ကိုလိုနီခေတ်ကာလ ၁၉၀၀ ခုနှစ်များထဲတွင် စနစ်ကျသော လူထုအဖွဲ့အစည်းများ အသီးသီး ပေါ်ထွက်လာခဲ့ပါသည်။ ထိုထဲတွင် လွတ်လပ်ရေးကြိုးပမ်းမှုတွင် တခန်းတကဏ္ဍအဖြစ် ပါဝင်ခဲ့သော တို့ဗမာအစည်းအရုံးသည် ထင်ရှားလူသိများသော အရပ်ဘက်လူမှုအဖွဲ့အစည်းကြီး တခုဖြစ်ပါသည်။
နိုင်ငံတခုကို ယေဘုယျအားဖြင့် အစိုးရနှင့် ပြည်သူဟူသော အဓိက အစိတ်အပိုင်းနှစ်ခုဖြင့် တည်ဆောက် ထားပါသည်။ ၎င်းအစိတ်အပိုင်းနှစ်ခုဖြစ်သည့် အစိုးရနှင့်ပြည်သူကို ချိတ်ဆက်ပေးသူ များမှာ အရပ်ဘက် အဖွဲ့အစည်းများ ဖြစ်ကြသည်။ အရပ်ဘက် အဖွဲ့အစည်းများသည် အစိုးရ၏ လိုအပ်ချက်များကို ဝေဖန်ထောက်ပြပေးခြင်း၊ ပြည်သူ့အသံကို အစိုးရသို့ တင်ပြပေးခြင်းနှင့် အစိုးရ၏ သတင်းစကားများကို ပြည်သူထံသို့ သယ်ဆောင်ပေးခြင်း စသည်တို့ကိုပြုလုပ်ကြပါသည်။
အရပ်ဘက်အဖွဲ့အစည်း(CSO) ဆိုသည်မှာ အစိုးရမဟုတ်သော၊ အကျိုးအမြတ်နှင့် အုပ်ချုပ်မှု အာဏာကို ရယူရန် ရှေ့မရှုသော အဖွဲ့အစည်းကို ဆိုလိုပါသည်။ အရပ်ဘက် အဖွဲ့အစည်းများထဲတွင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ(NGOs)၊ ကျွမ်းကျင်မှု နယ်ပယ်အလိုက်အဖွဲ့များ၊ ဖောင်ဒေးရှင်း များ၊ လွတ်လပ်သော သုတေသနအဖွဲ့အစည်းများ၊ ရပ်ရွာလူထု အခြေပြုအဖွဲ့များ၊ ဘာသာရေးနှင့် သက်ဆိုင်သောအဖွဲ့များ၊ ပြည်သူ အဖွဲ့အစည်းများ (people’s organization)၊ လူမှုရေးလှုပ်ရှားမှုများ နှင့် အလုပ်သမား သမဂ္ဂများ စသည်တို့ ပါဝင်ပါသည်။
နိုင်ငံတခုကို ယေဘုယျအားဖြင့် အစိုးရနှင့် ပြည်သူ ဟူသော အဓိက အစိတ်အပိုင်းနှစ်ခုဖြင့် တည်ဆောက် ထားပါသည်။ ၎င်းအစိတ်အပိုင်းနှစ်ခုဖြစ်သည့် အစိုးရနှင့်ပြည်သူကို ချိတ်ဆက်ပေးသူ များမှာ အရပ်ဘက် အဖွဲ့အစည်းများဖြစ်ကြသည်။ အရပ်ဘက်အဖွဲ့အစည်းများသည် အစိုးရ၏ လိုအပ်ချက်များကို ဝေဖန် ထောက်ပြပေးခြင်း၊ ပြည်သူ့အသံကို အစိုးရသို့တင်ပြပေးခြင်းနှင့် အစိုးရ၏ သတင်းစကားများကို ပြည်သူထံသို့ သယ်ဆောင်ပေးခြင်း စသည်တို့ကိုပြုလုပ်ကြပါသည်။
CSO များကို လုပ်ဆောင်ချက်နယ်ပယ်အလိုက် အမျိုးအစားများ ခွဲနိုင်ပါတယ်။
- ဝန်ဆောင်မှုပေးသော အရပ်ဘက်အဖွဲ့အစည်းများ – စီမံကိန်း၊ စီမံချက်များ၊ ဝန်ဆောင်မှုများကို အကောင် အထည်ဖော်၊ စောင့်ကြပ်ကြည့်ရှုပေးပါသည်။ (ဥပမာ- ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်း များ)
- ကိုယ်စားပြုသော အရပ်ဘက်အဖွဲ့အစည်းများ – ပြည်သူ့အသံ၊ ပြည်သူ့လိုအပ်ချက်ကို ကိုယ်စားပြု ထုတ်ဖော်ပေးပါသည်။ (ဥပမာ- လူနည်းစုတိုင်းရင်းအဖွဲ့အစည်းများ)
- စည်းရုံးလှုံ့ဆော်ပေးသော အရပ်ဘက်အဖွဲ့အစည်းများ – အရေးကိစ္စရပ်များကို ၎င်းတို့၏ ကျွမ်းကျင်မှုဖြင့် စည်းရုံးမှု (lobby) လုပ်ပေးပါသည်။ (ဥပမာ- သုတေသနအဖွဲ့များ၊ ပညာရှင် အဖွဲ့များ)
- စွမ်းရည်မြှင့်တင်ပေးသော အရပ်ဘက်အဖွဲ့အစည်းများ – တခြား CSO များကို သင်တန်းများ၊ အသိပညာမြင့်တင်ခြင်းလုပ်ငန်းများဖြင့် ကူညီပေးပါသည်။ (ဥပမာ- ဖောင်ဒေးရှင်းများ)
