စစ်အစိုးရခေတ် အုတ်ရိုးအတွင်းမှ လူ့ငရဲခန်းများ (အပိုင်း – ၂)

၂၀၂၂ ခုနှစ် ဇွန်လ ၂၀ရက်မှာ ICRC အာရှပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး မြန်မာပြည်သို့ ထပ်မံရောက်ရှိလာပြီး၊ ICRC ဥက္ကဌ လာရောက်ခဲ့စဉ်က ညှိနှိုင်းဆွေးနွေးခဲ့သည်များကို အကောင်ထည် ဖော်ဖို့ ထပ်မံတောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီအနေနဲ့ ဒီနေ့ ဒီအချိန်အထိ၊ ခွင့်ပြုခြင်း မရှိသေးပါဘူး။
ICRC အနေနဲ့ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အောက်ကနေ အကူအညီပေးနေတဲ့ ကြားနေအဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီထက်ပိုပြီး စစ်ကောင်စီအပေါ်ဖိအားပေး အကျပ်ကိုင်လို့ မရနိုင်ပါဘူး။

 *အကျဉ်းထောင်များနှင့် ICRC*

ICRC ကတော့ အကျဉ်းထောင်လောကမှာ လူသိများသလို၊ အကျဉ်းထောင်များနဲ့ ထိတွေ့ဆက်ဆံခွင့် ရှိပြီးကူညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ လို့အမည်ရပါတယ်။ ဆီးရီးယား၊ မြန်မာ၊ ကိုလံဘီယာ၊ အီသီယိုးပီးယား တို့လို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ထိတွေ့ဆက်ဆံနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ICRC ရဲ့ကျယ်ပြန့်လှတဲ့ လုပ်ဆောင်မှုတွေထဲမှာ အကျဉ်းသားများရဲ့ အခွင့်ရေးနဲ့ ကူညီထောက်ပံ့ခြင်းတွေ ပါဝင်နေပါတယ်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းအပြီးမှာ ICRC အနေနဲ့ အကျဉ်းထောင်တွေဆီကို ချက်ချင်းဝင်ရောက် ခွင့်မရခဲ့ပါဘူး။ ၁၉၉၉ ခုနှစ်လောက်မှ စတင်ပြီး ICRC ကို ဝင်ရောက်ကူညီခွင့်ပြုခဲ့ပါတယ်။ ICRC ဝင်ရောက်ခွင့်ရပြီးနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်သားတွေ ဖိနှိပ်မှုလျော့ပါးခဲ့သလို၊ ရပိုင်ခွင့်နဲ့ အကူအညီတွေလည်း ရရှိခဲ့တာကို တွေ့ရပါတယ်။

၂၀၂၁ အာဏာသိမ်းဖြစ်စဉ်မှာလည်း ICRC အနီးကပ် စောင့်ကြည့်နေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ မိသားစုဝင်တွေ အဖမ်းခံရပြီး အဆက်အသွယ်မရပါက ၄င်းတို့ထံ ဆက်သွယ်အကြောင်းကြားဖို့ ထုတ်ပြန်သလို၊ မတ်လ ၄ ရက်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ပုဂ္ဂိုလ်၊ ယာဥ်နဲ့ ဆေးရုံဆေးခန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဟန့်တားနှောင့်ယှက်၊ ခြိမ်းခြောက်ခြင်းတွေ မပြုကြဖို့ကြေညာချက်ထုတ်ပြန်ပြီးပြောခဲ့ပါတယ်။ မတ်လ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ ICRC ဥက္ကဌကိုယ်တိုင် စစ်ကောင်စီနဲ့ ဆက်သွယ်ဆွေးနွေးပြီး အဖမ်းခံရသူများကို လူသားဆန်စွာ ဆက်ဆံဖို့နဲ့ အသက်ခန္ဓာနဲ့ ကိုယ်သိက္ခာကို အလေးထားဖို့၊ သေဆုံးမှုဖြစ်ခဲ့ရင်လည်း ရုပ်အလောင်းကို မိဘဆွေမျိုးများထံ ပြန်လည်ပေးအပ်ဖို့ လိုကြောင်း ထုတ်ပြန်ပါတယ်။

