၃နှစ်တာကာလကို စဝင်လာကတည်းက ပုံမှန်လို ပြန်နေချင်သူတွေရဲ့ စရိုက်ကို တွေ့လာရပါတယ်။ ပွဲတော်တွေမှာ လူစည်တယ်။ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခဲ့ပြီး အခုဆိုရင် ပုံမှန်အတိုင်း လူပြန်ဝင်နေပါပြီ။ စျေးဝယ်စင်တာတွေ၊ ကုန်တိုက်ကြီးတွေမှာ လူတွေစုပြုံနေကြသလို၊ ဘီယာဘားတွေ၊ နိုက်ကလပ်တွေမှာလည်း ပျော်လို့မြူးလို့ပါပဲ။ အဲဒီလို လူတွေရဲ့ အရေအတွက်ဟာ ၁သန်းလား၊ ၂သန်းလား ဆိုတာကို ဝေခွဲရ ခက်ပါတယ်။ သူတို့တွေဟာ တော်လှန်ရေးမှာ ပါဝင်ခဲ့၊ ကူညီခဲ့တဲ့သူတွေ မဟုတ်ကြဘူးဆိုတာကိုလည်း ယတိပြတ်ပြောဖို့ ခက်ပါတယ်။ သန်း ၅၀ နီးပါးထဲမှာ တော်လှန်ရေးကို ဆက်ပြီး ပခုံးထမ်း ပေးနေကြသူတွေ အများအပြားရှိနေကြတာကတော့ အသေအချာပါပဲ။
*ခေတ်ရိုင်း၊ စနစ်ရိုင်းအောက်ဆီကအနင်းခံမြက်များ*
ခေတ်ရဲ့ပြင်းထန်လွန်းတဲ့ ရိုက်ပုတ်မှုဒဏ်ကို သူတို့တွေပဲ အမြဲခံရလေ့ရှိတယ်။ စနစ်ရဲ့ နင်းခြေခြင်းအောက်မှာ အလူးအလှိမ့် အဖြစ်ရဆုံးကတော့ အောက်ခြေလူတန်းစားအများစုပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း အဓိကထား စားသုံးနေတဲ့ ဆန်စျေးဟာ မကြုံစဖူး ထူးကဲစွာ တက်နေတဲ့ဒဏ်ကိုခံနေရပါတယ်။
ဆန်ပြဿနာဟာ ခပ်အေးအေးထားလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅၆ နှစ်တုန်းက စစ်တွေမှာဖြစ်ခဲ့တဲ့ ဆန်အရေးအခင်းဟာ လှုပ်ခတ်မှုကြီးခဲ့ပါတယ်။ အာဏာရှင်ဗိုလ်နေဝင်းရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့်ပဲ ဆန်ရှားပါးပြီး အငတ်ဘေးဆိုက်လာလို့ လူထုက ဆန္ဒပြကြပါတယ်။ စစ်တွေဆန်အရေးအခင်းမှာ ဆန်ရရှိဖို့တောင်းဆိုတဲ့ ပြည်သူလူထုကို စစ်တပ်အနေနဲ့ ကျည်ဆန်တွေသာ ဝေခဲ့ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုကြောင့်ပဲ ပြည်သူ ၂၄ ဦး ကျဆုံးခဲ့ပြီး အယောက် ၃၀၀ ကျော်ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့တဲ့ သာဓကရှိပါတယ်။
၈၈ အရေးတော်ပုံ အစပျိုးကာလတွေမှာ “ဆန်တစ်ပြည် ၁၅ကျပ်၊ စိန်လွင်ခေါင်းကိုဖြတ်”ဆိုပြီး လူထုက သံပြိုင် ဟစ်အော်ပြီး ဆန္ဒပြခဲ့ကြတာကို မှတ်မိနေပါသေးတယ်။ လက်ရှိ အချိန်မှာတော့ အများစု အဓိကစားသုံးနေကြတဲ့ ဆန်ကြမ်းတစ်ပြည်ဟာ ငါးထောင်ကျပ်ဖြစ်နေပါပြီ။ ရက်စက်စွာ ဖိနှိပ်ထားလွန်းတဲ့ ကာလဖြစ်တာမို့ “ဆန်တစ်ပြည် ငါးထောင်ကျပ် မင်းအောင်လှိုင် ခေါင်းကိုဖြတ်လို့ ပြည်သူအပေါင်းက တီးတိုးကျိန်ဆဲ မေတ္တာ ပို့နေကြပြီ ဖြစ်ပါတယ်။
*နွေဦးတော်လှန်ရေးကို ပုံဖျက်နေသူများ*
၃နှစ်ပြည့်ခါနီး နွေဦးတော်လှန်ရေးနဲ့ ပက်သက်လို့ မိတ်ဆွေအသိက ထောက်ပြဝေဖန်ပါတယ်။ မြေပြင် တော်လှန်ရေး နယ်မြေတွေမှာ (အထူးသဖြင့်)အညာတစ်ခွင်မှာ အင်အားစုချင်း ပွတ်တိုက်သံတွေနဲ့အတူ မြို့ပေါ်မှာ ပုံမှန်အတိုင်း သွားလာပျော်ပါးနေကြတာတွေကို မိတ်ဆွေအသိက စိုးရိမ်စိတ်နဲ့ ရည်ညွှန်းချင်ပုံ ရပါတယ်။ လက်ရှိကြုံနေရတာတွေကို အတိတ်သမိုင်းထဲက စပိန်ပြည်တွင်းစစ်နဲ့ ဥပမာပြုပါတယ်။
