နိုင်ငံရေးပါတီများ ဘယ်လဲ ဘာလဲ

မြန်မာ့နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးမည်ဆိုလျှင် ရွေးကောက်ပွဲကော်မရှင်ကိုပါ မဖြစ်မနေ ထည့်သွင်းသုံးသပ်မှသာလျှင် ပြည့်စုံမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၀-မှစ၍ ဖွဲ့စည်းလာသော ရွေးကောက်ပွဲကော်မရှင်များသည် “ကော်မရှင်” ဟူသည့်အတိုင်း ရွေးကောက်ပွဲလုပ်ငန်းများပြီးစီးလျှင် ဖျက်သိမ်းလိုက် ရသည့် ကော်မရှင်မျိုး မဟုတ်ဘဲ နောက်ရွေးကောက်ပွဲ မတိုင်မီအထိ ဆက်လက်၍ နိုင်ငံရေးပါတီများကို ကြီးကြပ်စီမံ ခန့်ခွဲခြင်းများကို ဆက်လက်ဆောင်ရွက်ရသော ကော်မရှင်အမျိုးအစားများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲကို ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဘဌေး၊ ဦးကျော်ညွန့်၊ ဦးစန်းမောင်၊ ဦးစောကြာဒိုး၊ ဆရာချယ်တို့ ပါဝင်ခဲ့သည်။ အဆိုပါ လူပုဂ္ဂိုလ်များသည် ပါတီစွဲမရှိဘဲ အမှန်တကယ်ကြားနေပုဂ္ဂိုလ်များ ဖြစ်သည်ဟု ဆိုကြပါသည်။ ရွေးကောက်ပွဲသည်လည်း အမှန်တကယ် မျှတမှုရှိခဲ့သည်ဟု မှတ်တမ်းများက ဆိုကြသည်။ နှစ်ပေါင်း (၂၀) ကြာပြီးနောက် ၂၀၁၀-ခုနှစ် မတ်လတွင် ဦးသိန်းစိုး ဥက္ကဌအဖြစ်ပါဝင်သော ရွေးကောက်ပွဲ ကော်မရှင်အသစ်ကို စစ်အစိုးရက ထပ်မံဖွဲ့စည်းခဲ့ပြီး ၂၀၁၀-နိုဝင်ဘာလတွင် (၁၉၉၀-ပြည့်နှစ်တုန်းက ပထမနှင့် ဒုတိယ နေရာအနိုင်ရခဲ့ကြသည့် NLD , SNLD ပါတီတို့ မပါဝင်သော) ရွေးကောက်ပွဲကိုကျင်းပခဲ့သည်။ ကြံ့ခိုင်ရေးပါတီက (၈၈၂)ဦး အနိုင်ရခဲ့သည်။ အများသိကြသည့်အတိုင်း အဆိုပါ ရွေးကောက်ပွဲသည် သန်းခေါင်ယံတွင် ကြိုတင်ပေး ဆန္ဒမဲများကို ဆာလာအိတ်ပေါင်း မြောက်မြားစွာ ထပ်မံဖြည့်သွင်းလျက် ကြံ့ခိုင်ရေးပါတီကို အနိုင်ရစေခဲ့သည်။  မည်သို့ပင်ဖြစ် စေကာမူ စစ်ဗိုလ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အရပ်သားအစိုးရ တစ်ရပ်ကို ဖွဲ့စည်း၍ အရပ်ဖက် အုပ်ချုပ်ရေးကို စတင်ခဲ့သည်ဟု ဆိုရပါမည်။

ဦးသိန်းစိန် အစိုးရသည် ၂၀၁၁-ခုနှစ် မတ်လတွင် ကော်မရှင်သစ်အဖြစ် အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးတင်အေး ဥက္ကဌအဖြစ်ပါဝင်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖြင့် အစားထိုးခဲ့ပြန်သည်။ အဆိုပါ ကော်မရှင်သည် ၂၀၁၂-ခုနှစ် တွင် NLD ပါဝင်သည့် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခဲ့ရာ ဒီချုပ်အနေဖြင့် ၄၅-နေရာတွင် ၄၃-နေရာ အနိုင်ရရှိခဲ့သည်။ တဖန် ၂၀၁၅- ခုနှစ် ရွေးကောက်ပွဲတွင်လည်း စုစုပေါင်း (၁၁၅၀) ဦးအရွေးချယ်ခံရသည့်အနက် ဒီချုပ်အနေဖြင့် (၈၈၆) နေရာ အနိုင်ရခဲ့ပြီး ကြံ့ခိုင်ရေးပါတီသည် (၁၁၇) နေရာ အနိုင်ရရှိခဲ့ပါသည်။ အရပ်သားအစိုးရ စစ်စစ် ဖွဲ့နိုင်ခဲ့ကြပြီဟု ဆိုကြပါသည်။

