ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအပေါ် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပယ်ချ လိုက်ခြင်း အပေါ် တိုင်းရင်းသားများနှင့် လေ့လာသူများအတွက် အကြီးအကျယ်အံ့အားသင့်စရာဖြစ်စေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တိုင်းရင်းသားများအပေါ်ထားသည့် သဘောထား သည် မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
၂၀၁၅-၂၀၂၀ ခုနှစ် အစိုးရသက်တမ်းတွင် တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံရေးကို ဦးဆောင်နေသော ဒေါ်ဆောင်ဆန်းစုကြည်တို့ အကြားတွင် ကွဲလွဲမှု၊ မယုံကြည်မှုများ ပိုမိုဆိုးဝါးလာပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်တပ်နှင့် ပိုမိုနီးကပ်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ဖက်ဒရယ်ကဏ္ဍတွင်လည်း တိုင်းရင်းသာများက ဖက်ဒရယ်ဒီမိုကရေစီ ဆိုသော အသုံးအနှုန်းကို သုံးစွဲသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် နှင့် စစ်တပ်တို့ကမူ ဒီမိုကရေစီဖက်ဒရယ်ဆိုသော အသုံအနှုန်းသာ သုံးစွဲခဲ့သည်။ ဒုတိယပင်လုံဆိုသော အသုံးအနှုန်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်ကျင်းပခဲ့သော်လည်း သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာမှု မရှိသလောက်ဖြစ်ခဲ့သည်။ တိုင်းရင်းသားများ၏ သဘောထား ဆန္ဒကို ရယူညှိနှိုင်းရမည့်အစား မိမိတို့ ခွင့်ပြုနိုင်သောအခြေအနေများကိုသာ ပြောဆိုဆွေးနွေးခြင်း ဖြင့် အချိန်ဖြုန်းခဲ့သလို တိုင်းရင်းသားများတောင်း ဆိုနေသော ၎င်းတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ စစ်တပ်၏ သဘောထား ဆန္ဒအပေါ်မှာ အစိုးရနှင့် အနိုင်ရပါတီကြီးက မသိမသာ ထောက်ခံ နေသည့်ပုံစံမျိုးအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တွေ့မြင်ခဲ့ရသည်။ ဥပမာအားဖြင့် ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှ မေလ ၂၉ ရက်နေ့အထိ ကျင်းပသော ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံအစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစဉ်တစိုက် ပြောဆိုသုံးနှုန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စကားရပ် အစားတပ်မတော်က သုံးနှုန်း လေ့ရှိတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုလို့ ဒီညီလာခံမှာအတည်ပြုခဲ့ခြင်းမှာ ထိုအချက်ကို ထင်ရှားစေပါသည်။
၂၀၂၀ ခုနှစ် ဩဂုတ် လ(၁၂) ရက်မှ (၁၄) ရက်နေ့ထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး တွင် ပြောကြားသွားသော အဖွင့်မိန့်ခွန်းများနှင့်ပတ်သက်ပြီး ၂၁ ရာစု ပင်လုံအစည်းအဝေးကို ပါဝင်တက်ရောက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာ က အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေမှာ ဘုံသဘော တူညီချက် မရသေးတာ တွေ့ရတယ်လို သုံးသပ်သွားတာကိုလည်းတွေ့ရပါသည်။ “Common Position မရတာတော့ မှန်ပါတယ်။ Common Position ဆိုတာက အဓိပ္ပါယ် ဘယ်လို ဖွင့်ကြလဲ။ အဓိကအားဖြင့် ပြဿနာကို ဘယ်လိုရှုမြင်လဲဆိုတဲ့ နေရာမှာကျတော့ မတူတဲ့ရှုဒေါင့်တွေ ရှိပါတယ်။”