၂၀၂၁  ခုနှစ် ဇွန် ၁၃ ရက်မှာတော့ ICRC ဥက္ကဌ ကိုယ်တိုင် မြန်မာပြည်သို့ရောက်လာပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပါတယ်။ ချင်း၊ ကရင်၊ ကချင် ၊ ရှမ်းနဲ့ ရခိုင်ဒေသများရှိ အရေးပေါ်အကူအညီ လိုနေသူများကို ကူညီခွင့်ရဖို့နဲ့ အကျဉ်းထောင်များအတွင်း လေ့လာခွင့်၊ ဆောင်ရွက်နေဆဲလုပ်ငန်းများ ပြန်လည်စတင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ICRC ဟာ ၂၀၂၀ ကိုဗစ်ကာလ ကတည်းကစတင်ပြီး အကျဉ်ထောင်များအတွင်း ဝင်ရောင်ခွင့်နဲ့ အစိုရနဲ့ပူးတွဲလုပ်ဆောင် နေတဲ့လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဇူလိုင်၂၄ရက် ထုတ်ပြန်ချက်မှာတော့ အကျဉ်ထောင်များ အပါအဝင် နိုင်ငံအတွင်း ကိုဗစ်ကြောင့် ထိခိုက်ခံစားရမှုများ မြင့်တက်လာမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း၊ အကျဉ်းထောင်များအတွင်း ဝင်ရောက်ခွင်နဲ့ လုပ်ငန်းများပြန်လည်စတင်နိုင်ဖို့ ကမ်းလှမ်းကြောင်း ထပ်မံပြောဆိုပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီ ၇ရက်မှာတော့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများ ပိုမိုများပြားလာတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း၊ အကျဉ်းထောင်များနဲ့ ပတ်သက်ပြီး အာဏာပိုင်များရဲ့ သဘောတူညီမှု မရသေးတဲ့အတွက် စိတ်မကောင်းကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။၂၀၂၂ ခုနှစ် ဇွန်လ ၂၀ရက်မှာ ICRC အာရှပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး မြန်မာပြည်သို့ ထပ်မံရောက်ရှိလာပြီး၊ ICRC ဥက္ကဌ လာရောက်ခဲ့စဉ်က ညှိနှိုင်းဆွေးနွေးခဲ့သည်များကို အကောင်ထည်ဖော်ဖို့ ထပ်မံတောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီအနေနဲ့ ဒီနေ့ ဒီအချိန်အထိ၊ ခွင့်ပြုခြင်း မရှိသေးပါဘူး။ ICRC အနေနဲ့ လူသားချင်းစာနာ ထောက်ထားမှု ခေါင်းစဉ်အောက်ကနေ အကူအညီပေးနေတဲ့ ကြားနေအဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီထက်ပိုပြီး စစ်ကောင်စီအပေါ် ဖိအားပေးအကျပ်ကိုင်လို့ မရနိုင်ပါဘူး။

၈၈ အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ ထောင်ပိုင်အဆက်ဆက်ဟာ “မင်းတို့အသက်ဆိုတာ
ငါတို့အတွက် စာရွက် တစ်ရွက်၊ စာတစ်ကြောင်းရေးလိုက်ရုံပဲ” လို့ လက်သုံးစကားအဖြစ်
အမြဲပြောတတ်ပါတယ်။ ဇွန် ၂၇ ရက် ကျိုက်စကော အကျဉ်းထောင်ကနေ ထောင်ပြောင်းရွှေ့တယ်။
လမ်းမှာ ကားမှောက်စဉ် ထွက်ပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ရင်းက သေဆုံးသွားခဲ့ကြောင်း ဇူလိုင် ၇ ရက်မှာ မိသားစုထံ အကြောင်းကြားစာ ရောက်လာပါတယ်။ ပထမဆုံး အသိပေးတာက ၄ဦးပါ။ အခုချိန်ထိတော့ ၁၀ ဦး သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း မိသားစုဝင်တွေကို အသိပေးလာပါတယ်။

