နိုင်ငံတော်အကျဉ်းသူနှင့် စစ်သားရင့်မာကြီးများ၏ဗျူဟာ

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အကျဉ်းသူလို့ သုံးနှုန်းရတာ အကြောင်းရှိပါတယ်။ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နဲ့အကြောင်းပါပြီး၊ သားနှစ်ဦးထွန်းကားခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသား မခံယူပါဘူး။ လင်တကွဲ၊ သားတကွဲနဲ့ နောက်ဆုံးမှာ လင်ယောကျ်ားဖြစ်သူရဲ့ စျာပနကို သွားခွင့်မသာခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံ ၃၅နှစ်ပြည့်ခဲ့ပါပြီ။ ဒီ ၃၅ နှစ်အတွင်းမှာ စစ်အုပ်စုရဲ့ ထိန်းသိမ်းခြင်း ကိုခံခဲ့ရတဲ့ ကာလဟာ ၁၆ နှစ်နဲ့ ၈လ နီးပါးရှိပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတော်အရေးနဲ့ ပက်သက်ပြီး ချုပ်နှောင် ခံရသူမို့နိုင်ငံတော်အကျဉ်းသူလို့ သုံးနှုန်းလိုက်ရခြင်းပါ။

၈၈ မှာ ဦးနေဝင်းနဲ့ ခေတ်ပြိုင်နိုင်ငံရေးသမားတွေ အများကြီး ရှိခဲ့ပါတယ်။ သူတို့အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး နိုင်ငံရေးအခင်းအကျင်းကို စတင်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်ခြင်း မတူကြပေမဲ့ နောက်ပိုင်းမှာ စစ်ဗိုလ်ချုပ်များလည်း အဲဒီလမ်းကိုလိုက်ခဲ့ကြပါတယ်။

* အလုံးစုံပျက်စီးစေသူလား၊ စေ့စပ်ငြိမ်းချမ်းချင်သူလား*

အလုံးစုံပျက်သုဉ်းခြင်းဆီ ဇွတ်တိုးဝင်ခဲ့သူလို့ စစ်ဗိုလ်ချုပ်များနဲ့ နောက်လိုက်နောက်ပါများက စွပ်စွဲပြစ်တင်ကြတာ ၂၀၂၁ခုနှစ် အာဏာသိမ်းဖြစ်စဥ်ပေါ်လာမှမဟုတ်ပါဘူး။ ၈၈ ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲပြစ်တင်ခဲ့ကြတာပါ။
 ၈၈ မှာ ဦးနေဝင်းနဲ့ ခေတ်ပြိုင်နိုင်ငံရေးသမားတွေ အများကြီး ရှိခဲ့ပါတယ်။ သူတို့အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး နိုင်ငံရေးအခင်းအကျင်းကို စတင်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်ခြင်း မတူကြပေမဲ့ နောက်ပိုင်းမှာ စစ်ဗိုလ်ချုပ်များလည်း အဲဒီလမ်းကိုလိုက်ခဲ့ကြပါတယ်။ ဗိုလ်စိန်လွင် လက်ထဲက နိုင်ငံတော်အာဏာ ဒေါက်တာမောင်မောင်ထံ အကူးမှာပဲ ပါတီစုံဒီမိုကရေစီ လိုင်းကျပြီး၊ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ အာမခံပါတယ်။ ကျောင်းသားများနဲ့ ပြည်သူတွေကတော့ သူတို့ဦးစီးမဲ့ ရွေးကောက်ပွဲကို ယုံကြည်မနေဘဲ၊ ကြားဖြတ်အစိုးရဖွဲ့ရေးကိုသာ တောင်းဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်တွေ တွေ့ဆုံပြီး၊ ကြားဖြတ်အစိုးရဖွဲ့ဖို့ နောက်ဆုံးရက် သတ်မှတ်လိုက်ချိန်မှာပဲ ဗိုလ်စောမောင် ဦးစီးကာ အယောင်ဆောင် အာဏာသိမ်းခဲ့ပါတယ်။ အယောင်ဆောင်အာဏာသိမ်းခဲ့ခြင်းလို့ ပြောရတာကတော့ ပါတီ၊ ကောင်စီကလူတွေကို မဖမ်းခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ၈၈အာဏာသိမ်းဖြစ်စဉ်မှာ ဖမ်းဆီးခဲ့ခြင်းမရှိလို့ပါပဲ။
ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ဒေါက်တာမောင်မောင် စကားကိုယုံပြီး၊ ကြားဖြတ်အစိုးရဆိုတဲ့ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည် မရွေးချယ်ခဲ့ပါဘူး။ ၁၉၈၉၊ ဇူလိုင် ၂၀ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ထိန်းသိမ်းပါတယ်။ နေအိမ်အကျယ်ချုပ်ဘဝနဲ့ ကိုယ်စားလှယ်လောင်းအမည် တင်သွင်းခဲ့ပေမဲ့ ပယ်ချခြင်း ခံခဲ့ရပါတယ်။ ပထမအကြိမ် နေအိမ်အကျယ်ချုပ်နဲ့ ၆ နှစ်ကြာပါတယ်။ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရရှိခဲ့ပြီး၊ ၁၉၉၂ ခုနှစ် ဇူလိုင် ၂၀ရက်မှာ နေအိမ်အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်၊ မေ ၃၀ရက်၊ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ဒေါ်အောင်ဆန်းစုကြည်အဖို့ သွေးပျက်ဖွယ်ရာ အဖြစ်ဆိုးနဲ့ ကြုံရပါတယ်။ စစ်ခေါင်းဆောင် ထိပ်ပိုင်းထဲကပဲ လက်ရဲဇာတ်ရဲနဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးကို ဖန်တီးခဲ့တာပါ။ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဥ်ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်းရံသူတွေကို လူငါးထောင်လောက်က(လက်မောင်းမှာ အဖြူရောင်စည်းထားတဲ့ သင်္ကန်းဝတ်များလည်းပါဝင်) နှစ်ဖက်ပိတ်ပြီးဝို င်းရိုက်ကြတာပါ။

