ဖက်ဒရယ်စနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုများ အပိုင်း(၁)

အသံဆောင်းပါး နားဆင်ရန်

၁၉ရာစု အမေရိကန်နိုင်ငံ၏ ဖီလာဒယ်ဖီးယား တွင် ကျင်းပသည့် ညီလာခံမှ ပေါ်ထွက်လာသော နိုင်ငံရေးဦးတည်ချက်တွင် ဖက်ဒရယ်ဆိုသည်မှာ ခိုင်မာတောင့်တင်းသော စုစည်းညီညွတ်သည့် နိုင်ငံရေးပုံစံတစ်ခု တည်ထောင်ခြင်းဟု အဓိပ္ပာယ် ပြောင်းလဲခဲ့ပြီး ကွန်ဖက်ဒရိတ်၏ အဓိပ္ပာယ်ကတော့ နိုင်ငံများ စုပေါင်းထားသော အစုအဖွဲ့အနေဖြင့် ကျန်ရှိခဲ့သည်။

ဖက်ဒရယ်နှင့် ကွန်ဖက်ဒရိတ် ဆိုသည့် စကားလုံးတို့သည် လက်တင်ဘာသာစကားဖြစ်သော  foedus မှ ဆင်းသက်လာသည်။ ၎င်း၏ အဓိပ္ပာယ်သည် နှစ်ဦးနှစ်ဘက် သို့မဟုတ် ပါဝင်သူများအကြား ချုပ်ဆိုသော သဘောတူညီချက် ဖြစ်သည်။  ၁၈ ရာစု နောက်ပိုင်းကာလများအထိ ၎င်းစကားလုံးကို အဖွဲ့များအချင်းချင်းအကြား၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်သော အစိုးရတစ်ခုနှင့်တစ်ခုအကြား ဆက်ဆံကြသည့်အချိန်တွင် သဘောတူညီမှုများ ပြုလုပ်ရာ၌ အသုံးပြုသော စကားလုံးဖြစ်သည်။

၁၉ရာစု အမေရိကန်နိုင်ငံ၏ ဖီလာဒယ်ဖီးယားတွင် ကျင်းပသည့် ညီလာခံမှ ပေါ်ထွက်လာသော နိုင်ငံရေးဦးတည်ချက်တွင် ဖက်ဒရယ်ဆိုသည်မှာ ခိုင်မာတောင့်တင်းပြီး စုစည်းညီညွတ်သည့် နိုင်ငံရေးပုံစံတစ်ခု တည်ထောင်ခြင်းဟု အဓိပ္ပာယ် ပြောင်းလဲသုံးစွဲခဲ့ပြီး ကွန်ဖက်ဒရိတ်၏ အဓိပ္ပာယ်ကတော့ နိုင်ငံများ စုပေါင်းထားသော အစုအဖွဲ့အနေဖြင့် ကျန်ရှိခဲ့သည်။