၂၀၁၀-ခုနှစ် မတ်လတွင် ဦးသိန်းစိုး ဥက္ကဌအဖြစ်ပါဝင်သော ရွေးကောက်ပွဲ ကော်မရှင်အသစ်ကို စစ်အစိုးရက ထပ်မံဖွဲ့စည်းခဲ့ပြီး ၂၀၁၀-နိုဝင်ဘာလတွင် (၁၉၉၀-ပြည့်နှစ်တုန်းက ပထမနှင့် ဒုတိယ နေရာအနိုင်ရခဲ့ကြသည့် NLD , SNLD ပါတီတို့ မပါဝင်သော) ရွေးကောက်ပွဲကိုကျင်းပခဲ့သည်။

၂၀၁၆-ခုနှစ် မတ်လတွင် သမ္မတဦးထင်ကျော် အစိုးရသည် ဦးလှသိန်း ဥက္ကဌအဖြစ်ပါဝင်သော ကော်မရှင်အသစ်ဖြင့် အစားထိုး ပြန်လည်ဖွဲ့စည်းခဲ့သည်။  အဆိုပါ ကော်မရှင်က ကြီးမှူးကျင်းပသည့် ၂၀၂၀-နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒီချုပ် အနေဖြင့် (၉၂၀) နေရာ အနိုင်ရခဲ့ပြီး ပြိုင်ဖက် ကြံ့ခိုင်ရေးပါတီက (၇၁) နေရာသာ အနိုင်ရခဲ့သည်။ ထူးခြားသည်မှာ ကန့်ကွက်လွှာတင်သွင်းခဲ့သောအမှုပေါင်း (၂၈၇) မှု ရှိခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၁-ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်အာဏာ သိမ်းပြီးနောက် ၂၀၁၀-ရွေးကောက်ပွဲတုန်းက ကော်မရှင်ဥက္ကဌအဖြစ်တာဝန်ယူခဲ့ဖူးသော စစ်အရာရှိဟောင်း ဦးသိန်းစိုး ဥက္ကဌအဖြစ်ပါဝင်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။  အဆိုပါ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်သည်  ၂၀၂၀-ရွေးကောက်ပွဲအား ပြန်လည်စိစစ်ပြီး ၂၀၂၁-ခုနှစ်ဇူလိုင်လ (၂၆) ရက်နေ့တွင် ကြေညာချက်အမှတ် (၂/၂၀၂၁) ဖြင့် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်များ ကို ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဤကား ၁၉၈၈-နောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်များ၏ ဖြစ်စဉ်အကျဉ်းဖြစ်ပါသည်။

၁၉၈၉-ခုနှစ် ဖေဖေါ်ဝါရီလအထိ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ (၂၃၅) ပါတီ ရှိခဲ့သော်လည်း ၁၉၉၀-ပြည့်နှစ်ရွေး ကောက်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့်ပါတီပေါင်းမှာ (၉၃)ပါတီသာ ရှိခဲ့သည်။ ထိုနောက် ၁၉၉၃- အမျိုးသားညီလာခံ အတိုင်မီ နိုင်ငံရေးပါတီများ ဖျက်သိမ်းခံခဲ့ကြရပြီး စုစုပေါင်း ပါတီ (၁၀) ပါတီသာလျှင် တရားဝင်ကျန်ခဲ့ပါသည်။  ၂၀၁၀- ပါတီများ ပြန်လည်မှတ်ပုံတင်ခွင့်ပြုသည့်အချိန်အထိ နှစ်ပေါင်းနှစ်ဆယ်နီးပါး အဆိုပါ နိုင်ငံရေး (၁၀) ပါတီသည်သာ တရားဝင်နိုင်ငံရေးပါတီများ အဖြစ် ဆက်လက်လှုပ်ရှားခဲ့ကြပါသည်။