*သေကံမရောက်၊ သက်မပျောက်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှု*

ဒေါ်အောင်ဆန်းစုကြည်မပါဝင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကသောင်ပြို ကမ်းပြိုနိုင်ပါတယ်။ စစ်အုပ်စုက ကတိမတည်သလို၊ အာဏာလွှဲပေးခြင်းလည်းမရှိပါဘူး။ ရွေးကောက်ပွဲပြီးတာနဲ့ စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တဲ့ ဗိုလ်စောမောင် အနားပေးခံရပြီး ဗိုလ်သန်းရွှေတက်လာပါတယ်။ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ကတော့ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက် ကနေ ၂၀၀၂ ခုနှစ် မေလ ၆ ရက်အထိ၊ ၁ နှစ်နဲ့ ၆လ ကြာခဲ့ပါတယ်။
  ၂၀၀၃ ခုနှစ်၊ မေ ၃၀ရက်၊ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ဒေါ်အောင်ဆန်းစုကြည်အဖို့ သွေးပျက်ဖွယ်ရာ အဖြစ်ဆိုးနဲ့ ကြုံရပါတယ်။ စစ်ခေါင်းဆောင် ထိပ်ပိုင်းထဲကပဲ လက်ရဲဇာတ်ရဲနဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးကို ဖန်တီးခဲ့တာပါ။ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဥ်ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်းရံသူတွေကို လူငါးထောင်လောက်က (လက်မောင်းမှာ အဖြူရောင်စည်းထားတဲ့ သင်္ကန်းဝတ်များလည်းပါဝင်) နှစ်ဖက်ပိတ်ပြီးဝိုင်းရိုက်ကြ တာပါ။
အသက်ဆုံးသူတွေ၊ အဖမ်းခံရသူတွေ အများကြီးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်ခဲ့ပါတယ်။ ဒီပဲယင်းလုပ်ကြံမှု ၂၀၀၃ ခုနှစ် မေ ၃၀က စပြီး၊ ၂၀၀၈ ခုနှစ် မေလအထိ အကြိမ်ကြိမ်သက်တမ်းတိုးကာ နေအိမ်အကျယ်ချုပ် ထားနေစဉ်မှာပဲ အမေရိကန်နိုင်ငံသား ယက်တောကိစ္စ ပေါ်လာပါတယ်။ ယက်တောကို လက်ခံထားတယ်ဆိုတဲ့ ပြစ်ချက်ကြောင့် ထောင် ၃ နှစ်ကျခံရ ပြန်ပါတယ်။ ပြစ်ဒဏ်တစ်ဝက်လျော့ပေးပြီး၊ ဆိုင်းငံ့ပြစ်ဒဏ်နဲ့ နေအိမ်အကျယ်ချုပ် ဆက်ထားပါတယ်။ အားလုံးကတော့ ၂၀၁၀ ရွေးကောက်ပွဲကြောင့် ယက်တောအမှု ဆင်ခဲ့တာလို့ ကောက်ချက်ချပါတယ်။ တကယ်တမ်းမှာလည်း ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ ၁၀ရက်မြောက်တဲ့နေ့မှာပဲ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက်မှာ အစိုးရနှစ်ရပ်ဆိုတဲ့စကားကို မကြားခဲ့ရသလို၊ အရပ်ဘက်နဲ့ စစ်ဘက်အကြားပွတ်တိုက်မှုတွေလည်း မရှိသလောက်ပါပဲ။  ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး NLD အစိုးရဖြစ်လာချိန်မှာတော့ အစိုးရနှစ်ရပ်အားပြိုင်မှုတွေ ၊အရပ်ဘက် စစ်ဘက် ပွတ်တိုက်မှုအခင်းအကျင်းတွေ စတင်လာပါတော့တယ်။