*အားလုံးမှာ တာဝန်ရှိတယ်*

ICRC မှမဟုတ်ပါဘူး။ ဆိုးဝါးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဒုက္ခတွေ ပြီးဆုံးရပ်တန့်သွားအောင် ကမ္ဘာ့ကုလသမဂ္ဂ ကလည်း မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေပါတယ်။ စစ်ကောင်စီကလည်း အာဏာကို လက်မလွှတ်ရရေးအတွက် လူ့အဖွဲ့အစည်းပြိုကျအောင် အဆင်ခြင်မဲ့စွာ ရှေ့တိုးလုပ်ဆောင်နေပါတယ်။ နေ့စဉ်နဲ့အမျှ ရွာတွေ၊ အိမ်တွေမီးရှို့ခံ၊ ကြက်ကလေးငှက်ကလေးလို အသတ်ခံ၊ ဒီကြားထဲ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်တာတွေက မကြားချင်အဆုံးပါပဲ။ လွတ်လပ်စွာသွားလာနိုင်တဲ့ မြေပြင်မှာတောင် ဒီအဖြစ်ဆိုး တွေ ရပ်တန့်မသွားဘဲနဲ့ အကျဉ်းထောင်ထဲကလူတွေရဲ့  ကံကြမ္မာကတော့ ဘယ်လိုမှ ကောင်းစရာ မရှိပါဘူး။

၈၈ အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ ထောင်ပိုင်အဆက်ဆက်ဟာ “မင်းတို့အသက်ဆိုတာ ငါတို့အတွက်စာရွက် တစ်ရွက်၊ စာတစ်ကြောင်းရေးလိုက်ရုံပဲ” လို့ လက်သုံးစကားအဖြစ် အမြဲပြောတတ်ပါတယ်။ ဇွန် ၂၇ ရက် ကျိုက်စကောအကျဉ်းထောင်ကနေ ထောင်ပြောင်းရွှေ့တယ်။ လမ်းမှာ ကားမှောက်စဉ် ထွက်ပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ရင်းက သေဆုံးသွားခဲ့ကြောင်း ဇူလိုင် ၇ ရက်မှာ မိသားစုထံအကြောင်းကြားစာ ရောက်လာပါတယ်။ ပထမဆုံး အသိပေးအကြောင်းကြားလာတဲ့  ၄ဦးပါ။ အခုချိန်ထိတော့ ၁၀ဦး သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း မိသားစုဝင်တွေကို အသိပေးပြီးဖြစ်ပါတယ်။

သေဆုံးသူမှာ ၁၄ဦးခန့်ဖြစ်ပြီး၊ ၁၂ ဦးသေဆုံးတာ အသေအချာပဲလို့ ထောင်သတင်းရပ်ကွက်က ပြောဆိုပါတယ်။ သြဂုတ် ၉ ရက်နေ့ရတဲ့သတင်းတွေအရတော့ ဇူလိုင် ၂၇ရက် ကျိုက်စကော ထောင်ပြောင်းဖြစ်စဉ်မှာ ၃၇ဦးပါဝင်ပြီး၊ အင်းစိန်ထောင်သို့ ၁၀ဦးသာရောက်ရှိလာတယ်လို့ ဆိုပါတယ်။ ၁၄ဦးအထိ သေဆုံးတဲ့ သတင်းတွေထွက်ပေါ်နေသလို၊ ကျန်သူများမှာလည်းပျောက်ဆုံးနေပါတယ်။ မြင်းခြံထောင်မှာလည်း နိုင်ငံရေးအကျဉ်းသား ဦးစိန်ဝင်းကို ထောင်ပြင်ခေါ်ထုတ်စစ်ဆေးပြီး ပြန်ရောက်လာတဲ့အခါ သေဆုံးသွားခဲ့သလို၊ သာယာဝတီထောင်မှာလည်း နိုင်ငံရေးအကျဉ်သားတစ်ဦး အပြင်သို့ခေါ်ထုတ် စစ်ဆေးစဉ်မှာပဲ သေဆုံးခဲ့ပါတယ်။ အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူတွေလို့ စွပ်စွဲဖမ်းဆီးထားတဲ့ ကိုကောင်းဇော်ဟိန်းနဲ့ ကိုကျော်သူရတို့ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွန်းထိုးထွက်ပြေးတဲ့အတွက် ပစ်ခတ်မှုကြောင့်ပဲ ဇူလိုင် ၆ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ဒီလိုနိုင်ငံတကာ ဥပဒေတွေကို အလေးမထား ကျူးလွန်နေတာကြောင့်ပဲ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်အသီးသီးရဲ့ ငရဲခန်းတွေအကြောင်းကိုတော့ အကျယ်ပြောစရာ လိုမယ်မထင်တော့ပါဘူး။

