သူတို့သည် အစွန်းရောက် နိုင်ငံရေးယုံကြည်မှုများ၊ ဝါဒစွဲများရှိသူများ မဟုတ်ကြပါ။ လွတ်လပ်မှုကို မြတ်နိုးပြီး တန်းတူမှုကို အလေးထားသူများသာ ဖြစ်ကြသည်။ ကမ္ဘာကြီးနှင့် နေ့စဉ်ထိတွေ့ဆက်ဆံပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို အကောင်းဆုံးပုံဖေါ်ရန် မျှော်လင့်ချက်ကြီးစွာ ကြိုးစားနေသူများသာ ဖြစ်သည်။ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကို လေးစားချင် လေးစားမည်။ သို့သော် မျက်စိမှိတ်ယုံကြည်သူများတော့ မဟုတ်ကြပါ။ အမှားတွေ့ လျှင် မည်သူ့ကို မဆို ဝေဖန်ထောက်ပြဖို့ ဝန်မလေးပေမဲ့ ရန်လိုမုန်းတီးစိတ်ကို အခြေခံသော သူများမဟုတ်ပါ။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် လူထုမှ အစိုးရကိုဆန့်ကျင် တွန်းလှန်သော လူထုအရေးတော်ပုံများစွာ ပေါ်ထွက်ခဲ့သည်။ လူထုအရေးတော်ပုံတိုင်းတွင် တွေ့မြင်ရသည်မှာ နိုင်ငံရေးအတွေးအခေါ် အယူအဆတစ်ရပ်အပေါ်မှာ အခြေခံပြီး အုပ်ချုပ်သူအစိုးရကို ဆန့်ကျင်၍ စနစ်တစ်ခု၊ ခေတ်တစ်ခု ပြောင်းလဲရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ၂၀၂၁ ခုနှစ် နွေဦး တော်လှန်ရေးသည် ထိုကဲ့သို့ မဟုတ်ဘဲ ယခင်တော်လှန်ရေးများနှင့် အနည်းငယ် ကွဲပြားသည်ကို တွေ့မြင်ခဲ့ရသည်။
နွေဦးတော်လှန်ရေးကို လူငယ်များဦးဆောင်ခဲ့သည်။ သူတို့ကို Gen-Z ဟု ခေါ်ဝေါ်ကြသည်။ သူတို့သည် မြန်မာနိုင်ငံတွင် ဖူးပွင့်စ ဒီမိုကရေစီနှင့်အတူ လူလားမြောက်လာသူများဖြစ်သည်။
သူတို့သည် အစွန်းရောက် နိုင်ငံရေးယုံကြည်မှုများ၊ ဝါဒစွဲများရှိသူများ မဟုတ်ကြပါ။ လွတ်လပ်မှုကို မြတ်နိုးပြီး တန်းတူမှုကို အလေးထားသူများသာ ဖြစ်ကြသည်။ ကမ္ဘာကြီးနှင့် နေ့စဉ်ထိတွေ့ဆက်ဆံပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို အကောင်းဆုံးပုံဖေါ်ရန် မျှော်လင့်ချက်ကြီးစွာ ကြိုးစားနေသူများသာ ဖြစ်သည်။
စစ်အစိုးရနှင့် ဖြစ်ပွားခဲ့သော ဒေသအသီးသီး၏ တိုက်ပွဲ သတင်းများ ထုတ်ပြန်ချက်တွင် တော်လှန်ရေး အစုအဖွဲ့တစ်ခုက တိုက်ခိုက်သည့်သတင်း မတွေ့မိသလောက် နည်းပါးသည်ကို တွေ့ရသည်။ အဖွဲ့များစုပေါင်း၍ တိုက်ခိုက်သည့် သတင်းများကိုသာတွေ့မြင်နေရသည်။ ၎င်းအချက်သည် အမိန့်နာခံစီးဆင်းမှု တစ်ခုထဲအောက် မဟုတ်စေကာမူ အချင်းချင်းနားလည်မှု အပြည်အဝရှိနေသည့် သဘောကို ပြသနေခြင်းဖြစ်သည်။ တပ်ဖွဲ့များ အချင်းချင်းပြဿနာ လုံးဝမဖြစ်ဘူးဆိုတော့လည်း မဟုတ်ပါ၊ တစ်ခါတစ်ရံတွင် ပြဿနာသံများ ကြားနေရသည်။ သို့သော်လည်း လက်ရှိ ဖွဲ့စည်းထားသော ပြည်သူ့တော်လှန်ရေး အင်အားစုများ၏ အရေအတွက်နှင့် ပြဿနာဖြစ်ပွားမှုကို နှိုင်းယှဉ်ကြည့်လျှင် အလွန်နည်းပါးသည်ကို တွေ့ရသည်။
