NLD အစိုးရလက်ထက်တွင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေတွေကို ပြန်သုံးသပ်ရန်ရည်ရွယ်ချက်ဖြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း မတရား အသင်းအက်ဥပဒေကိုတော့ ပြင်ဆင်ခဲ့ခြင်းမရှိပါ။ ထိုဥပဒေကို နိုင်ငံတော် လုံခြုံရေးအတွက် ရေးဆွဲ ထားသည်မှန်သော်လည်း တခြားတဘက်တွင်မှု နိုင်ငံရေးအရ မလျော်ဩဇာဖြင့် အသုံးချခဲ့ကြသည်။
အရပ်သားအစိုးရများလက်ထက်တွင် တရားဥပဒေရေးရာရှုထောင့်အရ ကြည့်ရှုရလျှင် အသင်းအဖွဲ့များနှင့် ပတ်သက်နေသော မတရားအသင်း အက်ဥပဒေ ရှိနေပြီး ထိုဥပဒေတွင် “မည်သူမဆို မတရားအသင်းကို စီမံအုပ်ချုပ်လျှင် သို့တည်းမဟုတ် စီမံအုပ်ချုပ်ခြင်းတွင် ကူညီလျှင် သို့တည်း မဟုတ် အဆိုပါအသင်းတစ်ခုခု သို့တည်းမဟုတ် ထိုအသင်းသားများ၏ အစည်းအဝေးကို ဆော်သြ ကမကထပြုလျှင် သို့တည်းမဟုတ် ဆော်သြ ကမကထပြုရာတွင် ကူညီလျှင် ထောင်ဒဏ် (၂)နှစ်ထက် မနည်း၊ (၃)နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်းခံရမည်” ဟု ဖော်ပြထားသည်။ အရပ်သား အစိုးရလက်ထက်တွင် မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသူအများအပြား ရှိပါသည်။ ဖမ်းဆီးခံရသူများထဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဆက်သွယ်မှုဖြင့် အရပ်သား ပြည်သူများသာမက ဂျာနယ်လစ်များလည်း ပါဝင်သည်။ NLD အစိုးရလက်ထက်တွင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေတွေကို ပြန်သုံးသပ်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း မတရား အသင်းအက်ဥပဒေကိုတော့ ပြင်ဆင်ခဲ့ခြင်း မရှိပါ။ ထိုဥပဒေကို နိုင်ငံတော် လုံခြုံရေးအတွက် ရေးဆွဲထားသည်မှန်သော်လည်း တခြားတဘက်တွင်မှု နိုင်ငံရေးအရ မလျော်ဩဇာဖြင့် အသုံးချခဲ့ကြသည်။ ဤသည်ကို ကြည့်၍ အရပ်သားအစိုးရ လက်ထက်တွင်ပင်လျှင် အသင်းအဖွဲ့များ လွတ်လပ်ခွင့်ကို အပြည့်အဝမပေးဘဲ ဖိနှိပ်ထားခဲ့သည်ဟု ဆိုနိုင်ပါသည်။
၎င်းဆန့်ကျင်မှုများကို CSO အများစုက ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ ထို့ကြောင့် စစ်ကောင်စီသည် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ အာဏာသိမ်းပြီး များမကြာမီတွင် အရပ်ဘက် အဖွဲ့အစည်းရုံးခန်းများကို ဝင်ရောက်စီနင်းခြင်း နှင့် ထင်ရှားသော အရပ်ဘက်အဖွဲ့ ခေါင်းဆောင်များ အား ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်သည် အရပ်သားအစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းမှုဖြစ်စဉ်သည် CSO များအပေါ် ပြင်းထန်စွာရိုက်ခတ်ခဲ့သည်။ အာဏာသိမ်းမှုနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများ တခဲနက်ပေါ်ပေါက်လာပါသည်။ ၎င်းဆန့်ကျင်မှုများကို CSO အများစုက ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ ထို့ကြောင့် စစ်ကောင်စီသည် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ အာဏာသိမ်းပြီး များမကြာမီတွင် အရပ်ဘက် အဖွဲ့အစည်းရုံးခန်းများကို ဝင်ရောက်စီနင်းခြင်း နှင့် ထင်ရှားသော အရပ်ဘက်အဖွဲ့ ခေါင်းဆောင်များအား ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ အသင်းအဖွဲ့ အများအပြားကိုလည်း မတရားအသင်းအဖြစ် ကြေညာခဲ့ပါသည်။ အသင်းအဖွဲ့တချို့၏ ဘဏ်စာရင်းများကို ပိတ်သိမ်းခြင်း၊ ဝန်ထမ်းများကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် လုပ်ငန်းများကို ရပ်ဆိုင်းရန် ဖိအားပေးခြင်းတို့ လုပ်ဆောင်ခဲ့ပါသည်။ ဖိနှိပ် တိုက်ခိုက်မှုများက တစ်စတစ်စ ဆိုးရွားလာခဲ့ပြီး နိုင်ငံတကာ agency ဝန်ထမ်းများကိုပင်လျှင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လာခဲ့သည်။ ထင်ရှားသော