- လူမှုရေးလုပ်ငန်းများလုပ်ဆောင်သော အရပ်ဘက်အဖွဲ့အစည်းများ – စုပေါင်း၍ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ပါသည်။ (ဥပမာ- ဘာသာရေးအဖွဲ့အစည်းများ)
မြန်မာနိုင်ငံရှိ CSO သမိုင်းကိုခြေရာကောက်ကြည့်လျှင် ရှည်လျှားသော သမိုင်းကြောင်းရှိသည်။ ပုဂံခေတ်နှင့် ပုဂံခေတ်နှောင်းပိုင်းတွင် စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ပုဂံခေတ်က ရွာအများစုသည် ဘုရားကျောင်းကန် ဘာသာရေးကိစ္စများကို လုပ်ဆောင်ရန်အတွက် ရပ်ရွာအဖွဲ့အစည်းများ ဖွဲ့ထားကြ သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်များသည် ယဉ်ကျေးမူအစဉ်အလာအရ ဘာသာရေးနှင့် လူမှုရေး လူထုအခြေပြု အဖွဲ့အများအဖြစ် ခေတ်အဆတ်ဆတ် ရှိခဲ့ကြပါသည်ဟု ဆိုနိုင်သည်။
ကိုလိုနီခေတ်ကာလ ၁၉၀၀ ခုနှစ်များထဲတွင် စနစ်ကျသော လူထုအဖွဲ့အစည်းများ အသီးသီး ပေါ်ထွက်လာခဲ့ပါသည်။ ထိုထဲတွင် လွတ်လပ်ရေးကြိုးပမ်းမှုတွင် တခန်းတကဏ္ဍအဖြစ်ပါဝင် ခဲ့သော တို့ဗမာအစည်းအရုံးသည် ထင်ရှားလူသိများသော အရပ်ဘက်လူမှုအဖွဲ့အစည်းကြီး တခုဖြစ် ပါသည်။ လွတ်လပ်ရေးရပြီးနောက် professional၊ ကုန်သွယ်ရေးနှင့် စေတနာဝန်ထမ်း အသင်းအဖွဲ့ ကဲ့သို့သော အရပ်ဘက်အဖွဲ့အစည်း အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ ဦးနေဝင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလတွင် နာရေးကူညီမှုအဖွဲ့ကဲ့သို့သော ရပ်ရွာလူထူအခြေပြု လူမှုကူညီရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့ပါသည်။ တခြား၏တဖက်တွင်မှု အရပ်ဘက်အဖွဲ့များ၏ လွတ်လပ်ခွင့်တို့ ကျဉ်းမြောင်းလာပြီး CSO အများစုမှာ ပိတ်ပင်ခံရခြင်း နှင့် အစိုးရ၏ တင်းကြပ်သော ချုပ်ကိုင်မှုအောက်တွင် ထားရှိခြင်းခံခဲ့ရသည်။ ထိုကာလများအတွင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ နလန်ထူနိုင်ခြင်း ရှိမရှိအပေါ် သဘောထားအမြင် ကွဲလွဲမှုများ ရှိနေသော်လည်း သေချာသည်မှာ အရပ်ဘက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို တင်းကြပ်စွာ ထိန်းချုပ်ထားခံခဲ့ရပါသည်။
၂၀၁၅ ခုနှစ်၊ NLD အစိုးရလက်ထက်တွင် အရပ်ဘက်အဖွဲ့အစည်း များကို လူမှုအဖွဲ့အစည်းများဆွေးနွေးပွဲ (CSO forum) မှတဆင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအတွင်း တရားဝင် ဝင်ရောက်ရောက်စေခဲ့ပါသည်။ သို့သော်လည်း CSO များ ဆွေးနွေးရမည့် အခန်းကဏ္ဍများသည် ကန့်သတ်မှုများရှိခဲ့ပါသည်။ လုံခြုံရေးရာနှင့် နိုင်ငံရေးတို့ကို ဆွေးနွေးပွဲတွင် ဖယ်ချန်ထားပြီး လူမှုရေး၊ စီးပွါးရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သောကိစ္စရပ်များ၌သာ ပါဝင်စေခဲ့သည်။