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို လေးစားချင် လေးစားမည်။ သို့သော် မျက်စိမှိတ် ယုံကြည်သူများတော့ မဟုတ်ကြပါ။ အမှားတွေ့လျှင် မည်သူ့ကို မဆို ဝေဖန်ထောက်ပြဖို့ ဝန်မလေးပေမဲ့ ရန်လိုမုန်းတီးစိတ်ကို အခြေခံသော သူများမဟုတ်ပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခြင်းသည် လူတစ်ဦးတစ်ယောက်၊ ပါတီတစ်ခုကို ဖမ်းဆီး ချုပ်နှောင် ဖျက်ဆီးခြင်းမဟုတ်၊ လွတ်လပ်မှုများနှင့်အတူ ပေါ်ထွက်လာသော သူတို့၏ မျှော်လင့်ချက်ကို သိမ်းယူသည်ဟု ခံစားရသောကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ သို့သော် အကြမ်းဖက်ဆောင်ရွက်မှုမျိုး မလုပ်ခဲ့ကြပါ။ ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ ဆန့်ကျင်ခဲ့ခြင်းသာ ဖြစ်သည်။ သူတို့လိုချင်သည်မှာ မတရားသိမ်းဆည်းခံသွားရသော သူတို့၏ လွတ်လပ်မှု သင်္ကေတများကို ပြန်လည်တောင်းဆိုခဲ့ခြင်းသာ ဖြစ်သည်။
နွေဦးတော်လှန်ရေးကို ဦးဆောင်ခဲ့သော Gen-Z များအနေဖြင့် စစ်အာဏာရှင်ထံမှ နိုင်ငံတော်အာဏာကို ပြန်လည်တောင်းဆိုနေခြင်းသည် သူတို့ကိုယ်တိုင် အာဏာကို ချုပ်ကိုင်ဆောင်ရွက်ချင်လို့ တောင်းဆိုနေခြင်း မဟုတ်ပဲ သူတို့သည် သက်ဆိုင်သူများထံ နိုင်ငံတော် အာဏာကို ပြန်လည်အပ်နှံပေးနိုင်ရန် ဆောင်ရွက်နေသော တက်ကြွသည့်နိုင်ငံသားများသာ ဖြစ်ကြသည်။
သက်ဆိုင်ရာဒေသအသီးသီးရှိ မတူကွဲပြားသော တော်လှန်ရေး တပ်ဖွဲ့များအကြား အပြန်အလှန်နားလည်မှု ရှိမှုသည်သာ အရေးကြီးဆုံး အချက်ဟု ထင်မြင်မိသည်။ ယခုလို တော်လှန်ရေးကာလ အခက်အခဲ အမျိုးမျိုးကြားမှာ နားလည်မှုကို တည်ဆောက်နိုင်ခြင်းကသာ အရေးကြီးဆုံးဖြစ်သည်။
အာဏာသိမ်းစစ်အစိုးရသည် အာဏာသိမ်းခြင်းအပေါ် ငြိမ်းချမ်းစွာ ဆန့်ကျင်နေသူများကို အကြမ်းဖက် ရက်ရက်စက်စက်ဖြိုခွင်းခဲ့သည်။ တက်ကြွလှုပ်ရှားသူ လူငယ်များကို သေချာရွေးချယ်ကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်၏ ရည်ရွယ်ချက်သည် လူငယ်ထုကို အကြောက်တရား ပေးရန်ဖြစ်သည်။
သို့သော် မျိုးဆက်သစ်လူငယ်များ စစ်အာဏာရှင်ကို မကြောက်ရွံ့သည့်အပြင် ယုံကြည်ချက် ပိုမိုခိုင်မာလာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုဆီမှသည် မိမိကိုယ်ကို မိမိပြန်လည်ခုခံကာကွယ် ပိုင်ခွင့်ရှိသည် ဆိုသော လူသားတစ်ဦး၏ အခွင့်အရေးကို ဆုတ်ကိုင်ကာ ပြန်လည်ခုခံရင်း မြန်မာသမိုင်းတွင် မရှိခဲ့သော လူငယ်များဦးဆောင်သည့် နိုင်ငံသားများက အစိုးရကို ရရာလက်နက်စွဲကိုင် တော်လှန်သော လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းဆီကို ရွေးချယ်လျှောက်လှမ်းသွားကြသည်။