အင်းစိန်ထောင်၊ မြင်းခြံထောင်တို့ နာမည်ဆိုးထွက်သလို သာယာဝတီထောင်ပိုင်ကလည်း ဒုတိယသာယာဝတီထောင် ငရဲခန်းများကို ဖန်းတီးလျက်ရှိနေပါတယ်။ တခြားထောင်များမှ ပြောင်းရွှေ့လာသူများကို ရိုက်နှက်ပါတယ်။ အကျဉ်းသူများကိုတောင် ညှာတာသနားခြင်းမရှိဘဲ လူမဆန်စွာရိုက်နှက်ပါတယ်။

အကျဉ်းထောင်အသီးသီးမှာ စစ်တပ်ကအသွင်ပြောင်းလာတဲ့ ထောင်အရာရှိများရဲ့ အစီစဉ်တကျ ဖိနှိပ်ရက်စက်များကတော့​အတားဆီးမဲ့ ဖြစ်ပျက်နေပါတယ်။

၂၀၂၁ အာဏာသိမ်းချိန်မှာ ရှေ့ကအမှားတွေကို ဆင်ခြင်အသိတရား လက်ကိုင်ထားပြီး အထက်က ဘယ်လိုပဲ ခိုင်းခိုငိးထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မယ်လို့ ဘယ်အကျဉ်းထောင်ဝန်ထမ်းကမှ စိတ်ကူးရှိပုံမပေါ်ခဲ့ပါဘူး။ ဝန်ထမ်းအဟောင်း၊ အသစ်များအနေနဲ့   အကျဉ်းထောင် ဥပဒေ၊ နိုင်ငံတကာ ဥပဒေတွေကို မျက်ကွယ်ပြုပြီး အရင်ကာလများကထက်ဆိုးတဲ့ လူမဆန်မှုတွေကို ဆက်လက် ကျူးလွန်နေခဲ့ပါတယ်။

 *ဖိနှိပ်မှုယန္တရားအောက်မှာ မျှော်လင့်ချက်မဲ့နေရသူများ*

အကျဉ်းထောင်များရဲ့ ထိပ်ပိုင်းခေါင်းဆောင်များနဲ့ အရာရှိ အရာခံများဟာ စစ်တပ်အသွင် ပြောင်းတွေများပါတယ်။ ဒီအချက်ကြောင့်ပဲ နိုင်ငံရေးလှုပ်ခတ်မှု မုန်တိုင်းထန်တဲ့ အချိန်တိုင်းမှာ အကျဉ်းထောင်ဟာ နာမည်ပျက်ရတာ ဖြစ်တယ်လို့ အရပ်သားထောင်ဝန်ထမ်းတွေက ကာကွယ်ပြောဆိုလေ့ရှိပါတယ်။