စပိန်ပြည်သူ့ တော်လှန်ရေး အင်အားစုများက ဖရန်ကို ခေါင်းဆောင်တဲ့ ဖက်ဆစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်ပါတယ်။ အစပိုင်းမှာ ဖက်ဆစ်ကို မလိုလားရွံမုန်းတဲ့ စိတ်နဲ့ ပြည်သူတစ်ရပ်လုံးက အင်နဲ့အားနဲ့ ဝန်းရံထောက်ခံကြပါတယ်။ စစ်ပွဲရဲ့ သက်တမ်း ၃နှစ်ကြာလာတဲ့အခါမှာတော့ ပြည်သူတွေကျပ်တည်း ကုန်ပါတယ်။ ဒီအခြေအနေမှာ အရင်လိုပုံမှန်ဘဝကို ပြန်ရချင်တဲ့သူတွေ စပြီးစိတ်ပြောင်းပါတော့တယ်။ တော်လှန်ရေးအင်အားစုတွေကလည်း ပူးပေါင်းစုဖွဲ့နိုင်မှု အားနည်း ခဲ့ကြသလို၊ အချင်းချင်း ပြန်တိုက်ကုန် ကြတဲ့အထိ ဖြစ်လာတော့ ပြည်သူတွေ စိတ်ဓာတ်ကျလာပါတယ်။ တဆက်တည်းဆိုသလို ပြည်သူ့ထောက်ခံမှုနဲ့ အလှူငွေ ထည့်ဝင်ပံ့ပိုးမှုတွေ ဆုတ်ယုတ်သွားပါတယ်။
နိုင်ငံခြားက အကူညီပေးနေသူတွေကိုလည်း စိတ်ပျက်စေတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ပါတယ်။ ဒီအနေအထားမှာပဲ ဖက်ဆစ်တွေဘက်ကနေ ဂျာမနီနဲ့ အီတလီတို့က ကူပြီးစစ်တိုက်ပေးလို့ ဖရန်ကိုတို့ ဖက်စစ်အုပ်စုအသာစီးရသွားခဲ့ပါတယ်။
မိတ်ဆွေအသိရဲ့ ထောက်ပြမှုဟာ အကြွင်းမဲ့မှန်နိုင်မယ်လို့ မဆိုသာပေမဲ့၊ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြားမှာ သက်ဆိုင်သူအားလုံးအနေနဲ့ သတိချပ်သင့်ပါတယ်။ ဖရန်ကိုတို့ အသာစီးရခဲ့ခြင်းဟာ တော်လှန်ရေးအင်အားစုတွေကြား စည်းရုံးမှု ပျက်ယွင်းခြင်းနဲ့အတူ ပြည်သူလူထုရဲ့ ထောက်ခံမှု မရတော့ခြင်းကြောင့် ဖြစ်တယ်ဆိုတာကို သတိကြီးကြီးထားဖို့လိုပါမယ်။
၃နှစ်တာကာလကို စဝင်လာကတည်းက ပုံမှန်လို ပြန်နေချင်သူတွေရဲ့ စရိုက်ကို တွေ့လာရပါတယ်။ ပွဲတော်တွေမှာ လူစည်တယ်။ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခဲ့ပြီး အခုဆိုရင် ပုံမှန်အတိုင်း လူပြန်ဝင်နေပါပြီ။ စျေးဝယ်စင်တာတွေ၊ ကုန်တိုက်ကြီးတွေမှာ လူတွေစုပြုံနေကြသလို၊ ဘီယာဘားတွေ၊ နိုက်ကလပ်တွေမှာလည်း ပျော်လို့မြူးလို့ပါပဲ။ အဲဒီလို လူတွေရဲ့ အရေအတွက်ဟာ ၁သန်းလား၊ ၂သန်းလား ဆိုတာကို ဝေခွဲရ ခက်ပါတယ်။ သူတို့တွေဟာ တော်လှန်ရေးမှာ ပါဝင်ခဲ့၊ ကူညီခဲ့တဲ့ သူတွေ မဟုတ်ကြဘူးဆိုတာကိုလည်း ယတိပြတ်ပြောဖို့ ခက်ပါတယ်။ သန်း ၅၀ နီးပါးထဲမှာ တော်လှန်ရေးကို ဆက်ပြီး ပခုံးထမ်း ပေးနေကြသူတွေ အများအပြားရှိနေကြတာကတော့ အသေအချာပါပဲ။ တစ်ခုရှိတာက ပုံမှန်အတိုင်းပြန်နေချင်ကြတဲ့ သူတွေနောက်ကို အချိန်ကြာလာတာနဲ့ အမျှ ပဲ့ပဲ့ပါကုန်မှာကိုတော့အထူးသတိထားရပါမယ်။
ဒီလိုဖြစ်အောင်လည်း စစ်ကောင်စီက အကွက်ကျစီမံနေပါတယ်။ သူတို့ကို ထောက်ခံတဲ့ ပြည်သူတွေရှိနေတယ်။ အေးချမ်းသာယာတဲ့ လမ်းစပေါ်ပြန်ရောက်နေပြီဖြစ်ပါတယ်လို့ ကမ္ဘာကိုချပြချင်နေပါတယ်။ တိုင်းပြည်အနေနဲ့ ဘယ်လောက်ပဲစုတ်ပြတ်သတ်သတ် နေပြည်တော်မှာ မာရဝိဇယ ဆင်းတုတော်ကို ကြိုတင်စီမံထားတဲ့အတိုင်း တည်ပါတယ်။ စကျင်ကျောက်ဖိုး မပါဘဲ အမေရိကန်ဒေါ်လာသန်း ၄၀ ခန့် အကုန်ကျ ခံခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ မီးအလှည့်ကျနဲ့ နပ်မမှန်ဖြစ်နေချိန်မှာ ဆင်းတုတော် ပရဝုဏ်ကတော့ မီးရောင်စုံတွေ ထိန်ထိန်ညီးနေပါတယ်။ လစဉ်ကုန်ကျမဲ့ မီတာခကလည်း ကျပ်သိန်း ၁၅၀၀ ကနေ ကျပ်သိန်း ၂၀၀၀ အထိရှိနေပါတယ်။