၁၉၈၈ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) ခေတ်ကာလတွင် အစိုးရသည် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO)များ လာရောက်လုပ်ကိုင်ရန် လမ်းဖွင့်ပေးခဲ့ပါ သည်။ သို့သော် နိုင်ငံတကာ၏ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် အဖွဲ့အစည်း အနည်း အကျဉ်းသာ လာရောက်လုပ်ကိုင်ခဲ့ကြပါသည်။ အစိုးရအရာရှိများ နှင့် အငြိမ်းစားအရာရှိများကမူ ကျွမ်းကျင်မှုနယ်ပယ်အလိုက် အဖွဲ့များနှင့် ဝန်ဆောင်မှုပေးသော အဖွဲ့များကို တည်ထောင်ခဲ့ပါသည်။ ထိုအဖွဲ့များသည် အစိုးရက ဖွဲ့စည်းထားသော အစိုးရမဟုတ်သောအဖွဲ့(GONGO)ဟု မဆိုနိုင်သလို လွတ်လပ်သောအဖွဲ့များ ဟု၍လည်း မဆိုနိုင်ပြန်ပါ။ ၎င်းအဖွဲ့များထဲတွင် ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သော၊ နောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်လာမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးလည်း အပါအဝင် ဖြစ်ပါသည်။
၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် တိုင်းရင်းသားဒေသအချို့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးခြင်းတို့ကြောင့် “ငြိမ်းချမ်းရေးဂွင်” နှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြင့်လာစေရန် မျှော်လင့်ချက်များ ပေးဆောင်လာခဲ့သည်။ သို့သော် အများစုမှာ လက်တွေ့တွင် အကောင် အထည်ဖော်ရန် မအောင်မြင်သော်လည်း မေတ္တာ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် Shalom (ငြိမ်း) ဖောင်ဒေးရှင်းကဲ့သို့သော ပြည်တွင်း NGO အများအပြားကို အဆိုပါ ဒေသများတွင် ပရောဂျက် များ ဖွဲ့စည်းတည်ထောင်ရန် လမ်းခင်းပေးခဲ့သည်။ ထို့အတူ အစိုးရက မဆောင်ရွက်နိုင်သော ကွက်လပ်များကို ဖြည့်ဆည်းရန် အရပ်ဘက်လူမှုအဖွဲ့အစည်များလည်း တိုးပွားလာသည်။ ၎င်းခေတ် တွင် NGO အများစုသည် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများကိုသာ အလေးပေး လုပ်ဆောင်ခဲ့ ကြပါသည်။ ထိုအဖွဲ့များထဲတွင် ထင်ရှားပြီး ယနေ့တိုင်ရပ်တည်နိုင်သော အခမဲ့နာရေးကူညီမှုအဖွဲ့ (FFSS)ကဲ့သို့ အဖွဲ့များလည်း ပါဝင်ပါသည်။
၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် တိုင်းရင်းသားဒေသအချို့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးခြင်းတို့ကြောင့် “ငြိမ်းချမ်းရေးဂွင်” နှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြင့်လာ စေရန် မျှော်လင့်ချက်များ ပေးဆောင်လာခဲ့သည်။ သို့သော် အများစုမှာ လက်တွေ့တွင် အကောင် အထည်ဖော်ရန် မအောင်မြင်သော်လည်း မေတ္တာ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် Shalom (ငြိမ်း) ဖောင်ဒေးရှင်းကဲ့သို့သော ပြည်တွင်း NGO အများအပြားကို အဆိုပါ ဒေသများတွင် ပရောဂျက် များ ဖွဲ့စည်းတည်ထောင်ရန် လမ်းခင်းပေးခဲ့သည်။
၂ဝဝ၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းအပြီး မုန်တိုင်းဒဏ် ကယ်ဆယ်ရေးနှင့် ပြန်လည် ကုစားရေးတို့ အတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ တိုးပွားလာခဲ့ပြီး ရှင်သန် အားကောင်းလာခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ အရပ်သားတပိုင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ CSO များအတွက် ဥပဒေအရနှင့် နိုင်ငံရေးအရ နေရာများ ပွင့်လာကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်တို့နှင့်အတူ အသင်းအဖွဲ့များ အပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် အရပ်ဘက်အဖွဲ့အစည်းပေါင်း တစ်သောင်းကျော်ခဲ့ရှိခဲ့ပါသည်။ ဉီးသိန်းစိန်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု များနှင့်အတူ စည်းရုံးတိုက်တွန်းသူများကို နိုင်ငံတော်အဆင့်တွင်ပါဝင်စေရန် ကြိုဆိုခဲ့သည်။ ထိုကာလတွင် ပြည်ပရောက် စည်းရုံးတိုက်တွန်းလှုံ့ဆော် သူများလည်း ပြန်လည်စတင်ဝင်ရောက် လာကြပါသည်။
