လက်ရှိ ကမ္ဘာ့မြေပြင်ပေါ်မှာ Major Wars ဖြစ်နေတဲ့ နိုင်ငံ ၄ နိုင်ငံ ရှိနေပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ၊ ဆူဒန်ပြည်တွင်းစစ်၊ အီသီယိုးပီးယားပြည်တွင်းစစ်နဲ့ မြန်မာပြည်တွင်းစစ်တို့ပဲ ဖြစ်ပါတယ်။
လေ့လာအကဲခတ်တွေရဲ့ မှတ်တမ်းတွေအရတော့ ၂၀၂၂ခုနှစ် အတွင်း မြန်မာပြည်တွင်း စစ်မီး တောက်လောင်မှုကြောင့် ၂ ဖက်အကျအဆုံးမှာ ၂သောင်းကျော်ရှိနိုင်တယ် လို့ခန့်မှန်းပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ဝက်မကျိုးခင်မှာပဲ သေဆုံးသူ ၉၀၀၀ နီးပါး ရှိနေပြီလို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ် မကုန်သေးသလို စစ်မီးက ပိုမိုတောက်လာနိုင်စရာရှိနေပြီး အသေအပျောက် အပျက်စီးတွေ ပိုမိုမြင့်တက်လာဖို့ ရှိနေပါတယ်။နှစ် ၇၀ ကျော် ပြည်တွင်းစစ်သမိုင်းရဲ့အဆိုးဝါးဆုံး ကာလတွေကို ကျော်ဖြတ်နေရခြင်းလည်း ဖြစ်နေပါတယ်။
*ဤမြေမှာ အာဏာတည်စေမည့် နွေဦးတော်လှန်ရေး*
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အသွင်သဏ္ဍာန်မျိုးစုံနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတာ သုံးနှစ်သုံးမိုးထဲရောက်ခဲ့ပြီ။ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထဲက ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ မတရားလုယူခဲ့တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ အားလုံးပျက်သုဉ်းကုန်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လာရာနဲ့ လားရာကို ကျွန်တော်တို့အားလုံး စုစည်းညီညွတ်ရေးကို အခြေခံပြီး ပြန်လည်ဆန်းစစ်ရမဲ့ အချိန်အခါဆိုလည်း မမှားပါဘူး။
စစ်အာဏာသိမ်းခြင်းကို မူအရတော့ ဘယ် ERO ကမှ ထောက်ခံခဲ့ခြင်းမရှိကြပါဘူး။ အချို့ EROများဟာ စစ်တပ်နဲ့ ရှိရင်းစွဲ ဆက်ဆံရေးကို မိတ်မပျက်နေခဲ့ပေမဲ့၊ သူတို့တတ်နိုင်သရွေ့ နွေဦးတော်လှန်ရေးကို အသွင်အမျိုးမျိုးနဲ့ ကူညီပေးခဲ့ကြပါတယ်။ EROအများစုနဲ့ ထောက်ပံ့ကူညီမှုတွေကြောင့်ပဲ ခုခံတော်လှန် စစ်ဟာ အသက်ဝင်ခဲ့ပြီး ကြီးထွားရှင်သန်လာခဲ့တာဖြစ်ပါတယ်။ NCA စာချုပ်မှာ လက်မှတ်ထိုး တဲ့သူရော၊ မထိုးထားတဲ့တိုင်းရင်းသားအဖွဲ့တွေကပါ အနည်းနဲ့အများဆိုသလို ခုခံတော်လှန်စစ် ဖြစ်မြောက်ဖို့ ကူညီခဲ့ကြပါတယ်။
*တာထွက်ကောင်းခဲ့တဲ့ နွေဦးတော်လှန်ရေး*
