ဖက်ဒရယ်ဟု ပြောမည်ဆိုလျှင် ၎င်းစနစ်သည် ဒီမိုကရေစီကို အခြေခံသော စနစ်သာဖြစ်ရမည်။ ဒီမိုကရေစီမရှိလျှင် ဖက်ဒရယ်မရှိနိုင်ပေ။ သို့သော် ဒီမိုကရေစီ စနစ်တိုင်းသည် ဖက်ဒရယ်ပုံစံ ကျင့်သုံးခြင်းတော့မဟုတ်ကြပါ။ ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာပင် နိုင်ငံတစ်ခုချင်းစီက မိမိတို့နှင့် လိုက်လျောညီထွေရှိသည့် ပုံစံကို ရွေးချယ်၍ ကျင့်သုံးခြင်းသာ ဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရအချုပ်မှာ နိုင်ငံရေးအာဏာသည် ပြည်သူများထံတွင် တည်မှီနေပြီး ပြည်သူများ၏ လွတ်လပ်သောစိတ်ဆန္ဒဖြင့် ရွေးချယ်ခံရသူများက ပြည်သူ့ကိုယ်စား ၎င်းအာဏာကို သတ်မှတ်ချိန်အတွင်း တာဝန်ယူ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ ပထမဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ အာဏာခွဲဝေခြင်းသည် အရေးကြီးဆုံးအချက် ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံများတွင် အာဏာခွဲဝေမှုပုံသဏ္ဍာန် အမျိုးမျိုးရှိနေသည်ကို တွေ့ရသည်။ နိုင်ငံတစ်ခုတွင်လုပ်ပိုင်ခွင့်အာဏာသည် အရေးကြီးဆုံးသော ဆောင်ရွက်ပိုင်ခွင့် ဖြစ်သည်။ ယနေ့ကမ္ဘာတွင် ၎င်းအာဏာကိုရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေမှုများကို အများအပြား တွေ့နိုင်သည်။ ဖက်ဒရယ်ဟု ပြောမည်ဆိုလျှင် ၎င်းစနစ်သည် ဒီမိုကရေစီကို အခြေခံသော စနစ်သာဖြစ်ရမည်။ ဒီမိုကရေစီမရှိလျှင် ဖက်ဒရယ်မရှိနိုင်ပေ။ သို့သော် ဒီမိုကရေစီ စနစ်တိုင်းသည် ဖက်ဒရယ်ပုံစံ ကျင့်သုံးခြင်းတော့မဟုတ်ကြပါ။ ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာပင် နိုင်ငံတစ်ခုချင်းစီက မိမိတို့နှင့် လိုက်လျောညီထွေရှိသည့် ပုံစံကို ရွေးချယ်၍ ကျင့်သုံးခြင်းသာ ဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရအချုပ်မှာ နိုင်ငံရေးအာဏာသည် ပြည်သူများထံတွင်တည်မှီနေပြီး ပြည်သူများ၏ လွတ်လပ်သော စိတ်ဆန္ဒဖြင့် ရွေးချယ်ခံရသူများက ပြည်သူ့ကိုယ်စား ၎င်းအာဏာကိုသတ်မှတ်ချိန် အတွင်း တာဝန်ယူဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ၎င်းအချက်မှာ ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုရန် လွယ်ကူသည့် အယူအဆဖြစ်သည်။ သို့သော်လက်တွေ့ အာဏာ ရရှိချိန်တွင် လူ့သဘာဝအရ အစဉ်အဆက် ကိုင်စွဲလိုစိတ်များ ဖြစ်ပေါ်တတ်သည်ကို တွေ့ရသည်။ မိမိတို့သာ ပိုင်ဆိုင်သည်ဟု ထင်မှတ်လာတတ်သည်။ ထိုကဲ့သို့သော ပြောင်းလဲ တတ်သည့် စိတ်ကို ထိန်းချုပ်နိုင်ရန် မည်သည့်နည်းလမ်းဖြင့် သတ်မှတ်ကာလ အပိုင်းအခြားအထိသာ ရွေးချယ်အာဏာ ပေးမည်ဆိုသော လုပ်ငန်းစဉ်များ ပေါ်လာရခြင်း ဖြစ်သည်။ ထိုအတူပင် မတူကွဲပြားသော လူမျိုးများစုပေါင်းနေထိုင်ရာ နိုင်ငံများ သို့တည်းမဟုတ် နိုင်ငံတော်အဆင့် အစိုးရများအလွယ်တကူ လက်လှမ်းမီနိုင်လောက်သော အခြေအနေ အားနည်းသည့် နိုင်ငံများတွင် ပြည်သူများအနေဖြင့် မိမိတို့ပေးထားသော