ဘာသာရေးခေါင်းဆောင် အသီးသီးနဲ့ ခရိုနီကြီးငယ်များဟာလည်း စစ်ကောင်စီနဲ့ပိုမို စည်းရုံးလာနေတာကို တွေ့ရပါတယ်။
တိုင်းပြည်စီးပွားရေးချွတ်ခြုံ ကျနေပေမဲ့၊ ထိုင်းနိုင်ငံရဲ့ တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်းတွေကို အလုအယက်ဝယ်ပြီး ရင်းနှီးမြုပ်နှံနေသူတွေ ရှိနေပြန်ပါတယ်။ ၂၀၂၂ခုနှစ် ၉ လတာအတွင်း အရောင်းအဝယ် မှတ်တမ်းအရ ကွန်ဒိုပေါင်း ၁၈၈ခု အထိ မြန်မာနိုင်ငံသားတွေ ဝယ်ယူခဲ့ပြီး နိုင်ငံခြားသားကွန်ဒို ဝယ်ယူမှုဇယားရဲ့ နံပါတ် ၇ နေရာကို ရခဲ့ပါတယ်။ စစ်ပွဲဂယက်ကြောင့် ရုရှားနိုင်ငံသားတွေ ကွန်ဒိုဝယ်ယူမှုဟာ ဒုတိယ အများဆုံးဖြစ်ပြီး၊ ပထမချိတ်တာကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်နေပါတယ်။
ပြည်သူအများစုကတော့ ကိုဗစ်ကြောင့်ပဲ ရောဂန္တရကပ်ကို ကြုံခဲ့ပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့ အကျိုးအဆက်ကြောင့်ပဲ စစ်ဘေးစစ်ဒဏ်သင့်တဲ့ သတ္တန္တရကပ်ကို ကြုံနေရပါတယ်။ အစာရေစာ ငတ်မွတ်ခေါင်းပါးမဲ့ ဒုမ္ဘိကန္တရကပ်ကို စတင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို ၂၀၁၃ ခုနှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ အထင်းသား မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနဲ့ အထွေထွေကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့် မိသားစု ၁၀ သန်းကျော်ထဲက ၅သန်းကျော်ရဲ့ ဘဝတွေဟာ အတော့်ကို ဆိုးဆိုးဝါးဝါး ထိခိုက်မှု ရှိနေပြီလို့ ဆိုထားပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက်နိုင်တဲ့ အရွယ်ရောက်ပြီး လူငယ်လူရွယ် ၉သန်းကျော်ရှိပါတယ်။ ၂သန်းကျော်လောက် ပဲ အလုပ်အကိုင် ရရှိပါတယ်။ ၆ သန်းကျော်ဟာ အလုပ်လက်မဲ့ဖြစ်သူ၊ ပညာသင်ကြားမှု မရှိသူနဲ့ အလုပ်အကိုင်အတွက် ကျွမ်းကျင်သင်တန်း မတက်နိုင်သူတွေဖြစ်ကြပါတယ်။ အခုအခြေအနေတိုင်းဆိုရင် မြေပြင်မှာ ဒီထက်ပိုများနေမှာ သေချာသလောက်ပါပဲ။
*နွေဦးတော်လှန်ရေးကာလနှင့် မြန်မာစီးပွားရေး*
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စီးပွားရေးဆုတ်ယုတ်မှုမှာ အလွန်ဆိုးဝါးတဲ့ အခြေအနေကို ရောက်နေရသလို၊ ပြန်လည်နာလန်ထူနိုင်ဖို့ မလွယ်နိုင်ဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ GDP ဟာ ၇၈ ဒသမ ၉၃ ဘီလီယံရှိခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာ ၆၅ ဒသမ ၁၂ ဘီလီယံနဲ့ ၂၀၂၂ခုနှစ်မှာတော့ ၅၉ ဒသမ ၃၆ ဘီလီယံသာ ရှိတော့ပါတယ်။ ဆက်တိုက် ဆိုးဝါးစွာကျဆင်းတော့မဲ့ အခြေအနေဆီကိုလည်း ဦးတည်လျက် ရှိနေပါတယ်။ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB) နဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) တို့ကို ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက ဇွန် ၂၁ မှာ ကြေညာပါတယ်။ စင်္ကာပူ UOB ဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ ဘဏ်များနဲ့ ဆက်သွယ်ဆောင်ရွက်မှုကို စတင်ကန့်သတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘဏ်ကလည်း MICB ဘဏ်နဲ့ MFTB ဘဏ်တို့ကနေ အပ်နှံထားတဲ့ ဒေါ်လာ တစ်သန်းကျော်ကို ထုတ်ယူခွင့် မပေးဘဲ ပိတ်ပင်လိုက်ပြန်ပါတယ်။ စစ်ကောင်စီအနေနဲ့ ၂သောင်းကျပ်တန် ငွေစက္ကူကို ရိုက်နှိပ်ထုတ်ဝေလိုက်ခြင်းကလည်း စီးပွားရေးပြိုလဲ စေဖို့ မီးလောင်ရာလေပင့်သလို ဖြစ်ခဲ့ပြန်ပါတယ်။
ဒေါ်လာစျေး၊ ရွှေစျေးနဲ့ အပြိုင် အထွေထွေ ကုန်စျေးနှုန်းတွေ တက်နေကြတဲ့ အထဲမှာ၊ မကြုံစဖူး ထူးကဲစွာ ဆန်စျေးတက်ခြင်းကြောင့်အခြေခံလူတန်းစားတွေဒုက္ခပင်လယ်ဝေရပါတော့တယ်။ ပြည်တွင်း စစ်မီးတောက် ဧရိယာတိုးလာလို့ စိုက်ပျိုးခွင့်မသာတာတွေအပြင် မိုခါမုန်တိုင်း ကြောင့်လည်း စိုက်ကွင်းတွေ ထပ်မံပျက်စီးရပါတယ်။ ဆန်စျေးဟာ ဒီထက်ပိုတက်ပြီး ပြတ်လပ်နိုင်တဲ့ အခြေအနေ တစ်ခုဆီ ဦးတည်နေပါတယ်။
ကမ္ဘာမှာ ဆန်တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ဇူလိုင်လထဲမှာပင် ကမ္ဘာ့စျေးကွက်ထဲသို့ ဆန်တင်ပို့မှုကို ကန့်သတ် လိုက်ပါတယ်။ ဒီလို ကန့်သတ်ရတာကလည်း အယ်နီညို ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံတွေ ပျက်ဆီးဆုံးရှုံးမှုများပြီး ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်လာမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကမ္ဘာ့စျေးကွက်မှာ ဆန်ရှားပါးမှုဖြစ်ပွားခဲ့သလို ဒုတိယနဲ့ တတိယ အများဆုံး တင်ပို့နေကြတဲ့ ထိုင်းနဲ့ ဗီယက်နမ်မှာလည်းဆန်စျေးတွေ ၂၀ရာခိုင်နှုန်းအထိ တက်သွားပါတယ်။
အင်ဒိုနီးရှားလို နိုင်ငံကတောင် မြန်မာ့ဆန်ကို ဝယ်ယူဖို့ စတင်စဉ်းစားနေပါပြီ။ ဆန်တင်ပို့မှုမှာ ပဉ္စမလိုက်တဲ့ မြန်မာနိုင်ငံအနေနဲ့လည်း သြဂုတ်လကုန်ကစပြီး ၄၅ ရက်ကြာ ပြည်ပဆန်တင်ပို့မှုကို ကန့်သတ်လိုက်ပါတယ်။ ဒီလိုလုပ်တာဟာ ပြည်သူကို ငဲ့ညှာလို့ မဟုတ်ပါဘူး။ နိုင်ငံခြားငွေအရမ်းလိုနေတဲ့ စစ်ကောင်စီအနေနဲ့ ကုန်သည်တွေအပေါ် လက်ဦးမှု ယူလိုက်ခြင်းဖြစ်ပါတယ်။ စျေးကွက်ကောင်းနေတဲ့ ပြည်ပဆန်တင်ပို့မှုကို စစ်ကောင်စီ လက်ဝါးကြီးအုပ်ချယ်လှယ်မဲ့ သဘောရှိပါတယ်။ ဒါကြောင့်ပဲ ဆန်စျေးဟာ ဒီထက်မကတက်ပြီး ပြတ်လပ်နိုင်တဲ့အထိ ရောက်သွားဖို့ များနေပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကလည်း အာဏာသိမ်းဖြစ်စဉ်နဲ့အတူ လုံးဝပြိုကျသွားခဲ့ရပါတယ်။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ခဲ့ကြပါတယ်။ CDM