အသံဆောင်းပါး နားဆင်ရန်
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြီး သုံးကြိမ်ဖြစ်ပွားခဲ့ရာ ယခုတစ်ကြိမ်သည် တွန်းလှန်တုန့်ပြန်ပုံမှာ ထူးခြားလှသည်ဟု ဆိုရပါမည်။ တပ်မတော်သည်လည်း ထွက်ပေါက်ပိတ်နေသည့် အနေအထားတွင် ရောက်နေပါသည်။ ဖိနှိပ်မှု လွန်ကဲသွားသောအခါ ပြည်သူလူထုသည် ကြောက်ရွံ့သည့်အဆင့်တွင် ရပ်မနေတော့ဘဲ နာကြည်းမုန်းတီးသည့်အဆင့်အထိ ရောက်ရှိသွားခဲ့သည်။ ထိုသောအခါ နောက်ပြန်ဆုတ်၍လည်း မရ။ ဖိနှိပ်လေလေ အုံကြွလေလေ အဖြစ်မျိုးနှင့်သာ ကြုံလာရ၍ အခြားနည်းလမ်းများကို မလွဲမရှောင်သာ ရှာဖွေလာရပါ တော့သည်။ NUG,CRPH ကြောင့်တော့ စစ်တပ် မတုန်လှုပ်နိုင်ပါ။ PDF , CDM , CDM နာမည်မခံသော CDM (ဥပမာ-အောင်ဘာလေထီမထိုးခြင်း၊ စစ်တပ်ထုတ် မြန်မာဘီယာ မရောင်းခြင်း) တို့၏ ဖိအားက ပိုပြီးထိရောက်မှု ရှိခဲ့သည်။ အဆိုပါအချက်များသည် စစ်တပ်၏ အားနည်းချက် / အမှားများမှ ပေါက်ဖွားလာကြသည်။
မြန်မာ့အရေးအခင်းများသည် နိုင်ငံတကာကပင် ခေါင်းခြောက်ရသည့် အရေးအခင်းများ ဖြစ်လာသည်။ လွတ်လပ်ရေး ရပြီးကတည်းက စတင်ခဲ့သည့် ပြည်တွင်းစစ်တလင်းမီးသည် ယခု ၂၀၂၃- အထိ နှစ်ပေါင်း (၇၅) နှစ်တိုင် အေးငြိမ်းသွား မည့် အရိပ်အယောင်မျှပင် မမြင်ကြရသေးပေ။ အချိန်ကြာလာသည့်နှင့်အမျှ ဆန့်ကျင်ဖက် လက်နက်ကိုင်တပ်ဖွဲ့များ နည်းသည်ထက် နည်းသွားရမည့်အစား ပိုပြီးတိုးတိုးလာနေသည်ကိုသာ တွေ့နေကြရသည်။ ခေတ်မီလက်နက်များဖြင့် ပြုပြင်ပြောင်းလဲ တည်ထောင်လာကြရာ ပဋိပက္ခမှာပိုပြီးကျယ်ပြန့်လာမည့် သဘောကိုဆောင်နေပါသည်။ အစဦး ကာလတွင် ကွန်မြူနစ်ပါတီ (ဗမာပြည်)၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရဲဘော်ဖြူ၊ ပြည်သူ့ရဲဘော် စသဖြင့် မြေပြန့်ဒေသကို အခြေပြုသော အယူဝါဒဦးစားပေးသည့် လက်နက်ကိုင်တပ်များက ကြီးကြီးမားမား ရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကသာ အစားထိုးနေရာယူလာခဲ့သည်။ ထိုစဉ်ကတည်းက မြေပြန့်ဒေသသည် စစ်မဲ့ဒေသများဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့ပါသည်။ တပ်မတော်၏ လူသား အရင်းအမြစ်များ ရရှိရာဒေသများလည်းဖြစ်ခဲ့သည်။