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ၂၁ ရာစုပင်လုံဟု အမည်သတ်မှတ်ပြီး ပင်လုံစိတ်ဓာတ်ဖြင့် ဆွေးနွေးရန်ဟူသော အယူအဆကို အနိုင်ရ ဒီမိုကရေစီ ပါတီကြီးက ဖန်တီးခဲ့သော်လည်း တိုင်းရင်းသားအားလုံး၏ အခြေခံဆန္ဒဖြစ်သော ပင်လုံကတိကဝတ်ကို မသိကြိုးကျွံ ပြုထားသည်ကို တွေ့ရသလို စစ်တပ်မှလည်း ပင်လုံသဘောတူညီချက်များ သည် ခေတ်ကာလနှင့် ကိုက်ညီမှု မရှိသည့်ပုံစံကို ဖန်တီး၍ ဘေးဖယ်ထားလိုက်သည့် သဘောတွေ့ရသည်။
“ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အောင်မြင်စွာတည်ဆောက်နိုင်ဖို့ဘယ်သူကမှလာရောက်ကြိုးပမ်း ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ဖော်ဆောင် သွားရမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထု၊ နိုင်ငံသူ၊ နိုင်ငံသားတွေကပဲ ကိုယ်တိုင် ကြိုးစားရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်ကြရာမှာ ကျွန်တော်တို့ဟာ မဖြစ်နိုင်တဲ့၊ နိုင်ငံရဲ့အခြေအနေနဲ့ မကိုက်ညီတဲ့ ဖြစ်လိုတဲ့ ဆန္ဒတစ်ခု တည်းအပေါ်မှာ အာရုံစိုက်ဆောင်ရွက်နေမယ့်အစား ဖြစ်နိုင်ခြေ တွေအပေါ်မှာ အာရုံစိုက် ဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်ထိရောက်စေမှာ ဖြစ်တယ်”
၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည် သက်ဆိုင်ရာအစုအဖွဲ့ အသီးသီးကို ကိုယ်စားပြုတက်ရောက်လာသော ကိုယ်စားလှယ်များ တရားဝင်ချုပ်ဆိုသော စာချုပ်ဖြစ်သောကြောင့် ထိုစာချုပ် သည် ယခုအချိန်အထိ တရားဝင် စာချုပ်တစ်စောင်ဖြစ်နေပါသည်။ ၎င်းစာချုပ်အရ တိုင်းရင်းသားများသည် မိမိတို့၏တန်းတူရည်တူ ရပိုင်ခွင့်ကို တောင်းဆိုနေခြင်းသည် တရားဝင်သော ဆောင်ရွက်မှုဖြစ်ပြီး ၎င်းကို မျက်ကွယ် ပြုကာ မိမိတို့၏ဆန္ဒအတိုင်း ဆောင်ရွက်လိုသော စိတ်ထားသည် လူမျိုးကြီးစိတ်ဓာတ်နှင့် လက်နက်အားကိုး အနိုင်ကျင့်သည့် သဘောဖြစ်နေသည်။ တိုင်းရင်းသားများ လက်အောက်ခံသဘောထားမျိုး ထားရှိမှုသည် စစ်တပ်သာမက အနိုင်ရဒီမိုကရေစီ အစိုးရတွင်ပါ လွှမ်းမိုးနေသော စိတ်ထားဖြစ်နေသည်။ ၎င်းအခြေအနေသည် အနာဂတ်တွင် အားလုံးပါဝင်သော ဖက်ဒရယ်နိုင်ငံတစ်ခု ထူထောင်ရန် အဓိက အတားအဆီးဖြစ်နေပါသည်။
၂၀၁၅-၂၀၂၀ အစိုးရသက်တမ်းအတွင်း အာဏာရအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၎င်း၏ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်လာသည်ကိုတွေ့ ရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်မှ လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ် ဖွဲ့စည်းပေးရန်တင်ပြခဲ့သည်။ ထိုအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဖွဲ့စည်းပုံနှင့်မကိုက်ညီဟု ဆိုပြီး ကန့်ကွက်သော်လည်း ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် လွှတ်တော်တွင် ဆွေးနွေး အတည်ပြုပြီးနောက် ကိုယ်စားလှယ် (၄၅) ဦးပါသော ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်ပူးပေါင်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေး တွင် တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ခြင်းမရှိပါ။ ဖေဖော်ဝါရီ(၂၁) ရက်မှသာ ၎င်းတို့ ဘက်မှအမည်စာရင်းပေးသွင်းခဲ့ပါသည်။ ၎င်းကော်မတီတွင် လွှတ်တော် ဒုတိယနာယကလည်းဖြစ် NLD ပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ဥက္ကဌအဖြစ် တာဝန်ယူထားပြီး NLD ပါတီကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ် ၂ ဦး စတဲ့ နိုင်ငံရေး ပါတီ ၁၄ ခုက ကိုယ်စားလှယ်တွေ၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ ပါ၀င်ပါတယ်။ ထိုဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင်၂၀၁၂-၂၀၁၅ ခုနှစ် အတွင်း သမ္မတ ဦးဝင်းမြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်စဉ်ကာလတုန်းက ဦးဝင်းမြင့် ကိုယ်တိုင်တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ကြံခိုင်ရေးပါတီမှ ပြင်ဆင်ရန် ပြန်လည်တင်သွင်းသောအခါ အများစုဖြစ်နေသော ဒီချုပ်ကိုယ်စားလှယ်များက ပယ်ချခဲ့ကြသည်။ စစ်တပ်မှ ၎င်းပုဒ်မပြင်ဆင်မည်ဆိုလျှင် ထောက်ခံမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အောက်ပါအတိုင်း ထုတ်ပြောခဲ့သည်ကို တွေ့ရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ(၂) မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မှ သတင်းမီဒီယာများကို မဟာမိတ်မူ မရှိဘူး ဆိုသော စည်းရုံးရေးသဘောမဆန်သည့် ပြောကြားခြင်းဖြင့် ဒီမိုကရေစီမဟာမိတ် ဖြစ်ခဲ့သည့် တိုင်းရင်းသားများ နှင့်ပိုမိုဝေးကွာစေခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်တပ်၏ လွှမ်းမိုးထားမှုကို ပယ်ဖျက်ရန်အတွက် တိုင်းရင်းသားများ၏ အပြည့်အဝ ယုံကြည်ထောက်ခံရမှု ရရှိရန် ပိုမိုခက်ခဲသွားစေပါသည်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးချုပ် ခန့်အပ်တာနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်တွေ က ရွေးကောက်နိုင်ရင် ကောင်းတယ်လို့ ပြောထားပါတယ်၊ ဒါကြောင့်မို့လို့ သဘောတူဖို့ ရှိပါတယ်” သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအပေါ် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပယ်ချ လိုက်ခြင်း အပေါ် တိုင်းရင်းသားများနှင့် လေ့လာသူများအတွက် အကြီးအကျယ်အံ့အားသင့်စရာဖြစ်စေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တိုင်းရင်းသားများအပေါ်ထားသည့် သဘောထား သည် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူအများစု၏ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားသော ယုံကြည်မှု၊ လေးစားချစ်ခင်မှုဖြင့် ၂၀၂၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ သည် ထပ်မံ၍သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် သက်ဆိုင်ရာပြည်နယ်များမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမှုများပြုလုပ်ရာတွင် မိတ်ဆွေသဘောမဆန်ဘဲ အထက်ထီးဆန်သည်ဟူသော အမြင်များ ထွက်ပေါ် လာခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ(၂) မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မှ သတင်းမီဒီယာများကို မဟာမိတ်မူ မရှိဘူး ဆိုသော စည်းရုံးရေးသဘောမဆန်သည့် ပြောကြားခြင်းဖြင့် ဒီမိုကရေစီမဟာမိတ် ဖြစ်ခဲ့သည့် တိုင်းရင်းသားများ နှင့်ပိုမိုဝေးကွာစေခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်တပ်၏ လွှမ်းမိုးထားမှုကို ပယ်ဖျက်ရန်အတွက် တိုင်းရင်းသားများ၏ အပြည့်အဝ ယုံကြည်ထောက်ခံရမှု ရရှိရန် ပိုမိုခက်ခဲသွားစေပါသည်။
မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံများနှင့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံ
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက် ယခုအချိန်အထိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၃) ခုကို ပြဌာန်းပြီး အုပ်ချုပ်ခဲ့သည်ကိုတွေ့ရပါသည်။၁၉၄၇ နှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့သည် ဒီမိုကရေစီ စနစ်ကို အခြေခံသော ဖွဲ့စည်းပုံ များဖြစ်ပြီး ၁၉၇၄ ဖွဲ့စည်းပုံသည် တစ်ပါတီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံဖြစ်သည်။ တိုင်းရင်းသားများ နှင့် အတူ လွတ်လပ်ရေးအရယူရန်အတွက် ဆွေးနွေးသဘောတူခဲ့သော ပင်လုံစာချုပ်၏ အဓိက အနှစ်သာရမှာ တိုင်းရင်းသား အားလုံးတန်းတူရည်တူရှိသော ပြည်ထောင်စုစနစ်ကို တည်ဆောက် ရန်ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံသည် မြန်မာနိုင်ငံရေး ခေါင်းဆောင်များမှ ဦးစီးရေးဆွဲသောဖွဲ့စည်းပုံဖြစ်ပြီး ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ သည် စစ်တပ်မှ ဦးဆောင်ရေးဆွေးသော ဖွဲ့စည်းပုံများ ဖြစ်နေသည်။
လွတ်လပ်ရေးနှင့်အတူ ပေါ်ထွက်လာသော ပထမဆုံးသော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံသည် ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော်လည်း ပြည်ထောင်စုစစ်စစ်စနစ်မဟုတ်ဘဲ တစ်ဝက်တစ်ပျက်ဖက်ဒရယ် စနစ်ကို ကျင့်သုံးသည့် အခြေခံဥပဒေဖြစ်နေသည်ကို တွေ့ရသည်။
၁၉၄၇ဖွဲ့စည်းပုံ
လွတ်လပ်ရေးနှင့်အတူ ပေါ်ထွက်လာသော ပထမဆုံးသော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံသည် ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော်လည်း ပြည်ထောင်စုစစ်စစ်စနစ်မဟုတ်ဘဲ တစ်ဝက်တစ်ပျက်ဖက်ဒရယ် စနစ်ကိုကျင့်သုံးသည့်အခြေခံဥပဒေဖြစ်နေသည်ကိုတွေ့ရသည်။ အာဏာခွဲဝေရေး အပိုင်းတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့များရှိသော်လည်း သက်ဆိုင်ရာပြည်နယ်များကို အာဏာ လွှဲအပ်ထားမှု အလွန် နည်းပါးပြီး ဗဟိုအစိုးရမှသာ ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ သက်ဆိုင်ရာ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ များကို ပါလီမန်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ထဲမှ တစ်ဦးကို ဝန်ကြီးချုပ်က ရွေးချယ် ခန့်အပ်ပိုင်ခွင့်ရှိသည့်အပြင် ၎င်းသည် ဗဟိုအစိုးရအဖွဲ့တွင် ၎င်းပြည်နယ်၏ ပြည်နယ်ဆိုင်ရာ ဝန်ကြီးအဖြစ် သတ်မှတ်ထားသောကြောင့် ဝန်ကြီးချုပ်၏ စီမံခန့်ခွဲမှုအောက်တွင် တိုက်ရိုက် ရောက်ရှိ နေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ တတိယဇယားရှိ စာရင်း(၁) ပြည်ထောင်စု