ဒီချုပ်  ဘယ်လဲ ဘာလဲ (အပိုင်း ၂)

အသံဆောင်းပါး နားဆင်ရန်

၂၀၁၂-၂၀၁၅ ကာလတုန်းက ဦးဝင်းမြင့်ကိုယ်တိုင် ပြင်ဆင်ရန်တင်သွင်းခဲ့သော အခြေခံ ဥပဒေပုဒ်မ တစ်ခုကို ၂၀၁၆-၂၀၂၀ ကာလတွင် ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ရန် ပြန်လည်တင်သွင်းသောအခါ အများစုဖြစ်နေသော ဒီချုပ်ကိုယ်စားလှယ်များက ပယ်ချခဲ့ကြသည်။ ကိုယ်ကိုယ်တိုင် ပြင်ဆင်ရန်တင်ပြခဲ့ဖူးသော ပြင်ဆင်ချက်ကို ကိုယ်တိုင်အစိုးရဖြစ်လာသောအခါ လက်မခံတော့ဘဲ ပယ်ချလိုက်ခြင်းကြောင့် လေ့လာသူများ အကြီးအကျယ်အံ့အားသင့်ကုန်ကြသည်။

စစ်တပ်က ခင်းကျင်းသော လမ်းကြောင်းနောက်သို့ စိတ်ပါလက်ပါလျှောက်လှမ်းခဲ့သော်လည်း အပြစ်မမြင်ဘဲ အချစ်ဝင်လျက် စဉ်းစား ကြည့်သောအခါ နိုင်ငံတော်အာဏာကို လက်ဝယ်ပိုင်ပိုင် ရခဲ့သည့်အချက်က အားတက်စရာဖြစ်သည်။ ၂၀၁၆-ခု နှစ် ဒီချုပ်က အစိုးရဖွဲ့သောအခါ အများက ၂၀၀၈-ကို ပြင်ဆင်နိုင်လိမ့်မည်။ ဒီမိုကရေစီလမ်းကြောင်းအမှန်ကို ဖေါ်ဆောင်နိုင်တော့မည်။  စစ်အာဏာရှင်စနစ်ကို ပိတ်သိမ်းနိုင်တော့မည်ဟု ယုံကြည်ခဲ့ကြသည်။ ပျော်ရွှင်ခဲ့ကြသည်။

အစိုးရဖွဲ့သောအခါ အားနည်းချက်တစ်ချို့ကို စမြင်ရသည်။ ဝန်ကြီးဌာနများတွင် ကုန်ကျစရိတ်နည်းစေရန် ဒုတိယဝန်ကြီး များ မခန့်အပ်တော့ဟုဆိုသည်။ မလိုအပ်တဲ့ ဝန်ကြီးဌာများကို ဖျက်သိမ်းပြီး (အမှန်တကယ် မလိုအပ်တဲ့) တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော် သမ္မတ မဖြစ်နိုင်သည့်အတွက် DASSK အား နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်သည်။ သူမသည် သမ္မတ၏ အထက်တွင် ရှိသည်ဟု ထုတ်ပြောခဲ့သည်။ အားလုံးက DASSK ၏ ခြေရာလက်ရာချည်း ဖြစ်လာသည်။ ကော်မတီပေါင်း မြောက်မြားစွာတွင် ( ဗိုလ်ချုပ်ခင်ညွန့် ကဲ့သို့ )  ဥက္ကဌ ဖြစ်လာသည်။ ဥက္ကဌ အနေဖြင့် ပါတီဗဟိုကော်မတီကို တိုင်ပင်အသိပေးမှုများလည်း မရှိသလောက်ဖြစ်လာသည်။ အတော်ဆိုးသည့် ကိစ္စတစ်ရပ်မှာ အင်္ဂလိပ်သံရုံးတွင် ဒုတိယအတွင်းဝန် တာဝန်ထမ်းဆောင်ခဲ့သူအား အတိုင်ပင်ခံရုံးတွင် ခန့်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါအချက်အား တပ်မတော်အနေဖြင့် လုံးဝ လက်ခံနိုင်ခြင်း မရှိသော်လည်း အတော်ကို အောင့်အီးသည်းခံခဲ့ရ ပုံရှိသည်။ ထို့အပြင် ပါတီအမာခံများကို ပြည်နယ်/ တိုင်းများတွင် ဝန်ကြီးချုပ် ခန့်အပ်သည်။ ပြည်ထောင်စုအဆင့်တွင် ပညာရှင်များကို တာဝန်ပေးသည်။  အများက ခရိုနီဟု ခေါ်နေကြသော ခေတ်သစ်သူဌေးများကိုလည်း တိုင်ကွန်းဟု အမည်ပြောင်းသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ / ရိုဟင်ဂျာ ကိစ္စများပေါ်လာသောအခါ DASSK  သဘောထားများကို ကမ္ဘာက စိတ်အပျက်ကြီး ပျက်သွားခဲ့ကြသည်။  ရခိုင်တပ်တော်အား လိုအပ်လျှင် လေယာဉ်ဖြင့်ပါ တိုက်ခိုက်ဖို့ ညွှန်ကြားသည်ဟု ဆိုပြန်ရာ ရခိုင်တပ်တော်နှင့် အလှမ်းဝေးရပြန်သည်။

