အနာဂတ်မြန်မာနိုင်ငံ၏ ဖြစ်နိုင်သောအပြောင်းအလဲများနှင့် ပဋိပက္ခများ (အပိုင်း – ၂)

လွတ်လပ်ရေး ရယူချိန်တွင် တန်းတူညီမျှမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှုနှင့် လွတ်လပ်စွာ ပေါင်းစည်း နေထိုင်မှုဖြင့် သဘောတူ ပေါင်းစပ်ခဲ့သော်လည်း နောက်ပိုင်း တွင် ၎င်းအချက်အလက်များ မှေးမှိန်ကာ နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ လက်အောက်ခံ လူမျိုးများသဖွယ် ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းခြင်းသည် ကပင် တိုင်းပြည်မှ ခွဲထွက်လိုသူ များရန်မှ ကာကွယ်ရန် အကြောင်းပြခဲ့သောကြောင့် အခြားတိုင်းရင်းသား များသည် ပြည်ထောင်စု ပြိုကွဲအောင် ဆောင်ရွက်နေသူများ အဖြစ် ရှုမြင်စေရန် မြန်မာလူမျိုးနှင့် စစ်တပ်ကို ပုံသွင်းခဲ့သည်။

တိုင်းရင်းသားများနှင့်ပတ်သက်သော သဘောထား

ဗမာနိုင်ငံသည် မတူကွဲပြားသော တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် နိုင်ငံတစ်ခုဖြစ်သည်။ ၎င်းတိုင်းရင်းသား များတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းကြောင်း၊ ရိုးရာဓလေ့ ထုံးစံများ အသီးသီးရှိကြသည်။ မြန်မာလူမျိုးသည်လည်း တိုင်းရင်းသားတစ်မျိုးသာ ဖြစ်သည်။ သို့သော် ထူးခြားချက်မှာ တိုင်းပြည်အတွင်း နေထိုင် ကြသော တိုင်းရင်းသားများဦးရေကို ကြည့်မည်ဆိုလျှင် မြန်မာလူမျိုးများသည် ကျန်တိုင်းရင်းသား စုစုပေါင်း လူဦးရေထက် ၂ ဆခန့် ပိုများနေသော လူမျိုးကြီး ဖြစ်နေသည်။ မြေပြန့် လွင်ပြင်တွင် အဓိကနေထိုင်သော လူမျိုးလည်းဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှု အပိုင်းတွင်လည်း အခြား တိုင်းရင်းသားများထက် မြင့်မားသော လူမျိုးကြီး တစ်ခုဖြစ်သည်။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံရေးကို ဦးဆောင်ခဲ့သူများဖြစ်သလို မြန်မာနိုင်ငံ၏ အခိုင်မာဆုံးသော စစ်တပ်အင်စတီကျူးရှင်းကိုလည်း ဦးဆောင်ထိန်းချုပ်ထားသော လူမျိုးဖြစ်သည်။

လွတ်လပ်ရေး ရယူချိန်တွင် တန်းတူညီမျှမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှုနှင့် လွတ်လပ်စွာ ပေါင်းစည်း နေထိုင်မှုဖြင့် သဘောတူ ပေါင်းစပ်ခဲ့သော်လည်း နောက်ပိုင်း တွင် ၎င်းအချက်အလက်များ မှေးမှိန်ကာ နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ လက်အောက်ခံ လူမျိုးများသဖွယ် ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းခြင်းသည် ကပင် တိုင်းပြည်မှ ခွဲထွက်လိုသူ များရန်မှ ကာကွယ်ရန် အကြောင်းပြခဲ့သောကြောင့် အခြားတိုင်းရင်းသား များသည် ပြည်ထောင်စု ပြိုကွဲအောင် ဆောင်ရွက်နေသူများ အဖြစ် ရှုမြင်စေရန် မြန်မာလူမျိုးနှင့် စစ်တပ်ကို ပုံသွင်းခဲ့သည်။ တိုင်းရင်းသားများအနေဖြင့်  ပင်လုံစာချုပ်အပေါ် အခြေခံရေးဆွဲထားသော ၁၉၄၇ ခုနှစ်ပြဌာန်းချက်အတိုင်း ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုခြင်းသည် ဖက်ဒရယ်စနစ်တစ်ခုကို စစ်စစ်မှန်မှန် ထူထောင်လိုခြင်းဆိုသော ရည်ရွယ်ချက်ထက်လည်း ပိုနိုင်သောကြောင့် ဗိုလ်ချုပ်နေဝင်း၏ စစ်တပ်ပေါ် ဝါဒ ရိုက်သွင်းမှု သည်အောင်မြင်ခဲ့ပုံရခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာစစ်တပ် အတွင်းတွင် ဖက်ဒရယ်ဆိုသော စကားသည် ခွဲထွက်ခြင်း၊ သီးခြားနိုင်ငံ ထူထောင်လိုခြင်းကို ရည်ညွှန်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့ကြပုံရသည်။