အမေရိကန် လွှတ်တော်အမတ်၊ သံတမန်တာဝန်များသာမကဘဲ အမေရိကန်၏ (၄) ဦးမြောက် သမ္မတအဖြစ် သမ္မတသက်တမ်း (၂)ကြိမ် (၁၈၀၉ – ၁၈၁၇ခုနှစ်) ထမ်းဆောင်ခဲ့သော အမေရိကန်ဖွဲ့စည်းပုံ၏ ဖခင်ဟု ဂုဏ်ပြုပြောကြားခံရသည့် ဂျိမ်း မက်ဒီဆန် (Jame Madison 16 March, 1751 – 28 June, 1836) ကတော့  အမေရိကန် ဖွဲ့စည်းပုံသည် တစ်ပြည်ထောင် နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံမျိုး မဟုတ်သလို နိုင်ငံငယ်များ စုပေါင်းထားသော အဖွဲ့ချုပ် ပုံစံမျိုးလည်း မဟုတ်ဘဲ ၎င်းအမျိုးအစား(၂) ခုကို ပေါင်းစပ်ထားသော ပုံစံဟု ပြောဆိုခဲ့သည်။ ဖက်ဒရယ်စနစ်နှင့် ပတ်သက်လာလျှင် စံထားပြောဆိုလေ့ရှိသလို  ကမ္ဘာ့ပေါ်တွင် ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် စတင်ကျင့်သုံးခဲ့သော အမေရိကန်နိုင်ငံ၏ အခြေအနေကို သရုပ်ခွဲကြည့်မည်ဆိုလျှင် တစ်သီးတစ်ခြားတည်ရှိနေသော နယ်မြေများ၊ အချုပ်အခြာအာဏာပိုင်ဒေသများ စုစည်းပြီး အချုပ်အခြာ အာဏာရှိ နိုင်ငံတစ်ခု စုပေါင်းတည်ထောင်ခြင်းဖြစ်သလို အချုပ်အခြာကို ထိန်းသိမ်းရန် ပြည်ထောင်စုကို အပ်နှင်းထားသည့် ပုံစံကိုလည်း တွေ့ရသည်။ လွတ်လပ်သော နယ်မြေများမှ သာမန် သဘောတူညီချက်ဖြင့် စုပေါင်း၍ ဖွဲ့စည်းထားသောပုံစံမဟုတ်သောကြောင့် မိမိတို့နယ်မြေတစ်ခုစီ၏ အချုပ်အခြာအာဏာများကို မိမိတို့ကိုယ်တိုင် သီးခြားစီ ကာကွယ်စောင့်ရှောက်ခွင့်ရှိသည့် ပုံစံနှင့်တော့ ကွဲပြားသည်ကို တွေ့ရသည်။ သို့သော်လည်း ဖက်ဒရယ်စနစ်တွင် ပါဝင်သော နယ်မြေများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ပြည့်ပြည်ဝဝ ရှိရမည်ဆိုသော အချက်ကိုတော့ ပြည်ထောင်စု ဖွဲ့စည်းမှုပုံစံတွင်မလွဲမသွေ သတ်မှတ်ပြဋ္ဌာန်းထားရန် လိုအပ်သည်။ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တို့အကြား မရောထွေးပဲ စဉ်းစားသင့်သည်။

ခေတ်သစ် ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီ သဘောတရားအပေါ်တွင် အခြေခံပြီး အာဏာရယူထားသော အုပ်ချုပ်ရေး အဖွဲ့အစည်းများသည် ပြည်ထောင်စုနှင့် ပါဝင်သော ပြည်နယ်များအကြား အာဏာခွဲဝေအုပ်ချုပ်သည့် စနစ်ကိုကျင့်သုံးပါသည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများအနေဖြင့် ဖက်ဒရယ်စနစ်ကို ၎င်းတို့၏ နိုင်ငံများ၏ အခြေအနေနှင့် ကိုက်ညီအောင် အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုပြီး လိုက်လျောညီထွေဖြစ်အောင် ကျင့်သုံ ကြသည်ကို တွေ့ရသည်။

နိုင်ငံရေးသီအိုရီများအရ ဖက်ဒရယ်ဝါဒနှင့်ပတ်သက်ပြီး ပုံစံ (၂) မျိုးကို အသိအမှတ်ပြုထားသည်ကို တွေ့ရသည်။

ပူးပေါင်းတည်ထောင်လိုက်သည့် ဖက်ဒရယ်စနစ် သည် ယခု အများပြောဆိုနေသည့် (coming together)ပုံစံမျိုး ဖြစ်သည်။

ဖက်ဒရယ်နိုင်ငံတစ်ခု ပြောင်းလဲရန် ပါဝင်သည့် ပြည်နယ်များအနေဖြင့် ယခင်ကကျင့်သုံးခဲ့သော  နိုင်ငံရေး အာဏာများကို ပေါင်းစပ်ခြင်း၊ ဖက်ဒရယ်စနစ်နှင့် လိုက်လျောညီထွေမှုများရှိသော အကြောင်းအရာများကို ဖက်ဒရယ်စနစ်နှင့် ကိုက်ညီအောင်ပြောင်းလဲမှုကို လက်ခံခြင်းနှင့် ကွန်ဖဒရယ်ရှင်းစနစ်မှ ဖက်ဒရယ်စနစ်ပြောင်းလဲခြင်း စသည့်ပုံစံ ဖြစ်သည်။