နိုင်ငံရေး အတွေးအခေါ်တစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ဦးဆောင်ခေါ်ဆောင် မှုကြောင့်မဟုတ်ဘဲ လွတ်လပ်မှုကို မြတ်နိုးထားသောစိတ်၊ အမှန်တရားအတွက် စွန့်လွတ် အနစ်နာခံစိတ်များဖြင့် နီးစပ်ရာ၊ ခင်မင်ရာပေါင်းစည်း၌ တော်လှန်ရေးအစုအဖွဲ့များ ဖွဲ့စည်းခဲ့ ကြသည်။ အာဏာရှင်ကို အပြီးသတ်နိုင်ရန် တော်လှန်ခဲ့ကြသည်။
တော်လှန်ရေးပြီးမြောက်၍ အနာဂတ်နိုင်ငံတည်ဆောက်သည့် အချိန်တွင် ဒေသတွင်း တစ်ဦး နှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများကို လျှင်မြန်သော အပြောင်းအလဲဖြင့် အမြန်ဆုံး သယ်ဆောင်ပေးနိုင်သော ဒေသတွင်းအင်အားစုများကို လေ့ကျင့်မွေးထုတ်နေခြင်းဟု ထင်မြင် မိပါသည်၊၊
နွေဦး၏ ပြည်သူ့တော်လှန်ရေးအစုအဖွဲ့များသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ သဘောသဘာဝဖြစ်သည့် အမိန့်ပေးမှုစနစ်တစ်ခုတည်း အောက်တွင် ရှိမနေခဲ့ဘဲ နီးစပ်ရာစုဖွဲမှု အမျိုးမျိုးဖြင့် ရပ်တည်နေကြသည်။ တချို့သောသူများသည် ထိုအခြေအနေကို ကြည့်၍ ပြစ်တင်ဝေဖန်သည်။ အဆိုးမြင် အကြည့်ဖြင့် တော်လှန်ရေး အောင်မြင်မှုမရှိနိုင်ဟု ခန့်မှန်းကြသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရကို လက်နက်ကိုင်တော်လှန်နေသော အမည်အမျိုးမျိုးဖြင့် ရှိကြသည့် ဒေသဆိုင်ရာတပ်ဖွဲ့အသီးသီးတွင် တူညီသောဘုံရန်သူနှင့် တူညီသောပန်းတိုင် ရှိနေကြသည်ကို ဝေဖန်သူများ သတိမမူမိကြခြင်းကို တွေ့မြင်နေရသည်။
တကယ်တော့ ၎င်းတူညီမှုများသည် မိမိတို့အကျိုးအတွက် ရယူလိုသော ဆန္ဒမပါဘဲ မှန်ကန် တက်ကြွသော နိုင်ငံသားတစ်ယောက်၏ နိုင်ငံအပေါ်ထားသော သဘောထားဖြစ်သည်။ နိုင်ငံနှင့် နိုင်ငံသားအားလုံးအတွက် ဆောင်ရွက်သည့်လုပ်ငန်း ဖြစ်နေသည်က ခိုင်မာသော စုစည်းမှုပင် ဖြစ်ပါသည်။ စစ်အစိုးရနှင့် ဖြစ်ပွားခဲ့သော ဒေသအသီးသီး၏ တိုက်ပွဲ သတင်းများ ထုတ်ပြန်ချက်တွင် တော်လှန်ရေးအစုအဖွဲ့တစ်ခုက တိုက်ခိုက်သည့်သတင်း မတွေ့မိသလောက် နည်းပါးသည်ကို တွေ့ရသည်။
နိုင်ငံရေး အတွေးအခေါ်တစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ဦးဆောင်ခေါ်ဆောင် မှုကြောင့်မဟုတ်ဘဲ လွတ်လပ်မှုကို မြတ်နိုးထားသောစိတ်၊ အမှန်တရားအတွက် စွန့်လွတ် အနစ်နာခံစိတ်များဖြင့် နီးစပ်ရာ၊ ခင်မင်ရာပေါင်းစည်း၌ တော်လှန်ရေးအစုအဖွဲ့များ ဖွဲ့စည်းခဲ့ ကြသည်။ အာဏာရှင်ကို အပြီးသတ်နိုင်ရန် တော်လှန်ခဲ့ ကြသည်။