၂၀၂၁-ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်အာဏာ သိမ်းပြီးနောက် ၂၀၁၀-ရွေးကောက်ပွဲတုန်းက ကော်မရှင်ဥက္ကဌအဖြစ်တာဝန်ယူခဲ့ဖူးသော စစ်အရာရှိဟောင်း ဦးသိန်းစိုး ဥက္ကဌအဖြစ်ပါဝင်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။  အဆိုပါ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်သည်  ၂၀၂၀-ရွေးကောက်ပွဲအား ပြန်လည်စိစစ်ပြီး ၂၀၂၁-ခုနှစ်ဇူလိုင်လ (၂၆) ရက်နေ့တွင် ကြေညာချက်အမှတ် (၂/၂၀၂၁) ဖြင့် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်များ ကို ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၈၈-ခုနှစ် ပြည်သူ့အရေးတော်ပုံကြီး၏ အရှိန်အဟုန်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော ကိုယ်စားလှယ် (၄၈၅) ဦးအနက် ဒီချုပ်အနေဖြင့် (၃၉၂)နေရာဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က (၂၃) နေရာဖြင့် ဒုတိယ ။  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က (၁၁)နေရာဖြင့် တတိယ ရရှိခဲ့ပြီး  တစ်ပါတီစနစ်ဖြင့် တိုင်းပြည်ကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ၏ အမည်သစ်ဖြစ်သည့် “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ “မှာမူ (၁၀) နေရာသာ အနိုင်ရရှိခဲ့ပြီး စတုတ္ထနေရာသာ ချိတ်နိုင်ခဲ့ပါသည်။   ဤကား နိုင်ငံရေးပါတီများအပေါ်  ပြည်သူလူထု၏ အကဲဖြတ်ချက်ဖြစ်ပါသည်။

၁၉၈၈-ခုနှစ်တွင် ပါတီစုံတောင်းဆိုမှုအား ဖြည့်ဆည်းသည့်အနေဖြင့် ပါတီစုံမှတ်ပုံတင်ခွင့်ပေးခဲ့သော်လည်း တကယ် တမ်း လူထု၏ရွေးချယ်မှုမှာ သူတို့ထင်သလို မဟုတ်ခဲ့သောအခါ မူလက ပေးထားသော ကတိကဝတ်များကို စစ်ကောင် စီအနေဖြင့် မလိုက်နာတော့ဘဲ ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခဲ့ပါသည်။  လွှတ်တော် မခေါ်ပေးသည့်အပြင် ကိုယ့်ဖာ သာကျင်းပဖို့အားထုတ်ခြင်းကိုပင် အကြမ်းနည်းဖြင့်ဖမ်းဆီးတားမြစ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးရေးကိုလည်းအကြောင်း အမျိုးမျိုးပြ ငြင်းဆိုခဲ့သည်။  နိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့ကြသော်လည်း လက်နက်ကိုင်စစ်တပ်အား ကျော်လွန်လုပ်ကိုင်နိုင်ခြင်း မရှိခဲ့သည်မှာ အထင်အရှားသမိုင်း ဖြစ်ခဲ့သည်။

တရားဝင် ကျန်ရှိနေခဲ့သော နိုင်ငံရေးပါတီ (၁၀) ပါတီအနေဖြင့် အခက်အခဲ အကြပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ကြ ရသည်။  ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ  လိုက်နာဆောင်ရွက်စေရန် သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ညွှန်ကြား ၍ဖြစ်စေ ဆောင်ရွက်ခဲ့ကြရသည်။   မည်သို့ပင် ခက်ခဲပါစေ နိုင်ငံရေးပါတီများအနေဖြင့် အတတ်နိုင်ဆုံး ပါတီဆက်လက် ရပ်တည်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို ဖေါ်ထုတ်ရေး စသဖြင့် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြရသည်။  အောင်မြင် မှုများအဖြစ် ဒီမိုကရေစီအခြေပြုပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော်အာဏာကို ဆုပ်ကိုင် နိုင်ခဲ့သည်အထိ အောင်မြင်မှုများ ရခဲ့သည်ဟု ဆိုနိုင်ပါမည်။