KNU ၏ သဘောထားအရ သီးခြားလွတ်လပ်သော ကရင်ပြည်  သို့မဟုတ် ကော်သူလေးပြည် ကို အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ၁၉၇၆ ခုနှစ်မှသာ ဖက်ဒရယ်စနစ်ကို ပြောင်းလဲ တောင်းဆိုခဲ့သည် ဆိုသော သဘောတရားသည် ထိုအချိန်က ခွဲထွက်ခွင့်ကိုသာ ရည်ညွှန်းနေသည်ကို သိသာသည်။ ထို့အပြင် တိုင်ရင်းသားများသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ၏ အခန်း(၁၀) ခွဲထွက်ခွင့် အခွင့်အရေးကို အစဉ်တစိုက် ထောက်ပြနေသည်ကို ကြည့်ခြင်းသည် ခွဲထွက်ခွင့်ကို ထောက်ပြ၍ မိမိတို့လိုချင်သလောက် တောင်းနိုင်သည်ဟူသော သဘောမျိုး ခြိမ်းခြောက် နေသည်ပုံစံလည်း ဖြစ်နေခဲ့သည်။ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင် ပညာရှင် တစ်ဦးက ၎င်း၏ စာအုပ်တွင် တိုင်းရင်းသားများ၏ ခွဲထွက်ခွင့်အကြောင်းအရာနှင့်ပတ်သက်၍ “၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခန်း(၁၀)ခွဲထွက်ခွင့် ပုဒ်မ ကို ရှမ်းပြည်နယ်နှင့် ကယားပြည်ကိုသာအပ်နှင်းခဲ့သည်ဟု လွဲမှားစွာ ယူဆသောကြောင့် ဖြစ်ပေါ်  လာသော ပြဿနာဖြစ်သည်။ ၎င်းအခွင့် အရေးကို ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များအားလုံး အပ်နှင်းကြောင်း၊ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ (၂၀၂) နှင့် (၂၀၃) တို့တွင် အတိအလင်း ပြဌာန်း ထားပါသည်” ဟုခွဲထွက်ခွင့်သည် ပြည်နယ်တိုင်းတွင် ရှိသည်ဟုသော အယူအဆကို ထောက်ပြရေးသားခြင်းသည် တိုင်းပြည် ပြိုကွဲသွားနိုင်သည်ဆိုသော အယူအဆကို ရိုက်သွင်းခံထားရသည့် စစ်တပ်အတွက် ပိုမိုလေးနက် စေသောအကြောင်းအရာဖြစ်စေခဲ့သည်။

