စစ်အစိုးရခေတ် အုတ်ရိုးအတွင်းမှ လူ့ငရဲခန်းများ (အပိုင်း – ၁)

ထောင်အုတ်ရိုးထဲရောက်နေသူတွေကို ဥပဒေမဲ့၊ လုပ်ထုံးလုပ်နည်းမဲ့စွာ ပြန်လည်ခေါ်ထုတ်ပြီး စစ်ဆေးမေးမြန်းပါတယ်။ စိတ်မထင်ရင် ပစ်သတ်တဲ့အထိ နိုင်ငံတကာဥပဒေကို လက်ရဲဇာတ်ရဲနဲ့ ချိုးဖောက်နေကြပါပြီ။ တချို့ဆိုရင် အကျဉ်းထောင်တွေထဲကနေ တိတ်တဆိတ်ခေါ်ထုတ်သွားတာ ခံနေရပြီး၊ လူမသိသူမသိနဲ့ ပျောက်ဆုံးနေတဲ့ အဖြစ်တွေလည်း ရှိနေပြီဖြစ်ပါတယ်။

*အာဏာရှင်များ၏ ဖိနှိပ်ရေးယန္တရား(သို့မဟုတ်) လူ့ငရဲခန်းအကျဉ်းထောင်များ *

အကျဉ်းထောင်တွေရဲ့ အခြေအနေကို ကြည့်လိုက်ရုံနဲ့ အဲဒီနိုင်ငံရဲ့ ရေချိန်ကို မှန်းဆကြည့်လို့ ရပါတယ်။ စစ်ကောင်စီလက်ထက် ၂ နှစ်ကျော် ကာလအတွင်းမှာ ထောင်အကြိမ်ကြိမ်ခါပြီး မုဒိမ်း၊ ခိုးဆိုး၊ လုနှိုက် တွေသာထောင်သောင်းချီလို့လွှတ်ပေးခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ထောင်တွေထဲမှာတော့ နိုင်ငံရေးနဲ့ ပတ်သက်ငြိစွန်းမိကြတဲ့ လူကောင်းသူကောင်းတွေသာ စုပြုံပြီးရောက်နေရပါတယ်။ လူ့အခွင့်အရေး စံချိန်တင် ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်မှာ ထောင်တွေထဲက လူကောင်းသူကောင်းတွေရဲ့ အခြေအနေ ဟာ စိုးရိမ်ရေမှတ်တွေကို ကျော်လွန်နေခဲ့ပါပြီ။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလပါတီခေတ်၊ နဝတ/ နအဖ စစ်အစိုးရခေတ်စတဲ့ ခေတ်တွေကို နိုင်ငံရေးသမားအဆက်ဆက် ဖြတ်သန်းခဲ့ကြရပါတယ်။ လက်ရှိစစ်ကောင်စီရဲ့ နိုင်ငံရေးသမားတွေအပေါ် ဖိနှိပ်ရက်စက်မှုက စံချိန်တင် ဆိုးဝါးလွန်းနေပါတယ်။အကျဉ်းထောင်နဲ့ နိုင်ငံရေးသမားတွေဆိုတာ မိတ်ဖက်တွေလို့ ဆိုရမှာပါ။ စစ်ကြောရေးပြီးလို့ ထောင်ကို ရောက်သွားရင် အသက်ဘေးကနေ တစ်ဆင့်လွတ်ပြီလို့ ပြောနိုင်ပါပြီ။ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတချို့ကိုသာ ခံစရာရှိပါတော့တယ်။
အခုစစ်ကောင်စီလက်ထက်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ထောင်အုတ်ရိုးထဲရောက်နေသူတွေကို ဥပဒေမဲ့၊ လုပ်ထုံးလုပ်နည်းမဲ့စွာ ပြည်လည်ခေါ်ထုတ်ပြီး စစ်ဆေးမေးမြန်းပါတယ်။ စိတ်မထင်ရင် ပစ်သတ်တဲ့အထိ နိုင်ငံတကာဥပဒေကို လက်ရဲဇာတ်ရဲနဲ့ ချိုးဖောက်နေကြပါပြီ။ တချို့ဆိုရင် အကျဉ်းထောင်တွေထဲကနေ တိတ်တဆိတ်ခေါ်ထုတ်သွားတာခံနေရပြီး၊ လူမသိ သူမသိနဲ့ ပျောက်ဆုံးနေတဲ့ အဖြစ်တွေလည်း ရှိနေပြီဖြစ်ပါတယ်။ အကျဉ်းထောင်များဟာ ခေတ်အဆက်ဆက်မှာ အာဏာရှင်များရဲ့ ဖိနှိပ်ရေး ယန္တရားဖြစ်နေပါတယ်။ နိုင်ငံရေးသမားတွေ အတွက်တော့ တကယ်ကို လူ့ငရဲခန်းတွေ ဖြစ်ခဲ့ရပါတယ်။