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှာ စစ်တပ်အာဏာသိမ်းပါတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကို စတင်ဖွဲ့စည်းပြီး မတ်လ ၈ ရက်မှာတော့ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကိုဖွဲ့စည်းပါတယ်။ မတ်လ ၃၁ ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီ အစိတ်အပိုင်း(၁) နဲ့အစိတ်အပိုင်း(၂) ကို CRPH က ထုတ်ပြန်ကြေညာသလို စစ်ဝါဒအဓွန့်ရှည်ရေးအတွက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းကြောင်း ကြေညာပါတယ်။
ပြည်သူလူထု ရုန်းအားနဲ့ တာထွက်ကောင်းခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့ ခြေလှမ်းတွေပါပဲ။
ဧပြီလ (၁၆) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ပေါက်လာပြီး မေလ ၅ ရက်မှာတော့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းဖြစ်တည်စေပါတယ်။ ၂၀၂၁ခုနှစ် စက်တင်ဘာ ၇ ရက်မှာတော့ ခုခံကာကွယ်ရေးစစ် စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီး လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းရောက်ရှိခဲ့ပါတယ်။ တရားလက်မဲ့ အာဏာသိမ်းခြင်းအပေါ် ငြိမ်းချမ်းစွာနဲ့ ပြည်လုံးကျွတ်ကန့်ကွက်ဆန္ဒပြကြပေမဲ့ လက်နက်အားကိုးနဲ့ပဲ ကြမ်းတမ်းရက်စက်စွာ ဖြိုခွင်းတာ ခံရပါတယ်။ ဒါကြောင့်ပဲ လက်နက်ကိုင် ခုခံကာကွယ်စစ်ကို မဖြစ်မနေ ရွေးချယ်ခဲ့ရတာဖြစ်ပြီး၊ ပြည်သူတွေ အနေနဲ့ ယနေ့ထက်တိုင် မျှော်လင့်အားကိုးစိတ်နဲ့ ဝန်းရံ ထောက်ပံ့မှုတွေ ပြုနေတာ ဖြစ်ပါတယ်။
*နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း အပြင်းထန်ဆုံး စစ်မီးတောက်လောင်မှုကြီး*
တစ်နှစ်အတွင်း ကျဆုံးသူ အနည်းအများအပေါ် မူတည်ပြီးစစ်ပွဲအမျိုးအစားကို ၄မျိုးခွဲခြား သတ်မှတ် ပါတယ်။ ၁၀၀၀၀ နဲ့အထက် သေဆုံးတဲ့ ဦးရေများရင်တော့ Major Wars ဖြစ်ပြီး၊ ၁၀၀၀ နဲ့ ၉၉၉၉ အကြားသေဆုံးမှုရှိရင်တော့ Wars ဖြစ်ပါတယ်။ ၁၀၀ နဲ့ ၉၉၉ကြား သေဆုံးမှုဖြစ်ရင်တော့ Minor Conflicts သို့ သတ်မှတ်ပြီး၊ ၁ယောက်နဲ့ ၉၉ယောက်ကြား သေဆုံးရင်တော့ Skirmishes and clashes လို့ သတ်မှတ်ကြပါတယ်။ လက်ရှိ ကမ္ဘာ့မြေပြင်ပေါ်မှာ Major Wars ဖြစ်နေတဲ့ နိုင်ငံ ၄ နိုင်ငံ ရှိနေပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ၊ ဆူဒန်ပြည်တွင်းစစ်၊ အီသီယိုးပီးယားပြည်တွင်းစစ်နဲ့ မြန်မာပြည်တွင်းစစ်တို့ပဲ ဖြစ်ပါတယ်။ လေ့လာအကဲခတ်တွေရဲ့ မှတ်တမ်းတွေအရတော့ ၂၀၂၂ခုနှစ် အတွင်း မြန်မာပြည်တွင်း စစ်မီးတောက်လောင်မှုကြောင့် ၂ ဖက်အကျအဆုံးမှာ ၂သောင်းကျော်ရှိနိုင်တယ် လို့ခန့်မှန်းပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ဝက်မကျိုးခင်မှာပဲ သေဆုံးသူ ၉၀၀၀ နီးပါး ရှိနေပြီလို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ် မကုန်သေးသလို စစ်မီးက ပိုမိုတောက်လာနိုင်စရာရှိနေပြီး အသေအပျောက် အပျက်စီးတွေ ပိုမိုမြင့်တက်လာဖို့ ရှိနေပါတယ်။
နှစ် ၇၀ ကျော် ပြည်တွင်းစစ်သမိုင်းရဲ့အဆိုးဝါးဆုံး ကာလတွေကို ကျော်ဖြတ်နေရခြင်းလည်း ဖြစ်နေပါတယ်။ အာဏာမသိမ်းခင် ရှိနှင့်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) အပြင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၅၇၇ ဖွဲ့ရှိနေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီး ၂နှစ်ခွဲကာလအတွင်းမှာ တိုက်ပွဲပေါင်း ၁၀၀၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။
အရပ်သား ထိခိုက်သေဆုံးမှုကလည်း ရုရှား-ယူကရိန်းစစ်ပွဲနဲ့ အတူတူလောက် ရှိနေပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲက ခေတ်မီလက်နက်မျိုးစုံ သုံးစွဲပြီး တိုက်ခိုက်ပါတယ်။ မြန်မာပြည်တွင်းစစ်ကတော့ ERO များမှအပ တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ လက်လုပ်တူမီးသေနတ်များနဲ့ အစပြုပြီး ယခုထက်တိုင် မောင်းပြန်သေနတ် ကိုယ်စီကိုင်နိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ ၂၀၂၃ မေ ၃၁ရက်အထိ စာရင်းတွေ အရတော့ အရပ်သားထိခိုက်သေဆုံးခြင်းမှာ ၈၆၁၅ဦး အထိရှိခဲ့ပါတယ်။အာဏာသိမ်း စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းတို့ကြောင့် ပြည်သူ ၂ သန်းလောက်ဟာ အိုးအိမ်နေရပ်တွေကနေ စွန့်ခွာထွက်ပြေးနေရပါတယ်။
စစ်ပွဲတွေကြားမှာပဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူဟာ ၁၈ သန်းကျော် ရှိနေပြီး၊ လူပေါင်း ၁၅သန်းကျော်ဟာလည်း စားနပ်ရိက္ခာချို့တဲ့မှုနဲ့ ကြုံတွေ့နေရတယ်လို့ UN-OCHA က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး အကြမ်းဖက် မီးရှို့ခြင်းကြောင့် အရပ်သားပြည်သူများရဲ့ အိုးအိမ် ၇၀၀၀၀ ကျော်ဟာ ပြာပုံအတိဖြစ်ခဲ့ရသလို ဆက်လက်လည်း ဖြစ်ပွားနေပါတယ်။ စစ်ကိုင်း၊ မကွေး စတဲ့ အညာရပ်ဝန်းဒေသတွေမှာ မီးရှို့ခံရမှု အများဆုံးနဲ့ အရပ်သားထိခိုက်သေဆုံးမှု အများဆုံး ဖြစ်နေပါတယ်။