နိုင်ငံဥပဒေပြုစာရင်းနှင့် စာရင်း(၂) ပြည်နယ်ဥပဒေပြုစာရင်းတို့တွင် ဖေါ်ပြထားသော ဥပဒေပြုပိုင်ခွင့်များအရ ပြည်နယ်၏ ဥပဒေပြုပိုင်ခွင့်မှာ အလွန်နည်းပါးသည်။ သဘာဝသယံဇာတ တူးဖေါ်ထုတ်လုပ်မှု အားလုံးကိုလည်း ပြည်ထောင်စု၏ စီရင်ပိုင်ခွင့်ထဲ ရောက်ရှိနေသလို မြေယာ စီမံခန့်ခွဲပိုင်ခွင့်သည် ပြည်ထောင်စု အစိုးရ၏ စီမံမှုအောက်တွင်ရှိသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကြွင်းကျန်အာဏာကို ပြည်ထောင်စုသို့ လွှဲအပ်ထားသည်ကို တွေ့ရသည်။ ၎င်းအချက်များသည် တိုင်းရင်းသားများမျှော်မှန်းထားသော တန်းတူ ရည်တူရေးမူနှင့် မကိုက်ညီသည့်အပြင် ပင်လုံစာချုပ်၏ ကတိကဝတ်ကိုလည်း ဖောက်ဖျက်ရာ ရောက်နေသောကြောင့် တိုင်းရင်းသားများ အနေဖြင့် ဗမာလူမျိုးများအပေါ် နိုင်ငံရေးအရ မယုံကြည်မှုများ စတင် ဖြစ်ပွားစေခဲ့သလို ပြည်တွင်းစစ်၏ မူလအစ ပြဿနာဖြစ်ခဲ့ပါသည်။
၎င်းဖွဲ့စည်းပုံသည် တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို အခြေခံပြီး ရေးဆွဲထားသောကြောင့် တိုင်းရင်းသားများ မျှော်မှန်းသော ပြည်ထောင်စု မူနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသော ဖွဲ့စည်းပုံဖြစ်သည်။
၁၉၇၄ဖွဲ့စည်းပုံ
၎င်းဖွဲ့စည်းပုံသည် တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို အခြေခံပြီး ရေးဆွဲထားသောကြောင့် တိုင်းရင်းသားများ မျှော်မှန်းသော ပြည်ထောင်စု မူနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသော ဖွဲ့စည်းပုံဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်သည့် အချိန်တွင် မြန်မာတိုင်းရင်းသား မျိုးနွယ်စုကို မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော အခြား တိုင်းရင်းသားမျိုးနွယ်စုကြီး (၇)စု နှင့် အာဏာ တန်းတူ ဖန်တီးနိုင်ရန် တိုင်းရင်းသားများ အားလုံးအတွက် ပြည်နယ် (၇) ပြည်နယ် ဖွဲ့စည်းပေးခဲ့ပြီး မြန်မာလူမျိုးစု တစ်စု အတွက် တိုင်း (၇) တိုင်း ဖွဲ့စည်းပြီး နိုင်ငံတော်ကို ပိုမိုထိန်းချုပ်နိုင်ရန် ဆောင်ရွက်ခဲ့သည်။ သဘာဝသယံဇာတ အပိုင်းတွင်လည်း တစ်ပါတီအစိုးရမှ ထိန်းချုပ် ထားရုံသာမက ရေရှည်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သဘာဝသယံဇာတ ပေါများရာ နယ်မြေများကို ဗမာနယ်မြေများဖြစ်သည့် တိုင်းများထဲတွင် ထည့်သွင်းခဲ့သည်။
သက်နှင်း
ကိုးကားစာရင်း
၁။ Roman David & Ian Holliday, Liberalism and Democracy in Myanmar
၂။ Maung Htin Aung, A History of Burma
၃။ Federal Democracy Charter Part (1), part (2)
၄။ Constitutions and Constitutional Courts of the Nations (Professor Dr. Tin Aung Aye)
၅။ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမတွဲ)
၆။ ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှုရှာဖွေရေး ဖြစ်စဉ်ကို လမ်းကြောင်းသစ် ချဉ်းကပ်ခြင်း၊ ၂၀၂၀ခုနှစ်၊ အောက်တိုဘာ၊
၇။ ဆလိုင်းလျှံမှုန်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံ မူများနှင့်သဘာတရားများ
၈။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