*ဝင်/ပြိုင်မူ နဲ့ ဆူးခင်းလမ်းပေါ်က ရင်ကြားစေ့ရေး*

လှုပ်ဖို့ရှားဖို့ ခက်လွန်းလှတဲ့ ၂၀၀၈ အခြေခံဥပဒေသံကွန်ချာအောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေပါမကျန် ချုပ်ကိုင်ထားပြီးမှ နိုင်ငံရေးသတ်ကွင်းထဲကို မောင်းသွင်းခဲ့တာမျိုးပါ။
ဒေါ်အောင်ဆန်းစုကြည် မလွှတ်ခင်ကတည်းက ဝင်/ပြိုင်မူက လိုင်းကျပြီးသားလို ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ၂၀၁၂ ခုနှစ် ဧပြီလကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင် ၄၃ ဦး ဝင်ပြိုင်ပါတယ်။ အားလုံးအနိုင်ရပြီး လွှတ်တော်ထဲ အခြေချနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လည်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဠ အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ပထမဆုံး ဝေဖန်မှု တွေကို ရင်ဆိုင်ရတဲ့ဖြစ်ရပ်ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မုံရွာကို ရောက်မဲ့ မနက်အရုဏ်မှာပဲ သပိတ်စခန်းတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကြားဝင်စေ့းစပ်ပေးခဲ့ပေမဲ့ ဒေသခံတွေရဲ့ မကျေမနပ် အပြစ်တင်ခြင်းတွေနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။
 သမ္မတဦးသိန်းစိန် လက်ထက်မှာ အစိုးရနှစ်ရပ်ဆိုတဲ့စကားကို မကြားခဲ့ရသလို၊ အရပ်ဘက်နဲ့ စစ်ဘက်အကြားပွတ်တိုက်မှုတွေလည်း မရှိသလောက်ပါပဲ။  ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး NLD အစိုးရဖြစ်လာချိန်မှာတော့ အစိုးရနှစ်ရပ်အားပြိုင်မှုတွေ ၊အရပ်ဘက် စစ်ဘက် ပွတ်တိုက်မှုအခင်းအကျင်းတွေ စတင်လာပါတော့တယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရင်ကြားစေ့ရေးမူကို စွဲကိုင်ပြီး စစ်တပ်နဲ့ ဆက်ဆံခဲ့ပါတယ်။ သူတို့ချင်း ဘယ်လို ဘယ်လို သဘောတူညီမှုမျိုး ထားခဲ့ကြသလဲ ဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေးမူဟာ စစ်တပ်အပေါ်မှာသာ အလျော့ပေး ဆက်ဆံသလိုမျိုးဖြစ်ခဲ့ပြီး၊ ဒီမိုကရက်တစ်နိုင်ငံရေး အင်အားစုများနဲ့ တိုင်းရင်းသားအရေးအပေါ် လစ်လျူရှုခဲ့တဲ့ အခြေအနေမျိုးရောက်ခဲ့ပါတယ်။ ဒါကြောင့် ၂၁ ရာစုပင်လုံညီလာခံလည်း အီလယ်လယ်နဲ့ အဆုံးသတ်ခဲ့ရသလို၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း အရာမရောက် ဖြစ်ခဲ့ပါတယ်။
 အဆိုးဆုံးအကျပ်အတည်းကတော့ ၂၀၁၇၊ သြဂုတ်မှာ တစ်ကျော့ပြန်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခပဲ ဖြစ်ပါတယ်။ သက်တမ်းနုသေးတဲ့ အရပ်သားအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ပုံရိပ်တွေကျဆင်းစေခဲ့သလို၊ နိုင်ငံတကာထောက်ခံမှုတွေလည်း ကျဆင်းစေခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု အတွက်
ဂမ်ဘီယာနိုင်ငံက ICJ မှာတရားစွဲတဲ့အခါ စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချို ပြန်သွေးပြီး အသုံးချပါတယ်။ ICJ မှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုချေရှင်းလင်းပြီး အားလုံးရဲ့အမြင်မှာ စစ်တပ်ကို အကာကွယ်ပေးသလို ဖြစ်သွားခဲ့ပါတယ်။ရိုဟင်ဂျာအရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ထောက်ခံမှုကျဆင်းခဲ့တယ်။ စစ်တပ်အပေါ်အလျော့ပေးလွန်းတဲ့ ရင်ကြားစေ့မှုတွေကြောင့်ပဲ ပြည်တွင်းအင်အားစုများကလည်း ပြစ်တင်လာကြသလို ၂၀၂၀ ရွေးကောက်ပွဲကိုလည်း No Vote လုပ်ကြဖို့ ပြင်တဲ့သူက ပြင်ကြပါတယ်။
 ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဖက်မှာ အမာခံပြည်သူလူထုကြီးရှိနေပါတယ်။ ကြည်ညိုလေးစား၊ အားကိုးလိုစိတ် လုံးဝ မလျော့သွားတဲ့အတွက်ကြောင့်ပဲ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သောင်ပြိုကမ်းပြိုနဲ့ ထပ်မံအနိုင် ရရှိပြန်ပါတယ်။