ဒီလိုထောင်တွင်းငရဲခန်းတွေ ဖြစ်ပျက်ခဲ့တဲ့ ကာလကတော့ ဝန်ကြီးချုပ်ဦးနုရဲ့ လက်ထက်၊ တစ်နည်းအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ကာလဖြစ်နေပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ကို မတရားအသင်းကြေညာပြီး ပတ်သက်သူတွေ၊ မသင်္ကာသူတွေကို ဖမ်းကာ သာယာဝတီထောင်ကို ပို့ပါတယ်။ သာယာဝတီထောင်က ငရဲခန်းတွေကို ဦးနုရဲ့ ဖဆပလ အစိုးရကပဲ စီစဉ်တာလား၊ ထောင်အာဏာပိုင်တွေကပဲ မျက်နှာလိုမျက်နှာရနဲ့ ခြေလွန်လက်လွန် လုပ်ခဲ့သလားဆိုတာ အဖြေထွက်ခဲ့ခြင်းမရှိပါဘူး။

 *သာယာဝတီထောင်မှငရဲခန်းများ*

 မြန်မာပြည်ကိုသိမ်းခြင်းနဲ့အတူ အင်္ဂလိပ်ဟာ ထောင်တွေကို ဆောက်ပါတယ်။ ၁၈၂၇ ခုနှစ်မှာ စစ်တွေထောင်ကို အရင်ဆုံးဆောက်ပါတယ်။ ရန်ကုန်ထောင်၊ အင်းစိန်ထောင်နဲ့ အတူ ထောင် ၃၃ထောင်ကို မရှေးမနှောင်းဆောက်ပါတယ်။ ဗြိတ်သျှအင်ပါယာကို ဦးဆောင်ပုန်ကန်တဲ့သူ၊ ပူးပေါင်းပါဝင်သူတွေကို ဖမ်းဆီးချုပ်နှောင်ထားဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကို ထောင်ချခဲ့ပေမဲ့ အေကလပ်၊ ဘီကလပ်ဆိုပြီး အခွင့်အရေးပေးထားပါတယ်။ စာရေးစာဖတ်လို့ရသလို ထမင်းချက် တောင်ပေးထားပါတယ်။ အာဏာရှင်ဦးနေဝင်း လက်ထက်မှာတော့ အေကလပ်၊ ဘီကလပ် စနစ်ကို နှုတ်မိန့်နဲ့ အပြီးဖျက်သိမ်းပစ်ပါတယ်။

ဦးနု၊ သိန်းဖေမြင့်၊ လူထုဦးလှ၊ ဗန်းမော်တင်အောင်၊ တင်စိုး၊ အောင်လင်း၊ မြသန်းတင့်၊ မြောင်းမြမောင်ကို၊ရန်အောင်မောင်မောင်၊ ကျောမြသန်း စသူတို့ရေးတဲ့ ထောင်စာအုပ်တွေရှိကြပါတယ်။ အဲဒီအထဲမှာ “သာယာဝတီထောင်မှ ငရဲခန်းများ” စာအုပ်က ထင်ရှားပါတယ်။ ဦးနေဝင်းလက်ထက်မှာ ရေးသားထုတ်ဝေခဲ့တဲ့ ဆရာကျော်မြသန်းရဲ့ စာအုပ်ပါ။ ထောင်တွင်းရက်စက်မှု ငရဲခန်းများကို ဖွင့်ထုတ်ရေးသားချက်တွေကြောင့်ပဲ ဖတ်ရသူ တကယ် ကျောချမ်းရပါတယ်။ ငရဲကျခဲ့သူတွေဟာ သာမန်အကျဉ်းသားတွေ မဟုတ်ကြဘဲ၊ နိုင်ငံရေးနဲ့ ငြိစွန်းခဲ့တဲ့ ရဟန်း၊ ကျောင်းသား၊ အမှုထမ်း အရာထမ်းတွေ ဖြစ်ကြပါတယ်။