သို့သော် ၂၀၂၁-ခုနှစ် တပ်မတော်က နိုင်ငံ့အာဏာကို သိမ်းပိုက်လိုက်ပြီးသည့်နောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် နေသော ပြည်သူများအား ရက်စက်သည့်နှိမ်နှင်းမှုများကို စစ်တပ်ဖက်က ဖေါ်ဆောင်လာပြီး နောက်ပိုင်းတွင် ဖေါ်ပြပါ မြေပြန့်ဒေသများတွင် ခုခံတော်လှန်ရေးတပ်ဖွဲ့များ မှိုပေါက်သလို နေရာအနှံ့ ပေါ်ပေါက်လာခဲ့သည်။ စကာစ ကာလတွင် ရရာလက်နက်များဖြင့် တွန်းလှန်ခဲ့ကြသော်လည်း နှစ်နှစ်တာကာလ ကျော်လာသောအခါ တဖြည်းဖြည်းနှင့် ခေတ်မီ လက်နက်များကို ဖြည့်ဆည်းလာနိုင်ကြသည်။ တပ်စုတပ်ဖွဲ့အလိုက် တော်လှန်ရေးတပ်များရှိသလို မြေအောက်လုပ်ငန်း ဖြင့် တော်လှန်ရေးကို ဆောင်ရွက်သူများလည်း အများအပြားရှိလာခဲ့သည်။ မြန်မာတပြည်လုံး အနည်းအများသာလျှင် ခြားနားမည်ဖြစ်သော်လည်း နေရာအနှံ့တွင် ဖြန့်ကြက်အခြေပြုထားနိုင်သည့် အနေအထားဖြစ်လာသည်။
တပ်မတော်၏ သမိုင်းတွင် အခက်အခဲပေါင်းမျိုးစုံကို ရင်ဆိုင်ခဲ့ကြဖူးပါသည်။ ရန်ကုန်အစိုးရဟု ခေါ်ဆိုနိုင်လောက်သည် အထိ နောက်ဆုတ်ပေးခဲ့ရသည့်ကာလများ ရှိခဲ့ပါသည်။ သို့သော် ယခုအချိန်အခါလောက် တကြိမ်တခါမျှ စစ်မျက်နှာ အများအပြားကို ရင်ဆိုင်ခဲ့ရဖူးခြင်း မရှိသေးပေ။ များပြားလှသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များကို ရင်ဆိုင်နေရသလို ပြန့်ကြဲနေသော PDF များကိုလည်း ရင်ဆိုင်နေရသည်။ မထောက်မညှာတမ်း သုံးသပ်ရလျှင် လူထု ထောက်ခံမှု အကျဆင်းဆုံး အချိန်လည်း ဖြစ်နေပြန်သည်။ စစ်တပ်အဖို့ လူသစ်စုဆောင်းရေးအတွက် ခက်ခဲလာသည်။ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းများ၏ ထုတ်ကုန်များကို မဝယ်မသုံးကြဘဲ နေလာကြသည်။ တဖက်တွင် နိုင်ငံတော် အာဏာကို ရယူထားသောကြောင့် နိုင်ငံ၏ဌာနဆိုင်ရာ ယန္တယားများကို ရပ်ဆိုင်းထား၍ မရပြန်ပေ။ သို့သော် မည်သည့် ကာလတုန်းကမျှ မရှိခဲ့ဖူးသည့် Civilian Disobedience Movement (CDM) လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့ပြီး ဝန်ကြီးဌာနများ၏ လုပ်ငန်းများကို ထိခိုက်ခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြီး သုံးကြိမ်ဖြစ်ပွားခဲ့ရာ ယခုတစ်ကြိမ်သည် တွန်းလှန်တုန့်ပြန်ပုံမှာ ထူးခြားလှသည်ဟု ဆိုရပါမည်။ နိုင်ငံတကာကလည်း အာဏာသိမ်းမှုကို ထောက်ခံသူ မရှိခဲ့ပေ။ သံခန်းတမန်ခင်း