အာဏာကို မိမိတို့နှင့် အနီးစပ်ဆုံး မျိုးနွယ်တူ၊ ဒေသတူ နေထိုင်သူများကိုသာ ပေးအပ်ချင်လာကြသည်။ မိမိတို့နှင့် ဝေးကွာသော၊ သို့တည်းမဟုတ် မိမိတို့နှင့် တူညီမှုမရှိသည့် အခြားလူမျိုး အစုအဖွဲ့ထံသို့ မိမိတို့၏အာဏာကို ပေးအပ်ရန် မဝံမရဲစိတ် ဖြစ်ကြသည်။ မိမိတို့၏ အာဏာကို မိမိတို့အနားမှာပဲ ထားချင်ကြသည်။ ထိုအခြေအနေသည် အာဏာခွဲဝေခြင်းကို ဖြစ်ပေါ်စေသော သဘောတရားအခြေခံပင် ဖြစ်သည်။
အာဏာခွဲဝေဖြန့်ကျက်ခြင်း လုပ်ငန်းစဉ်တွင် အခြေခံပုံစံ (၂)မျိုးကို တွေ့ရသည်။ တစ်မျိုးမှာ ဗဟိုအစိုးရမှ ၎င်း၏ အာဏာကို သက်ဆိုင်ရာနယ်မြေအဆင့် အလိုက် မျှဝေပေးထားသော နည်းလမ်းဖြစ်သည်။ နောက်တစ်မျိုးမှ သတ်သတ်မှတ်မှတ် တိတိကျကျ စာရွက်စာတမ်း အထောက်အထားဖြင့် ခွဲဝေဖြန့်ကြက်ပေးခြင်း ဖြစ်သည်။ အမျိုးအစား (၂) ခုစလုံးတွင် ခွဲဝေပေးမှုဆိုင်ရာ တစ်ပြေးညီ စံသတ်မှတ်ချက် ကမ္ဘာပေါ်တွင် မရှိသောကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံလည်း မတူညီကြပါ။ အမျိုးအစား(၁) ကို တစ်ပြည်ထောင်နိုင်ငံများတွင် တွေ့ရပြီး ဒုတိယ အမျိုးအစားကိုတော့ ဖက်ဒရယ်နိုင်ငံများတွင် တွေ့ရပါသည်။ ယခုရည်ညွှန်းသော အကြောင်းအရာသည် ဖက်ဒရယ် စနစ်ဖြစ်သောကြောင့် ဖက်ဒရယ်နှင့် ပတ်သက်သော ခွဲဝေမှု ပုံသဏ္ဍာန်များကိုသာ ဆက်လက်တင်ပြပါမည်။
ဖက်ဒရယ်စနစ်သည် အစိုးရအမျိုးအစား (၂) ခုအကြားတွင် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍများကို တာဝန်ယူ ရန် အတွက် အာဏာခွဲဝေခြင်း ဖြစ်သည်။ ဖက်ဒရယ်အစိုးရနှင့် ပါဝင်သော ပြည်နယ်များအကြားတွင် အချုပ်အခြာကို ဝိုင်းဝန်း ထိန်းသိမ်းမည်ဆိုသော ဘုံသဘောတူညီချက် တစ်ခုတော့ ထားရှိရန် လိုအပ်သည်။ အာဏာခွဲဝေမှုကို ရှင်းလင်းခိုင်မာစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသော နိုင်ငံသားများနှင့် နိုင်ငံတော်အကြား သဘောတူချုပ် ဆိုထားသည့် နိုင်ငံ၏အမြင့်ဆုံး ပြဋ္ဌာန်းချက်တွင် ရေးသားဖော်ပြထားလေ့ရှိသည်။ Jame A. Gardner (Research Professor of Political Science, University at Buffalo School of Law) အဆိုအရ ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုသည်မှာ လူ့မှုအဝန်းအဝိုင်းတစ်ခု၏ အဖွဲ့ဝင်များကို ရှာဖွေဖေါ်ထုတ်ခြင်းနှင့် ၎င်းတို့ပိုင်ဆိုင်သော ဘဝကို ၎င်းတို့နေထိုင်လိုသော နည်းလမ်းအတိုင်း ရွေးချယ်ထားသော အခြေခံအချက်အလက်များ ရေးသားပြဋ္ဌာန်း ထားသည့် ထိုလူမှုအဝန်းအဝိုင်း အဓိပ္ပာယ်ဖွင့်ဆိုချက် စာတမ်းတစ်ခု ဖြစ်သည်။