ဖြစ်ရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် Save the Children မှ ဝန်ထမ်း (၂)ယောက် ပါဝင်သော လူအယောက် (၃၀)ခန့်ကို ကယားပြည်နယ်၊ ဖရူဆိုတွင် စစ်ကောင်စီ တပ်သားများက မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန် နယ်စပ်ဒေသများ၊ လွတ်မြောက်နယ်မြေများနှင့် တခြားသော နိုင်ငံများသို့ သွားရောက် ခိုလှုံခဲ့ကြပါသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် Save the Children မှ ဝန်ထမ်း (၂)ယောက် ပါဝင်သော လူအယောက် (၃၀)ခန့်ကို ကယားပြည်နယ်၊ ဖရူဆိုတွင် စစ်ကောင်စီတပ်သားများက မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက ၎င်းတို့၏ လုပ်ငန်းများကို ဆတ်လက် လုပ်ဆောင်ရန် နယ်စပ်ဒေသများ၊ လွတ်မြောက်နယ်မြေများနှင့် တခြားသော နိုင်ငံများသို့ သွားရောက် ခိုလှုံခဲ့ကြပါသည်။
၂၀၂၁ အာဏာသိမ်းမှုပြီး နောက်ပိုင်း စစ်ကောင်စီသည် NGO များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များကို စောင့်ကြည့် ထိန်းချုပ်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်က ပြဌာန်းထားသော အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပယ်ဖျက်ပြီး အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပြဌာန်းခဲ့သည်။ ဥပဒေ အသစ်သည် ယခင်ဥပဒေ အဟောင်းနှင့် နှိုင်းယှဉ်လျှင် ပိုမိုတင်းကြပ်ထားသည်ကို တွေ့နိုင်ပါသည်။ ထိုဥပဒေအရ အသင်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို သုံးလလျှင်တစ်ကြိမ် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံ တင်ပြရမည်ဖြစ်ကာ အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းများကို အသေးစိတ် အနီးကပ် စောင့်ကြည့်သည့် သဘောဖြစ်ပါသည်။ အသင်းအဖွဲ့များ အနေဖြင့် မတရား အသင်းကြေငြာထားသော အဖွဲ့များနှင့် ပတ်သက် ဆက်နွယ်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။ ၎င်းမှာ တရားစီရင်ရေးစနစ်ကို အသုံးချ၍ အရပ်ဘက်အဖွဲ့အစည်းများကို ဖိနှိပ်ရန်နှင့် ထိန်းချုပ်ရန် ကြိုးစားသည့် နည်းလမ်းတခုဟု မှတ်ယူနိုင်ပါသည်။ အဆိုပါဥပဒေကို အသက်သွင်းအသုံးချကာ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးတို့ကိုလည်း ဖိနှိပ်လာခဲ့သည်။ ဖြစ်စဉ်တရပ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသည့် စိမ့် (မြန်မာ) နှင့် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့် ကူညီရေးအဖွဲ့ဝင် (၁၀) ဦးကို တရားဝင် ဖွဲ့စည်းထားခြင်းမဟုတ်သောအဖွဲ့အစည်းအဖြစ် ကြေညာထားသည့် Action Labour Right နှင့် ပူးပေါင်းဆန္ဒပြသည်ဟုဆိုကာ အလုပ်သမားများနှင့် ကူညီရေးအဖွဲ့ဝင် (၁၀) ဦးကို ဖမ်းဆီးခဲ့ပါသည်။
အဆိုပါဥပဒေကို အသက်သွင်းအသုံးချကာ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးတို့ကိုလည်း ဖိနှိပ်လာခဲ့သည်။ ဖြစ်စဉ်တရပ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသည့် စိမ့် (မြန်မာ) နှင့် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့် ကူညီရေးအဖွဲ့ဝင် (၁၀) ဦးကို တရားဝင် ဖွဲ့စည်းထားခြင်းမဟုတ်သောအဖွဲ့အစည်းအဖြစ် ကြေညာထားသည့် Action Labour Right နှင့် ပူးပေါင်းဆန္ဒပြသည်ဟုဆိုကာ အလုပ်သမားများနှင့် ကူညီရေးအဖွဲ့ဝင် (၁၀) ဦးကို ဖမ်းဆီးခဲ့ပါသည်