အဖွဲ့များစုပေါင်း၍ တိုက်ခိုက်သည့် သတင်းများကိုသာတွေ့မြင်နေရသည်။ ၎င်းအချက်သည် အမိန့်နာခံစီးဆင်းမှု တစ်ခုထဲအောက် မဟုတ်စေကာမူ အချင်းချင်းနားလည်မှု အပြည်အဝရှိနေသည့် သဘောကို ပြသနေခြင်းဖြစ်သည်။ တပ်ဖွဲ့များ အချင်းချင်းပြဿနာ လုံးဝမဖြစ်ဘူးဆိုတော့လည်း မဟုတ်ပါ၊ တစ်ခါတစ်ရံတွင် ပြဿနာသံများ ကြားနေရသည်။ သို့သော်လည်း လက်ရှိ ဖွဲ့စည်းထားသော ပြည်သူ့တော်လှန်ရေး အင်အားစုများ၏ အရေအတွက်နှင့် ပြဿနာဖြစ်ပွားမှုကို နှိုင်းယှဉ်ကြည့်လျှင် အလွန်နည်းပါးသည်ကို တွေ့ရသည်။
စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစု အားလုံးသည် နိုင်ငံတော်၏ စစ်တပ် နေရာကို အနာဂတ်တွင် အားလုံးပြောင်းလဲ တာဝန်ယူမည့် သူများမဟုတ် သည်ကတော့ သေချာသည်။ သူတို့သည် တော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်ချိန်တွင် မိမိနေရာအသီးသီးတွင် မိမိတို့၏ စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်မှုကို အခြေခံပြီး နိုင်ငံတော်အတွက် ဆောင်ရွက်ပေးမည့်သူများသာ ဖြစ်ကြသည်။
ထို့ကြောင့် ယခုတော်လှန်ရေး ကာလတွင် တစ်စုတစ်စည်းတည်း အမိန့်ပေးစနစ် တစ်ခုအောက်တွင် ရှိနေသည့်အခြေအနေ ဖန်တီးနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း တော်လှန်ရေးကြီးအောင်မြင်ရန်အတွက် ၎င်းအချက်ကို မဖြစ်မနေ ဆောင်ရွက်ရမည်ဟု မတွေးထင်မိပါ။ သက်ဆိုင်ရာဒေသအသီးသီးရှိ မတူကွဲပြားသော တော်လှန်ရေး တပ်ဖွဲ့များအကြား အပြန်အလှန်နားလည်မှု ရှိမှုသည်သာ အရေးကြီးဆုံး အချက်ဟု ထင်မြင်မိသည်။ ယခုလို တော်လှန်ရေးကာလ အခက်အခဲ အမျိုးမျိုးကြားမှာ နားလည်မှုကို တည်ဆောက်နိုင်ခြင်းကသာ အရေးကြီးဆုံးဖြစ်သည်။
တော်လှန်ရေးပြီးမြောက်၍ အနာဂတ်နိုင်ငံတည်ဆောက်သည့် အချိန်တွင် ဒေသတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများကို လျှင်မြန်သော အပြောင်းအလဲဖြင့် အမြန်ဆုံး သယ်ဆောင်ပေးနိုင်သော ဒေသတွင်းအင်အားစုများကို လေ့ကျင့်မွေးထုတ်နေခြင်းဟု ထင်မြင်မိပါသည်။
ထို့ကြောင့် ယခုတော်လှန်ရေး ကာလတွင် တစ်စုတစ်စည်းတည်း အမိန့်ပေးစနစ် တစ်ခုအောက်တွင် ရှိနေသည့်အခြေအနေ ဖန်တီးနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း တော်လှန်ရေးကြီးအောင်မြင်ရန်အတွက် ၎င်းအချက်ကို မဖြစ်မနေ ဆောင်ရွက်ရမည်ဟု မတွေးထင်မိပါ။ သက်ဆိုင်ရာဒေသအသီးသီးရှိ မတူကွဲပြားသော တော်လှန်ရေး တပ်ဖွဲ့များအကြား အပြန်အလှန်နားလည်မှု ရှိမှုသည်သာ အရေးကြီးဆုံး အချက်ဟု ထင်မြင်မိသည်။ ယခုလို တော်လှန်ရေးကာလ အခက်အခဲ အမျိုးမျိုးကြားမှာ နားလည်မှုကို တည်ဆောက်နိုင်ခြင်းကသာ အရေးကြီးဆုံးဖြစ်သည်။
တူညီသော အကျိုးစီးပွား၊ တူညီသော ရည်ရွယ်ချက်များကို ဖော်ဆောင်ရင်း အချင်းချင်း အပြန်အလှန် ယုံကြည်မှုအား ဆတက်ထမ်းပိုး တိုးတက်အောင် တည်ဆောက်သွားဖို့သာ အထူးလိုအပ်လျက် ရှိနေပါသည်။
အညာသား