Medical Network ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းမှုနောက်ဆက်တွဲ အကြမ်းဖက်မှုတွေကြောင့် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၉ ဦးသတ်ဖြတ်ခြင်းခံရပါတယ်။ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၈၅၃ ယောက်အထိ ရှိနေပါတယ်။ CDM လုပ်ထားတဲ့ ဆရာဝန် ၅၅၇ဦးကို တာဝန်က ထုတ်ပယ်ခဲ့သလို ဆေးကုသခွင့် လိုင်စင်တွေကို စစ်ကောင်စီက ရုပ်သိမ်းပစ်ခဲ့ပါတယ်။
*နွေဦးတော်လှန်ရေးကာလနှင့် အလုပ်အကိုင်အခွင့်အလမ်း*
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနဲ့ အထွေထွေ ကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့် မိသားစု ၁၀ သန်းကျော်ထဲက ၅သန်းကျော်ရဲ့ ဘဝတွေဟာ အတော့်ကို ဆိုးဆိုးဝါးဝါး ထိခိုက်မှုရှိနေပြီလို့ ဆိုထားပါတယ်။
၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက်နိုင်တဲ့ အရွယ်ရောက်ပြီး လူငယ်လူရွယ် ၉သန်းကျော်ရှိပါတယ်။ ၂သန်းကျော်လောက် ပဲ အလုပ်အကိုင် ရရှိပါတယ်။ ၆ သန်းကျော်ဟာ အလုပ်လက်မဲ့ဖြစ်သူ၊ ပညာသင်ကြားမှု မရှိသူနဲ့ အလုပ်အကိုင်အတွက် ကျွမ်းကျင်သင်တန်း မတက်နိုင်သူတွေဖြစ်ကြပါတယ်။ အခုအခြေအနေတိုင်းဆိုရင် မြေပြင်မှာ ဒီထက်ပိုများနေမှာ သေချာသလောက်ပါပဲ။ အခြေခံလုပ်ငန်းကိုင်ငန်း တွေထဲမှာ အထည်ချုပ်လုပ်ငန်းဟာ ဖွံ့ဖြိုးခဲ့ပါတယ်။ ဥရောပသမဂ္ဂ(EU) ရဲ့ အထူးအခွန်သက်သာခွင့်ကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ရရှိခဲ့ပြီး၊ ပြည်ပရင်းနှီးမြုပ်နှံမှုနဲ့အတူ အခြေခံအလုပ်သမား ၄ သိန်းကျော် အလုပ်ရရှိခဲ့ရုံမက နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ဝင်ငွေရှိပါတယ်။ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာတော့ စက်ရုံတွေပိတ်သိမ်း၊ အလုပ်လက်မဲ့တွေ များလာခဲ့ပါတယ်။ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ပိုများလာနေတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းများကနေ အထည်အမှာများကို တစ်ဆင့်ချင်းရုပ်သိမ်းဖို့ ကမ္ဘာ့ဒုတိယအကြီးမားဆုံး အဝတ်အထည် ကုမ္ပဏီ H & M က ကြေညာခဲ့သလို ၊ အခြားနိုင်ငံတကာစျေးကွက်ဝင် အမှတ်တံဆိပ်များကလည်း မြန်မာ့အထည်ချုပ်လုပ်ငန်းနဲ့ လမ်းခွဲခဲ့ကြပါတယ်။ ILO ရဲ့ စစ်တမ်းတွေအရတော့ ကိုဗစ်ကာလဂယက်ကြောင့် အလုပ်လက်မဲ့ ဖြစ်ရသူရှိသလို၊ စစ်အာဏာသိမ်းပြီးနောက် မတရားအလုပ်တာဝန်မှ ရပ်စဲခံရမှုနန်းက မြင့်တက်လာနေတယ်လို့ဆိုပါတယ်။ အနည်းဆုံးလုပ်အားခ ၄၈၀၀ ကျပ်ကိုပင် စက်ရုံ အလုပ်ရုံတွေက မပေးချင်ကြတော့ပါဘူး။ အာဏာမတရားယူထားတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းသတ်မှတ်ကြေညာပါတယ်။ ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်ပါတယ်။