ဒီလိုထောင်တွင်းငရဲခန်းတွေ ဖြစ်ပျက်ခဲ့တဲ့ ကာလကတော့ ဝန်ကြီးချုပ်ဦးနုရဲ့ လက်ထက်၊ တစ်နည်းအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ကာလဖြစ်နေပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို မတရားအသင်းကြေညာပြီး ပတ်သက်သူတွေ၊ မသင်္ကာသူတွေကို ဖမ်းကာ သာယာဝတီထောင်ကို ပို့ပါတယ်။ သာယာဝတီထောင်က ငရဲခန်းတွေကို ဦးနုရဲ့ ဖဆပလ အစိုးရကပဲ စီစဥ်တာလား၊ ထောင်အာဏာပိုင်တွေကပဲ မျက်နှာလိုမျက်နှာရနဲ့ ခြေလွန်လက်လွန် လုပ်ခဲ့သလားဆိုတာ အဖြေထွက်ခဲ့ခြင်းမရှိပါဘူး။ စာအုပ်ရဲ့အဆုံးသတ်ပိုင်းမှာတော့ ဖဆပလအစိုးရရဲ့ အာဏာစက်မဲ့သွားတဲ့ အခိုက်အတန့်မှာ သာယာဝတီထောင်ကို လက်နက်ကိုင်အင်အားစုများက စီးနင်းပါတယ်။ အဖမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးပါတယ်။ နိုင်ငံရေးသမားတွေကို နှိပ်စက်ခဲ့တဲ့ ထောင်ပိုင်၊ ထောင်မှူးနဲ့ ပါဝင်ခဲ့ကြသူတွေကို အဆုံးစီရင်ပစ်ပါတယ်။ အကျဉ်းထောင်လောက အတွက်တော့ သင်ခန်းစာယူသင့်တဲ့ သမိုင်းအမည်းစက်ဆိုးကြီးပါပဲ။ ဒီစာအုပ်ကို ဦးနေဝင်းက ထုတ်ခွင့်ပြုခဲ့သလို စာပေဗိမာန်ရဲ့ စာပဒေသာ ဒုတိယဆုလည်း ပေးခဲ့ပါတယ်။

ဒုတိယအကြိမ် ကိုကိုးကျွန်းထောင်ဖွင့်နိုင်ဖို့အတွက် ၁၉၆၇-၆၈ ခုနှစ်လောက်မှာ အဆောက်အဦသစ်တွေ ထပ်ဆောက်ပါတယ်။၁၉၆၈ ခုနှစ်ဖေဖော်ဝါရီ ၁၅ ရက်မှာ ပုဒ်မ ၅ အကျဉ်းသား ၂၅၀ လောက်နဲ့ စတင်ဖွင့်လှစ်ပါတယ်။ လက်ဝဲဝါဒကို ယုံကြည်သူများလို့ နာမည်တပ်ခံရတဲ့ ကျောင်းသား၊ အလုပ်သမား၊ စာရေးဆရာတွေ ပါဝင်ပါတယ်။ ဦးနေဝင်းကတော့ ကိုကိုးကျွန်းဆီကို လူ ၁၀၀၀ လောက်အထိ ပို့ထားဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက် လုံးဝ မအောင်မြင်ခဲ့ပါဘူး။ ရာဇဝင်တွင်စေခဲ့တဲ့ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံ ဆန္ဒပြပွဲကို ကိုကိုးကျွန်းမှာ ပြုလုပ်ပါတယ်။ ၁၉၇၁ ခုနှစ် ၇ လပိုင်းမှာ စတင်ခဲ့တဲ့ ကျွန်းဖျက်သိမ်းရေးတိုက်ပွဲဟာ ၅၃ရက် ကြာမြင့်ခဲ့ပါတယ်။