ရိုဟင်ဂျာအရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး နိုင်ငံတကာထောက်ခံမှုကျဆင်းခဲ့တယ်။ စစ်တပ်အပေါ် အလျော့ ပေးလွန်းတဲ့ ရင်ကြားစေ့မှုတွေကြောင့်ပဲ ပြည်တွင်းအင်အားစုများကလည်း ပြစ်တင်လာကြသလို ၂၀၂၀ရွေးကောက်ပွဲကိုလည်း No Vote လုပ်ကြဖို့ ပြင်တဲ့သူက ပြင်ကြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဖက်မှာ အမာခံပြည်သူလူထုကြီးရှိနေပါတယ်။ ကြည်ညိုလေးစား၊ အားကိုးလိုစိတ် လုံးဝ မလျော့သွားတဲ့ အတွက်ကြောင့်ပဲ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သောင်ပြိုကမ်းပြိုနဲ့ ထပ်မံအနိုင်ရရှိပြန်ပါတယ်။

*အလုပ်မဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အလွန်နိုင်ငံရေး*

ဒေါ်စုအလွန်နိုင်ငံရေးဆိုတာကို အာဏာမသိမ်းခင်ကာလတွေကတည်းက စစ်တပ်ကရော၊ တချို့နိုင်ငံရေး အင်အားစုတွေကပါ ပြောဆို၊ပြင်ဆင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီဆိုတာနဲ့ ချက်ချင်းဖမ်းဆီးထိန်းသိမ်းကာ ဒေါ်စုအလွန်နိုင်ငံရေးကို စစ်တပ်က  အကောင်ထည်ဖော်ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှု  မရှိတော့ရင် ကြိုက်သလိုထိန်းချုပ်လို့ရပြီလို့ လွယ်လွယ်တွေးခဲ့ပုံ ရပါတယ်။
သူ့ရှေ့ စစ်ခေါင်းဆောင်များရဲ့ နေအိမ်အကျယ်ချုပ်ထားခြင်းဓလေ့ကို ဖျက်သိမ်းပြီး ထောင် ၃၃နှစ်ချကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲထည့်ထားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးအခင်းအကျင်းက  အလုပ်မဖြစ်ခဲ့ပေမဲ့၊ ပြည်သူလူထုထောက်ခံ ပံ့ပိုးမှုကြောင့်ပဲ နွေဦးတော်လှန်ရေး ကတော့ အလွန်ပဲအားကောင်းမောင်းသန်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ကြားခံထားပြီး တွေ့ဆုံဆွေးနွေးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က လိုလားပါတယ်ဆိုတဲ့ သတင်းစကားမျို းထုတ်လာပါတယ်။
တစ်နည်းအားဖြင့် သူတို့ဖယ်ထုတ်ထားတဲ့ သူကို ကစားကွင်းထဲ ပြန်လည်ခေါ်သွင်းလိုက်ခြင်းပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ စီစဉ်လာခြင်းမှာ စစ်ကောင်စီ အင်အားချိနဲ့ပြီး ချောင်ပိတ်မိနေတာကြောင့်လို့ တရားသေတွက်လို့ မရပါဘူး။ သူတို့ဖြစ်စေချင်နေတဲ့ ဒီပြင်အကြောင်းအရာတွေ ရှိနေနိုင်ပါတယ်။

 