CRPH၊NUCCနဲ့ NUGတို့ကို ရှေ့ဆင့်နောက်ဆင့် ဖွဲ့စည်းခဲ့ပေမဲ့ CRPHနဲ့ NUGကိုပဲ ပြည်သူတွေသိပါတယ်။ NUCCဘာလဲဆိုတာကို ပြည်သူအများစုက သိပ်မသိကြပါဘူး။ NUCCမှာပါဝင်တာကတော့ နိုင်ငံရေးပါတီအစုအဖွဲ့၊ လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့၊ CRPHမှကိုယ်စားလှယ်များ အစုအဖွဲ့၊ သပိတ်အင်အားစု အစုအဖွဲ့ ၊ လူမှုဆိုင်ရာအခြေပြုအဖွဲ့အစည်း အစုအဖွဲ့ (CSO)၊ CDM လုပ်ထားကြတဲ့ဌာနဆိုင်ရာဝန်ထမ်းအစုအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပါတယ်။
*နွေဦးတော်လှန်ရေးကို အဓိကအထောက်အကူပြုပေးခဲ့သည့် ERO များ*
စစ်အာဏာသိမ်းခြင်းကို မူအရတော့ ဘယ် ERO ကမှ ထောက်ခံခဲ့ခြင်း မရှိကြပါဘူး။ အချို့ ERO များဟာ စစ်တပ်နဲ့ ရှိရင်းစွဲ ဆက်ဆံရေးကို မိတ်မပျက်နေခဲ့ပေမဲ့၊ သူတို့တတ်နိုင်သရွေ့ နွေဦးတော်လှန်ရေးကို အသွင်အမျိုးမျိုးနဲ့ ကူညီပေးခဲ့ကြပါတယ်။ ERO အများစုနဲ့ ထောက်ပံ့ကူညီမှုတွေကြောင့်ပဲ ခုခံတော်လှန်စစ်ဟာ အသက်ဝင်ခဲ့ပြီး ကြီးထွားရှင်သန်လာခဲ့တာဖြစ်ပါတယ်။ NCA စာချုပ်မှာ လက်မှတ်ထိုးတဲ့သူရော၊ မထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကပါ အနည်းနဲ့ အများဆိုသလို ခုခံတော်လှန်စစ် ဖြစ်မြောက်ဖို့ ကူညီခဲ့ကြပါတယ်။ အင်တိုက်အားတိုက် ကူညီရပ်တည်ကြတာကတော့ KNU နဲ့ KIA တို့ပဲဖြစ်ပါလိမ့်မယ်။ NUG ပဲဖြစ်ဖြစ်၊ NUCC ပဲဖြစ်ဖြစ်၊ PDF တွေပဲဖြစ်ဖြစ်၊ CRPH ပဲဖြစ်ဖြစ် သီးခြားရပ်တည် အခြေချမဲ့နယ်မြေမရှိပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ စိုးမိုးနယ်မြေတွေမှာ အခြေချခွင့်ပေးပါတယ်။ စစ်သင်တန်းတွေ ပေးပါတယ်။ ဌာနဆိုင်ရာအသီးသီးမှ CDM လုပ်လာသူ တွေကိုရော၊ လူငယ်တွေကိုပါ ပုံစံအမျိုးမျိုးနဲ့ လက်ခံပေးကြပါတယ်။ လက်ရှိ NUG လက်အောက်ခံ PDF တွေရော၊ ဒေသတွင်းတော်လှန်ရေးအဖွဲ့ (LPDF) တွေပါ EROများ ထံကနေ မြစ်ဖျားခံစီးဆင်းနေတာကို စစ်ကောင်စီလည်း သိနေပါတယ်။ နွေဦးတော်လှန်ရေး လှိုင်းဂယက်ကို ERO တွေ အားလုံး သူ့နည်းသူ့ဟန်နဲ့ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း ကူညီမှုတွေ ပေးခဲ့ကြတာပါ။ သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ERO အများအပြားလည်း ရှိနေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကိုရော နွေဦးတော်လှန်ရေး ဦးဆောင်သူတွေကိုပါ မယုံရဲကြတဲ့ စိတ်အခံကတော့ အားလုံးသွားပြီးတူနေကြပြန်ပါတယ်။ ဒီလိုမယုံရဲတာကလည်း လူမျိုးကြီးဝါဒ၊ အင်အားကြီးဝါဒစိတ်နဲ့ သူတို့အပေါ် တောက်လျှောက် ဆက်ဆံခဲ့တယ်လို့ ခံစားခဲ့ရလို့ပါပဲ။ တကယ်လည်း အစဉ်အဆက် သမိုင်းက ဒီလိုပဲ ဖြစ်ခဲ့ကြတယ်။ ဖက်ဒရယ်အရေး၊ တန်းတူအခွင့်ရေးတွေ ရဖို့အတွက် တိုင်းရင်းသားတွေ လက်နက်ကိုင်ခဲ့တာ နှစ် ၇၀ ကျော်ကြာခဲ့ပါပြီ။ အစိုးရအဆက်ဆက်နဲ့ ထိတွေ့ဆက်ဆံရာမှာ နောက်ခံတပ်ဖွဲ့နဲ့ လက်နက်တောင့်တင်းနေမှ ဖြစ်မယ်ဆိုတဲ့အတွေးဟာ EROအစဥ်အဆက် စွဲနေခဲ့ ပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံကတိကဝတ်တွေအတိုင်း အကောင်အထည် မဖော်ပေးဘဲ အသုံးချခံခဲ့ ရတယ်လို့ စွဲထင်ခဲ့တဲ့ စိတ်ဒဏ်ရာကနေ အစပျိုးခဲ့တာ ဖြစ်ပါလိမ့်မယ်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး စစ်တပ်အနေနဲ့ သူတို့စိတ်ကြိုက်နိုင်ငံရေးအခင်းအကျင်းကို အစီအစဥ်ဆွဲနိုင်ဖို့အတွက် ERO များနဲ့ ယာယီငြိမ်းချမ်းရေး ယူပါတယ်။ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေ၊ စီးပွားရေးလုပ်ပိုင်ခွင့် မက်လုံးတွေ ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြေပေါ်နိုင်ငံရေးပါတီများကိုတော့ စစ်တပ်က ဖိနှိပ်ထားတာကို ERO တိုင်းသိပါတယ်။ သူတို့မှာ လက်နက်ကိုင် အင်အားနောက်ခံရှိလို့သာ စစ်တပ်က လိုက်လျောနေခြင်းလို့ နားလည်ကြပါတယ်။
ဒီကြားထဲမှာ UWSA “ဝ” အဖွဲ့နဲ့ NDAA တို့လို တရုတ်နိုင်ငံနောက်ခံနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် လွတ်လပ်စွာရပ်တည်ပြီး၊ ဖွံ့ဖြိုးတိုးတက်နေတာကလည်း တခြားERO တွေအတွက် အားကျချင်စရာ ဖြစ်နေခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဝင်ပြိုင်ကြပါတယ်။ ရှမ်းနဲ့ ရခိုင်မှာ အများစုအနိုင်ရခဲ့ပေမဲ့ တိုင်းရင်းသားပါတီတွေ ပြည်နယ်အစိုးရဖွဲ့ ခွင့်မရခဲ့ပါဘူး။ ပြည်နယ်လွှတ်တော်ကလည်း ထိရောက်တဲ့ ဥပဒေများ မပြဌာန်းနိုင်ခဲ့ပါဘူး။
သူတို့အားကိုး မျှော်လင့်သလို မဟာမိတ်သဘောထားခဲ့တဲ့ NLDပါတီ ၂၀၁၅မှာ အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ပြည်နယ်အစိုးရဖွဲ့စည်းတဲ့အခါမှာတော့ အရင်အတိုင်းပဲ တိုင်းရင်းသားပါတီတွေကို ညှိနှိုင်းမှုပြုလုပ်ခြင်း မရှိသလို၊ မဟာမိတ်သဘောထားလည်း မရှိခဲ့ပါဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖက်ဒရယ်ထက်ပိုတဲ့ ကွန်ဖယ်ဒရိတ် ကို မျှော်မှန်းတဲ့အသံတွေ စကြားလာခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုနဲ့ နွေဦးတော်လှန်ရေးဖြစ်စဉ် အခြေအနေကြောင့် စစ်ကောင်စီကို ဘုံရန်သူအဖြစ်ရှုမြင်ပြီး စုစည်း ပေါင်းစည်းဖို့ အခွင့်အရေးပေါ်ခဲ့ပါတယ်။ ဒီအချက်ကို နွေဦးတော်လှန်ရေးဦးဆောင်သူများက အမိအရဆုပ်ကိုင်ခြင်း မရှိကြပါဘူး။ တိုင်းရင်းသားတွေရဲ့ မယုံရဲတဲ့စိတ်တွေကို ဖြေဖျောက်ပေးနိုင်ခြင်း အားနည်းတာကြောင့် တချို့တွေပူးတုံ၊ ခွာတုံအခြေအနေ ဖြစ်လာကြပါတယ်။