 *ကိုကိုးကျွန်းရဲ့သွေးစွန်းမှတ်တမ်း*

ကိုကိုးကျွန်းဟာ ရန်ကုန်တိုင်းအတွင်းပါဝင်တဲ့ မြို့နယ်ဖြစ်ပေမယ့် ရန်ကုန်နဲ့ မိုင် ၄၆၀ လောက်ဝေးတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ တသီးတသန့် ရှိနေပါတယ်။ ကိုကိုးကျွန်းဟာ တောင်နဲ့မြောက်၇မိုင်ရှည်ပြီး၊ အရှေ့နဲ့အနောက် ၂မိုင်နီးပါးကျယ်ဝန်းပါတယ်။ ရေလမ်းခရီးတစ်ခုတည်းသာ ကူးလူးသွားလာလို့ ရပြီးပြည်မနဲ့ အဆက်ပြတ်နေတဲ့ ကျွန်းပါ။ မှတ်တမ်းတွေအရတော့ ၁၉၅၈ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာ ကိုကိုးကျွန်းထောင်ကို စဖွင့်ပါတယ်။ ၁၉၅၈ခုနှစ် ဇန်နဝါရီ၊ မတ်၊ မေလ သုံးသုတ်ခွဲပြီး အကျဉ်းသားတွေကို ပို့ပါတယ်။ ထောင်ကျ အကျဉ်းသား ၃၀၀ လောက်နဲ့ လေယာဉ်ကွင်းတွေ၊ အဆောက်အအုံတွေ ဆောက်ပါ တယ်။    ပုဒ်မ ၅ နဲ့ သက်ဆိုင်တဲ့ အကျဉ်းသားက ၁၅၀လောက်ရှိပါတယ်။

သူတို့အားလုံးကို ၁၉၆၀ခုနှစ် မှာ ပြည်မဆီ အပြီးပြန်ခေါ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ကိုကိုးကျွန်း ထောင်ဖွင့်နိုင်ဖို့အတွက် ၁၉၆၇-၆၈ ခုနှစ်လောက်မှာ အဆောက်အဦသစ်တွေ ထပ်ဆောက်ပါတယ်။ ၁၉၆၈ ခုနှစ်ဖေဖော်ဝါရီ ၁၅ ရက်မှာ ပုဒ်မ ၅ အကျဉ်းသား ၂၅၀ လောက်နဲ့ စတင်ဖွင့်လှစ်ပါတယ်။ လက်ဝဲဝါဒကို ယုံကြည်သူများလို့ နာမည်တပ်ခံရတဲ့ ကျောင်းသား၊ အလုပ်သမား၊ စာရေးဆရာတွေ ပါဝင်ပါတယ်။ ဦးနေဝင်းကတော့ ကိုကိုးကျွန်းဆီကို လူ ၁၀၀၀ လောက်အထိ ပို့ထားဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက် လုံးဝ မအောင်မြင်ခဲ့ပါဘူး။ ရာဇဝင်တွင်စေခဲ့တဲ့ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံ ဆန္ဒပြပွဲကို ကိုကိုးကျွန်းမှာ ပြုလုပ်ပါတယ်။ ၁၉၇၁ ခုနှစ် ၇ လပိုင်းမှာ စတင်ခဲ့တဲ့ ကျွန်းဖျက်သိမ်းရေး တိုက်ပွဲဟာ ၅၃ရက် ကြာမြင့်ခဲ့ပါတယ်။

ရဲဘော်သိန်းကြည်၊ ရဲဘော်အုံးမော်၊ ရဲဘော်ချစ်ဆွေ၊ ရဲဘော်စိန်ချင်း၊ ရဲဘော်ထွန်းမြင့်၊ ရဲဘော်မောင်မောင်စိုး၊ ရဲဘော်လေးမောင်နဲ့ ရဲဘော်ထွန်းဝင်းတို့ ၈ဦး  မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။ အစာငတ်ခံ ဆန္ဒပြရင်းက ပထမဆုံး ကျဆုံးခဲ့တဲ့ ရဲဘော်ကြည်သိန်းရဲ့စကားဟာ ယနေ့တိုင် သမိုင်းတွင်လို့ ကျန်ရစ်ပါတယ်။

“ဆံချည်တစ်မျှင်တောင် နောက်မဆုတ်နဲ့၊ ဆက်တိုက်” ဆိုတဲ့စကားပဲဖြစ်ပါတယ်။

ရဲဘော် ၈ ဦးရဲ့ အသက်နဲ့ထပ်ပြီး ကျွန်းဖျက်သိမ်းရေး တိုက်ပွဲဟာ အောင်မြင်ခဲ့ပါတယ်။

ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျွန်းစနစ်ဖျက်သိမ်းပြီး အားလုံးပြည်မဆီကို ပြန်ရောက်ခဲ့ပါတယ်။

 ဒီနောက်ပိုင်းမှာတော့ ကိုကိုးကျွန်းအကျဉ်းစခန်းကို အာဏာပိုင်များဆက်လက် အသုံးပြုခြင်း မရှိတော့ပါဘူး။