CSO များသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက်လည်း များစွာ ထောက်ပံ့ကူညီခဲ့ကြသည်၊၊ ၂၀၁၅ ခုနှစ်၊ NLD အစိုးရလက်ထက်တွင် အရပ်ဘက်အဖွဲ့အစည်း များကို လူမှုအဖွဲ့အစည်းများဆွေးနွေးပွဲ (CSO forum) မှတဆင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအတွင်း တရားဝင် ဝင်ရောက်ရောက်စေခဲ့ပါသည်။ သို့သော်လည်း CSO များ ဆွေးနွေးရမည့် အခန်းကဏ္ဍများသည် ကန့်သတ်မှုများရှိခဲ့ပါသည်။ လုံခြုံရေးရာနှင့် နိုင်ငံရေးတို့ကို ဆွေးနွေးပွဲတွင် ဖယ်ချန်ထားပြီး လူမှုရေး၊ စီးပွါးရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သောကိစ္စရပ်များ၌သာ ပါဝင်စေခဲ့သည်။ ၎င်းကြောင့် အရပ်ဖက်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရားဝင် နည်းလမ်းဖြင့်ပါဝင်စေမှုက ကဏ္ဍအလုံးစုံတွင် မပါဝင်စေဘဲ အကန့်အသတ်ဖြင့်သာ ပါဝင်ခွင့်ပြု ထားကြောင်း ထင်ရှားလှသည်။
Zynn
ရည်ညွှန်းကိုးကားများ
- မြန်မာ့နိုင်ငံရေးမုန်တိုင်းကို ဖြတ်ကျော်ရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမည့် စိန်ခေါ်မှုများ – ကိုလင်း (IR)
- မြန်မာ့နိုင်ငံ၏ငြိမ်းချမ်းရေးအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပါဝင်ပံ့ပိုးမှုများအား ဖွင့်လှစ်ဖော်ထုတ်ခြင်း – Paung Sie Facility
- ဖိနှိပ်မှုတွေကြားက အရပ်ဘက်အဖွဲ့အစည်းများ(ဆောင်းပါး)- Mizzima TV
- အရပ်ဘက်အဖွဲ့အစည်းအကြောင်း အကျဉ်းချုပ်- ADB
- အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ- ဥပဒေအမှတ်(၄၆/၂၀၂၂)
- Civic Space in Myanmar in The Post-Coup and Covid-19 Pandemic Era- ICNL
- Civil Society Organization Sourcebook A Staff Guide to Cooperation with Civil Society Organizations-ADB
- NGOs Voice Fears of Arrest by Myanmar Junta as They Aid Cyclone Mocha Victims- Mizzima
- Myanmar Military Arrests 10 Workers for Garment Factory Strikes-RFA
- Myanmar’s Civic Space Shrinking or Closing? Uncovering Coping Mechanisms of Local Civil Society in Post-Coup Myanmar- Pandita Development Institute
- Natural Allies: UNEP and Civil Society- UNEP
- State, Market and Civil Society -BDCSO Annual Conference Paper
- The Growth of Civil Society in Myanmar-Brian Heidel
- The Unlawful Association Act, 1908
UNDP and Civil Society Organizations: A Toolkit for Strengthening Partnerships