၁၉၈၈-ခုနှစ်တွင် ပါတီစုံတောင်းဆိုမှုအား ဖြည့်ဆည်းသည့်အနေဖြင့် ပါတီစုံမှတ်ပုံတင်ခွင့်ပေးခဲ့သော်လည်း တကယ် တမ်း လူထု၏ရွေးချယ်မှုမှာ သူတို့ထင်သလို မဟုတ်ခဲ့သောအခါ မူလက ပေးထားသော ကတိကဝတ်များကို စစ်ကောင် စီအနေဖြင့် မလိုက်နာတော့ဘဲ ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခဲ့ပါသည်။  လွှတ်တော် မခေါ်ပေးသည့်အပြင် ကိုယ့်ဖာ သာကျင်းပဖို့အားထုတ်ခြင်းကိုပင် အကြမ်းနည်းဖြင့်ဖမ်းဆီးတားမြစ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးရေးကိုလည်းအကြောင်း အမျိုးမျိုးပြ ငြင်းဆိုခဲ့သည်။  နိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့ကြသော်လည်း လက်နက်ကိုင်စစ်တပ်အား ကျော်လွန်လုပ်ကိုင်နိုင်ခြင်း မရှိခဲ့သည်မှာ အထင်အရှားသမိုင်း ဖြစ်ခဲ့သည်။

၂၀၂၁-ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးသည့်နောက်ပိုင်း စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပပေးမည်ဟု ကြေညာခဲ့ပြီး ဦးသိန်းစိုး ဥက္ကဌ အဖြစ် ဦးဆောင်သော ကော်မရှင်ဖြင့် အသစ်ပြန်လည် ဖွဲ့စည်းပြီး အစားထိုးခဲ့သည်။ ၂၀၂၀-ပြည့်နှစ် ရွေးကောက် ပွဲရလဒ်များကို အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ၂၀၂၁- ဇူလိုင်လတွင် ဖျက်သိမ်းခဲ့သည်။  မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ( ၉၂ ) ပါတီ၏ ငွေစာရင်းများကို သတင်းတပ်ဖွဲ့၊ စသုံးလုံး ဦးစီးဌာန၊ သတင်းတပ်ဖွဲ့၊ စာရင်းရုံးစသဖြင့် ပါဝင်သော စစ်ဆေးရေးအဖွဲ့များဖြင့် တပြည်လုံးရှိ ပါတီများကို ခေါ်ယူ စစ်ဆေးခဲ့ပါသည်။   ထို့နောက် စစ်ကောင်စီဥက္ကဌသည် ၂၀၁၀-ခုနှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအား ဖျက်သိမ်းလိုက်ကာ  နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေ (အသစ်) အား ၂၀၂၃-ခုနှစ် ဇန္နဝါရီလ (၂၆) ရက်နေ့တွင် ပြဌာန်းလိုက်ပါသည်။

 

၂၀၂၁-ခုနှစ် ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိထားသည့် လက်ရှိတရားဝင် ရပ်တည်နေကြသော နိုင်ငံရေးပါတီများသည်  အဆိုပါအသစ် ပြဌာန်းလိုက်သည့် ဥပဒေအရ ၂၀၂၃-ခုနှစ် ဇန္နဝါရီလ (၂၆) ရက်နေ့မှ စ၍ ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင်အသစ် ပြန်လည်လျှောက်ထားကြရမည်ဟု ဆိုပါသည်။  မှတ်ပုံတင်ရန် ပြန်လည် လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု ဆိုပါသည်။  ပါတီအဆင့် အတန်းကိုလည်း ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုတွင်သာ စည်းရုံးရေးလုပ်ဆောင်မည့် ပါတီအမျိုးအစား နှင့်  မြန်မာ ပြည်တဝန်း စည်းရုံးရေးလုပ်ဆောင်မည့်ပါတီအမျိုးအစားဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အဆိုပါ ခွဲခြားမှုသည် ၂၀၁၀-ဥပဒေနှင့် ကွဲပြားမှု မရှိသော်လည်း အသစ်ပြဌာန်းလိုက်သော ဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် ထူးခြားချက်အဖြစ် ပါဝင်ခဲ့သော အဓိက အချက်ကြီးများမှာ –

(က)      အနည်းဆုံး ရှိရမည့် ပါတီဝင် ဦးရေ သတ်မှတ်ချက်

( ခ )      သတ်မှတ်ထားသည့် ပါတီရန်ပုံငွေရှိကြောင်း ဘဏ်စာရင်းအထောက်အထား

( ဂ )      မြို့နယ် ပါတီရုံးခန်း ဖွင့်လှစ်ရမည့် အနည်းဆုံးမြို့နယ် အရေအတွက်

(ဃ)      လာမည့် ရွေးကောက်ပွဲတွင် မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်ရမည့် အနည်းဆုံးမဲဆန္ဒနယ် အရေအတွက်