အာဏာပြန်လည်ခွဲဝေပေးလိုက်သည့် ဖက်ဒရယ်ပုံစံသည် (holding together) ပုံစံမျိုးနှင့် ဆင်တူနိုင်ပြီး ခေတ်ကာလ၏ တောင်းဆိုမှုအရ တစ်ပြည်ထောင်စနစ်မှ ဖက်ဒရယ်စနစ်သို့ ပြောင်းလဲလိုက်သည့်ပုံစံ ဖြစ်သည်။

ခေတ်သစ် ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီ သဘောတရားအပေါ်တွင် အခြေခံပြီး အာဏာရယူထားသော အုပ်ချုပ်ရေး အဖွဲ့အစည်းများသည် ပြည်ထောင်စုနှင့် ပါဝင်သော ပြည်နယ်များအကြား အာဏာခွဲဝေအုပ်ချုပ်သည့် စနစ်ကိုကျင့်သုံးပါသည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများအနေဖြင့် ဖက်ဒရယ်စနစ်ကို ၎င်းတို့၏ နိုင်ငံများ၏ အခြေအနေနှင့် ကိုက်ညီအောင် အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုပြီး လိုက်လျောညီထွေ ဖြစ်အောင် ကျင့်သုံးကြသည်ကို တွေ့ရသည်။

ဖက်ဒရယ်စနစ် ကျင့်သုံးမှုနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဟားဗတ် တက္ကသိုလ်ပါမောက္ခ ဒန်နီယယ်ဇစ်ဘလက်(Daniel Ziblatt- 1972) အဆိုအရ ပညာရှင်များအကြားတွင် အယူအဆ (၄) ခုဖြင့် အပြိုင်အဆိုင် ပြောဆိုမှုများ ရှိသည်ဟု သိရသည်။

၁။  အတွေးအခေါ်ဆိုင်ရာသီအိုရီ

လူ့အဖွဲ့အစည်းအတွင်းတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချသေည့် အတွေးအခေါ်ကို လက်ခံမှုအခြေအနေ မြင့်မားလာသောကြောင့် ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးခြင်း။

၂။ ယဉ်ကျေးမှု၊ သမိုင်းကြောင်း နှင့်သက်ဆိုင်သောသီအိုရီ

ယဉ်ကျေးမှု သို့မဟုတ် မျိုးနွယ်စုများအရ လူမျိုးများ မတူကွဲပြားနေသော  လူ့အဖွဲ့အစည်းများတွင် ဖက်ဒရယ်စနစ်ကို  လက်ခံကျင့်သုံးရန် ပိုမိုသဘောကျခြင်း။

၃။ လူမှုရေးဆိုင်ရာသဘောတူညီမှု သီအိုရီ

ဗဟိုအနေဖြင့် အစွန်အဖျားဒေသများအပေါ် အပြည့်အဝ အာဏာသက်ရောက်မှုမရှိခြင်းနှင့် အစွန်အဖျား ဒေသများကလည်း ဗဟိုမှခွဲထွက်ရန် လုံလောက်သော အင်အားမရှိသည့် အချိန်တွင် ဗဟိုနှင့် အစွန်အဖျား ဒေသများအကြား ညှိနှိုင်းခြင်းဖြင့် လက်ခံကျင့်သုံးရန် ပေါ်ထွက်လာသော ဖက်ဒရယ်စနစ်

၄။ အခြေခံအာဏာအပေါ်တွင် တည်မှီထားသော သီအိုရီ

ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန်ဖြစ်နိုင်သော နိုင်ငံတစ်ခု၏ လက်အောက်ခံဒေသများသည် အခြေခံ နိုင်ငံရေး အရင်းအမြစ်များဖြစ်သော ဖွဲ့စည်းပုံဆိုင်ရာ လွှတ်တော်၊ အုပ်ချုပ်ရေးပိုင်းကို ကိုယ်တိုင်ဆောင်ရွက်နိုင်လောက်သည့် အရည်အချင်းများ ပြည်နယ်များတွင် ဖွံ့ဖြိုးတိုးတက်လာပြီး အဆင်သင့် ရှိလာခြင်းတို့ကြောင့် ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းတို့ ဖြစ်သည်။