NUG သမ္မတကြီးအနေနဲ့ စစ်တပ်ကသာနိုင်ငံရေးကနေ ထွက်ခွာခဲ့မယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာ နိုင်စရာရှိတယ်လို့ ပြောဖူးပါတယ်။ KNU နဲ့ KIA ဒီသဘောထားအတိုင်း အခြေခံမူရှိကြပါတယ်။ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့မူကို ဆုပ်ကိုင်ထားတဲ့မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနိုင်ဟံသာကလည်း  “စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်မှုကနေ နှုတ်ထွက်ပေးဖို့တော့ လိုတယ်။ ဒါကို စစ်တပ်ဘက်က လက်ခံမယ်ဆိုရင် ဒီတိုင်းပြည် အေးချမ်းသွားမယ်”လို့ပြောဆိုထားပါတယ်။ ဘယ်အချက်အပေါ်အခြေခံမူတည်ပြီး တွေ့ဆုံဆွေးနွေးကြမလဲဆိုတဲ့ ကိစ္စကလည်း သိပ်အရေးကြီးပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး တွေ့ဆုံဆွေးနွေးတာမျိုးက အလုပ် ဖြစ်မှာ မဟုတ်ပါဘူး။

*အလုပ်မဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အလွန်နိုင်ငံရေး*

ဒေါ်စုအလွန်နိုင်ငံရေးဆိုတာကို အာဏာမသိမ်းခင်ကာလတွေကတည်းက စစ်တပ်ကရော၊ တချို့နိုင်ငံရေး အင်အားစုတွေကပါ ပြောဆို၊ပြင်ဆင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီဆိုတာနဲ့ ချက်ချင်းဖမ်းဆီးထိန်းသိမ်းကာ ဒေါ်စုအလွန်နိုင်ငံရေးကို စစ်တပ်က  အကောင်ထည်ဖော်ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှု  မရှိတော့ရင် ကြိုက်သလိုထိန်းချုပ်လို့ရပြီလို့ လွယ်လွယ်တွေးခဲ့ပုံ ရပါတယ်။
သူ့ရှေ့ စစ်ခေါင်းဆောင်များရဲ့ နေအိမ်အကျယ်ချုပ်ထားခြင်းဓလေ့ကို ဖျက်သိမ်းပြီး ထောင် ၃၃နှစ်ချကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲထည့်ထားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးအခင်းအကျင်းက  အလုပ်မဖြစ်ခဲ့ပေမဲ့၊ ပြည်သူလူထုထောက်ခံ ပံ့ပိုးမှုကြောင့်ပဲ နွေဦးတော်လှန်ရေး ကတော့ အလွန်ပဲအားကောင်းမောင်းသန်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ကြားခံထားပြီး တွေ့ဆုံဆွေးနွေးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က လိုလားပါတယ်ဆိုတဲ့ သတင်းစကားမျိုးထုတ်လာပါတယ်။
တစ်နည်းအားဖြင့် သူတို့ဖယ်ထုတ်ထားတဲ့ သူကို ကစားကွင်းထဲ ပြန်လည်ခေါ်သွင်းလိုက်ခြင်းပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ စီစဥ်လာခြင်းမှာ စစ်ကောင်စီ အင်အားချိနဲ့ပြီး ချောင်ပိတ်မိနေတာကြောင့်လို့ တရားသေတွက်လို့ မရပါဘူး။ သူတို့ဖြစ်စေချင်နေတဲ့ ဒီပြင်အကြောင်းအရာတွေ ရှိနေနိုင်ပါတယ်။