တိုင်းရင်းသားပြည်သူတွေအနေနဲ့ အသက်တွေ၊ ဘဝတွေအများကြီး ပေးဆပ်ထားပြီး အောင်မြင်တဲ့အထိ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေကြပါတယ်။ အသေးအမွှားလေးကအစ ကြီးကြီးမားမားအထိ စိတ်ဝမ်းကွဲတာမျိုး ကို မမြင်ချင်၊ မကြားချင်လောက်အောင် စိတ်ခံစားမှုတွေ ဖြစ်နေကြတာပါအမှန်ပါပဲ။ စစ်ကောင်စီ လုပ်ကြံလီဆယ်တဲ့ နိုင်ငံရေးဂယက်ရိုက်မှုအပြီး သြဂုတ် ၆ ရက်မှာ NUGနဲ့ NUCCတို့ပူးတွဲပြောကြားတဲ့ “အာဏာရှင်စနစ်ကို ရှင်သန်စေမယ့် အုပ်ချုပ်သူ အပြောင်းအလဲလုံးဝမဟုတ်ကြောင်း” သဘောထား ထုတ်ပြန်ချက်ကို ပြည်သူအားလုံးက ဝမ်းပန်းတသာ ထောက်ခံကြိုဆို ခဲ့ကြပါတယ်။
*တော်လှန်ရေးအတွက် တွေးချင့်ချိန်ရာကိစ္စများ*
CRPH၊ NUCC နဲ့ NUG တို့ကို ရှေ့ဆင့်နောက်ဆင့် ဖွဲ့စည်းခဲ့ပေမဲ့ CRPH နဲ့ NUG ကိုပဲ ပြည်သူတွေ သိပါတယ်။ NUCC ဘာလဲဆိုတာကို ပြည်သူအများစုက သိပ်မသိကြပါဘူး။ NUCC မှာပါဝင်တာကတော့ နိုင်ငံရေးပါတီအစုအဖွဲ့၊ လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့၊ CRPH မှကိုယ်စားလှယ်များအစုအဖွဲ့၊ သပိတ်အင်အားစု အစုအဖွဲ့၊ လူမှုဆိုင်ရာအခြေပြုအဖွဲ့အစည်း အစုအဖွဲ့ (CSO)၊ CDMလုပ်ထားကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအစုအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပါတယ်။
CRPH ကထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (FDC) ကို NUCCက ပြင်ဆင်တည်းဖြတ်ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၇ ရက် ပထမဆုံးကျင်းပတဲ့ ပြည်သူ့ညီလာခံမှာ အတည်ပြုပါတယ်။ ပြည်သူ့ညီလာခံကို တက်ရောက်လာတဲ့ အဖွဲ့အစည်း (၂၈)ခု နဲ့ NUCC ကိုတိုးချဲ့ဖွဲ့စည်းတယ်လို့သိရပြီး၊ အဲဒီအထဲမှာ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် (၈)ဖွဲ့ ပါတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် မေ ၂၂ ရက်မှာ NUCCကနေ NLDပါတီ နုတ်ထွက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ CRPH အနေနဲ့ ကောင်စီဝင်တွေ ကျန်နေပါသေးတယ်လို့ NLD က ကာကွယ်ဖြေကြားပါတယ်။ သူတို့ဟာ ပြည်သူကရွေးချယ်ပေးထားတဲ့ တရားဝင်ကိုယ်စားလှယ်တွေဖြစ်ပြီး ရွေးကောက်ခံတွေ မဟုတ်ကြတဲ့ NUCC ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိသင့်ဘူး၊ NUCC ရဲ့အခွင့်အာဏာတွေကို ပြင်ဆင်ရမယ် ဆိုတဲ့ အသံတွေထွက်လာပါတယ်။ တကယ်တော့ NUCC ရော NUG တို့ရဲ့ ဆောင်ရွက်ချက်တွေ မှန်သမျှကို ပြည်သူ့ညီလာခံကနေ ဆွေးနွေးဆုံးဖြတ်အတည်ပြုဖို့ ထိန်းကျောင်းပေးထားပါတယ်။
ပြည်သူ့ညီလာခံကို ၆ လ တစ်ကြိမ်ကျင်းပမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ကနေ ၂၉ရက် အထိ ပထမအကြိမ်သာကျင်းပနိုင်ခဲ့ပြီး၊ ဒီနေ့ ဒီအချိန်ထိ ထပ်မံကျင်းပနိုင်ခြင်း မရှိသေးတာကို ထူးခြားစွာတွေ့ရပါတယ်။ NUCC ရော NUG တို့ပါ ERO တွေအားလုံး ပူးပေါင်းပါဝင်လာအောင် စည်းရုံးဆွဲဆောင်မှု အားနည်းခဲ့လေသလား လို့ တွေးမိပါတယ်။ တော်လှန်ရေးကာလ မဟာမိတ်မူ၊ တပ်ပေါင်းစုမူ သဘောထားကို မေ့လျော့ထားဟန်တူပါတယ်။
ကာကွယ်ရေးဝန်ကြီးအောက်မှာ စစ်ဆင်ရေးလုပ်မဲ့ PDF တွေရယ်၊ နယ်မြေစိုးမိုးမှုအတွက် အုပ်ချုပ်ရေးမှာ ပါဝင်ဖို့၊ ပြည်သူကို ကာကွယ်ဖို့ ‘ပကဖ’ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးအောက်ကိုဝင်ဖို့ စည်းရုံးနေဆဲ LPDF နဲ့ အခြား UG အဖွဲ့တွေ ရှိနေပါတယ်။ ပြည်ထဲရေးဝန်ကြီးအောက်မှာတော့ နယ်မြေစိုးမိုးရင် အုပ်ချုပ်ဖို့ ‘ပအဖ’ နဲ့ ရဲလုပ်ငန်းတွေဆောင်ရွက်မဲ့ ‘ပလဖ’ ဆိုတာရှိနေပြန်ပါတယ်။ ‘ပကဖ’၊ ‘ပအဖ’၊ ‘ပလဖ’ ဆိုတဲ့အဖွဲ့တွေဟာ နောက်ပိုင်းမှ ဖွဲ့စည်းတဲ့အဖွဲ့တွေဖြစ်ပြီး ဒေသခံ NLD ပါတီဝင်အများစုနဲ့ ဖွဲ့ထားပါတယ်။ တော်လှန်ရေးကို လက်လုပ်သေနတ်နဲ့ ကိုယ်ထူကိုယ် စတင်ခဲ့ကြတဲ့ LPDF တွေနဲ့ Chain Of Command(COC) ကို မူသေကိုင်ထားတဲ့ ‘ပကဖ’၊ ‘ပအဖ’ နဲ့ ‘ပလဖ’ တို့ကြားမှာ ပြဿနာ တက်သံတွေ ကြားနေရပါပြီ။
*ရွှေပြည်တော် မျှော်တိုင်းနီးစေချင်တယ်*
တိုင်းရင်းသားပြည်သူတွေအနေနဲ့ အသက်တွေ၊ ဘဝတွေအများကြီး ပေးဆပ်ထားပြီး အောင်မြင်တဲ့အထိ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေကြပါတယ်။ အသေးအမွှားလေးကအစ ကြီးကြီးမားမားအထိ စိတ်ဝမ်းကွဲတာမျိုးကို မမြင်ချင်၊ မကြားချင်လောက်အောင် စိတ်ခံစားမှုတွေ ဖြစ်နေကြတာ အမှန်ပါပဲ။ စစ်ကောင်စီ လုပ်ကြံလီဆယ်တဲ့ နိုင်ငံရေးဂယက်ရိုက်မှုအပြီး သြဂုတ် ၆ ရက်မှာ NUG နဲ့ NUCC တို့ပူးတွဲပြောကြားတဲ့ “အာဏာရှင်စနစ်ကို ရှင်သန်စေမယ့် အုပ်ချုပ်သူ အပြောင်းအလဲ လုံးဝမဟုတ်ကြောင်း” သဘောထား ထုတ်ပြန်ချက်ကို ပြည်သူအားလုံးက ဝမ်းပန်းတသာ ထောက်ခံကြိုဆို ခဲ့ကြပါတယ်။ ပြည်သူကို မျက်နှာမူတဲ့ ခေါင်းဆောင်တွေကိုသာ လိုချင်ပါတယ်။ နိုင်ငံရေးဦးဆောင်မှု ပေးနိုင်သူတွေကိုသာ အားကိုးချင်ပါတယ်။