၁၉၂၀ မှာအင်္ဂလိက်က နောက်ဆုံးပြဋ္ဌာန်းပေးခဲ့ The Identification of Prisoners Act  အကျဉ်းထောင်ဥပဒေအတိုင်းပဲ ထောင်တွေကို စီမံအုပ်ချုပ်နေခဲ့တာပါ။ တရားသူကြီးရဲ့ ချုပ်မိန့်မပါဘဲ ထောင်မှာထားလို့မရဘူး။ လွှတ်ချင်ရင်ပဲဖြစ်ဖြစ်၊ ခေတ္တခဏ အပြင်ထုတ်ချင်ရင်ပဲဖြစ်ဖြစ် တရားသူကြီးအမိန့်ပါရမယ်။ ညနေထောင်ပိတ်ပြီးရင် ဘယ်အကျဉ်းသားမှ လက်ခံလို့မရသလို၊ အပြင်ခေါ်ထုတ်လို့မရဘူး။ အသက်မပြည့်သေးသူနဲ့ ဒဏ်ရာရထားတဲ့သူတွေကို ထောင်မှာလက်ခံလို့ မရဘူး။ (၁၉၈၈ မတ်လမှာတော့ ကားမွန်းပြီး သေဆုံးသူ ၄၁ဦးကို ထောင်က လက်ခံခဲ့ပါတယ်)။ ၁၉၆၂ အာဏာသိမ်းချိန်ကစပြီး ဥပဒေပါအချက်တွေကို လစ်လျူရှုကာ စစ်တပ်က လုပ်ချင်သလိုလုပ်ခဲ့တာ ဒီနေ့ ဒီအချိန်ထိပဲ ဖြစ်ပါတယ်။

ဒီကြားထဲ စစ်ထောက်လှမ်းရေးကပါ ထောင်တိုင်းမှာ နေရာယူပြီး ချယ်လှယ်ကြီးစိုးနေတယ်လို့ ဆိုပါတယ်။ ၁၉၆၂ ခုနှစ်ကနေစပြီး ဒီနေ့ဒီအချိန်ထိ အကျဉ်းထောင်ဥပဒေကို မျက်ကွယ်ပြုပြီး အထက်အရာရှိခိုင်းသမျှ အားတက်သရော လုပ်ပေးနေတဲ့ ဝန်ထမ်းအများစုရှိနေတာကိုတော့ ဘယ်လိုမှမငြင်းနိုင်ပါဘူး။ နိုင်ငံရေးအလှုပ်အခတ် ဖြစ်လေတိုင်း အာဏာရှင်အဆက်ဆက်ဟာ အကျဉ်းထောင်တွေနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို ဖိနှိပ်ရေး ယန္တရားအဖြစ် အမြဲပဲအသုံးချခဲ့ပါတယ်။

၂၀၁၂နှစ်ကုန်လောက်ကစပြီး ၂၀၂၀ခုနှစ်အထိကတော့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့် ရှိတဲ့ကာလ တွေပါပဲ။ နဝတ/နအဖ စစ်အစိုးအောက် အကျဉ်းထောင်လူ့ငရဲခန်းများရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်တွေ ရေးသားထုတ်ဝေကြပါတယ်။နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ အကျဉ်းထောင်ငရဲခန်းများ အကြောင်းကတော့ ဖတ်မကုန်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ စာဥထောင်တွင်းတိုက်ပွဲကိုလည်း “ရှစ်စက္ကန့်ငြိမ်” အမည်နဲ့ ဇာတ်လမ်းရိုက်ကူးခဲ့ပါတယ်။ ဒါတွေဟာ မေ့ပျောက်ဖို့ခက်တဲ့ သမိုင်းအမည်းစက်တွေပါ။

၂၀၂၁အာဏာသိမ်းချိန်မှာ ရှေ့ကအမှားတွေကို ဆင်ခြင်အသိတရား လက်ကိုင်ထားပြီး အထက်က ဘယ်လိုပဲ ခိုင်းခိုင်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မယ်လို့ ဘယ်အကျဉ်းထောင်ဝန်ထမ်းကမှ ကိုယ်ချင်းစာစိတ် မထားခဲ့ကြပါဘူး။ ဝန်ထမ်းအဟောင်း၊အသစ်များအနေနဲ့   အကျဉ်းထောင် ဥပဒေ၊ နိုင်ငံတကာဥပဒေတွေကို မျက်ကွယ်ပြုပြီး အရင်ကာလများကထက်ဆိုးတဲ့ လူမဆန်မှုတွေကို ဆက်လက်ကျူးလွန်နေခဲ့ပါတယ်။