တိုင်ရင်းသားများသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ၏ အခန်း(၁၀) ခွဲထွက်ခွင့် အခွင့်အရေးကို အစဉ်တစိုက် ထောက်ပြနေသည်ကို ကြည့်ခြင်းသည် ခွဲထွက်ခွင့်ကို ထောက်ပြ၍ မိမိတို့လိုချင်သလောက် တောင်းနိုင်သည်ဟူသော သဘောမျိုး ခြိမ်းခြောက် နေသည်ပုံစံလည်း ဖြစ်နေခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းယူပြီး နောက် ၁၉၆၄ ခုနှစ် ပြည်ထောင်စုနေ့မိန့်ခွန်းတွင် တိုင်းရင်းသားလူမျိုးစုများဟု စတင် သုံးစွဲကြောင်းနှင့် လူနည်းစု တိုင်းရင်းသားများ ဆိုသော အသုံးနှုန်းကို တည်ဆောက်နိုင်ကြောင်း ဖေါ်ပြမှုများတွေ့ခဲ့ရသည်။ ဗမာနိုင်ငံတွင် အဓိကတိုင်းရင်းသား အုပ်စုကို (၈) အုပ်စု သတ်မှတ်ပြီး ၎င်းအုပ်စုကြီးထဲတွင်ပါဝင်သော တိုင်းရင်းသားအုပ်စု ငယ်များသည် အစောပိုင်းကာလ၌ အပြောင်းအလဲရှိခဲ့သော်လည်း နောက်ပိုင်းတွင် (၁၃၅)  မျိုးကိုပုံသေ သတ်မှတ်ခဲ့သည်။ သို့သော်လည်း ထိုသတ်မှတ်ချက်သည် ယခုအချိန်အထိ တိုင်းရင်းသားအုပ်စုများ ကြားတွင် အငြင်းပွားဖွယ် ကိစ္စတစ်ရပ်အနေဖြင့် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင်တိုင်းရင်းသားအုပ်စုကြီး (၈)ခုတွင် ပါဝင်သော မျိုးနွယ်စု အငယ်များ အပေါ် သတ်မှတ်ချက်သည်လည်း သွေးခွဲအုပ်ချုပ်ရေးပုံစံအရ တမင်ဖန်တီးထားသော အခြေအနေများကိုတွေ့မြင် ရပါသည်။ ကချင်ပြည်နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သူ ရှေ့နေ ဒေါ်ဒွဲဘူ (၂၀၁၀-၂၀၁၅) က “ကချင်ဆိုတာ ဂျိန်းဖောတစ်ခုပဲဖြစ်တယ်။ ကျန်လူမျိုးတွေက ကချင်မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က သတ်မှတ်ထားချက်ကို မှားယွင်းနေတယ် ဆိုတဲ့အကြောင်းကို ကချင်မျိုးနွယ်အားလုံးသွားပြီးမှ ပြောဆိုတင်ပြခြင်းဖြစ်ပါတယ်။ ကချင်ဆိုတာ ဂျိန်းဖောပဲ ဖြစ်တယ် ဆိုရင် ကျန်တဲ့ မောင်နှမတွေက ဘယ်အထဲမှာရောက်သွားမလဲ၊ အဲ့ဒါတွေက အင်မတန် စိုးရိမ်စရာ ဖြစ်လာ ပါတယ်။ ရွေးကောက်ပွဲ နယ်မြေတွေ သတ်မှတ်လိုက်တဲ့အခါမှာ ကချင်ပြည်နယ် က လီဆူနဲ့ ရဝမ်ကို ရေးရာဝန်ကြီး ရွေးချယ်ရန် မဲဆန္ဒနယ် သတ်မှတ် ထားလိုက် တဲ့အခါ ဒါဟာဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေပြီဆိုတာ နံပါတ်တစ်အချက်အနေနဲ့သိရပါတယ်။”

ထို့အပြင် လမ်းစဉ်ပါတီခေတ်တွင် ဗမာ နိုင်ငံအစား မြန်မာနိုင်ငံဟု ပြောင်းလဲသုံးစွဲ ခဲ့ပြီး လူမျိုးနေရာတွင် ဗမာ လူမျိုးဟု သုံးစွဲခဲ့ပါသည်။ ဗိုလ်နေဝင်း ဦးဆောင်သော မြန်မာစစ်အစိုးရအဆက်ဆက်သည် တိုင်းရင်းသားများ၏ အခန်းကဏ္ဍမှေးမှိန်အောင် နည်းလမ်းပေါင်းစုံကြိုးပမ်းခဲ့ပြီး နိုင်ငံရေးအရ မပြေလည်မှုများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းပဲ လက်နက်ကိုင်သောင်းကျန်သူဟု အမည်တပ်ကာ ပုံဖျက်ပြီး လက်နက်အားကိုးဖြင့် နှိမ်နှင်းခဲ့သည်။ သို့သော်လည်း စစ်တပ်သည် တိုင်းရင်းသားများ လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သော ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရချိန်မှ ယခုအချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းမိုးနိုင်မှု တစ်ကြိမ်မှမရှိခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကလည်း မိမိတို့ နယ်မြေ အနည်းငယ် လွှမ်းမိုးထားခြင်းမှ လွဲ၍ စစ်တပ်၏ နိုင်ငံတော်ကို လွှမ်းမိုးထိန်းချုပ်နေမှုကို မခြိမ်းခြောက်နိုင်ခဲ့ပါ။