အင်းစိန်ထောင်အတွင်း ဖြစ်ပျက်ခဲ့တဲ့ စာဥထောင်တွင်းတိုက်ပွဲကတော့ အတော်ကိုအကျည်းတန် ရုပ်ဆိုး ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ လွှတ်တော် ခေါ်ယူပေးခြင်းမပြုဘဲ နေပါတယ်။ဒါကြောင့်ပဲ လွှတ်တော်ခေါ်ယူပေးရေး၊နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေ မရမချင်း အစာငတ်ခံဆန္ဒပြ ကြပါတယ်။
၁၉၉၀ စက်တင်ဘာ ၂၅ ရက်မှာတော့ ထောင်တွင်းက ရိုက်နှက်အော်ဟစ်သံတွေကို အပြင်က မကြားရ
အောင် ဟင်္သာတထွန်းရင်ရဲ့ စာဥ သီချင်းကို အကျယ်ကြီးဖွင့်ပြီး အသေရိုက်ခဲ့ပါတယ်။

 *စစ်အစိုးရခေတ်အုတ်ရိုးအတွင်းမှလူ့ငရဲခန်းများ*

၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့အတူ အင်းစိန်ထောင်ဟာလည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ထောင်တွင်း တောင်းပွဲတိုက်ပွဲတွေ၊ အစာငတ်ခံပြခြင်းတွေဟာ အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့တာမျိုးပါ။
အင်းစိန်ထောင်အတွင်း ဖြစ်ပျက်ခဲ့တဲ့ စာဥထောင်တွင်းတိုက်ပွဲကတော့ အတော်ကိုအကျည်းတန် ရုပ်ဆိုးခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ လွှတ်တော် ခေါ်ယူပေးခြင်းမပြုဘဲ နေပါတယ်။ ဒါကြောင့်ပဲ လွှတ်တော်ခေါ်ယူပေးရေး၊ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေ မရမချင်း နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြကြပါတယ်။

၁၉၉၀ စက်တင်ဘာ ၂၅ ရက်မှာတော့ ထောင်တွင်းက ရိုက်နှက်အော်ဟစ်သံတွေကို အပြင်က မကြားရအောင် ဟင်္သာတထွန်းရင်ရဲ့ စာဥ သီချင်းကို အကျယ်ကြီးဖွင့်ပြီး အသေရိုက်ခဲ့ပါတယ်။ မောင်သော်က၊ မောင်မိုးသူ၊ မောင်ကိုယု၊ သူရဦးငွေလှိုင်၊ ရှေ့နေဦးသိန်းဟန်နဲ့ ဒေါက်တာတင်မျိုးဝင်းတို့လို လူကြီးတွေသေလုမျောပါး အရိုက်ခံရသလို၊ လူငယ်တွေနဲ့ အမျိုးသမီးတွေပါ အရိုက်ခံရပါတယ်။ ခေါင်းစွပ်စွပ်ပြီး အပြင်ကို ဒရွတ်တိုက်ဆွဲခေါ်ထုတ်တယ်။ မြေကြီးမှာ ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက် ဆန့်ထားပေးရတယ်။ ဝိုင်းပြီးဖိနပ်နဲ့ ကန်တယ်၊ တက်နင်းတယ်။ဂန်းပိုက်နဲ့ ဝိုင်းရိုက်တယ်။ အရိုက်ခံရလို့ မေ့မျောနေသူများကို နားကြပ်နဲ့စမ်းပြီး “ဒီကောင်မသေသေးဘူး၊ ဆက်ရိုက်လို့ရတယ်” လို့ပြောခဲ့တဲ့ ထောင်ဆရာဝန် ဒေါက်တာစိုးကြည် စကားနဲ့ “ဒီမိုကရေစီဆိုတာ ဒါပဲ” လို့ သူ့ငယ်ပါကို ကိုင်ပြီး ပြောခဲ့တဲ့ ဒုချုပ်ဦးအုန်းဟန်တို့ရဲ့ စကားတွေက သမိုင်းတွင်ခဲ့ပါတယ်။ ထောင်ဝါဒါဝန်ထမ်းတွေသာမကဘဲ သင်တန်းသားတွေကိုပါ ခေါ်ပြီး လက်တွေ့ရိုက်ခိုင်းခဲ့ကြပါတယ်။ ၁၉၈၉၊ ဒီဇင်ဘာ၊ သာယာဝတီထောင်မှာဖြစ်ခဲ့တဲ့ anti labour ထောင်တွင်းတိုက်ပွဲကလည်း အတော့်ကို ပြင်းထန်ခဲ့ပါတယ်။ ထောင်အပြင်ကနေ ခလရ ၅၃ စစ်တပ်လာဝိုင်းရတဲ့အထိ သတင်းကြီးခဲ့ပါတယ်။

