ဒီချုပ်  ဘယ်လဲ ဘာလဲ (အပိုင်း ၁)

အသံဆောင်းပါး နားဆင်ရန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ခေါ်) ဒီချုပ်သည်  ၁၉၈၈-ခုနှစ် ပြည်သူလူထုကြီးတစ်ရပ်လုံးက မ-ဆ-လ စစ်အစိုးရအား တော်လှန် ဆန္ဒပြခဲ့ကြသော ပြည်သူ့အရေးတော်ပုံကြီးမှ ပေါက်ဖွါးလာသည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။   နယ်ပယ်အသီးသီးဆီ က ဆန္ဒပြသပိတ်မှောက် ဆန့်ကျင်ခဲ့ကြသူများကို အခြေခံလျက်  ၁၉၈၈-ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟူ၍ နိုင်ငံရေးပါတီတစ်ရပ်ကို စတင်ထူထောင်ခဲ့သည်။ 

သမ္ဘာရင့် ဝါရင့်ပုဂ္ဂိုလ်ကြီးများ၏ စကားဝိုင်းမှ  သုံးသပ်ချက်များကို ဆက်လက်ပြီးတင်ပြလိုက်ပါသည်။  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ခေါ်) ဒီချုပ်သည်  ၁၉၈၈-ခုနှစ် ပြည်သူလူထုကြီးတစ်ရပ်လုံးက မ-ဆ-လ စစ်အစိုးရအား တော်လှန် ဆန္ဒပြခဲ့ကြသော ပြည်သူ့အရေးတော်ပုံကြီးမှ ပေါက်ဖွါးလာသည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။ နယ်ပယ်အသီးသီးဆီ က ဆန္ဒပြသပိတ်မှောက် ဆန့်ကျင်ခဲ့ကြသူများကို အခြေခံလျက်  ၁၉၈၈-ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟူ၍ နိုင်ငံရေးပါတီတစ်ရပ်ကို စတင်ထူထောင်ခဲ့သည်။  စတင်ဖွဲ့စည်းစဥ်က အောင်-စု-တင် ဟူ၍ အတိုကောက်ခေါ်နိုင်သော ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြီးအုပ်စု၊ ဗိုလ်ချုပ်ဟောင်း ဦးတင်ဦး၏ မျိုးချစ်ရဲဘော်ဟောင်းများအုပ်စုနှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော တတ်/သိပညာရှင်များအုပ်စု ဖြင့်စတင်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ဦးအောင်ကြီး အုပ်စုခွဲထွက်သွားခဲ့သည်။ ၁၉၉၀-ပြည့်နှစ်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ပြည်လုံးကျွတ်နီးပါး အနိုင်ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ယောက်ဆိုတစ်ယောက် ထွန်း ပေါက်ခဲ့သူဟု ဆိုရမည်ဖြစ်သည်။  သမိုင်းတွင်မည့် မြန်မာအမျိုးသမီးကြီးတစ်ဦးအဖြစ် အားလုံးက လက်ခံထားခဲ့သည်။ သူမ ဦးဆောင်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထက်ပင် သူမက ပိုမိုကျော်ကြားထင်ရှား လူသိများခဲ့သည်။