လုပ်ငန်းများကို အဆက်အသွယ်မဖြတ်ချင်၍သာ အပြန်အလှန်ဖွင့်ထားကြသည့် သံရုံးများကို ဆက်လက်ဖွင့်ထားကြခြင်းဖြစ်သည်။ စင်စစ် တပ်မတော်သည်လည်း ထွက်ပေါက်ပိတ်နေသည့် အနေအထားတွင် ရောက်နေပါသည်။ ဖိနှိပ်မှု လွန်ကဲသွားသောအခါ ပြည်သူလူထုသည် ကြောက်ရွံ့သည့်အဆင့်တွင် ရပ်မနေတော့ဘဲ နာကြည်းမုန်းတီးသည့်အဆင့်အထိ ရောက်ရှိသွားခဲ့သည်။ ထိုသောအခါ နောက်ပြန်ဆုတ်၍လည်း မရ။ ဖိနှိပ်လေလေ အုံကြွလေလေ အဖြစ်မျိုးနှင့်သာ ကြုံလာရ၍ အခြားနည်းလမ်းများကို မလွဲမရှောင်သာ ရှာဖွေလာရပါ တော့သည်။ NUG, CRPH ကြောင့်တော့ စစ်တပ် မတုန်လှုပ်နိုင်ပါ။ PDF , CDM , CDM နာမည်မခံသော CDM (ဥပမာ-အောင်ဘာလေထီမထိုးခြင်း၊ စစ်တပ်ထုတ် မြန်မာဘီယာ မရောင်းခြင်း) တို့၏ ဖိအားက ပိုပြီးထိရောက်မှု ရှိခဲ့သည်။ အဆိုပါအချက်များသည် စစ်တပ်၏ အားနည်းချက်/ အမှားများမှ ပေါက်ဖွားလာကြသည်။
ဤကား အာဏာသိမ်းစစ်အစိုးရ ရင်ဆိုင်နေရသည့် အခက်အခဲများ၏ အကျဉ်းချုပ်မျှသာ ဖြစ်ပါသည်။
လေ့လာသူများ၏ အဆိုအရ ၂၀၂၀- ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ထားကြသော အုပ်စုတစ်စု ရှိသလို ၂၀၀၈- အခြေခံ ဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖွဲ့စည်းလိုသော အုပ်စုလည်း ရှိနေသည်။ အချို့က စစ်အစိုးရကို ဖယ်ရှားပြီးလျှင် ၂၀၂၀- ရွေးကောက်ပွဲ ရလဒ်အရ သူတို့ကို အစိုးရပြန်ဖွဲ့ခွင့်ပေးရမည်ဟူသော အယူအဆမျိုး လည်းရှိကြသည်။ အချို့ကမူ စစ်အစိုးရ မရှိတော့သည့်နေရာတွင် မည်သည့်အာဏာရှင်ကိုမျှ ဆက်လက်တင်မြှောက်လို ခြင်းမရှိသည့် သူများလည်း အများအပြား ရှိနေသည်။ ထို့အပြင် ပြည်တွင်းတွင် ကျန်နေရစ်သော ဒီချုပ်အုပ်စုကလည်း အကြမ်းဖက်မှုကို ဒီချုပ်ပါတီအနေဖြင့် တကြိမ်တခါမျှ ထောက်ခံအားပေးခြင်းမပြု- ဟူသော အယူအဆကို လက်စွဲပြု၍ ပြည်တွင်းမှာ ဆက်လက်ရပ်တည်နေကြသည်။
အာဏာသိမ်းစတွင် ပြန်လည်ဖွဲ့စည်းလိုက်သည့် ရွေးကောက်ပွဲကော်မရှင်အသစ်၏ အလောတကြီး ဆောင်ရွက်လိုက်သည့် ၂၀၂၀- ရွေးကောက်ပွဲရလဒ်များအားလုံးကို ဖျက်သိမ်းလိုက်ခြင်းသည် ယင်းတို့ကိုယ်တိုင် လိုက်နာရမည့် ၂၀၀၈-အခြေခံပါ ဥပဒေပြဌာန်းချက်များကို ဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ အနိုင်ရ ဒီချုပ်ပါတီ၏ ပါတီဝင်များ၊ ရွေးချယ်ခံ ကိုယ်စားလှယ်များအနက် အတော်များများသည် နယ်စပ်ဒေသများသို့ တိမ်းရှောင်ခဲ့ကြသည်။ အချို့ဆိုလျှင် တတိယ နိုင်ငံများအထိ ရောက်သွားကြသည်။ ထူးဆန်းသည်မှာ ၁၉၈၈-ကာလ တုန်းကလို တကိုယ်တည်းသွားခြင်းမဟုတ်ဘဲ အိမ်ထောင်စုအလိုက် တစုတပြုံကြီးသွားကြခြင်းဖြစ်သည်။ အပြီးတိုင်သွားကြသည့် သဘောမျိုးဖြစ်မည်ထင်ပါသည်။ နယ်စပ်ဒေသ တိုင်းရင်းသားနယ်မြေများတွင် သွားရောက်မှီခိုကြသူများလည်း ရှိပါသည်။ ထို ဒေသကို အခြေခံလျက် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုဖွဲ့စည်းကြသည်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုဆက်လက် ဖွဲ့စည်းကြသည်။ ထိုနောက် အတိုင်ပင်ခံကောင်စီ (NUCC) ကို ဆက်လက်ဖွဲ့စည်းပြန်သည်။ ထို့ အပြင် ဒီချုပ်အဖွဲ့ဝင်များ က (CWC) ဟူ၍ ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်းပြန်သည်။
လေ့လာသူများ၏ အဆိုအရ ၂၀၂၀- ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ထားကြသော အုပ်စုတစ်စု ရှိသလို ၂၀၀၈- အခြေခံ ဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖွဲ့စည်းလိုသော အုပ်စုလည်း ရှိနေသည်။ အချို့က စစ် အစိုးရကို ဖယ်ရှားပြီးလျှင် ၂၀၂၀- ရွေးကောက်ပွဲ ရလဒ်အရ သူတို့ကို အစိုးရပြန်ဖွဲ့ခွင့်ပေးရမည်ဟူသော အယူအဆမျိုး လည်းရှိကြသည်။ အချို့ကမူ စစ်အစိုးရ မရှိတော့သည့်နေရာတွင် မည်သည့်အာဏာရှင်ကိုမျှ ဆက်လက်တင်မြှောက်လို ခြင်းမရှိသည့် သူများလည်း အများအပြား ရှိနေသည်။ ထို့အပြင် ပြည်တွင်းတွင် ကျန်နေရစ်သော ဒီချုပ်အုပ်စုကလည်း အကြမ်းဖက်မှုကို ဒီချုပ်ပါတီအနေဖြင့် တကြိမ်တခါမျှ ထောက်ခံအားပေးခြင်းမပြု- ဟူသော အယူအဆကို လက်စွဲပြု၍ ပြည်တွင်းမှာ ဆက်လက်ရပ်တည်နေကြသည်။ ဆိုးဝါးသည့်အချက်တစ်ခုမှာ ပြည်တွင်းရှိ ဒီချုပ်ပါတီဝင်များနှင့် နယ်စပ် (သို့) ပြည်ပတွင်ရှိသည့် ဒီချုပ်ပါတီဝင်များသည် အကြီးအကျယ် သဘောထားကွဲလွဲနေကြခြင်းဖြစ်သည်။ မုန်းတီးကြ သည့်အဆင့်ရှိသည်ဟုပင် ပြောနိုင်ပါသည်။ နယ်စပ်ဒေသရှိ CWC အနေဖြင့် ပြည်တွင်းရှိ ဒီချုပ်ပါတီ ဗဟိုကော်မတီဝင် များကို ပါတီမှ ထုတ်ပယ်သည့် ထုတ်ပြန်ချက်များပင် ထုတ်ပြန်ခဲ့ကြသည်။ NUCC သည်လည်း ပြည်တွင်းရှိ non-CDM