မြင်းခြံထောင်ဟာလည်း ဗမာပြည်ရဲ့ အော့ဇ်ဝစ်လို့ နာမည်ကြီးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ နေရတဲ့ တိုက်ဟာ အတွင်းခန်း၊ အပြင်ခန်းဆိုပြီး နှစ်ခန်းရှိပါတယ်။ အတွင်းခန်းက သမံတလင်း ခင်းထားပြီး အပြင်ခန်းက မြေသားပါ။ အပြင်ခန်းကမြေသားကို ရေနဲ့ ဖြန်း၊ အိုးခြမ်းကွဲနဲ့ နေ့တိုင်းပွတ်တိုက်ရတယ်။ နောက်ဆုံးမှန်လို ပြောင်လက်တဲ့အထိ ပလတ်စတစ်နဲ့ပါ ပွတ်တိုက်ရပါတယ်။ စိတ်တိုင်းမကျရင် အရိုက်ခံရပါတယ်။ လက်လုပ်ကော်ပတ်နဲ့ သံတံခါးနဲ့ မင်းတုံးတွေကို ပြောင်လက်နေအောင် ပွတ်ပေးရပါတယ်။

ပူပြင်းလှတဲ့ မြင်းခြံရာသီဥတုအောက်မှာ ရေကို တစ်ပတ်တစ်ခါသာ ချိုးခွင့်ပြုတယ်။ ရေဝအောင် မတိုက်သလို အစာဝအောင်လည်း မကျွေးပါဘူး။ ငတ်လွန်းလာတော့ လမ်းလျှောက်ခွင့်ရတဲ့ အချိန်လေးအတွင်းမှာ တောင်ယာထဲက အသီးအနှံတွေကို ခူးပြီး စားကြရပါတယ်။

စစ်အစိုးရခေတ်မှာ နိုင်ငံရေးအကျဉ်းသားတွေတင် စိတ်ရောကိုယ်ပါ ဒုက္ခရောက်ကြရတာ မဟုတ်ပါဘူး။ သူတို့ရဲ့ မိဘတွေ၊ မိသားစုတွေပါ ထောင်ဝင်စာဒုက္ခကို ခါးစည်းခံခဲ့ရပါတယ်။ ဝေးလံတဲ့ နေရာတွေကို ရွေ့ပစ်ပါတယ်။ တစ်ထောင်ကနေ တစ်ထောင်ကို ပြောင်းရာမှာလည်း ထောင်အဝင်မှာ အပိုးကျိုးအောင်ဆိုပြီး နိုင်ငံရေးသမားတွေကို ဝါဒါတွေနဲ့ နှစ်ကြီးသမားတွေက သေလုမျောပါး အုပ်စုဖွဲ့ ဝိုင်းရိုက်တာတွေလည်းရှိပါတယ်။ အစားအသောက်အနေအထိုင်တင် ဒုက္ခရောက်ရတာ မဟုတ်ပါဘူး။ ဆေးဝါးကုသစောင့်ရှောက်မှု လုံးဝကိုညံ့ဖျင်းတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးရသူတွေ များစွာရှိခဲ့ပါတယ်။ ICRC အကျဉ်းထောင်များအတွင်းသို့ ဝင်ရောက်ခွင့်မရခင် ငရဲခန်းကာလများလို့ ​ဆိုနိုင်ပါလိမ့်မယ်။

(အပိုင်း – ၂ အားဆက်လက်ဖတ်ရှုပါရန်)

မိုးစက်ငြိမ်းချမ်း

ထောင်မှတ်တမ်း                                             မောင်စင်ကြယ်
သာယာဝတီထောင်မှငရဲခန်းများ                        ကျော်မြသန်း
ကိုကိုးကျွန်းရဲ့သွေးစွန်းမှတ်တမ်း                         အငြိမ်းစားထောင်အရာရှိတစ်ဦး
အမှောင်ထုကိုဖြတ်သန်းခြင်း                              ထက်မြက်

၂၀၁၀ခုနှစ်မှ၂၀၁၅ခုနှစ်အတွင်းထုတ်ဝေခဲ့သော”နရသိန်”မဂ္ဂဇင်းများ၊

ICRC၏ထုတ်ပြန်ကြေညာချက်များ၊

BBC, VOA, DVB, PVTV, Mizzimaတို့၏ သတင်းများ

မိမိကိုယ်ပိုင်မှတ်စုများမှအချက်အလက်များကို  ထုတ်နှုတ်ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပါသည်။

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)