စစ်ကောင်စီအနေနဲ့ ကြိုတင်ပြင်ဆင်အချိန်ယူပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပေမဲ့၊ ကျွန်တော်တို့တွေ အားလုံးဟာ နိုင်ရာဝန်ထမ်းကြရင်း လွတ်မြောက်လိုစိတ် တစ်ခုတည်းနဲ့ ဒီအခြေအနေထိ လှမ်းတက်နိုင်ခဲ့ကြတာပါ။ ဘုံရန်သူ တူနေသလို၊ ဖက်ဒရယ်ဒီမိုကရေစီကို ကျင့်သုံးချင်တဲ့ ရည်ရွယ်ချက်ချင်း တူနေကြတဲ့ အချိန်အခါမျိုးမှာ မဟာမိတ်မူ၊ တပ်ပေါင်းစုမူကို အောက်ခြေကစပြီး ကျင့်သုံးဖို့ လိုနေပါပြီ။ လက်ရှိထိတွေ့ ဆက်ဆံနေသူများအပြင်၊ ကျန်ရှိနေတဲ့ ERO များနဲ့လည်း မဟာမိတ်မူ၊ တပ်ပေါင်းစုမူအရ အတူယှဉ်တွဲလုပ်ကိုင်ဖို့ အပူတပြင်း ကြိုးစားသင့်ချိန် တန်နေပါပြီ။
မလွဲသာလို့သာ ထိတွေ့ဆက်ဆံနေကြရတဲ့ EROများအနေနဲ့လည်း စစ်ကောင်စီရဲ့ ဖက်ဒရယ်အယောင်ပြ အခင်းအကျင်းအပေါ်ယုံကြည်စိတ်မရှိကြပါဘူး။ စစ်ကောင်စီလုပ်မဲ့ ငြိမ်းချမ်းရေးညီလာခံကိုတက်ရောက် ဖို့ သဘောထားမပေးကြတာကို ကြည့်ရင် သိနိုင်ပါတယ်။ စစ်ကောင်စီဆိုရင် အာဏာသိမ်း တဲ့ အချိန်ကစပြီး EROများနဲ့ ၁၁၉ကြိမ်အထိ ဆွေးနွေးမှုတွေ တရားဝင်လုပ်ခဲ့ကြောင်း မှတ်တမ်းတွေ ရှိပါတယ်။ တရားမဝင် ဆွေးနွေးတွေ့ဆုံကြတာတွေလည်း ရှိနေနိုင်ပါတယ်။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက် လိုစိတ်မရှိသူတွေကို နိုင်ငံရေးနည်းအရ ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ကိုယ်တိုင်အားထုတ်ပြီးနည်းလမ်းရှာသင့်ပါပြီ။
အင်အားကြီးဝါဒစိတ်အခံနဲ့ ငါတို့နဲ့ လာပူးပေါင်းလို့ရနေတာပဲ ဆိုတဲ့ စရိုက်သေဟာ ဖက်ဒရယ်နဲ့ ဆန့်ကျင်ဖက်ဖြစ်သလို ဘယ်သူမှလည်း သဘောကျမှာမဟုတ်ပါဘူး။ ၆လ တစ်ကြိမ် ပြုလုပ်မယ်ဆိုတဲ့ ပြည်သူ့ညီလာခံမူကလည်း ရှိနေပြီးသားပါ။ အားလုံးပါဝင်နိုင်ကြမဲ့ မဟာဗျူဟာအသစ်ကို အမြန်ညှိနှိုင်း ပြင်ဆင်ပြီး မဟာမိတ်မူ၊ တပ်ပေါင်းစုမူကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက စစ်ကောင်စီလည်း ထွက်ပေါက်အလိုလို ပိတ်သွားပါလိမ့်မယ်။ တိုင်းရင်းသားပြည်သူတွေ အဖို့မှာလည်း ရွှေပြည်တော် မျှော်တိုင်းနီးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ဘုန်းသွေးနီ