ဤနေရာတွင် ဖက်ဒရယ်စနစ်၏ လုပ်ထုံးလုပ်နည်း မတူညီမှုများကို စတင်တွေ့ရှိရသည်။ တစ်ချို့သောနိုင်ငံများသည် ဖက်ဒရယ် ဖွဲ့စည်းပုံဟုခေါ်ဆိုသော နိုင်ငံတော်အဆင့် ဖွဲ့စည်းပုံ တစ်ခုထဲတွင် ပြည်ထောင်စုအဆင့် အာဏာများနှင့် ပြည်နယ်လုပ်ပိုင်ခွင့် အာဏာများကို ပေါင်းစပ်ရေးသားထားသလို တစ်ချို့သော နိုင်ငံများသည် သက်ဆိုင်ရာဖက်ဒရယ်ယူနစ်တစ်ခုစီအတွက် သီးခြားရေးဆွဲထားသော ဖွဲ့စည်းပုံများ လည်းရှိနေသည်။ ထင်ရှားသော ဥပမာ ပြရမည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုသည် သက်ဆိုင်ရာ ပြည်နယ်အသီးသီးတွင် ကိုယ်ပိုင် ပြည်နယ်ဥပဒေများ သီးခြားရေးဆွဲပြဋ္ဌာန်းထားသော နိုင်ငံတစ်ခုဖြစ်သည်။ အာစီယံကွန်မြူနတီတွင် မြန်မာနိုင်ငံနှင့် အတူတူပါဝင်သော မလေးရှားနိုင်ငံသည် ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်သော် လည်း ဗဟိုချုပ်ကိုင်မှုအားကောင်းသော နိုင်ငံတစ်ခုဖြစ်သည်။ ဖက်ဒရယ် ဥပဒေပြုစာရင်းတွင် လုပ်ပိုင်ခွင့် အများအပြားပေးထားသည်ကိုတွေ့ရသည် (ဖွဲ့စည်းပုံ ဇယား – ၉)။ ဖက်ဒရယ်နှင့် ပြည်နယ်များ အကြား ဥပဒေပြုမှု ဆိုင်ရာ အငြင်းပွားလျှင် ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက် အပိုဒ် – ၇၅ အရ ဖက်ဒရယ် ဥပဒေက အတည်ဖြစ်သည်။
အာဏာခွဲဝေလုပ်ပိုင်ခွင့်ပုံစံအပေါ်အခြေခံပြီး ဖက်ဒရယ်စနစ်ကို (၂) မျိုးခွဲထားသည်။ ၎င်းတို့မှာ Dual federalism နှင့် cooperative federalism တို့ဖြစ်သည်။
ဖက်ဒရယ်စနစ်သည် အစိုးရအမျိုးအစား (၂) ခုအကြားတွင် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍများကို တာဝန်ယူ ရန် အတွက် အာဏာခွဲဝေခြင်း ဖြစ်သည်။ ဖက်ဒရယ်အစိုးရနှင့် ပါဝင်သော ပြည်နယ်များအကြားတွင် အချုပ်အခြာ ကို ဝိုင်းဝန်း ထိန်းသိမ်းမည်ဆိုသော ဘုံသဘောတူညီချက် တစ်ခုတော့ ထားရှိရန်လိုအပ်သည်။ အာဏာခွဲဝေမှုကို ရှင်းလင်းခိုင်မာစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသော နိုင်ငံသားများနှင့် နိုင်ငံတော်အကြား သဘောတူချုပ် ဆိုထားသည့်နိုင်ငံ၏ အမြင့်ဆုံးပြဋ္ဌာန်းချက်တွင် ရေးသားဖော်ပြထားလေ့ရှိသည်။
Dual federalism ၏ နိုင်ငံရေးပုံစံသည် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများအကြား တာဝန်ယူမှုနှင့် လုပ်ပိုင်ခွင့်ကို အတိအကျ ခွဲထားသော ပုံစံဖြစ်သည်။ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အပေါ် ဖက်ဒရယ်မှ လုံးဝစွက်ဖက်ခွင့် မရှိပါ။ အလွှာ လိုက်ရှိနေသော ကိတ်မုန့် (Layer cake)နှင့် နှိုင်းယှဉ်ပြောဆိုကြသည်။ အစိုးရအဆင့် (၂) ခုစလုံးတွင် သီးခြားလုပ်ပိုင်ခွင့် သက်ရောက်မှုနေရာများရှိပြီး လုပ်ပိုင်ခွင့် အပြည့်အဝရှိကြသည်။ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ယူမှုများ ဆက်နွယ်သည့် ပုံစံမှာ အလျားလိုက်သဘောဆောင်သည်။ တစ်ချို့သော ပြည်နယ်အစိုးရ၏ အာဏာများသည် ဖက်ဒရယ်ပြည်ထောင်စု၏ အာဏာနှင့် တန်းတူသက်ရောက်မှု ရှိနေသည်။ ၎င်းစနစ်တွင် ဖက်ဒရယ်အစိုးရ၏လုပ်ပိုင်ခွင့်ထဲမပါဝင်သည့် အသစ်ပေါ်လာသောအာဏာ (ကြွင်းကျန်အာဏာ) များကို ပြည်နယ်များသို့ အပ်နှင်းထားသည်ကို တွေ့ရသည်။ Dual federalism သည် တရားသေ သဘောဆန်သော ပုံစံရှိသည်ကိုတွေ့ရသည်။ သို့အတွက် ရှုပ်ထွေးသော