ဖက်ဒရယ် နိုင်ငံအများအပြားသည် ဗဟိုနှင့် ဒေသဆိုင်ရာ အချုပ်အခြာအာဏာကို အတိုင်းအတာအမျိုးမျိုးဖြင့် ခွဲဝေ ကျင့်သုံးကြသည်။ သို့သော်လည်း ယေဘူယျအားဖြင့် အာဏာခွဲဝေသည့် ပုံစံတွင် အစွန်းရောက်သော စနစ်(၂) မျိုးကို တွေ့ရပြန်သည်။ တစ်ခုမှာ တစ်ပြည်ထောင်စနစ်ကဲ့သို့ ဖက်ဒရယ်မှ အာဏာအများအပြား ရယူထားသောစနစ်နှင့် နောက်စနစ်တစ်ခုမှာ ပြည်ထောင်စုအစိုးရသည် အာဏာအနည်းငယ်သာရှိပြီး ပါဝင်သော ဒေသများက အာဏာကို အမြောက်အမြား ရယူထားသော စနစ်ပုံစံမျိုး ဖြစ်သည်။  ဖက်ဒရယ်ဖွဲ့စည်းပုံစနစ်တွင်လည်း အဆင့် (၂) ဆင့်မှ အဆင့် (၃) ဆင့် သို့မဟုတ် ၎င်းထက်ပိုသော ပုံစံများဖြင့် ကျင့်သုံးသည်ကို တွေ့ရသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် အာဏာခွဲဝေခြင်းသည် အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ၎င်းသည် အာဏာပိုင်းခြားခြင်းနှင့်အဓိပ္ပာယ်မတူညီပါ။  အာဏာပိုင်းခြားခြင်းဆိုသည်မှာ ဒီမိုကရေစီသဘောအရ နိုင်ငံတော်အာဏာ (၃) ရပ်ကို အပြန်အလှန် ထိန်းကျောင်းနိုင်ရန်အတွက် သီးခြားစီပိုင်းခြားထားခြင်းဖြစ်သည်။  ဖက်ဒရယ်စနစ်၏ အာဏာခွဲဝေရေးဆိုသည်မှာ အဆင့်ဆင့်သောအစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာကို သတ်သတ်မှတ်မှတ် ခွဲဝေပေးခြင်းဖြစ်သည်။ အဓိကအားဖြင့် ပြည်ထောင်စုနှင့် ဒေသဆိုင်ရာအာဏာပိုင်များ အကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ခွဲထားခြင်းဖြစ်သည်။

အာဏာခွဲဝေခြင်း

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် အာဏာခွဲဝေခြင်းသည် အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ၎င်းသည် အာဏာပိုင်းခြားခြင်းနှင့် အဓိပ္ပာယ် မတူညီပါ။ အာဏာပိုင်းခြားခြင်း ဆိုသည်မှာ ဒီမိုကရေစီသဘောအရ နိုင်ငံတော်အာဏာ (၃) ရပ်ကို အပြန်အလှန် ထိန်းကျောင်းနိုင်ရန်အတွက် သီးခြားစီ ပိုင်းခြားထားခြင်း ဖြစ်သည်။ ဖက်ဒရယ်စနစ်၏ အာဏာခွဲဝေရေးဆိုသည်မှာ အဆင့်ဆင့်သော အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာကို သတ်သတ်မှတ်မှတ် ခွဲဝေပေးခြင်း ဖြစ်သည်။ အဓိကအားဖြင့် ပြည်ထောင်စုနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ခွဲထားခြင်း ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံများတွင် နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို သီးသန့် အာဏာများအဖြစ် ပြည်ထောင်စုကို ပေးထားသည်။ ကုလသမဂ္ဂ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဖက်ဒရယ်နိုင်ငံများ အောက်တွင်ရှိသော မည်သည့်အဖွဲ့ဝင် အချုပ်အခြာပိုင် အစိတ်အပိုင်းကိုမျှ လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုမှု မရှိသည်ကို တွေ့ရသည်။