 

အဆိုပါ သတ်မှတ်ချက်များသည် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် အလွယ်တကူ ဖွဲ့စည်းနိုင်ခြင်း မရှိစေရန် သတ်မှတ်ချက် များကို တိုးမြှင့်သတ်မှတ်လိုက်သည်ဟု ဆိုရပါမည်။  ၂၀၂၃- ပြဌာန်းချက်အရ ပြည်နယ်/တိုင်း စည်းရုံးမည့်ပါတီအနေဖြင့် မှတ်ပုံတင်ခွင့် ရရှိပြီးနောက် ရက်ပေါင်း (၉၀)အတွင်း ပါတီဝင်ဦးရေ (တစ်ထောင်)ကို စည်းရုံးနိုင်ရမည်ဖြစ်သည်။  ထို့အပြင် ပါတီရန်ပုံငွေအဖြစ် ဘဏ်စာရင်းတွင် ကျပ်သိန်းပေါင်း (တစ်ရာ) ရှိရမည်။  ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်သည့် နေ့မှစ၍ ရက်ပေါင်း (၁၈၀)အတွင်း အနည်းဆုံးမြို့နယ် (၅) မြို့နယ်တွင် ရုံးခန်းဖွင့်လှစ်နိုင်ရမည်ဟု ဆိုထားသည်။ လာမည့် ရွေးကောက်ပွဲတွင် အဆိုပါ ပြည်နယ်/တိုင်းအတွင်းရှိ မဲဆန္ဒနယ် အနည်းဆုံး (တစ်) နေရာကို မဖြစ်မနေပါဝင် ယှဥ်ပြိုင်ရမည် ဖြစ်ပါသည်။

စစ်ကောင်စီဥက္ကဌသည် ၂၀၁၀-ခုနှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအား ဖျက်သိမ်းလိုက်ကာ  နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေ (အသစ်) အား ၂၀၂၃-ခုနှစ် ဇန္နဝါရီလ (၂၆) ရက်နေ့တွင် ပြဌာန်းလိုက်ပါသည်။

ပြည်ထောင်စုတဝန်း စည်းရုံးမည့်ပါတီအနေဖြင့်မူ ပါတီဖွဲ့ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၉၀)အတွင်း ပါတီဝင်ဦးရေ (တစ်သိန်း) စည်းရုံးရမည် ဖြစ်ပါသည်။  ပါတီရန်ပုံငွေအဖြစ်လည်း  ဘဏ်စာရင်းတွင် ကျပ်ငွေသိန်း (တစ်ထောင်) ရှိနေရ မည်ဖြစ်သည်။ ထို့အပြင် ပါတီဖွဲ့ခွင့်ပြုသည့်ရက်မှစ၍ ရက်ပေါင်း (၁၈၀) အတွင်း မြို့နယ်အားလုံး (၃၃၀) ၏ ထက်ဝက် ဖြစ်သည့် အနည်းဆုံး (၁၆၅) မြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ထားပြီး ဖြစ်နေရမည် ဖြစ်ပါသည်။ လာမည့် ရွေးကောက်ပွဲတွင် လည်း မဲဆန္ဒနယ် အားလုံး၏ထက်ဝက်တွင် ယှဥ်ပြိုင်ရမည်ဟု ပြဌာန်းထားပြန်သည်။ မဲဆန္ဒနယ်များကို တွက်ချက် ကြည့်ရာ – ပြည်သူ့လွှတ်တော် (၃၃၀)၊ အမျိုးသားလွှတ်တော် (၁၆၈)၊ ပြည်နယ်/တိုင်းလွှတ်တော် (၆၃၈)၊ တိုင်းရင်းသား လူမျိုးများ (၂၉) စုစုပေါင်း (၁၁၆၅) နယ်ဖြစ်ရာ – အနည်းဆုံး (ထက်ဝက်) ဝင်ပြိုင်ရမည် ဟုဆိုသည့်အတွက်  (၅၈၃) နေရာသို့ မဖြစ်မနေပါဝင် ယှဥ်ပြိုင်ရမည့် သတ်မှတ်ချက်ဖြစ်ပါသည်။