စစ်အစိုးရတုန်းက “စိန်စီသောည” ဟူ၍ အငေါ့ထူးခဲ့ ကြသကဲ့သို့  DASSK  လက်ထက်တွင်လည်း “ထိန်စီသောည” ဖြစ်ခဲ့ပြန်သည်။

ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သည့် အခြေခံ ဥပဒေကို ပြင်ဆင်ရန်ကိစ္စတွင် စိတ်မပါသလို ဖြစ်လာသည်။  ၂၀၁၂-၂၀၁၅ ကာလတုန်းက ဦးဝင်းမြင့်ကိုယ်တိုင် ပြင်ဆင်ရန်တင်သွင်းခဲ့သော အခြေခံ ဥပဒေပုဒ်မ တစ်ခုကို ၂၀၁၆-၂၀၂၀ ကာလတွင် ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ရန် ပြန်လည်တင်သွင်းသောအခါ အများစုဖြစ်နေသော ဒီချုပ်ကိုယ်စားလှယ်များက ပယ်ချခဲ့ကြသည်။ ကိုယ်ကိုယ်တိုင် ပြင်ဆင်ရန်တင်ပြခဲ့ဖူးသော ပြင်ဆင်ချက်ကို ကိုယ်တိုင်အစိုးရဖြစ်လာသောအခါ လက်မခံတော့ဘဲ ပယ်ချလိုက်ခြင်းကြောင့် လေ့လာသူများ အကြီးအကျယ်အံ့အားသင့်ကုန်ကြသည်။ “မူဝါဒ” မဟုတ်တော့ဘဲ “လူဝါဒ” ဖြစ်လာခဲ့သည်။  ဒီချုပ်၏ ကိုယ်စားလှယ်အရေအတွက်သည် အချို့သော အခြေခံဥပဒေ ပုဒ်မများအား ပြင်ဆင်ရန် လုံလောက်သည့် အရေအတွက် ရှိနေခဲ့သော်လည်း  ပြင်ဆင်ခဲ့ခြင်း မရှိပေ။  ဝန်ကြီးချုပ်များသည်လည်း  အရည်အချင်း မပြသနိုင်ခဲ့ကြပေ။ မိုးပျံတံတားဆောက်မည်ဟု ကြွေးကြော်သူ၊ အိုးလုပ်ငန်းကို အနုမြူ ပေါင်းအိုးအထိ ကြိုးစား​ရန်တိုက်တွန်းသူ၊ ကျောက်မီးသွေးကြောင့် ညစ်နွမ်းနေသော ရေကိုသောက်ပြသူ၊ ဘာမှ မပါရင် အိမ်မလာနဲ့ဆိုသူတွေအပြင် လာဘ်လာဘကြောင့် နာမည်ကျော်ကြရသူတွေနဲ့ ပြည့်နှက်နေခဲ့သည်။ အတိုင်ပင်ခံ ကိုယ်တိုင်၏ တပြည်လုံးတွင် ဗိုလ်ချုပ်ကြေးရုပ်များ စိုက်ထူလိုသည့်ဆန္ဒသည် ပြည်သူအချို့နှင့် ပြဿနာဖြစ်လာခဲ့သည်။ အထူးသဖြင့် ပြည်နယ်အချို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းအကြပ်စိုက်ထူခြင်းအား ဒေသခံများက ဆန့်ကျင်ကန့်ကွက်သည့်အတွက် ထိခိုက်ဒဏ်ရာရသည်အထိ ဖြစ်ခဲ့ခြင်းသည် နိုင်ငံရေးအရ နစ်နာမှုဟု မြင်သင့်သော်လည်း မြင်ပုံမရပါချေ။ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်လိုသည့်သဘောဖြင့် မြန်မာကျပ် ငွေစက္ကူတွင် ဗိုလ်ချုပ်အောင်ဆန်းပုံများ ပြန်လည်ရိုက်နှိပ်ရန် ညွှန်ကြားခဲ့သည်။ ဘောဂဗေဒ နားလည်သူများက ထိုသို့ဆောင်ရွက်လျှင် မြန်မာငွေကြေး ဖေါင်းပွမှုနှုန်း မြှင့်တက်နိုင်ကြောင်း ဖြောင်းဖြသော်လည်း အတင်းအကြပ်ပင် ရိုက်နှိပ်ခိုင်းခဲ့သည်။ ချောင်းဆုံ-မော်လမြိုင်တံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်သို့ပြောင်းသည်ကို လူထုကဆန္ဒပြခဲ့သည်။ ယင်းကိစ္စအား မကျေနပ်သောကြောင့် ပြည်သူ့လွှတ်တော်တွင် မွန်အမျိုးသမီးတစ်ဦးအား အဆိုတင်ခိုင်းကာ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် တံတားနာမည်ပြောင်းခဲ့သည်။ တံတားတစ်စင်းအား မိမိပေးချင်သော နာမည်ပေးနိုင်အောင် လွှတ်တော်သို့ တင်သွင်းဆုံးဖြတ်ခိုင်းသည်အထိ ဆောင်ရွက်ချက်သည် အပြုသဘောဆောင်သည့် လုပ်ရပ်မဟုတ်ပေ။  ဒီမိုကရေစီဘောင်အတွင်းက အနိုင်ကျင့်မှုဟု မှတ်ချက်ပြုခြင်းကို ခံခဲ့ရသည်။