*စစ်ကောင်စီရဲ့ လမ်းပြမြေပုံကိုအခြေခံတဲ့ တွေ့ဆုံဆွေးနွေးမှု အလိုမရှိ*

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစကားမထွက်ခင်ကတည်းက ငြိမ်းချမ်းရေးညီလာခံ လုပ်မယ်ဆိုတဲ့ သတင်းထွက်နေခဲ့တာပါ။ NCA ထိုးထားတဲ့ PPST လက်ကျန် ၅ဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၅ ရက်နေ့က စတင်ကာ မွန်ပြည်သစ်ပါတီ ၊ RCSS တို့နဲ့ နေပြည်တော်မှာတွေ့ပါတယ်။ NCA မထိုးထားတဲ့ UWSA၊ NDAA၊ SSPP မြောက်ပိုင်းအဖွဲ့ တွေနဲ့လည်း တွေ့ပါတယ်။ စစ်ကောင်စီဟာ ဒီနှစ်အကုန်ပိုင်းမှာ ငြိမ်းချမ်းရေးညီလာခံလို့ အမည်တပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ညှိနှိုင်းပြင်ဆင်ရေးဆွဲမယ်။ ဒါပြီးရင် ရွေးကောက်ပွဲလုပ်မယ်။ အဲဒီအစီအစဥ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပါဝင်လာနိုင်စရာရှိတယ်လို့ သတင်းလွှင့်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်ခြင်းရှိမရှိကိစ္စကို ခဏဖယ်ထားပြီး စစ်ကောင်စီနဲ့ သွားတွေ့ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စကားသံကို နားထောင်ကြည့်ရအောင်။ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ဇူလိုင် ၅ ရက် ၆ ရက်မှာ တွေ့ဆုံပြီး သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ ဇူလိုင် ၇ ရက် မှာတော့ ဗဟိုအလုပ်အမှုဆောင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ရဲ့ တွေ့ဆုံမေးမြန်းမှုကို မွန်ပြည်သစ်သတင်းစဉ်က ထုတ်လွှင့်ပါတယ်။ ရှေ့ဆက်ပြီးစစ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးတာတွေကို ရပ်တန့်ထားသင့်တယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ပြောဆိုပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့မူကို ဆက်လက်ကိုင်စွဲထားမှာဖြစ်ပြီး၊ တခြားသဘောတူညီမှုရထားတဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာတော့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ ရှေ့ဆက်ပြီးနိုင်ငံရေး တွေ့ဆုံဆွေးနွေးတာတွေကို ရပ်တန့်ထားမယ်ဆိုတဲ့ ပြောစကားကို ထောက်ဆပြီး ညီလာခံ တက်မတက်ဆိုတာကို မှန်းဆကြည့်လို့ရပါတယ်။ RCSS နဲ့တွေ့ဆုံခဲ့တဲ့ အခြေအနေကို ကြည့်ကြရအောင်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့ တွေ့ဆုံမှုအတွင်းမှာ စစ်ကောင်စီဘက်က ထုတ်ပြောလာတဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စအပေါ်  ပြန်လည်မဆွေးနွေးခဲ့ဘူးလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ဇူလိုင် ၁၃ မှာ RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံကို မြောက်ပိုင်း EAO သုံးဖွဲ့တက်ရောက်မှာ မဟုတ်ဘူးလို့ သတင်းဌာနအသီးသီးမှာ သတင်းတွေပါလာခဲ့ပါတယ်။ NCA လပါဝင်လက်မှတ် မထိုးထားတဲ့ မြောက်ပိုင်း EAO သုံးဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်(NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့ ဇူလိုင် ၂၀၊ ၂၁ရက်တွေမှာ တွေ့ဆုံခဲ့ပါတယ်။ SSPP ပြောခွင့်ရ ဒုဗိုလ်မှူးကြီးဆိုင်းဆုက  “တကယ်လို့ (ငြိမ်းချမ်းရေးညီလာခံ) လုပ်မယ်ဆိုရင် ကျွန်တော်တို့ မတက်နိုင်ဘူး။ ပါဝင်တက်ရောက်ဖို့ကျွန်တော်တို့သုံးဖွဲ့ အဆင်သင့် မဖြစ်ဘူး” လို့ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအောက်ကဆိုရင် ဖက်ဒရယ်ဒီမိုကရေစီစစ်ဖို့ဆိုတာ မလွယ်ကူမှန်း တိုင်းရင်းသားတွေ သိကြပါတယ်။ ပြီးတော့လည်း အားလုံးပါဝင်နိုင်ခြင်းမရှိတဲ့ တွေ့ဆုံဆွေးနွေးမှုကနေ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကို သိနေကြလို့ တရားခံအဖြစ်မခံဘဲ ရှောင်ထွက်ကြခြင်း သာဖြစ်ပါတယ်။ သတင်းတွေ ထွက်နေသလို ဒီဖြစ်စဥ်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာခြင်းရှိနိုင်၊ မရှိနိုင် ဆိုတာကို တွေးကြည့်လို့ရပါတယ်။ ရှေ့နေများနဲ့တရားခွင်မှာ တွေ့ခွင့်ရနေတဲ့အချိန်၊ ရှေ့နေများကလည်း လွတ်လပ်စွာသတင်းထုတ်ပြန်ခွင့်ရခိုက်မှာ ဒေါ်အောင်ဆန်းစုကြည် ပါးခဲ့တဲ့စကားတွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။
–           ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာစုံညီအစည်းအဝေးမကျင်းပနိုင်ဘဲ သူ့အနေနဲ့ မည်သည့် သဘောထား၊ဆုံးဖြတ်ချက်မျိုးမှချမှာမဟုတ်ဘူးဆိုတာရယ်….
–           ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထုရဲ့ဆန္ဒသဘောထားတွေနဲ့ မည်သည့်အခါမှ ဆန့်ကျင်မှာ မဟုတ်ဘူးဆိုတာရယ်ပဲဖြစ်ပါတယ်။

*စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့သာလိုတယ်*

တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနဲ့ ပဋိပက္ခရပ်တန့်စေဖို့  ပြည်တွင်းကလူတွေရော ပြည်ပက နိုင်ငံတွေပါ ဆန္ဒတွေ ရှိနေကြပါတယ်။ အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ မြန်မာ့အရေး ကြိုးစားလုပ်ဆောင်နေမှု တွေကလည်း တွေ့ဆုံဆွေးနွေးမှုဆီပဲ ဦးတည်နေပါတယ်။ ဒီနေရာမှာသတိထားရမှာက တွေ့ဆုံဆွေးနွေးမှု ဖြစ်စေနိုင်တဲ့ အခင်းအကျင်းအနေအထားပါ။ စစ်ကောင်စီက သူနဲ့တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ EAO တွေကိုပဲ အဓိကထားနေပါတယ်။ ကရင်မှာ ဗုံးတွေကြဲနေပါတယ်။ ချင်းနဲ့ ကယားမှာလည်း ထိုးစစ်တွေ ပြင်းထန်နေပါတယ်။
ရခိုင်မှာလည်း ယာယီစစ်ပြေငြိမ်းမှုက ပျက်လုလုဖြစ်နေပြီး စစ်ကောင်စီက ပိတ်ဆို့ဟန့်တားမှုတွေနဲ့အတူ စစ်အင်အားကို ဖြည့်တင်းနေပါတယ်။ အညာတစ်ခွင်မှာလည်း ရွာမီးရှို့တာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တာတွေ တစ်ရက်မှမနားပါဘူး။ ကချင် လိုင်ဇာကိုလည်း အကြီးအကျယ်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ လူမှုကွန်ရက် ပေါ်မှာ အနက်ရောင် ပရိုဖိုင်ချိန်းသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုတောင်းသူတွေ၊ ပန်းပန်သူတွေကို မြေပြင်မှာ ဖမ်းဆီးခြင်းခံနေရပါတယ်။ ဒီအခြေအနေအားလုံးဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးပေါ်ပေါက်ဖို့  ဦးတည်နေတဲ့ အခြေအနေအခင်းအကျင်းမျိုးမဟုတ်ပါဘူး။
NUG သမ္မတကြီးအနေနဲ့ စစ်တပ်ကသာနိုင်ငံရေးကနေ ထွက်ခွာခဲ့မယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်စရာ ရှိတယ်လို့ ပြောဖူးပါတယ်။ KNU နဲ့ KIA ဒီသဘောထားအတိုင်း အခြေခံမူရှိကြပါတယ်။ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့မူကို ဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနိုင်ဟံသာကလည်း  “စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်မှုကနေ နှုတ်ထွက်ပေးဖို့တော့ လိုတယ်။ ဒါကို စစ်တပ်ဘက်က လက်ခံမယ်ဆိုရင် ဒီတိုင်းပြည် အေးချမ်းသွားမယ်” လို့ ပြောဆိုထားပါတယ်။ ဘယ်အချက်အပေါ်အခြေခံမူတည်ပြီး တွေ့ဆုံဆွေးနွေးကြမလဲဆိုတဲ့ ကိစ္စကလည်း သိပ်အရေးကြီးပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး တွေ့ဆုံဆွေးနွေးတာမျိုးက အလုပ် ဖြစ်မှာ မဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ ယာယီပြေလည်မှု ရပြီး ၂၀၂၁ အာဏာမသိမ်းခင် အနေအထားအတိုင်း ပြန်ရောက်သွားစေဦးတော့ ပြည်သူလူထုက ကျေနပ်ကြမှာ မဟုတ်ပါဘူး။

စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးပြီး နှစ်ဦးကြားပြေလည်ရေးကို ကြိုးစားနေကြောင်း ကမ္ဘာကသိအောင် ပြသချင်စိတ်တွေကဲနေပါတယ်။ ဇူလိုင် ၂၃ ရက်ကစပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေပြည်တော်ဒုဝန်ကြီးတွေနေထိုင်တဲ့ အိမ်ဆီသို့ ပြောင်းရွေ့ထားလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဇူလိုင် ၂၅ ရက် AP သတင်းမှာလည်း နေပြည်တော်ရှိ ဗုဒ္ဓရုပ်ပွားတော် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွေ့ထားဖို့ အစီစဉ်ရှိကြောင်းကို ရေးသားလာပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းဌာနတွေရဲ့ စုံစမ်းမေးမြန်းမှုကိုတော့ စစ်ကောင်စီတာဝန်ရှိသူများက အတည်ပြုပြောကြားခြင်း မရှိပါဘူး။ လက်ရှိဖြစ်ပျက်နေတာက NLD နဲ့ စစ်တပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ကြားကပဋိပက္ခပြဿနာထက် ကျော်လွန်သွားခဲ့ပါပြီ။

လက်နက်အားကိုးကာ တိုင်းပြည်ကို ဗိုလ်ကျချုပ်ကိုင်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသားပြည်သူတို့ကြားက  တော်လှန်ရေးတစ်ရပ် ဆင်နွဲနေခြင်းသာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(လက်ရုံးညီ )

{    BBC , VOA , PVTV,  DVB,RFA Mizzima,  PVTV , AP , မွန်ပြည်သစ် သတင်းစဉ်တို့၏ သတင်းများ၊ ကိုယ်ပိုင်မှတ်စုများမှ ထုတ်နုတ်ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပါသည်။  }