အဆိုပါ သတ်မှတ်ချက်များအတိုင်း ပြည့်စုံအောင် မဆောင်ရွက်နိုင်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်မရှိဟု ဆိုပါသည်။ ယခု စာရေးနေချိန်အထိ (၃၄) ပါတီအား ပါတီဖွဲ့စည်းခွင့်ပေးထားပြီး ဖြစ်သည်။ ပြန်လည် မှတ်ပုံတင်ထားသောပါတီပေါင်း ခြောက်ဆယ်ကျော်ရှိသောကြောင့် ထက်ဝက်ကျော်အား ခွင့်ပြုထားပြီးဖြစ်သည်ဟု ဆိုရပါမည်။  ပြည်ထောင်စု တဝန်းလုံး စည်းရုံးမည့်ပါတီပေါင်း (၈)ပါတီ နှင့် ဆိုင်ရာ ပြည်နယ်/တိုင်းဒေသများတွင် စည်းရုံးမည့်ပါတီပေါင် (၂၆) ပါတီတို့ကို ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

ယခု စာရေးနေချိန်အထိ (၃၄) ပါတီအား ပါတီဖွဲ့စည်းခွင့်ပေးထားပြီး ဖြစ်သည်။ ပြန်လည် မှတ်ပုံတင်ထားသောပါတီပေါင်း ခြောက်ဆယ်ကျော်ရှိသောကြောင့် ထက်ဝက်ကျော်အား ခွင့်ပြုထားပြီးဖြစ်သည်ဟု ဆိုရပါမည်။  ပြည်ထောင်စု တဝန်းလုံး စည်းရုံးမည့်ပါတီပေါင်း (၈)ပါတီ နှင့် ဆိုင်ရာ ပြည်နယ်/တိုင်းဒေသများတွင် စည်းရုံးမည့်ပါတီပေါင် (၂၆) ပါတီတို့ကို ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

အခြားအသေးစား ပြင်ဆင်မှုများကိုလည်း ပြဌာန်းထားသော်လည်း ယခု ဆောင်းပါးတွင် မဖေါ်ပြတော့ပါ။  မကြာမတင် သတင်းများအရ ကော်မရှင်ဥက္ကဌကိုယ်တိုင် မှတ်ပုံတင်ခွင့်ပြုချက်ရပြီးသည့်ပါတီများ၏ ရုံးခန်းများသို့ သွားရောက် စစ်ဆေးကြီးကြပ်ခဲ့သည်ကိုတွေ့ရပါသည်။ ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင် တွေ့ဆုံပြောကြားချက်များအရ ဖွဲ့စည်းခွင့်ရ ထားသည့်ပါတီများအား ကော်မရှင်၊ ထွေ/အုပ်၊ စာရင်းရုံးများ ပါဝင်သော အဖွဲ့ဖြင့် သွားရောက်စစ်ဆေးမည်ဟု မှာကြား သည်ကိုတွေ့ရပါသည်။  ပါတီများတွင် ရှိထားရမည့် သတ်မှတ်ချက်များ ပြည့်မီခြင်း ရှိ-မရှိ စစ်ဆေးမည့်သဘောဟု နား လည်ရပါသည်။  တနည်းအားဖြင့် ပါတီများ၏အတွင်းရေးများကို လာရောက်လေ့လာခြင်းဟုလည်း ဆိုနိုင်ပါသည်။

