော အစိုးရများက အသိနိုင်ဆုံးနှင့် ဖြည့်စည်းပေးချင်ဆုံးဖြစ်သည်ဆိုသော အယူအဆမှာ ယခုအချိန်အထိ မှန်ကန်နေသည့် အယူအဆဖြစ်နေသည်။ ၎င်းအယူအဆကို ဆန့်ကျင်သည့် သဘောတရားများ မပေါ်လာသေးသောကြောင့် နိုင်ငံအများစုအနေဖြင့် လက်တွေ့ကျင့်သုံးနေကြရင်း မိမိတို့ နိုင်ငံအလိုက် ကြုံတွေ့ရသည့် စိန်ခေါ်မှု ပြဿနာ အခက်အခဲများအပေါ် နည်းလမ်းပေါင်းစုံဖြင့် အဖြေရှာရင်း ကောင်းသည် ထက် ကောင်းအောင်ကြိုးစားနေကြသည်ကို တွေ့ရသည်။
 

ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်တွင် ကောင်းခြင်းဆိုးခြင်းများ ဒွန်တွဲနေသော်လည်း ပြည်သူများ၏ လိုအပ်ချက်ကို အနီးကပ်ဆုံးသော အစိုးရများက အသိနိုင်ဆုံးနှင့် ဖြည့်စည်းပေးချင်ဆုံးဖြစ်သည်ဆိုသော အယူအဆမှာ ယခုအချိန်အထိ မှန်ကန်နေသည့် အယူအဆဖြစ်နေသည်။ ၎င်းအယူအဆကို ဆန့်ကျင်သည့် သဘောတရားများ မပေါ်လာသေးသောကြောင့် နိုင်ငံအများစုအနေဖြင့် လက်တွေ့ကျင့်သုံး နေကြရင်း မိမိတို့နိုင်ငံအလိုက် ကြုံတွေ့ရသည့် စိန်ခေါ်မှု ပြဿနာ အခက်အခဲများအပေါ် နည်းလမ်းပေါင်းစုံဖြင့် အဖြေရှာရင်း ကောင်းသည် ထက် ကောင်းအောင်ကြိုးစားနေကြသည်ကို တွေ့ရသည်။

ဖက်ဒရယ်နိုင်ငံတစ်ချို့၏ မတူညီသော ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ်တွင်ကျင့်သုံးသည့် အစိုးရအဆင့်များ အကြား လုပ်ဆောင်နေကြသော ဥပဒေပြုခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ အခွန်ကောက်ခံခြင်းနှင့် ကျခံသုံးစွဲခြင်း တို့အတွက်  သြစတြေးလျဓနသဟာယ နိုင်ငံကိုနမူအဖြစ် အောက်တွင် ဖေါ်ပြထားပါသည်။

Legislative responsibility and actual provision of services by different orders of government

ဥပဒေပြုရေးတာဝန်ရှိမှု

ပြည်သူ့ဝန်ဆောင်မှု

လုပ်ငန်းများအတွက်ကျခံသုံးစွဲသည့် အစိုးရ

ဖက်ဒရယ်

ကာကွယ်ရေး

ဖက်ဒရယ်

ဖက်ဒရယ်

Social security and welfare

ဖက်ဒရယ်

ဖက်ဒရယ်

နိုင်ငံခြားရေး

ဖက်ဒရယ်

ဖက်ဒရယ်

အကောက်ခွန်

ဖက်ဒရယ်

ဖက်ဒရယ်

လူဝင်မှုကြီးကြပ်ရေး

ဖက်ဒရယ်

ဖက်ဒရယ်

စာတိုက်နှင့်ကြေးနန်း

ဖက်ဒရယ်

ပြည်နယ်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ

ပညာရေး

ပြည်နယ် (အမျိုးသားရေးရည်မှန်းချက်အတွက် ဖက်ဒရယ်မှ ငွေကြေးထောက်ပံ့)

ပြည်နယ်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ

ကျန်းမာရေး

ပြည်နယ် (အမျိုးသားရေးရည်မှန်းချက်အတွက် ဖက်ဒရယ်မှ ငွေကြေးထောက်ပံ့)

ပြည်နယ်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ

အများပြည်သူ လုံခြုံ ရေး

ပြည်နယ်

ပြည်နယ်/ဒေသ

အိမ်ရာနှင့် ရပ်ရွာသာယာရေး

ပြည်နယ်နှင့်ဒေသ

ပြည်နယ်/ဒေသ

ယဉ်ကျေးမှုနှင့် အပန်းပြေလုပ်ငန်း

ပြည်နယ်နှင့်ဒေသ

ပြည်နယ်/ဒေသ (ပြည်နယ်မှလုပ်ထုံးလုပ်နည်းများပြဋ္ဌာန်းရန် တာဝန်ရှိ)

စိုက်ပျိုးရေး၊သစ်တော၊ငါးဖမ်းလုပ်ငန်း၊ သတ္တုတွင်း၊ကုန်ထုတ်လုပ်ရေး၊ ဆောက် လုပ်ရေး။

ဖက်ဒရယ်/ပြည်နယ်

ဖက်ဒရယ်(နိုင်ငံတော်အဝေးပြေးလမ်း) ပြည်နယ်(ပြည်နယ်လမ်းမများ)              local (ဒေသလမ်းများ)

ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦ

ဖက်ဒရယ်/ပြည်နယ်/ဒေသ

ကုန်ကျငွေတိုက်ရိုက်သုံးစွဲရသော အစိုးရအဆင့်နှင့် သုံးစွဲရမှုပမာဏ

ဝန်ဆောင်မှု

ဖက်ဒရယ် (%)

ပြည်နယ်(%)

ဒေသ (%)

ကာကွယ်ရေး

၁၀၀

အကြွေးဝန်ဆောင်မှု

၆၄

၃၁

အထွေထွေအုပ်ချုပ်ရေး

၅၈

၂၇

၁၅

ဥပဒေနှင့်အမိန့်များ

၁၇

၈၀

စီးပွားရေးဆိုင်ရာဝန်ဆောင်မှု

၅၉

၃၄

လူမှုရေးဝန်ဆောင်မှု

၉၂

ကျန်းမာရေး

၆၁

၃၈

ပညာရေး

၃၀

၇၀

ဒေသဆိုင်ရာပြည်သူ့ဝန်ဆောင်မှု

၄၀

၅၆

ဒေသဆိုင်ရာပြည်သူ့ဝန်ဆောင်မှု တွင် မူကြို၊အခြေခံ၊အလယ်တန်းပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ဆေးရုံ၊ ဒေသတွင်းလမ်းများ၊ ဒေသတွင်းပို့ဆောင်ရေး၊ သောက်ရေနှင့် အညစ်အကြေးစွန့်ပစ်စနစ်၊ လျှပ်စစ်၊မီးသတ်၊ အများပြည်သူလုံခြုံရေး၊ ရဲတပ်ဖွဲ့

အစိုးရအဆင့်အသီးသိး၏ အခွန်ကောက်ခံခွင့်

အခွန်ကောက်ခံခွင့်ရှိသော အစိုးရအဆင့်

ခွဲဝေကောက်ခံသည့် အခွန်(%)

ဖက်ဒရယ်

ပြည်နယ်

ဒေသ

ဖက်ဒရယ်

ဝင်ငွေခွန်

ဖက်ဒရယ်

၁၀၀

Enterprise (company) tax

ဖက်ဒရယ်

၁၀၀

အရောင်းခွန်

ဖက်ဒရယ်

၁၀၀

ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုအခွန်

ဖက်ဒရယ်

၁၀၀

Commonwealth excise tax

ဖက်ဒရယ်

၁၀၀

စိုက်ပျိုးရေးထုတ်ကုန်

ဖက်ဒရယ်/ပြည်နယ်

  ၉၉

နိုင်ငံတကာကူးသန်းရောင်းဝယ်ခွန်

ဖက်ဒရယ်

၁၀၀

ပြည်နယ်

လစာခွန်

ပြည်နယ်/ဖက်ဒရယ်

၂၅

၇၅

မြေခွန်

ပြည်နယ်

၁၀၀

ငွေကြေးနှင့်အရင်းအနှီးအခွန်

ပြည်နယ်

၁၀၀

အခြားပိုင်ဆိုင်မှုအခွန်

ပြည်နယ်

၀.၆

၉၉.၄

လောင်းကစားအခွန်

ပြည်နယ်

၁၀၀

အများပိုင်လုပ်ငန်းများမှအခွန်

ပြည်နယ်

၁၀၀

အာမခံအခွန်

ပြည်နယ်

၁၀၀

မော်တော်ယဉ်ဘီးခွန်

ပြည်နယ်

၁၀၀

လုပ်ငန်းဆောင်ရွက်ခွင့် အခကြေးငွေ

ပြည်နယ်

၁၀၀

တွင်းထွက်ပစ္စည်းအခွန်

ပြည်နယ်

၁၀၀

ဒေသ

မြူနီစပယ်

ဒေသ

၁၀၀

အခြား ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့်နိုင်ငံများတွင်လည်း မိမိတို့အခြေအနေနှင့်ကိုက်ညီသော ပုံစံကို ကျင့်သုံးကြသောကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကွဲပြားမှုများစွာရှိနေနိုင်ပါသည်။ သို့ဖြစ်သောကြောင့် ၎င်းစနစ်ကို ပြောင်းလဲကျင့်သုံးမည့်နိုင်ငံများအနေဖြင့် အခြားနိုင်ငံများ၏ ဆောင်ရွက်မှုကို ပုံစံတူမကူးသင့်ဘဲ သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်၍ မိမိနိုင်ငံနှင့် အနီးကပ်ဆုံး ဖြစ်နိုင်ခြေကို ဆန္ဒစွဲ ဖျောက်ပြီး လက်ခံ ကျင့်သုံးနိုင်ဖို့ သာ အရေးကြီးသောအယူအဆဖြစ်မည် ဟုထင်မြင်မိပါသည်။

သက်နှင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)