လည်ပတ်နေတဲ့ စက်ရုံတွေကလည်း အလုပ်သမားအသစ် ပြန်လည်ခေါ်ယူရာမှာ နေ့စား၊ လရှင်း သဘောမျိုးခန့်ထားတာတွေများနေပြီး တစ်နေ့လုပ်အားခ ၂၄၀၀ ကျပ်၊ ၃၆၀၀ ကျပ်သာ ရရှိနေကြပါတယ်။ ဆန်ကြမ်းတစ်ပြည် ၅၀၀၀ကျပ်ကနေ ဆက်တက်နိုင်ခြေရှိခြင်းက အခြေခံလူတန်းစားတွေကို အကြီးအကျယ် ခြိမ်းခြောက်လျက် ရှိနေပါတယ်။
ပြည်သူကိုအခြေခံပြီး အာဏာသက်ရောက်မှု ရှိမှသာ ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုတည်ဆောက်နိုင်မှာပါ။ စစ်ကောင်စီကတော့ သူ့တို့ကို မထောက်ခံတဲ့ လူထုအသိုင်းအဝိုင်းအပေါ် အကြောက်တရားနဲ့သာ ရက်စက်စွာ အုပ်ချုပ်နေပါတယ်။ တိုင်းရင်းသားပြည်သူအပေါ် မေတ္တာစိတ်မထားနိုင်လောက်အောင် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းနေပါတယ်။ သူတို့ကို မထောက်ခံတဲ့ လူထုအဖွဲ့အစည်းကို အလုံးစုံပျက်သုဉ်းစေမဲ့ အခြေအနေ ရောက်အောင် စစ်ကောင်စီ တမင်ဖန်တီးနေသလား မသိပါဘူး။
*ကျဆုံးနိုင်ငံတော်လား၊ ပျက်သဉ်းနိုင်ငံတော်လား*
စစ်တပ်အာဏာသိမ်းမှု ဖြစ်စဥ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာလည်း စိုးရိမ်ဖွယ်အနေအထားထက် ကျော်လွန်လာနေကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကလေးများအားလုံးရဲ့ ၂၂ ရာခိုင်နှုန်းပဲ ကျောင်းအပ်နိုင်တော့ပါတယ်။ ကလေးအများစုဟာ ကျောင်းမတက်နိုင်ကြတော့ပါဘူး။ အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုများမှာ ကျောင်းသားတွေနဲ့အတူ ဆရာဆရာမတွေလည်း ပါဝင်ခဲ့ကြပါတယ်။
စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၂ ကြိမ်ပြုလုပ်ပါတယ်။ ၂၀၂၂ခုနှစ်မှာ ၂၈၁,၇၅၁ သာဝင်ရောက်ဖြေဆိုပြီး ၂၀၂၃ ခုနှစ်မှာတော့ ၁၆၁,၈၅၀ ဦးသာ ဝင်ရောက်ဖြေဆိုပါတယ်။ အရပ်သား အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ်မှာပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ၉၁၀,၀၀၀ကျော် ဝင်ရောက်ဖြေဆို ခဲ့တာကိုနှိုင်းယှဥ်ကြည့်နိုင်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကလည်း အာဏာသိမ်းဖြစ်စဥ်နဲ့အတူ လုံးဝပြိုကျသွားခဲ့ရပါတယ်။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ခဲ့ကြပါတယ်။ CDM Medical Network ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းမှုနောက်ဆက်တွဲ အကြမ်းဖက်မှုတွေကြောင့် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၉ ဦးသတ်ဖြတ်ခြင်းခံရပါတယ်။ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၈၅၃ ယောက်အထိ ရှိနေပါတယ်။ CDM လုပ်ထားတဲ့ ဆရာဝန် ၅၅၇ဦးကို တာဝန်ကထုတ်ပယ်ခဲ့သလို ဆေးကုသခွင့် လိုင်စင်တွေကို စစ်ကောင်စီက ရုပ်သိမ်းပစ်ခဲ့ပါတယ်။
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြိုကျနေပြီး လူမှုအသိုင်းဝိုင်း အသီးသီးမှာလည်း စိတ်ဖိစီးမှုဒဏ်တွေ မြင့်တက်နေပါတယ်။ ဒေါသပေါက်ကွဲထွက်တဲ့ အဆင့်ကို မရောက်မီ ကာကွယ်တားဆီးဖို့ ပညာရှင်တွေက အသိပေးပြောဆိုနေကြပါပြီ။