တစ်ချို့ကိစ္စရပ်များကို ဖြေရှင်းရာတွင် မြန်ဆန်မှုအားနည်းသလို မတင်မကျ ဖြစ်မှုများလည်း ပေါ်ပေါက်တတ်သည်။ သို့သော် ပြည်နယ်အစိုးရများအနေဖြင့် ဖက်ဒရယ်အစိုးရ၏ အာဏာအလွဲသုံးစားမှု မလုပ်နိုင်ရန် ကာကွယ်နိုင်ပြီး ဒီမိုကရေစီ အလေ့အကျင့်ကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အချက်ကိုလည်း တွေ့ရသည်။ ယခုကာလများတွင် Dual federalism သည် ယှဉ်ပြိုင်သောဖက်ဒရယ်စနစ် (competitive federalism)ကို အားကောင်းစေပြီး ပြည်နယ်များအချင်းချင်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ယှဉ်ပြိုင်နိုင်သော ဒီမိုကရေစီကို ဖေါ်ဆောင် ပေးသည်။ သယံဇာတခွဲဝေရေး အပိုင်းတွင်မူ မညီမျှမှုကိုတွေ့ရှိရပြီး သယံဇာတများစွာရှိသော ပြည်နယ်များမှ နည်းပါးသောပြည်နယ်များ အပေါ် လွှမ်းမိုးချုပ်ကိုင်ခြင်းများရှိလာသလို အင်အားကြီးမားသော ဒေသသည် အင်အားနည်းသူများကို အနိုင်ကျင့်မှုများ လည်းပေါ်ထွက်လာသည်။
Dual federalism သည် အမေရိကန်နိုင်ငံ၏ Article of Confederation ဆိုသည့် မူလ ပြည်နယ် (၁၃) ပြည်နယ် ပေါင်းစည်းထားသော စုစည်းမှု၏ အားနည်းချက်များအပေါ် ပြင်ဆင်ရင်းနှင့် ပေါ်လာသော ပုံစံဖြစ်သည်။ ၎င်းသဘောတူညီချက်သည် ဖက်ဒရယ်အစိုးရအား အလွန်အမင်းအားနည်းစေပြီး ထိရောက်စွာ မစွမ်းဆောင် နိုင်သည်ကို တွေ့ရသည်။ ၎င်းအချိန်က ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လေ့လာမည်ဆိုလျှင် ကွန်ဂရက်က ချမှတ်သော မည်သည့် လုပ်ငန်းစဉ်ကိုမဆို အကောင်အထည်ဖေါ်ရန် တစုတစည်းထဲသော အုပ်ချုပ်နိုင်မှုစနစ်ကို မဆောင်ရွက်နိုင်ပါ။ ထို့အပြင် နိုင်ငံတော် တရားစီရင်ရေးမဏ္ဍိုင်လည်း မတွေ့ရပါ။ စီးပွားရေးအပိုင်းတွင် ကွန်ဂရက်အနေဖြင့် အခွန်ဆိုင်ရာနှင့်ပတ်သက်၍ ဆုံးဖြတ်ခွင့်မရှိသလို နိုင်ငံခြား သို့မဟုတ် ပြည်နယ်အချင်းချင်း ကူးသန်းရောင်းဝယ်မှု ဆိုင်ရာများကိုလည်း ထိန်းညှိနိုင်ရန် အခွင့်အာဏာမရှိပါ။ ကာကွယ်ရေးနှင့်ပတ်သက်လျှင် ပြည်နယ်တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်စစ်တပ် ရှိနေသော်လည်း အမျိုးသားအစိုးရအနေဖြင့် တစုတစည်းထဲ ပေါင်းစည်းနိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
ထိုကဲ့သို့ အားနည်းချက်များရှိနေသော Articles of Confederation သည် ၁၇၈၁ ခုနှစ် မတ်လ (၁) ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော်လည်း ၁၇၈၉ ခုနှစ် မတ်လ (၄) ရက်နေ့တွင် အမေရိကန်ကန် ဖွဲ့စည်းပုံနှင့် အစားထိုးခြင်းဖြင့် (၈) နှစ်အကြာတွင် ပြီးဆုံးသွားခဲ့သည်။ ထိုအချိန်မှ စတင်၍ Dual federalism သည် စတင် ပေါ်ပေါက်လာခဲ့ပြီး ၁၉၃၀ ခုနှစ်များဝန်းကျင်အထိ အားကောင်းခဲ့သည်ကို တွေ့ရသည်။