စတင်ဖွဲ့စည်းစဉ်ကတည်းက အခက်အခဲမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံ၊ ရက်စက်မှုမျိုးစုံကို ခါးစည်းခံခဲ့ကြရသည်။  ဘယ်တုန်း ဘယ်အခါကမျှ မပေါ်ပေါက်ခဲ့ဖူးသော တားဆီးမှုများ၊ ရက်စက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသည်။ ပါဝင်ခဲ့ကြသော လူ ပုဂ္ဂိုလ်အလိုက် ဘဝများပေးဆပ်ခဲ့ကြရသည်။ အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ကြရသည်။  နောက်ပိုင်းတွင် နစ်နာသူများအနက် အချို့မှာ အသိအမှတ်ပြုခံခဲ့ကြရပြီး အချို့မှာမူ မေ့လျော့ထားခြင်းခံထားကြရသည်။ နိုင်ငံတကာတွင်လည်း ဒီချုပ်ကို အထူးအားပေးအားမြောက် ပြုခဲ့ကြသည်။  ခေါင်းဆောင်ဖြစ်သူ DASSK  အား ငြိမ်းချမ်းရေးနိုဘယ်ဆုကိုပင် ချီးမြှင့်ပေးခဲ့သည်။  နိုဘယ်ဆုရရှိမှုကို ထောက်ခံသည့်အတွက် ကြီးမားသည့် ပြစ်ဒဏ်ပေးမှုများကို ခံခဲ့ရသူများလည်း အမြောက်အမြားရှိခဲ့သည်။  ပြည်သူလူထု အများစုကြီးက  DASSK အား တစ်ဦးတည်းသော အားကိုးရာအဖြစ် ရာနှုန်းပြည့် ထောက်ခံခဲ့ကြသည်။ ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြောက်ခံထားကြရသော လွှတ်တော်ကိုယ်စားလှယ်များသည်လည်း လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပြည်တွင်း/ ပြည်ပ များတွင် မဆုတ် မနစ်တမ်း ရပ်ခံထားခဲ့ကြသည်။   အာဏာလွဲပြောင်းပေးရေး၊ လွှတ်တော်ခေါ်ယူပေးရေး၊ တွေ့ဆုံဆွေးနွေးရေးစသဖြင့် ကမ်းလှမ်းမှု မြောက်မြားစွာကို ကမ်းလှမ်းခဲ့သော်လည်း စစ်တပ်အစိုးရဖက်က အကြိမ်ကြိမ်ငြင်းပယ်ခဲ့သည်။

လွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPP ) ကိုလည်း တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းပြီးဆောင်ရွက်ခဲ့သေးသည်။   နှစ်ပေါင်းဆယ်ချီပြီး တိုက်ပွဲဝင်ခဲ့ရသောကြောင့် ပါတီ၏ အလုပ်အမှုဆောင်များသည်လည်း မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်တို့ဖြင့် အစားထိုးသကဲ့သို့  တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆောင်ရွက်ခဲ့ကြရသည်။  ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူများ၏ ဂရုဏာသက်မှု၊ အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။  သို့ပါသော်လည်း  ဒီချုပ်၏ အဓိကပန်းတိုင်ဖြစ်သည့်  နိုင်ငံတော်အာဏာကို ရရှိရေးမှာမူ  ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့သည်သာ။

၂၀၁၂-တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲသို့  ဒီချုပ်ပါတီ အနေဖြင့် ပြန်လည်မှတ်ပုံတင်၍  ရွေးကောက်ပွဲဝင်ရန် ဖြစ်သည်။  သာမန်အားဖြင့်  ဝမ်းမြောက်ဖွယ်သဘောတူညီချက် ဖြစ်သော်လည်း  အဆိုပါသဘောတူညီချက်၏ နောက်ဆက်တွဲ ဂယက်များမှာမူ ပြင်းထန်လှပါသည်။

DASSK ကိုယ်တိုင်ပင်လျှင် နေအိမ်အကျယ်ချုပ်ဖြင့်  တစ်ကြိမ်ပြီးတစ်ကြိမ် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရသည်။ သူမ၏ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် သေအံ့မူးမူး အခြေအနေတွင် စစ်ခေါင်းဆောင်များက အင်္ဂလန်သို့ သွားရောက် သတင်းမေးတွေ့ဆုံရန် တိုက်တွန်းခဲ့သော်လည်း  မြန်မာပြည်သို့ ပြန်လာခွင့်မရတော့မည်ကို ရိပ်စားမိပြီး သူမ၏ ဆန္ဒကိုမြိုသိပ်ကာ မသွားခဲ့ပေ။  သူမအနေဖြင့် ထိုသို့သော ဂုဏ်ပုဒ်များကြောင့် ကမ္ဘာကရော၊ မြန်မာကပါ ဂရုဏာသက်ခဲ့ကြရသည်။  ချီးမွမ်းခဲ့ကြရသည်။  သြဇာတိက္ကမ ကြီးမားခဲ့သည်။ မြန်မာနိုင်ငံတွင် တစ်ယောက်ဆိုတစ်ယောက် ထွန်း ပေါက်ခဲ့သူဟု ဆိုရမည်ဖြစ်သည်။  သမိုင်းတွင်မည့် မြန်မာအမျိုးသမီးကြီးတစ်ဦးအဖြစ် အားလုံးက လက်ခံထားခဲ့သည်။ သူမ ဦးဆောင်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထက်ပင် သူမက ပိုမိုကျော်ကြားထင်ရှား လူသိများခဲ့သည်။