၁၉၈၈ ခုနှစ် ကျောင်းသားများ၏ ဆန္ဒပြမှုမှသည် တစ်ပါတီစနစ် ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းရန် နိုင်ငံရေးအရ တောင်းဆိုမှုများမြင့်တက်လာပြီး ၂၆ နှစ်ကြာ စစ်တပ်လွှမ်းမိုးသော အုပ်ချုပ်မှုစနစ်ကို ဖျက်သိမ်း နိုင်ခဲ့သည်။ ဒီမိုကရေစီ တောင်းဆိုမှုနှင့်အတူ မျိုးဆက်သစ်လူငယ်များသည် တိုင်းရင်းသားများ၏ နစ်နာမှုများ နှင့် တည်ရှိမှုကို ကောင်းစွာ သိရှိနားလည်ခဲ့ပြီး ဒီမိုကရေစီ ဖက်ဒရယ်စနစ်ဖြင့် နိုင်ငံကို ပြန်လည်စုစည်းတည်ထောင် ရမည်ဆိုသောအယူအဆ အမြစ်တွယ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွှတ်မြောက်လာပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်သော ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ယခင်ပြုလုပ်ထားခဲ့သော တိုင်းရင်းသားပါတီများနှင့် ညီညွတ်ရေးမဟာမိတ်မူသည် ပျက်စီးခဲ့ရသလို မြန်မာ့နိုင်ငံရေးအင်အားစုနှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုအကြားနိုင်ငံရေးအရယုံကြည်မှုကျဆင်းခဲ့သည်။

၁၉၉၀ခုနှစ် စစ်တပ်မှ ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲတွင် မြန်မာ အတိုက်အခံပါတီ NLD နှင့် တိုင်းရင်းသား ဒီမိုကရေစီပါတီများ အနိုင်ရခဲ့သော်လည်း စစ်တပ်မှ အာဏာလွဲပြောင်း ပေးမှုမရှိခဲ့ပါ။ ရွေးကောက်ပွဲ အရအနိုင်သော ပြည်သူ့ကိုယ်စားလှယ်များကို နိုင်ငံတော်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)မှ အာဏာလွှဲအပ်ပေးခြင်းမရှိသည့်အတွက် ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းကြေညာခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပသော ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင်တရားဝင်ဖွဲ့စည်းခဲ့သည်။

၁၉၉၀ ခုနှစ် ဒီဇင်ဘာလ  ရက်နေ့တွင်(၁၈) KNU စခန်းဖြစ်သော မာနယ်ပလောစခန်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ ( National Coalition Government of the Union of Burma) အဖွဲ့ ကို အတိုက်အခံပါတီများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွှတ်မြောက်လာပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်သော ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ယခင်ပြုလုပ်ထားခဲ့သော တိုင်းရင်းသားပါတီများနှင့် ညီညွတ်ရေးမဟာမိတ်မူသည် ပျက်စီးခဲ့ရသလို မြန်မာ့နိုင်ငံရေးအင်အားစုနှင့် တိုင်းရင်းသား နိုင်ငံရေးအင်အားစုအကြား နိုင်ငံရေးအရ ယုံကြည်မှုကျဆင်းခဲ့သည်။

သက်နှင်း

ကိုးကားစာရင်း

၁။ Roman David & Ian Holliday, Liberalism and Democracy in Myanmar   

၂။ Maung Htin Aung,  A History of Burma

၃။ Federal Democracy Charter Part (1), part (2)

၄။ Constitutions and Constitutional Courts of the Nations (Professor Dr. Tin Aung Aye)

၅။ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမတွဲ)

၆။ ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှုရှာဖွေရေး ဖြစ်စဉ်ကို လမ်းကြောင်းသစ် ချဉ်းကပ်ခြင်း၊ ၂၀၂၀ခုနှစ်၊ အောက်တိုဘာ၊

၇။ ဆလိုင်းလျှံမှုန်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံ မူများနှင့်သဘာတရားများ

၈။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)