၁၉၃၀ ခုနှစ်များ နောက်ပိုင်းတွင် cooperative federalism ဟုခေါ်သောစနစ်တစ်ခု ပြောင်းလဲ တိုးတက်လာသည် ကိုတွေ့ရသည်။ ၎င်းစနစ်ကို အရောင်စုံပေါင်းစပ်ထားသည့် ကိတ်မုန့် (marble-cake) ပုံစံရှိသော ဖက်ဒရယ် စနစ်ဟုလည်း ခေါ်ဆိုပါသည်။ ၎င်းစနစ်သည် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများအကြား အတူတကွ မူဝါဒများချမှတ်ခြင်းနှင့် ပူးပေါင်းအုပ်ချုပ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်သော စနစ်မျိုးဖြစ်သည်။ ထို့ကြောင့် အာဏာခွဲဝေမှု အပိုင်းတွင် ဖက်ဒရယ်နှင့်ပြည်နယ်များအကြား ရှင်းလင်းကွဲပြားမှု အားနည်းပြီး ရောထွေးမှုများ ရှိနေပါသည်။ အစိုးရနှစ်ရပ်စလုံးသည် မူဝါဒများ ချမှတ်ရေးကိစ္စများတွင်ပင် တွဲလျက် လုပ်ဆောင်ကြသည်။ ပေါင်းစည်းဖက်ဒရယ်စနစ်တွင် အစိုးရအဆင့်များ အကြား အာဏာနှင့် တာဝန်များခွဲဝေဖွဲ့စည်းမှုသည် ဒေါင်လိုက် ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုပုံစံသည် နှစ်လမ်းသွားပုံစံ ရှိပြီး ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများ အကြားတွင် လုပ်ပိုင်ခွင်နှင့် တာဝန်ယူမှု အတွက် ကာရံထားသော အတားအဆီးမရှိပါ။ ၎င်းစနစ်သည် ပြောင်းလွယ် ပြင်လွယ်ပုံစံရှိပြီး အစိုးရအချင်းချင်းအကြား ဆက်ဆံဆောင်ရွက်ရေးတွင် လက်တွေ့ကျသော ချဉ်းကပ်မှုများကို ပံ့ပိုးပေးထားကြောင်းတွေ့ရသည်။ ပေါင်းစည်းဖက်ဒရယ်စနစ်သည် ပူးပေါင်းဆောင်ရွက်မှုကို အဓိက အသားပေးသော နိုင်ငံရေးစနစ်ဖြစ်ပြီး အလွှာ ဖက်ဒရယ်စနစ် (Dual federalism)သည် သီးခြားစီ ဆောင်ရွက်ပိုင်ခွင့်ကို အရေးပေးသော အနှစ်သာရ မတူညီသည့် နိုင်ငံရေးစနစ်မျိုးဖြစ်သည်။
သို့သော်လည်း ယခုကမ္ဘာပေါ်တွင် တွေ့မြင်နေရသော ဖက်ဒရယ်စနစ် ကျင့်သုံးသည်ဟု သတ်မှတ်ထားနိုင်သည့် နိုင်ငံ (၂၈) နိုင်ငံ၏ အာဏာခွဲဝေမှုများကို လေ့လာမည်ဆိုလျှင် ၎င်းစနစ် (၂) မျိုးထဲမှ တစ်မျိုးမျိုးကို သီးသန့်ကျင့်သုံးသည့် နိုင်ငံဟု သတ်မှတ်ရန်အတွက် အနည်းငယ် ခက်ခဲသည်ကို တွေ့ရသည်။ အမေရိကန်၊ ကနေဒါ၊ ဘရားဇီးနိုင်ငံတို့မှာ အာဏာခွဲဝေရာတွင် အလွှာဖက်ဒရယ်စနစ် အများစု ကျင့်သုံးသည်ဟု သတ်မှတ်နိုင်သော်လည်း ပေါင်းစည်းဖက်ဒရယ်စနစ်၏ သဘောတရားများကိုလည်း တွေ့ရပြန်သည်။၊ ဂျာမနီ၊ တောင်အာဖရိကနှင့် စပိန်တို့သည် ပေါင်းစည်းဖက်ဒရယ်စနစ်ကို အများဆုံးကျင့်သုံးသည့် ပုံစံဟု အာဏာခွဲဝေမှုအပေါ် လေ့လာခြင်းဖြင့် သတ်မှတ်နိုင်သည်။ အိန္ဒိယနှင့် ဆွစ်ဇာလန်တို့တွင် ပုံစံ (၂) မျိုးမှ အားသာချက်များကို ယူ၍ ကျင့်သုံးသည်ကိုလည်း တွေ့ရသည်။ အပြောင်းအလဲတစ်ခုကြောင့် ဖက်ဒရယ်နိုင်ငံ အဖြစ် တည်ဆောက်မည်ဆိုလျှင် မည်သည့် နည်းလမ်းဖြင့် ကျင့်သုံးမည်ဆိုသော အယူအဆထက် မတူကွဲပြားသော ပုံစံများမှ မိမိဒေသ၊ မိမိနိုင်ငံနှင့် ကိုက်ညီမည့် နည်းလမ်းများကို ရယူကျင့်သုံးရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းတိုင်းသည် မိမိတို့ထက် အရင်ကျင့်သုံးခဲ့သော နိုင်ငံများရှိနေပြီး ၎င်းတို့၏ အတွေ့အကြုံများကို လေ့လာပြီး အမှားနည်းနည်းဖြင့် ဖက်ဒရယ်နိုင်ငံတစ်ခု တည်ဆောက်နိုင်မည်ဖြစ်သည်။