ပြည်သူကိုအခြေခံပြီး အာဏာသက်ရောက်မှု ရှိမှသာ ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုတည်ဆောက်နိုင်မှာပါ။ စစ်ကောင်စီကတော့ သူ့တို့ကို မထောက်ခံတဲ့ လူထုအသိုင်းအဝိုင်းအပေါ် အကြောက်တရားနဲ့သာ ရက်စက်စွာ အုပ်ချုပ်နေပါတယ်။ တိုင်းရင်းသားပြည်သူအပေါ် မေတ္တာစိတ်မထားနိုင်လောက်အောင် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းနေပါတယ်။ သူတို့ကို မထောက်ခံတဲ့ လူထုအဖွဲ့အစည်းကို အလုံးစုံပျက်သုဥ်းစေမဲ့ အခြေအနေ ရောက်အောင်စစ်ကောင်စီတမင်ဖန်တီးနေသလားမသိပါဘူး။
ဒီလိုအခြေအနေမျိုး ပေါက်ကွဲမှုမျိုးတွေ ဖြစ်လာခဲ့ရင် အရင်အခြေအနေအတိုင်း ပြန်နေချင်ကြတဲ့ လူတန်းစားတွေအတွက်လည်း လုံခြုံမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်အဆင့်ကို ကူးပြောင်းထားပြီး ဖြစ်တဲ့ အတွက် နေရာအနှံ့မှာ လက်နက်တွေ ပြန့်ကျဲနေပြီးသား ဖြစ်နေပါတယ်။ သူတို့စစ်အုပ်စု မအုပ်ချုပ်ရမဲ့ အတူတူ တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းစေဖို့ ဦးတည်လုပ်ဆောင်နေတာ ထင်ရှားလွန်းနေပါတယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ဆိုရာမှာ ပြင်ပဝင်ရောက်စွက်ဖက်မှုကနေ ကာကွယ်ပေးရုံ သက်သက် မဟုတ်ဘဲ ပြည်သူများအပေါ် အဓိကကာကွယ်ပေးရမဲ့ တာဝန်လည်း ရှိနေပါတယ်။ ဒီလိုမှ မဟုတ်ဘဲ နိုင်ငံတော်ကိုယ်တိုင်က ပြည်သူများအပေါ် ရာဇဝတ်မှုများ၊ ညှဥ်းပန်းနှိပ်စက်မှုများ ကျူးလွန်နေရင်သော် လည်းကောင်း၊ နိုင်ငံသားများ အပေါ်ကာကွယ်နိုင်စွမ်း မရှိရင်သော်လည်းကောင်း၊ ကာကွယ်ရန်ဆန္ဒမရှိခြင်း ဖြစ်ခဲ့ရင်သော်လည်းကောင်း နိုင်ငံတကာအဖွဲ့အစည်း တစ်ခုလုံးအနေတဲ့ ဝင်ရောက်ကာကွယ်ရန် အလိုအလျောက် တာဝန်ရှိလာပြီ ဖြစ်တယ်လို့ ဆိုထားပါတယ်။
*စစ်ကောင်စီကို ပြတ်ပြတ်သားသားအရေးယူ ကိုင်တွယ်သင့်ပြီ*
ကုလသမဂ္ဂညီလာခံကြီးကို စတင်ကျင်းပနေပါပြီ။ မြန်မာနိုင်ငံအရပ်ရပ်က အခြေအနေတွေကို ကုလသမဂ္ဂ အဖွဲ့ကြီးလည်း အလုံးစုံသိနေမှာပါ။ မြေပြင်မှာ ထိတွေ့ဆောင်ရွက်နေကြတဲ့ ILO, WHO, ICRC, UNDP, UNICEF, WFP, UNOCHA နဲ့ IIMM တို့လို အဖွဲ့အစည်းတွေကလည်း မြေပြင်အနေအထားကို မပြတ်အစီရင်ခံနေပါလိမ့်မယ်။
ရက်စက်တဲ့ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတွေမှု ဆိုးရွားလာတာနဲ့ အကွက်ကျကျ ဖိနှိပ်မှုတွေကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးမျှော်လင့်ချက်တွေ ချေဖျက်ခံနေရတယ်လို့ စက်တင်ဘာ(၇)ရက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာပြုလုပ်တဲ့ အမေရိကန်၊ တရုတ်၊ အာဆီယံနဲ့ ဒေသတွင်းခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတားရက်စ်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂအနေနဲ့ အာဆီယံကို ခေါင်းတည် ဦးဆောင်ပြီး လုပ်ဆောင်စေခြင်းကို စဉ်းစားချိန်တန်ပါပြီ။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုရော၊ ကုလမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကိုပါ စစ်ကောက်စီဖက်က လိုက်နာဆောင်ရွက်ခြင်းမရှိတာ ထင်ရှားနေပါတယ်။ စပိန်ပြည်တွင်းစစ်ကို ဥပမာ ပေးထောက်ပြတဲ့ မိတ်ဆွေအသိကပဲ နိုင်ငံတကာဝင်ရောက်စွက်ဖက်မှုနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာဆိုင်ရာ ကော်မတီ(ICISS)ဆိုတာရှိကြောင်း ပြောလာပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကနေဒါ အစိုးရကနေ ဦးဆောင်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ဆိုရာမှာ ပြင်ပဝင်ရောက်စွက်ဖက်မှုကနေ ကာကွယ်ပေးရုံ သက်သက် မဟုတ်ဘဲ ပြည်သူများအပေါ် အဓိကကာကွယ်ပေးရမဲ့ တာဝန်လည်း ရှိနေပါတယ်။ ဒီလိုမှ မဟုတ်ဘဲ နိုင်ငံတော်ကိုယ်တိုင်က ပြည်သူများအပေါ် ရာဇဝတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်နေရင်သော်လည်းကောင်း၊ နိုင်ငံသားများ အပေါ်ကာကွယ်နိုင်စွမ်း မရှိရင်သော်လည်းကောင်း၊ ကာကွယ်ရန်ဆန္ဒမရှိခြင်း ဖြစ်ခဲ့ရင်သော်လည်းကောင်း နိုင်ငံတကာအဖွဲ့အစည်း တစ်ခုလုံးအနေတဲ့ ဝင်ရောက်ကာကွယ်ရန် အလိုအလျောက် တာဝန်ရှိလာပြီ ဖြစ်တယ်လို့ ဆိုထားပါတယ်။
၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးရလဒ် စာတမ်းအပိုဒ် ၁၃၈ နဲ့ ၁၃၉ တို့မှာလည်း နိုင်ငံတော်နဲ့ နိုင်ငံတော်အကြီးအကဲများ အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု တိုင်းရင်းသားမျိုးနွယ်စုများအပေါ် သုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများမှ ကာကွယ်ရန် ၄င်းတို့ရဲ့ တာဝန်ဖြစ်ကြောင်း၊ ကတိကဝတ်ပြုခဲ့ကြသလို တစ်ဦးနဲ့ တစ်ဦး အားပေးကူညီခြင်းနဲ့ ဆောင်ရွက်ကြဖို့ လက်ခံအတည်ပြုပြီးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ အစိုးရများအနေနဲ့ ၎င်းတို့ရဲ့ပြည်သူတွေကို ကာကွယ်ဖို့သိသာထင်ရှားစွာ ပျက်ကွက်နေပြီ ဆိုပါက ကုလသမဂ္ဂပဋိညာဥ်စာတမ်းနဲ့အညီ သက်ဆိုင်ရာဒေသဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ အချိန်နဲ့ တပြေးညီ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားရန်ကိုလည်း ကြိုတင်ပြင်ဆင်ထားကြောင်း ကြေညာခဲ့တယ်လို့ ဆိုထားပါတယ်။
မိတ်ဆွေအသိရှာပေးတဲ့ အထောက်အထား အချက်အလက်တွေ အားလုံးကတော့ စစ်ကောင်စီရဲ့ တိုင်းပြည်နဲ့ တိုင်းရင်းသားပြည်သူများအပေါ် အကြောက်တရားမိုးပြီး ဖိနှိပ်ရက်စက်ခြင်းတွေကို ညွှန်းဆိုနေသလို ဖြစ်ပါတယ်။
စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တွေ ထုတ်ခဲ့သလို တောင်းဆိုချက်တွေလည်း တောင်းဆိုခဲ့ပြီးပါပြီ။
အနင်းခံမြက်တွေဘဝနဲ့ မနည်းရှင်သန်နေရတဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်အတွက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်တာမျိုး အမြန်လုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
လက်ျာဧ