အာဏာခွဲဝေရေးနှင့်ပတ်သက်၍ အရေးကြီးသော နောက်ထပ်အကြောင်းအရာတစ်ခုမှာ ၎င်းအာဏာခွဲဝေထားမှုကို မည်ကဲ့သို့ဖော်ပြမည်ဆိုသော ကိစ္စရပ်ပင်ဖြစ်သည်။ တချို့ ဖက်ဒရယ်နိုင်ငံများသည် ဖွဲ့စည်းပုံ တစ်ခုထဲတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပါဝင်သော ဖက်ဒရယ်ယူနစ်များ၏ လုပ်ပိုင်ခွင့် အာဏာကို ပြဋ္ဌာန်းပြီး တချို့သော ဖက်ဒရယ်ဖွဲ့စည်းပုံများတွင် ဖက်ဒရယ်ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်အာဏာ တစ်ခုတည်းကိုသာ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

အာဏာခွဲဝေခြင်းနှင့် ပတ်သက်၍လည်း အခြေခံ စဉ်းစားစရာများ ရှိသည်ကို တွေ့နိုင်သည်။

ပြည်ထောင်စုအဆင့် သို့မဟုတ် ဖက်ဒရယ်အဆင့် လုပ်ပိုင်ခွင့် အာဏာကို သတ်မှတ်မည်ဆိုပါက အောက်ပါအချက်များအပေါ် အခြေခံ၍ သတ်မှတ်သင့်သည်ဟု ထင်သည်။

  1. နိုင်ငံ၏ပြင်ပတွင် အချုပ်အခြာအာဏာကို ကျင့်သုံးရန် လိုအပ်သော အကြောင်းအရာ ဟုတ်/မဟုတ် (ဥပမာ။ နိုင်ငံတကာဆက်ဆံရေး)
  2. ဖက်ဒရယ်ယူနစ်များ၏ နယ်နမိတ်များကို ကျော်လွန်ပြီး ဆောင်ရွက်ရသည့် ကိစ္စရပ်များ ဟုတ်/မဟုတ်( ဥပမာ။ နိုင်ငံအတွင်းသယ်ယူပို့ဆောင်ရေး)
  3. တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရန် လို/မလို (ငွေကြေး၊ အချိန်အတွယ်)

ဖက်ဒရယ်ယူနစ်များအတွက် လုပ်ပိုင်ခွင့်အာဏာကို စဉ်းစားမည်ဆိုလျှင် အောက်ပါအချက်များကို အခြေခံသင့်သည်။

  1. ဖက်ဒရယ်ယူနစ် နယ်နမိတ်တစ်ခုထဲတွင် ဆောင်ရွက်ရမည့် အကြောင်းကိစ္စ ဟုတ်/မဟုတ် (ဒေသတွင်းသယ်ယူပို့ဆောင်ရေး)
  2. မိမိဒေသအတွင်း ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရေးကိစ္စ ဟုတ်/မဟုတ် (ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ ထိန်းသိမ်းမှု)
  3. မတူကွဲပြားသော အခြေအနေများအရ သီးခြားစီဆောင်ရွက်ရမည့် အချင်းချင်းအပြုသဘော ယှဉ်ပြိုင်ရမည့် အကြောင်းအရာ ဟုတ်/မဟုတ် (ခရီးသွားလာရေးလုပ်ငန်း)

ဖက်ဒရယ်နိုင်ငံများ အာဏာခွဲဝေရေးတွင် သီးခြားသတ်မှတ်ပြဋ္ဌာန်းရသော အာဏာများရှိသကဲ့သို့ ပူးတွဲဆောင်ရွက်ရမည့် အာဏာများလည်း ရှိပါသေးသည်။ ၎င်းပူးတွဲဆောင်ရွက်ရမည့် အာဏာများသည် သတ်သတ်မှတ်မှတ် မရှိပေမဲ့ ဖက်ဒရယ်စနစ် ကျင့်သုံးမည့် နိုင်ငံများအနေဖြင့် မည်သည့်အာဏာများကတော့ သီးသန့်ကျင့်သုံးရန် မသင့်လျှော်ဘဲ ပူးတွဲကျင့်သုံးသင့်သည်ဆိုသော စဉ်းစားဆုံးဖြတ်ချက်အပေါ်တွင် မူတည်ပါလိမ့်မည်။ ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွင် ဖက်ဒရယ်ပြည်ထောင်စုအနေဖြင့် နိုင်ငံတကာ စံနှုန်းများအတိုင်း အခြေခံမူများကို ချမှတ်ပြဋ္ဌာန်းမည်။ သက်ဆိုင်ရာ ယူနစ်များအနေဖြင့် မိမိတို့ဒေသ၏ ထူးခြားချက်အပေါ် မူတည်၍ ၎င်းစံနှုန်း ထက်မနိမ့်သော ပြဋ္ဌာန်းမှုများချမှတ်ခြင်းမျိုးသည် ပူးတွဲ အာဏာကျင့်သုံးသည့် ပုံစံပင် ဖြစ်သည်။

ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်မည်ဆိုလျှင် မိမိနိုင်ငံ၏ အခြေအနေသည် မည်သည့်ပုံစံဖြင့် အကိုက်ညီဆုံးဖြစ်နိုင်သည် ဆိုသည့်အချက်ကို ပထမဦးစွာ သေချာစဉ်းစားသင့်သည်။ ၎င်းနောက်မှ ကျန်ရှိသည့် လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည် ဖေါ်မည်ဆိုပါက အကူးအပြောင်းကာလတွင် တွေ့ရတတ်သော ပွတ်တိုက်မှုများကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်လိမ့်မည်ဟု ဆဝါးတွက်ဆမိပါသည်။

အာဏာခွဲဝေရေးနှင့် ပတ်သက်၍ အရေးကြီးသော နောက်ထပ်အကြောင်းအရာတစ်ခုမှာ ၎င်းအာဏာခွဲဝေထားမှုကို မည်ကဲ့သို့ဖော်ပြမည်ဆိုသော ကိစ္စရပ်ပင် ဖြစ်သည်။

တချို့ ဖက်ဒရယ်နိုင်ငံများသည် ဖွဲ့စည်းပုံ တစ်ခုထဲတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပါဝင်သော ဖက်ဒရယ်ယူနစ်များ၏ လုပ်ပိုင်ခွင့် အာဏာကို ပြဋ္ဌာန်းပြီး တချို့သော ဖက်ဒရယ်ဖွဲ့စည်းပုံများတွင် ဖက်ဒရယ်ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်အာဏာ တစ်ခုတည်းကိုသာ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့တွင် ပြည်ထောင်စုနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာကို ဖွဲ့စည်းပုံတစ်ခုထဲတွင် အတူတူ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် နောက်ဆုံးပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံကဲ့သို့ပင် အိန္ဒိယနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား(၇)သည်လည်း  ပြည်ထောင်စုနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို ဖေါ်ပြထားသော ဇယား ဖြစ်သည်။

ဂျာမနီနိုင်ငံဖွဲ့စည်းပုံ၏ ပုဒ်မ (၇၂ မှ ၇၄)၊ အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံ အခန်း(၈) ပုဒ်မ (၁) တို့တွင် ပြည်ထောင်စု ဥပဒေပြုနိုင်သည့် လုပ်ပိုင်ခွင့်အာဏာကို ဖေါ်ပြထားသည်။ ထိုကဲ့သို့ အစိုးရတစ်ရပ်တည်း၏ လုပ်ပိုင်ခွင့်ကိုသာ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံရှိသည့် နိုင်ငံများသည် ကြွင်းကျန်အာဏာကို ကျန်အစိုးရသို့ အလိုအလျှောက် လွှဲအပ်ထားသည့် ပုံစံကိုလည်း ဖေါ်ညွှန်းသည်။

ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်မည်ဆိုလျှင် မိမိနိုင်ငံ၏ အခြေအနေသည် မည်သည့်ပုံစံဖြင့် အကိုက်ညီဆုံးဖြစ်နိုင်သည် ဆိုသည့်အချက်ကို ပထမဦးစွာ သေချာစဉ်းစားသင့်သည်။ ၎င်းနောက်မှ ကျန်ရှိသည့် လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည် ဖေါ်မည်ဆိုပါက အကူးအပြောင်းကာလတွင် တွေ့ရတတ်သော ပွတ်တိုက်မှုများကို အတတ်နိုင်ဆုံးလျှော့ချပေးနိုင်လိမ့်မည်ဟု ဆဝါးတွက်ဆမိပါသည်။

သက်နှင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)