ယေဘူယျ ဖက်ဒရယ်နိုင်ငံများ၏ အာဏာခွဲဝေသည့်ပုံစံကို စာရင်းလုပ်ကြည့်မည်ဆိုလျှင် အောက်ဖော်ပြပါပုံစံမျိုး ကို တွေ့ရသည်။
ဖက်ဒရယ် | ပြည်နယ် | ဖက်ဒရယ်+ပြည်နယ် |
---|---|---|
ငွေကြေး၊ကာကွယ်ရေး၊အကောက်ခွန် နိုင်ငံတကာစာချုပ်စာတမ်းများဆောင်ရွက်ခြင်း၊ပြည်ပနိုင်ငံများနှင့် ကုန်သွယ် ခြင်း၊ ပြည်နယ်များအချင်းချင်းကုန် သွယ်ရေး၊ အချိန်အတွယ်၊ ကြေးနန်း၊ စာတိုက်နှင့်ဆက်သွယ်ရေး၊ | ပညာရေး(မူလတန်း၊အလယ်တန်း) ကျန်းမာရေး၊လုံခြုံရေး၊ အိုးအိမ်၊ မြေယာ၊ ပြည်နယ် အတွင်း ကူးသန်းရောင်း ဝယ်ရေး၊ ဝင်ငွေခွန်၊ မြေယာ၊ စိုက်ပျိုးရေး၊ မြူနီစပယ်၊ | ပညာရေး(အထက်တန်း၊ တက္ကသိုလ်)၊လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သယံဇာတတူး ဖေါ်ရေး၊ ပင်စင်လစာ၊ |
အထက်ဖေါ်ပြပါ ဇယားသည် ဖက်ဒရယ်နိုင်ငံများတွင် အများဆုံးကျင့်သုံးသည့် ပုံစံကို နမူနာယူ ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး ဖက်ဒရယ်နိုင်ငံများတွင် ၎င်းခွဲဝေသည့်ပုံစံမျိုး တသမတ်တည်း ခွဲဝေကျင့်သုံးနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ တစ်နိုင်ငံချင်းစီအလိုက် ကွဲပြားနေသော အခြေအနေများစွာ ရှိပါသည်။ ထို့အပြင် ဖက်ဒရယ်နိုင်ငံများတွင် ပါဝင်သော ပြည်နယ်ဒေသများအပေါ် အာဏာခွဲဝေပေးရာတွင်လည်း ညီမျှမှုမရှိသော အာဏာခွဲဝေသည့်ပုံစံကိုလည်း တွေ့နိုင်ပါသည်။ ၎င်းကို အချိုးမညီ အာဏာခွဲဝေခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံတွင် တွေ့နိုင်သည်။ ကနေဒါနိုင်ငံတွင် ကွိဘက်ပြည်နယ်ကို အခွန်၊ လူမှုရေးလုပ်ငန်းများနှင့် ပင်စင်ကိစ္စများအတွက် အထူးအခွင့်အရေး ပေးထားသည်ကို တွေ့ရသည်။ ဖက်ဒရယ်နိုင်ငံတွင် ပါဝင်ဖွဲ့စည်းထားသော နယ်မြေများ၏ ထူးခြားသော အခြေအနေများအရ ၎င်းကဲ့သို့ သီးခြားအခွင့်အရေးပေး ထားခြင်းဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ခွဲဝေမှုပုံစံသည် ရေရှည်တွင် ဒေသများ၏ တူညီသော ဖွံ့ဖြိုးတိုးတက်မှုနှင့် စုပေါင်းစဉ်းစား ဆောင်ရွက်မှုကို ထိခိုက်နိုင်သည် ဟု မြင်မိသည်။ တစ်ချို့နိုင်ငံများသည် ၎င်းစနစ်အပေါ် ပြန်လည်စဉ်းစား ပြင်ဆင်လာမျိုးကို လည်းတွေ့ရသည်။ ဥပမာအားဖြင့် စပိန်နိုင်ငံတွင် ယခင်က သမိုင်းအစဉ်အလာကြီးသော လူမျိုးစုများ၏ နယ်မြေများကို အထူးအာဏာများ ခွဲဝေပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်မှုများပြုလုပ်ခဲ့ရာ ယခုအချိန်တွင် အနည်းငယ်သော အကြောင်းအရာများ အပေါ်တွင်သာ သက်ရောက်မှုရှိသည်ကို တွေ့ရသည်။
အပြောင်းအလဲတစ်ခုကြောင့် ဖက်ဒရယ်နိုင်ငံ အဖြစ် တည်ဆောက်မည်ဆိုလျှင် မည်သည့် နည်းလမ်းဖြင့် ကျင့်သုံးမည်ဆိုသော အယူအဆထက် မတူကွဲပြားသော ပုံစံများမှ မိမိဒေသ၊ မိမိနိုင်ငံနှင့် ကိုက်ညီမည့် နည်းလမ်းများကို ရယူကျင့်သုံးရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းတိုင်းသည် မိမိတို့ထက် အရင်ကျင့်သုံးခဲ့သော နိုင်ငံများရှိနေပြီး ၎င်းတို့၏ အတွေ့အကြုံများကို လေ့လာပြီး အမှားနည်းနည်းဖြင့် ဖက်ဒရယ်နိုင်ငံတစ်ခု တည်ဆောက်နိုင်မည်ဖြစ်သည်။