စစ်ကောင်စီသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ CSO များ၊ ကွန်ယက်များကို အားလျော့ ပျောက်ကွယ်သွားမည်ဟုယူဆကာ တိုကိခိုက်ခဲ့သော်လည်း ၎င်းတို့၏ တွက်ဆချက်သည် မှားယွင်နေခဲ့သည်။ စိတ်အားထက်သန်သော အရပ်ဘက်လူမှုအဖွဲ့များနှင့် မြေပြင်ရှိ ကွန်ရက်များသည် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီခြင်းနှင့် နိုင်ငံတကာတုံ့ပြန်မှု ပိုမိုအားကောင်းလာစေရန် တွန်းအားပေးလှုံ့ဆော်ခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။ အရပ်ဘက် အဖွဲ့အစည်းများကို ဖိနှိပ်ခြင်းသည် ပြည်သူကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း နစ်နာစေသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွါးခဲ့သော အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်တခုဖြစ်သည့် ၂၀၂၃ ခုနှစ်၊ မေလ၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ်ကို နမူနာဖြစ်ရပ်အနေဖြင့် ရှုမြင်နိုင်သည်။ ထိုမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ပြည်သူ များသည် ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ဖြစ်ခဲ့ရသည်။ မြန်မာပြည်ရှိ လူပေါင်း (၁.၆) သန်းကျော် အပေါ် သက်ရောက်မှုရှိခဲ့ပြီး အခြေခံအဆောက်အအုံများ ပျက်စီးခြင်းများမှစ၍ လူသေဆုံးမှုအထိ ထိခိုက်ခဲ့ပါသည်။ ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီများ ထောက်ပံ့ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒေသတွင်း အရပ်ဘက်အဖွဲ့များက ကြိုးစားခဲ့ကြသော်လည်း စစ်ကောင်စီသည် ဒေသတွင်း သွားလာခွင့်ကို ကန့်သတ်ခဲ့ပါသည်။ ဘေးအန္တရာယ် လူမှုကူညီပေးသူ ပရဟိတသမား တချို့နှင့် သတင်းသမား တချို့ကို ဖမ်းဆီး စစ်ဆေးခြင်းတို့ လုပ်ခဲ့ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ချိတ်ဆက်ထိတွေ့မှုရှိမည်ကို မလိုလားကြောင်း ပေါ်လွင်နေသည်။ ပြည်သူသည် မည်သည့်ဘေးအန္တရာယ် အခြေအနေမျိုးသို့ပင် ကျရောက်လင့်ကစား စစ်ကောင်စီအနေဖြင့် ပြည်သူဘက်သို့ ငဲ့ကွက်မည်မဟုတ်ဟုသော သက်သေပင် ဖြစ်ပါသည်။
ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီများ ထောက်ပံ့ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒေသတွင်းအရပ်ဘက်အဖွဲ့များက ကြိုးစားခဲ့ကြသော်လည်း စစ်ကောင်စီသည် ဒေသတွင်း သွားလာခွင့်ကို ကန့်သတ်ခဲ့ပါသည်။ ဘေးအန္တရာယ် လူမှုကူညီပေးသူ ပရဟိတသမား တချို့နှင့် သတင်းသမား တချို့ကို ဖမ်းဆီး စစ်ဆေးခြင်းတို့လုပ်ခဲ့ပါသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် စစ်ကောင်စီသည် ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ချိတ်ဆက်ထိတွေ့မှုရှိမည်ကို မလိုလားကြောင်း ပေါ်လွင်နေသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် CSO များသည် စစ်ကောင်စီ ထိန်းချုပ်မှုကိုလက်မခံဘဲ ဆန့်ကျင်မည်လောနှင့် အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် အကန့်အသတ်များဖြင့် လုပ်ဆောင် မည်လောဟူသည့် ရွေးချယ်မှုများ လုပ်ကြရသည်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် လုပ်ငန်းများ လုပ်ဆောင်ရန် မဖြစ်နိုင်သော CSO တချို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ကြပါသည်။ CSO များ၏ မဟာဗျူဟာသည် အခွင့်အရေးအခြေပြု (right based) လှုပ်ရှားမှုများအစား ပြည်သူကိုဗဟိုပြုသော စည်းရုံးရေး (advocacy)သို့ ကူးပြောင်းခဲ့ကြပါသည်။ ပြည်မ ခြေကုပ်ကို စွန့်ခွာသွားသော CSO များအနေဖြင့် အသိပညာမြှင့်တင်ရေးလုပ်ငန်းများကို online လူမှုကွန်ယက်များမှတဆင့် လုပ်ဆောင်ကာ လူထုနှင့် ထိတွေ့ရန် ကြိုးပမ်းကြပါသည်။
CSO များ၏ မဟာဗျူဟာသည် အခွင့်အရေးအခြေပြု (right based) လှုပ်ရှားမှုများအစား ပြည်သူကိုဗဟိုပြုသော စည်းရုံးရေး (advocacy)သို့ ကူးပြောင်းခဲ့ကြပါသည်။ ပြည်မ ခြေကုပ်ကို စွန့်ခွာသွားသော CSO များအနေဖြင့် အသိပညာမြှင့်တင်ရေး လုပ်ငန်းများကို online လူမှုကွန်ယက်များမှတဆင့် လုပ်ဆောင်ကာ လူထုနှင့်ထိတွေ့ရန် ကြိုးပမ်းကြပါသည်။
အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် လုပ်ငန်းများဆက်လက်လုပ်ဆောင်နိုင်ရန် နားလည်မှု စာချွန်လွှာ ထိုးသော INGO များ၊ အသင်းအဖွဲ့မှတ်ပုံတင်သော အဖွဲ့များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း သွယ်ဝိုက်၍ အဓိပ္ပါယ် သက်ရောက်စေသောကြောင့် ပြည်သူလူထု၏ ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံကြရပါသည်။ မည်သို့ပင် စစ်ကောင်စီက အသိအမှတ်ပြုထားသော အဖွဲ့အစည်း ဖြစ်လင့်ကစား လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကိုတော့ ဆုံးရှုံးကြရပါသည်။ CSO များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ပါက အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သကဲ့သို့၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG နှင့် တရားဝင် ပေါ်ပေါ်ထင်ထင် ဆက်ဆံပါကလည်း လုံခြုံရေးအရ ခြိမ်းခြောက်မှုများရှိလာနိုင်ပါသည်။ ထို့ကြောင့် CSO များ၏ အခန်းကဏ္ဍသည် အရေးကြီးလျက် ရှိသော်လည်း နိုင်ငံရေးအကျပ်အတည်းနှင့်အတူ ၎င်းအဖွဲ့များသည် ဘေးကျပ်နံကျပ် အခြေအနေအတွင်း ကျရောက်နေသည်ဟု ဆိုနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ မြန်မာနိုင်ငံ၏ ကံကြမ္မာသည် စစ်အာဏာရှင်ဆန့်ကျင်သော ဒီမိုကရေစီရေး လှုပ်ရှားသော တတ်ကြွသူများ၊ ကွန်ယက်များ၊ အဖွဲ့အစည်းများပေါ်တွင်များစွာ မှီတည်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။
CSO များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ပါက အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သကဲ့သို့၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG နှင့် တရားဝင် ပေါ်ပေါ်ထင်ထင် ဆက်ဆံပါကလည်း လုံခြုံရေးအရ ခြိမ်းခြောက်မှုများရှိလာနိုင်ပါသည်။ ထို့ကြောင့် CSO များ၏ အခန်းကဏ္ဍသည် အရေးကြီးလျက်ရှိသော်လည်း နိုင်ငံရေးအကျပ်အတည်းနှင့်အတူ ၎င်းအဖွဲ့များသည် ဘေးကျပ်နံကျပ် အခြေအနေအတွင်း ကျရောက်နေသည် ဟုဆိုနိုင်သည်။
Zynn
ရည်ညွှန်းကိုးကားများ
- မြန်မာ့နိုင်ငံရေးမုန်တိုင်းကို ဖြတ်ကျော်ရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမည့် စိန်ခေါ်မှုများ – ကိုလင်း (IR)
- မြန်မာ့နိုင်ငံ၏ငြိမ်းချမ်းရေးအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပါဝင်ပံ့ပိုးမှုများအား ဖွင့်လှစ်ဖော်ထုတ်ခြင်း – Paung Sie Facility
- ဖိနှိပ်မှုတွေကြားက အရပ်ဘက်အဖွဲ့အစည်းများ(ဆောင်းပါး)- Mizzima TV
- အရပ်ဘက်အဖွဲ့အစည်းအကြောင်း အကျဉ်းချုပ်- ADB
- အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ- ဥပဒေအမှတ်(၄၆/၂၀၂၂)
- Civic Space in Myanmar in The Post-Coup and Covid-19 Pandemic Era- ICNL
- Civil Society Organization Sourcebook A Staff Guide to Cooperation with Civil Society Organizations-ADB
- NGOs Voice Fears of Arrest by Myanmar Junta as They Aid Cyclone Mocha Victims- Mizzima
- Myanmar Military Arrests 10 Workers for Garment Factory Strikes-RFA
- Myanmar’s Civic Space Shrinking or Closing? Uncovering Coping Mechanisms of Local Civil Society in Post-Coup Myanmar- Pandita Development Institute
- Natural Allies: UNEP and Civil Society- UNEP
- State, Market and Civil Society -BDCSO Annual Conference Paper
- The Growth of Civil Society in Myanmar-Brian Heidel
- The Unlawful Association Act, 1908
UNDP and Civil Society Organizations: A Toolkit for Strengthening Partnerships