ဖြစ်ကြသည့် ဝန်ထမ်းများကို အရေးယူမည်ဟူသော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြန်သည်။ ငါနဲ့မတူ ငါ့ရန်သူ သဘောမျိုးဖြစ်၍ ဝေဖန်မှုများ ခံခဲ့ရသည်။ စစ်အစိုးရကို ဆန့်ကျင်နေရင်းဖြင့်ပင် ကိုယ့်အချင်းချင်း ဆန့်ကျင်နေကြ ပြန်သည်။ စည်းလုံးညီညွတ်မှု မရှိ၍ ပန်းတိုင်ကို မြင်ရဖို့ ဝေးနေသေးသည်ဟု ဆိုရပါမည်။
SAC အနေဖြင့် အစိုးရ ယန္တရားများကို ပုံမှန်လည်ပတ်နိုင်စွမ်း ရှိမနေသေးပေ။ အစိုးရ အဆက်ဆက်၏ အကြွေးနွံထဲက ရုန်းထွက်ဖို့ပင် အတော်ကြိုးစားနေရသည်။ ဝန်ထမ်းသပိတ်ပြဿနာ၊ လျှပ်စစ် မလုံလောက်မှု ပြဿနာ၊ ကျပ်ငွေဖေါင်းပွလွန်းနေပြီး နိုင်ငံခြားငွေ မလုံလောက်သည့်ပြဿနာ စသဖြင့် ပြဿနာများစွာကို ရင်ဆိုင်နေရသည်။ မည်သည့်နိုင်ငံခြားတိုင်းပြည်ကမျှ ထောက်ပံ့မှု တိတိကျကျ ရှိမနေပေ။ ခုခံတော်လှန်ရေး တပ်ဖွဲ့များ ၏ နှောင့်ယှက်ဟန့်တားမှုများကြောင့်လည်း ပိုပြီး အခက်အခဲ ဖြစ်စေသည်။
စစ်တပ်အာဏာသိမ်းစဉ်က ဒီချုပ် ဥက္ကဌ DASSK နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ထိန်းသိမ်းခဲ့သည်။ အခြား ခေါင်းဆောင် များကိုလည်း ထိန်းသိမ်းခဲ့သည်။ အချိန်အတန်ကြာသောအခါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို တစတစလွှတ်ပေး ခဲ့သည်။ ယခုအခါ ပြည်တွင်း၌ ဒီချုပ်၏ CEC ခုနစ်ဦးသည် အချုပ်အနှောင်မရှိ လွတ်မြောက်နေကြသည်ဟု ဆိုသည်။ သို့သော် မည်သည့်လှုပ်ရှားမှုကိုမျှ မတွေ့ ရပေ။ ပြည်တွင်းတွင် ကျန်နေကြသော ဒီချုပ် ရွေးချယ်ခံကိုယ်စားလှယ်များ ရာဂဏန်းအထိ ရှိသည်ဟုလည်းဆိုပါသည် သို့သော်လည်း မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မလုပ်ကြပေ။ တဖက်တွင်လည်း အန္တရာယ်ကြီးမားမှုနှင့် ရက်စက်လှသော စစ်အစိုးရ၏ ဖိနှိပ်မှုကြောင့် မလှုပ်ရှားနိုင်ဟု ဆိုချင်ဆိုနိုင်ပါသည်။ ထိုသောအခါ ပြည်တွင်းနှင့် ပြည်ပနယ်စပ် အုပ်စုများသည် နိုင်ငံရေးအရ တုန့်ဆိုင်းနေသလို ဖြစ်နေသည်။ DASSK အားတရားရုံးထုတ်စဉ်က နှစ်ဖက်စလုံးသည် နည်းလမ်းအသီးသီးဖြင့် သူမ၏ ထောက်ခံမှု မှတ်ချက်ကို ရနိုင်အောင် ကြိုးစားအားထုတ်ခဲ့ကြသည်။ ကောလာဟလ သတင်းများကိုသာ ထုတ်ပြောနိုင်ကြပြီး အဆိုပါ ပြောဆိုချက်များကို အတည်ပြုရန် ခက်ခဲခဲ့ကြပါသည်။
ဉာဏ်လင်း