အချုပ်ဆိုရသော် အခြေခံထားပြီးကျင့်သုံးသော ဖက်ဒရယ်ပုံစံ(၂) မျိုးလုံးတွင် အားသာချက်များရှိသလို အားနည်းချက်များရှိသည်ကို တွေ့ရသည်။ အလွှာလိုက်အာဏာခွဲဝေ ကျင့်သုံးသော (Dual federalism) တွင် ဒွေးရောယှက်တင် ဖြစ်နေသော အာဏာများ အများအပြားပေါ်ပေါက်ခဲ့သလို အလွှာ (၂) ခုကြား ပါဝါလေဟာနယ်ဖြစ်ပြီး ၎င်းလေဟာနယ်အတွက် ပဋိပက္ခများလည်း အများအပြား တွေ့ကြုံခဲ့ရသည်။ ပေါင်းစည်းဖက်ဒရယ်ဟု ဆိုနိုင်သော ( Cooperative federalism) တွင် အာဏာခွဲဝေမှုနှင့် လုပ်ကိုင်ဆောင်ရွက်မှာ အပြန်အလှန် သဘောဆန်သော သဘောသဘာဝကြောင့် ဒွေးရောယှက်တင်ဖြစ်နေသည့် အာဏာများကို ညှိနှိုင်းဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ သို့သော်လည်း ၎င်းစနစ်သည် နောက်ပိုင်းတွင် ဖက်ဒရယ်ပြည်ထောင်စုမှ ပြည်နယ်များအတွက် တာဝန်ယူဆောင်ရွက်ပေးရသည့် ဝန်ထုပ်ဝန်ပိုး များလာသလို ပြည်နယ်များသည်လည်း ဖက်ဒရယ်ပြည်ထောင်စုအပေါ် မှီခိုမှုများလာသည်။ ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စုအနေဖြင့် မိမိချမှတ်လိုသော မူဝါဒများကို သက်ဆိုင်ရာပြည်နယ်များတွင် ချမှတ်နိုင်အောင် ဘဏ္ဍာငွေနှင့် လွှမ်းမိုးဆောင်ရွက်ခြင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စု၏ လွှမ်းမိုးချုပ်ကိုင်မှု ပြန်လည်အားကောင်း လာသည်ကိုတွေ့နိုင်သည်။ အခြားတစ်ဖက်တွင်လည်း ဖက်ဒရယ်ပြည်ထောင်စုအနေဖြင့် မူဝါဒများအပေါ် တာဝန်ယူမှု အခြေအနေမှာ စိန်ခေါ်မှု တစ်ခုဖြစ်လာပြီး ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်လာရသည်ကိုလည်းတွေ့ခဲ့ရသည်။ ဖက်ဒရယ်စနစ်တွင် စံထားလေ့လာနေရသည့် အမေရိကန် နိုင်ငံသည် ပေါင်းစည်း ဖက်ဒရယ်စနစ်ပုံစံကျင့်သုံးရာမှ ၁၉၆၉ ခုနှစ် သမ္မတ ရစ်ချက်နစ်ဆင် (Richard Nixon) ၏ မိန့်ခွန်းတွင် ဖက်ဒရယ်အသစ် (New federalism) ဟု တရားဝင်ပြောဆိုကာ ၎င်းစနစ်အား စတင်မိတ်ဆက်လာသည်ကိုတွေ့ရသည်။ ၎င်းစနစ်၏ အဓိက ရည်ရွယ်ချက်မှာ ဖက်ဒရယ်ပြည်ထောင်စုမှ အာဏာချုပ်ကိုင်ထားမှုကို လျော့ချရန်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောဆိုရေးသားကြသည်ကို တွေ့ရသည်။ သို့သော်လည်း သေသေချာချာ ပြန်လည် လေ့လာလျှင် အာဏာလျော့ချခြင်းထက် ပြည်နယ်များ၊ ဒေသန္တရ အဖွဲ့များအပေါ် တာဝန်ခံ၊ တာဝန်ယူထားခြင်းကိုလျော့ချခြင်းသာဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုမှ ငွေကြေး ထောက်ပံ့နိုင်မှု အားနည်းလာသည်နှင့်အမျှ တချို့သော လုပ်ပိုင်ခွင့်များကို ပြည်နယ်နှင့် ဒေသများ၏ ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာလုပ်ကိုင်ရန်အတွက် ဖွင့်ပေးလိုက်ခြင်းသာ ဖြစ်သည်။ သက်ဆိုင်ရာပြည်နယ်၊ ဒေသများကို ကိုယ့်တာဝန်ကိုယ် ယူခိုင်းလိုက်ခြင်းသာ ဖြစ်သည်။ နိုင်ငံအတွက်အရေးကြီးသော အာဏာများကို စွန့်လွှတ်လျော့ချလိုက်ခြင်းမျိုး မဟုတ်ပါ။ ဥပမာအားဖြင့် နိုင်ငံတော်အနေဖြင့် မူဝါဒတစ်ခုကို ချမှတ်လိုက်လျှင် ၎င်းမူဝါဒကို ပြည်နယ်များ၊ဒေသများက မိမိတို့၏ ပန်းတိုင်အဖြစ် ကိုယ်တိုင်သတ်မှတ်ဆောင်ရွက် လုပ်ကိုင်ရခြင်းမျိုး ဖြစ်သည်။ ၎င်းစနစ်ကို ပုံဖော်သည့် အနေဖြင့် ပြည်နယ်နှင့် ဒေသများအတွက် ဘဏ္ဍာငွေ ကူညီပေးခြင်းဆိုင်ရာဥပဒေ (State and Local Fiscal Assistance Act) ကို ၁၉၇၂ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး ၎င်းဥပဒေသည် ၁၉၈၀ ခုနှစ်များအထိ အသက်ဝင်ခဲ့သည်။
အလွှာလိုက်အာဏာခွဲဝေ ကျင့်သုံးသော (Dual federalism) တွင် ဒွေးရောယှက်တင် ဖြစ်နေသော အာဏာများ အများအပြားပေါ်ပေါက်ခဲ့သလို အလွှာ (၂) ခုကြား ပါဝါလေဟာနယ် ဖြစ်ပြီး ၎င်းလေဟာနယ်အတွက် ပဋိပက္ခများလည်း အများအပြားတွေ့ကြုံခဲ့ရသည်။ ပေါင်းစည်းဖက်ဒရယ်ဟု ဆိုနိုင်သော ( Cooperative federalism) တွင် အာဏာခွဲဝေမှုနှင့် လုပ်ကိုင်ဆောင်ရွက်မှာ အပြန်အလှန် သဘောဆန်သော သဘောသဘာဝကြောင့် ဒွေးရောယှက်တင်ဖြစ်နေသည့် အာဏာများကို ညှိနှိုင်း ဆောင်ရွက်နိုင် သည်ကိုတွေ့ရသည်။ သို့သော်လည်း ၎င်းစနစ်သည် နောက်ပိုင်းတွင် ဖက်ဒရယ်ပြည်ထောင်စုမှ ပြည်နယ်များအတွက် တာဝန်ယူဆောင်ရွက်ပေးရသည့် ဝန်ထုပ်ဝန်ပိုး များလာသလို ပြည်နယ်များသည်လည်း ဖက်ဒရယ်ပြည်ထောင်စုအပေါ်မှီခိုမှု များလာသည်။ ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စုအနေဖြင့် မိမိချမှတ်လိုသော မူဝါဒများကို သက်ဆိုင်ရာပြည်နယ်များတွင် ချမှတ်နိုင်အောင် ဘဏ္ဍာငွေနှင့် လွှမ်းမိုးဆောင်ရွက်ခြင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စု၏ လွှမ်းမိုးချုပ်ကိုင်မှု ပြန်လည်အားကောင်း လာသည်ကိုတွေ့နိုင်သည်။ အခြားတစ်ဖက်တွင်လည်း ဖက်ဒရယ်ပြည်ထောင်စုအနေဖြင့် မူဝါဒများအပေါ် တာဝန်ယူမှု အခြေအနေမှာ စိန်ခေါ်မှု တစ်ခုဖြစ်လာပြီး ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်လာရသည်ကိုလည်းတွေ့ခဲ့ရသည်။
ထိုအခြေအနေသည် ဖက်ဒရယ်စနစ်တွင် အာဏာခွဲဝေရေးသည် ၎င်းချည်း သက်သက်မဟုတ်ဘဲ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းနှင့် သက်ဆိုင်လာသည်ကို တွေ့မြင်ရသည်။ နောက်ပိုင်းနှစ်များတွင်မူ ဖက်ဒရယ်စနစ်တွင် ဘဏ္ဍာရေး ဖက်ဒရယ်စနစ် (Fiscal federalism) ဆိုသောစကားလုံးသည် ခေတ်စားလာပြီး အာဏာခွဲဝေရေးတွင် ဘဏ္ဍာခွဲဝေရေးစနစ် သည် အရေးကြီးသည့် အကြောင်းအရာတစ်ခုဖြစ်လာတော့သည်။
ဘဏ္ဍာရေး ဖက်ဒရယ်စနစ် (Fiscal federalism) နှင့်ပတ်သက်ပြီး ဖက်ဒရယ်နိုင်ငံများ ကျင့်သုံးလာကြသည့် အခြေခံသဘောတရားများကို နှိုင်းယှဉ်တွေးတော စဉ်းစားနိုင်ရန် နောက်ဆောင်းပါးများတွင် သိမြင်သလောက် ဆက်လက်ရေးသားဖော်ပြသွားပါဦးမည်။
သက်နှင်း