မှတ်တမ်းတွေအရတော့ ၂၀၁၀ ဦးသိန်းစိန်အရပ်သားအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုများနဲ့အတူ အကျဉ်းထောင်လောက အနည်းငယ် တိုးတက်လာတာကို တွေ့ရပါတယ်။ ထောင်သားတွေစားရတဲ့ဆန် ကောင်းလာသလို ပုံစံခွက်နဲ့မဟုတ်ဘဲ အဝစားရပါတယ်။ ဂန်ဖလားအသုံးပြုတဲ့စနစ်ကနေ ရေလောင်းအိမ်သာ ဖြစ်လာပါတယ်။ ခဲရည်နဲ့ရောပြီး သောက်ခဲ့ရာမှ  ရေသန့်ကို သောက်သုံးခွင့် ရခဲ့ပါတယ်။

ICRC အနေနဲ့လည်း အကျဉ်းထောင်တွင်းကို ဝင်ရောက်ခွင့်ရပြီး အကူညီတွေ ပေးပါတယ်။ ခေတ်မီတဲ့ ထောင်ဝင်စာတွေ့တဲ့ အဆောက်အဦတွေ၊  စာသင်ကျောင်းတွေကို ဆောက်ပေးပါတယ်။ အရပ်သားအစိုးရတွေ လက်ထက်မှာ အကျဉ်းထောင်လောက ပြောင်းလဲတိုးတက်မှုတွေ ရှိခဲ့တာကို ငြင်းလို့မရပါဘူး။

အဲဒီပြောင်းလဲတိုးတက်မှုတွေအားလုံးဟာ ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်နဲ့အတူ အားလုံးပြီးဆုံးသွားခဲ့ပါတယ်။ စစ်အာဏာရှင်ဟာ အာဏာတည်မြဲရေးအတွက် အကျဉ်းထောင်တွေကို ဖိနှိပ်ရေးယန္တရားအဖြစ် ပြောင်ကျကျ အသုံးချလာပါတယ်။

ဇူလိုင်လကုန်ခါနီးမှာပဲ အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းကို ထောင်ထဲကနေ PDF တွေကို ငွေ ၁၁ သိန်းလှူတဲ့ဖြစ်ရပ်နဲ့အတူ လက်ကိုင်ဖုန်း ၇လုံးရှာဖွေသိမ်းဆည်းမိတဲ့ ကိစ္စတွေကြောင့်ပဲ ရာထူးက နေဖယ်ရှားလိုက်ပါတယ်။ အသစ်ရောက်လာတဲ့ ညွှန်ကြားရေးမှူးဖြစ်သူက ဗိုလ်မှူးကြီး အဆင့်ရှိသူ ဦးမျိုးဇော်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ဖို့ ရွေးချယ် ခန့်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ် ၁၇ရက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ ဖမ်းဆီးခံထားရသူဦးရေမှာ ၂၄၃၄၇ ဦးဖြစ်ပြီး၊ ပြန်လည်လွတ်မြောက်လာသူဟာ ၄၅၁၄ ဦးသာ ရှိပါသေးတယ်။

စစ်ကောင်စီလက်အတွင်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား  ၁၉၈၃၃ ဦးရဲ့  ကံကြမ္မာအဆိုး အကောင်းကတော့ ကူရာကယ်ရာမဲ့နေဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

မိုးစက်ငြိမ်းချမ်း

ထောင်မှတ်တမ်း                                             မောင်စင်ကြယ်
သာယာဝတီထောင်မှငရဲခန်းများ                        ကျော်မြသန်း
ကိုကိုးကျွန်းရဲ့သွေးစွန်းမှတ်တမ်း                         အငြိမ်းစားထောင်အရာရှိတစ်ဦး
အမှောင်ထုကိုဖြတ်သန်းခြင်း                              ထက်မြက်

၂၀၁၀ခုနှစ်မှ၂၀၁၅ခုနှစ်အတွင်းထုတ်ဝေခဲ့သော”နရသိန်”မဂ္ဂဇင်းများ၊

ICRC၏ထုတ်ပြန်ကြေညာချက်များ၊

BBC, VOA, DVB, PVTV, Mizzimaတို့၏ သတင်းများ

မိမိကိုယ်ပိုင်မှတ်စုများမှအချက်အလက်များကို  ထုတ်နှုတ်ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပါသည်။

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)