လက်ပံတောင်း တောင်တွင် ရွာသူတစ်ဦးနှင့် ရန်ဖြစ်ခြင်းအပြင် ဆန္ဒပြကျောင်းသားများကို လေးစားသမှုမပြုသည့် အပြောအဆိုများက သူမ၏ ပုံရိပ်ကို မှေးမိန်လာစေသည်။  အများပြည်သူ မျှော်လင့်ထားခဲ့ကြသလို ပြုပြင်ပြောင်းလဲ ရေးသည်ဖြစ်မလာခဲ့ဘဲ သူမနားအနီးကပ်နေထိုင်သူအချို့၏ ဖေါက်ပြန်မှုများကိုသာ တွေ့လာရသည်။  စစ်အစိုးရတုန်းက “စိန်စီသောည” ဟူ၍ အငေါ့ထူးခဲ့ ကြသကဲ့သို့  DASSK  လက်ထက်တွင်လည်း “ထိန်စီသောည” ဖြစ်ခဲ့ပြန်သည်။

တံတားတစ်စင်းအား မိမိပေးချင်သော နာမည် ပေးနိုင်အောင် လွှတ်တော်သို့ တင်သွင်းဆုံးဖြတ်ခိုင်းသည်အထိ ဆောင်ရွက်ချက်သည် အပြုသဘောဆောင်သည့် လုပ်ရပ်မဟုတ်ပေ။  ဒီမိုကရေစီဘောင်အတွင်းက အနိုင်ကျင့်မှုဟု မှတ်ချက်ပြုခြင်းကို ခံခဲ့ရသည်။

ဒီချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်များသည်လည်း သူမ၏သဘောတူ/မတူမှုက အခရာကျ ပါသည်။ အားလုံးက သဘောတူကြသော်လည်း သူမ သဘောမတူလျှင် ဆုံးဖြတ်ချက် မဖြစ်နိုင်ပေ။ အထက်ဖေါ်ပြပါ အကြောင်းအရာများသည် အပြစ်တင်လိုသော အကြောင်းကြောင့် ဖေါ်ပြနေခြင်း မဟုတ်ပေ။  အပြစ်တင်သည့်သဘော ဖေါ်ပြလိုပါက သည့်ထက်မက ပြောစရာများ ရှိနေပါသေးသည်။   အဓိကမှာ မိဘပြည်သူများ မျှော်လင့်ထားသလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည်  ဖြစ်မလာသည့်အချက်ကို အဓိကထားလိုခြင်း ဖြစ်ပါသည်။