အထက်ပါ ဖေါ်ပြချက်များသည် စစ်အစိုးရအနေဖြင့် ကျင်းပပေးမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဖြစ်ပါသည်။  လက်တွေ့ဆောင်ရွက်နေသူများထံမှ သိရသည်မှာ – ပြည်နယ်/တိုင်းဒေသ တစ်ခုအတွင်းသာ စည်းရုံးမည့် ပါတီများအဖို့  အခက်အခဲကြီးကြီးမားမား မရှိဟုဆိုရမည် ဖြစ်သော်လည်း  ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် စသောမြို့နယ်အရေအတွက် နည်းပါးသောပြည်နယ်များရှိ “လူမျိုးစု”​ပါတီများအတွက်တော့ ခက်ခဲနေဆဲဖြစ်သည်။ အထူးသဖြင့် ပြည်ထောင်စုတဝန်း စည်းရုံးမည့်ပါတီများအတွက်တော့ ပိုမိုကြီးမားသော အခက်အခဲများကို ရင်ဆိုင်နေရ သည်ဟု သိရသည်။  ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို ရှာဖွေနိုင်မည်ဆိုသော်လည်း ရက်ပေါင်း (၉၀)အတွင်း ပါတီဝင် (တစ်သိန်း) ရဖို့ဆိုသည်ကတော့  ခေတ်ကာလအခြေအနေအရ ခက်ခဲသောကိစ္စ ဖြစ်သည်။  ရက်ပေါင်း (၁၈၀) အတွင်း မြို့နယ်ရုံးပေါင်း (၁၆၅)ရုံးဖွင့်လှစ်ရမည်ဖြစ်ရာ ဖြစ်နိုင်ခြေအလွန်နည်းသွားရပါပြီ။  ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း (၅၈၃) နေရာဝင်ပြိုင်ရမည်ဟု ဆိုထားပြန်ရာ စည်းရုံးရေးအရ၊ နယ်မြေလုံခြုံရေးအရ၊ ငွေကြေးသုံး စွဲနိုင်မှုအရ အလွန်ခက်ခဲသော သတ်မှတ်ချက်ဖြစ်နေပါသည်။  အဆိုပါ သတ်မှတ်ချက်များကို ပြီးခဲ့သော ရွေးကောက်ပွဲ စာရင်းများနှင့် သုံးသပ်ကြည့်လျှင်  ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တို့သာလျှင် ဖြစ်နိုင်စွမ်းရှိပါသည်။  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပင်လျှင် အတော်ကို ရုန်းကန်ရပါလိမ့်မည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြန်လည်မှတ်ပုံမတင်သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီတစ်ခုတည်းကသာ ပါဝင်ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သုံးသပ်နိုင်ပါသည်။ ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြည်နယ်/တိုင်း အသီးသီးတွင် ယှဥ်ပြိုင်ကြသော ပါတီငယ်လေးများနှင့်သာ ယှဉ်ပြိုင်စရာ ရှိပါလိမ့်မည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြန်လည်မှတ်ပုံမတင်သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီတစ်ခုတည်းကသာ ပါဝင်ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သုံးသပ်နိုင်ပါသည်။ ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြည်နယ်/တိုင်း အသီးသီးတွင် ယှဥ်ပြိုင်ကြသော ပါတီငယ်လေးများနှင့်သာ ယှဉ်ပြိုင်စရာ ရှိပါလိမ့်မည်။

၂၀၂၃-ခုနှစ် မတ်လနောက်ဆုံးထား၍  ပါတီအားပြန်လည်မှတ်ပုံတင်ခဲ့ကြသည့် ပါတီများအနက် ပါတီသုံးဆယ်ခန့်သည် ယနေ့တိုင်အောင် မှတ်ပုံတင်ခွင့်ပြုချက် မရရှိသေးပေ။ ကြန့်ကြာနေဆဲ ဖြစ်ပါသည်။ ဖျက်သိမ်းရန်အတွက်မှာမူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် နောက်ဆုံးနေ့ဖြစ်သည့် ၂၀၂၃- မတ်လ (၂၈) ရက်နေ့ ရုံးဆင်းချိန်ရောက်သည်နှင့် တပြိုင်နက် နောက်တစ်နေ့ကိုပင် စောင့်မနေတော့ဘဲ ထိုနေ့တွင်ပင် မှတ်ပုံတင်ရန် ရောက်မလာသည့် နိုင်ငံရေးပါတီ ပေါင်း (၄၀) တို့အား နိုင်ငံရေးပါတီများအဖြစ်မှ ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ရုံးချိန်မဟုတ်သော်လည်း ဖျက်သိမ်းချင်လွန်းလှသည့် ဆန္ဒဖြင့် ဇွတ်အတင်းဖျက်သိမ်းလိုက်ခြင်းသည် ကော်မရှင်၏ အတွင်းစိတ်သဘောကို စောကြောနိုင်ပါလိမ့်မည်။ အတိုက်အခံ နိုင်ငံရေးပါတီများအဖို့ ခက်ခဲပြီးရင်း ဆက်၍ဆက်၍ ခက်ခဲသွားမည့် သဘောကို ဖေါ်ပြနေပါသည်။

ယခုအခါ  ကော်မရှင်ဥက္ကဌနှင့်အဖွဲ့သည် နိုင်ငံတကာတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲကို သွားရောက် လေ့လာနေရာ အတိုက်အခံနိုင်ငံရေးပါတီများအဖို့ ရင်ထိတ်ပြီးရင်း ရင်ထိတ်ဖို့သာရှိပါ တော့မည်ဟု ဆိုချင်ပါသည်။

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)