၂၀၂၀- ပြည့်နှစ် ရွေးကောက်ပွဲတွင် ထပ်မံ၍ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သောအခါ  တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟုဆိုကာ အနိုင်ရ တိုင်းရင်းသားပါတီများရှိရာ ကချင်ပြည်နယ်၊ မွန်ပြည်နယ် စသည့်ပြည်နယ်များသို့ သွားရောက်တွေ့ ဆုံရာတွင် မိတ်ဆွေသဘောမဆောင်ဘဲ အထက်စီးဖြင့် တွေ့ဆုံခဲ့ခြင်းသည် နိုင်ငံရေးအရ အလွန်နစ်နာမှု ဖြစ်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်နှင့်မွန်ပါတီများ SAC ဖက်သို့ ယိမ်းယိုင်သွားကြရသည်မှာ အဆိုပါ အထက်စီး ဆက်ဆံရေး၏ အကျိုးဆက်ဖြစ်သည်။  ဒုတိယ ဥက္ကဌ ဖြစ်သူ၏  “ မဟာမိတ်မူ မရှိဘူး “  စသော စည်းရုံးရေး စကား လုံးဝမပါသော (တနည်းအားဖြင့်) မိတ်ဆွေများကို ကန်ထုတ်လိုက်သော စကားမျိုးကို သတင်းမီဒီယာများသို့ ပြောကြားခြင်းသည် ဒီချုပ်ပါတီအား အလွန်ကိုထိခိုက်ခဲ့သည်။  ယင်းကာလများ၏ နောက်ပိုင်းတွင် မျက်စိစုံမှိတ် ထောက်ခံနေသူများမှအပ နိုင်ငံရေးနားလည်သူ လူအများအဖို့  ယခင်ကများ စွာမျှော်လင့်ခဲ့ခြင်းများသည်  ဆက်လက်၍ မျှော်လင့်မရတော့ကြောင်း စိတ်ပျက်လက်ပျက် မှတ်ချက်ပေးခဲ့ကြသည်။

၂၀၂၀- ပြည့်နှစ် ရွေးကောက်ပွဲတွင် ထပ်မံ၍ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သောအခါ  တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟုဆိုကာ အနိုင်ရ တိုင်းရင်းသားပါတီများရှိရာ ကချင်ပြည်နယ် ၊ မွန်ပြည်နယ် စသည့်ပြည်နယ်များသို့ သွားရောက်တွေ့ ဆုံရာတွင် မိတ်ဆွေသဘောမဆောင်ဘဲ အထက်စီးဖြင့် တွေ့ဆုံခဲ့ခြင်းသည် နိုင်ငံရေးအရ  အလွန်နစ်နာမှု ဖြစ်ခဲ့သည်။

အမှန်စင်စစ် ဒီချုပ်အား သောင်ပြိုကမ်းပြို မဲပေးခဲ့ကြခြင်းမှာ စစ်တပ်နောက်ခံပါတီ ကြံ့ခိုင်ရေးပါတီအား မလိုလားသော ကြောင့်ဖြစ်သည်ကို သတိပြုသင့်ပါသည်။  ကြံ့ခိုင်ရေးပါတီ အနေဖြင့် စစ်တပ်၏လောင်းရိပ်အောက်မှ မလွတ်ကင်း သရွေ့  ရွေးကောက်ပွဲတိုင်း ဒီချုပ်ကိုသာ အိတ်သွန်ဖါမှောက်မဲပေးနေကြအုန်းမည်သာ ဖြစ်သည်။  ထိုအချက်ကို ထောက်ထားကာ ဒီချုပ်အနေဖြင့် မိမိတို့ကို ပြည်သူလူထုကြီး တစ်ရပ်လုံးက အမြဲတစေ ထောက်ခံအားပေးနေသည်ဟု ယူဆနေလျှင် မှားယွင်းသည့် စိတ်ကူးဖြစ်ပါလိမ့်မည်။  ထို့အပြင် မိမိတို့အနေဖြင့် ဘယ်လိုဘဲ အမှားလုပ်မိပါစေ  ကြံ့ခိုင်ရေးပါတီ ရှိနေသရွေ့  မဲရမြဲ ရနေလိမ့်မည်ဟုလည်း မတွေးဆသင့်ပေ။   

အမှားများကို ဝေဖန်ထောက်ပြလျှင် သွေးထွက်အောင်မှန်သော်လည်း ဒီချုပ်ကို အားပေးထောက်ခံသူများက မကြိုက်နစ် သက်ကြပေ။ အဝေဖန် မခံနိုင်သော နိုင်ငံရေးပါတီတစ်ရပ်သည် လမ်းမှားသို့ အချိန်မရွေးရောက်သွားနိုင်ပါသည်။ ပါတီ တစ်ရပ်၏ မူဝါဒမှာ ဒီမိုကရေစီနိုင်ငံတစ်ရပ်ကို ထူထောင်မည်ဟု သတ်မှတ်ထားပါက ပါတီတွင်း ဒီမိုကရေစီသည်လည်း အမှန်စင်စစ် ရှိကိုရှိနေရမည် ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ထဲအပေါ်  အားကိုး မှီခိုလွန်းခြင်းဖြင့် ဒီမိုကရေ စီနိုင်ငံရေးစနစ်ကို ဖေါ်ဆောင်နိုင်မည် မဟုတ်ပေ။  ဒီမိုကရေစီ၏ ယဉ်ကျေးမှုသည်လည်း အရေးကြီးပါသည်။  တစ်ဦး တစ်ယောက်က “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းနဲ့ “ ဟု မည်သို့ပင်ပြောဆိုစေကာမူ မိမိက “ ဘာရမလဲ သာဝရယ်” ဆိုတာမျိုးက ပြန်မပြောသင့်ကြောင်း နားလည်သင့်ပါသည်။

ဒီမိုကရေစီ၏  ယဉ်ကျေးမှုသည်လည်း အရေးကြီးပါသည်။  တစ်ဦး တစ်ယောက်က “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းနဲ့ “ ဟု မည်သို့ပင်ပြောဆိုစေကာမူ မိမိက “ ဘာရမလဲ သာဝရယ်” ဆိုတာမျိုးက ပြန်မပြောသင့်ကြောင်း နားလည်သင့်ပါသည်။

အကျိုးဆက်သည်ကား – တိုင်းပြည်တစ်ခုလုံး ဖွတ်ဖွတ်ညက်ညက်ကြေအောင် တိုက်ပွဲများပေါ်ပေါက်လာခြင်းပင်။ မိမိ ကြောင့် မဟုတ်ဟု ငြင်းဆိုနိုင်သော်လည်း မိမိကိုအကြောင်းပြု၍  အာဏာသိမ်းခဲ့ခြင်းဖြစ်၍ မကင်းရာ မကင်းကြောင်း ဖြစ်ပါသည်။မည်သို့ပင်ဆိုစေ  မြန်မာပြည်သူတို့၏  မျှော်လင့်ချက် ရောက်ခြည်သည် မှေးမိန်သွားခဲ့ရသည်။ သြဇာကြီး မားသူတစ်ယောက်ဖြစ်ရန် မလွယ်ကူပါ။ နိုင်ငံတော်၏ အာဏာကို ရရှိရန်လည်း မလွယ်ကူပါ။ သြဇာတိက္ကမ အလွန်ကြီးသူတစ်ဦးက နိုင်ငံတော်အာဏာကို ရယူနိုင်ခြင်းသည်  တိုင်းသူပြည်သားတို့အတွက် သူတို့ဖြစ်စေချင်သော တိုင်းပြည် တစ်ပြည်ဖြစ်လာရန် အလွန့်အလွန်ကို နီးစပ်ခဲ့သည်။  အလွန့်အလွန်ကို ဖြစ်နိုင်ချေ ရှိခဲ့သည်။  အလွန့်အလွန်ကို မျှော်လင့် နိုင်ခဲ့ကြသည်။ 

ယခုမူကား အဆိုပါ အခွင့်အရေးများအားလုံးသည်  လက်လွှတ်ဆုံးရှုံးခဲ့ကြရလေပြီ။

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)