သမိုင်းတကွေ့သည် ၂၀၁၂-ခုနှစ်တွင် ဘွားဘွားကြီးပေါ်ပေါက်လာခဲ့သည်။ အကျယ်ချုပ်ဘဝမှ ၂၀၁၀-နိုဝင်ဘာလတွင် ပြန်လည်လွှတ်မြောက်လာပြီးနောက် သူမသည် စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှုများ ရယူခဲ့သည်။  ၂၀၁၀-ရွေးကောက်ပွဲဖြင့် ပေါ်ပေါက်လာသော အရပ်သား အစိုးရနှင့် သဘောတူညီမှုများ ရခဲ့သည်။  ယင်းမှာ ၂၀၁၂-တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲသို့  ဒီချုပ်ပါတီ အနေဖြင့် ပြန်လည်မှတ်ပုံတင်၍  ရွေးကောက်ပွဲဝင်ရန် ဖြစ်သည်။  သာမန်အားဖြင့် ဝမ်းမြောက်ဖွယ်သဘောတူညီချက် ဖြစ်သော်လည်း အဆိုပါသဘောတူညီချက်၏ နောက်ဆက်တွဲ ဂယက်များမှာမူ ပြင်းထန်လှပါသည်။

၁၉၉၀-ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် နှစ်ပေါင်း (၂၂) နှစ်တိုင်တိုင် တောင့်ခံခဲ့ကြသော ကိုယ်စားလှယ်များအဖို့ ဆက်လက်ရပ်တည်ရန်မှာ မဖြစ်နိုင်တော့ဘဲ အထက်ဖေါ်ပြပါ သဘောတူညီချက်ကြောင့် အဆုံးသတ်သွားကြရသည်။  ပြည်ပတွင်ဖွဲ့စည်း လှုပ်ရှားနေကြသော NCGUP, NLD/LA အစရှိသော အဖွဲ့အစည်းများ လည်း အလိုအလျောက် လမ်းစပျောက်ခဲ့ကြရသည်။ ပြည်တွင်းရှိ အခြားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၏ ၂၀၀၈-အခြေခံ ဥပဒေ ဆန့်ကျင်ရေး လှုပ်ရှားမှုများသည်လည်း  အဓိပ္ပါယ်မဲ့သွားကြရသည်။  အဆိုးဆုံးကား အဓိက အတိုက်အခံပါတီကြီးက ၂၀၀၈-အခြေခံ ဥပဒေအား ဝန်မခံသော်လည်း  အလိုအလျောက် လက်ခံလိုက်သကဲ့သို့ ဖြစ်သွားခြင်းပင် ဖြစ်သည်။  စစ်အစိုးရအတွက် အလွန်ကြီးမားသော အောင်မြင်မှုတစ်ခု ဆိုလျှင် ငြင်းပယ်နိုင်မည် မဟုတ်ပါ။

ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် သေအံ့မူးမူး အခြေအနေတွင် စစ်ခေါင်းဆောင်များက အင်္ဂလန်သို့ သွားရောက် သတင်းမေးတွေ့ဆုံရန် တိုက်တွန်းခဲ့သော်လည်း  မြန်မာပြည်သို့ ပြန်လာခွင့်မရတော့မည်ကို ရိပ်စားမိပြီး သူမ၏ ဆန္ဒကိုမြိုသိပ်ကာ မသွားခဲ့ပေ။  သူမအနေဖြင့် ထိုသို့သော ဂုဏ်ပုဒ်များကြောင့် ကမ္ဘာကရော ၊ မြန်မာကပါ ဂရုဏာသက် ခဲ့ကြရသည်။  ချီးမွမ်းခဲ့ကြရသည်။  သြဇာတိက္ကမ ကြီးမားခဲ့သည်။  မြန်မာနိုင်ငံတွင် တစ်ယောက်ဆိုတစ်ယောက် ထွန်း ပေါက်ခဲ့သူဟု ဆိုရမည်ဖြစ်သည်။  သမိုင်းတွင်မည့် မြန်မာအမျိုးသမီးကြီးတစ်ဦးအဖြစ် အားလုံးက လက်ခံထားခဲ့သည်။ သူမ ဦးဆောင်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထက်ပင် သူမက ပိုမိုကျော်ကြားထင်ရှား လူသိများခဲ့သည်။

၂၀၁၂- ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းဖြင့် ၂၀၀၈-အခြေခံ ဥပဒေအောက်သို့ ခေါင်းငုံ့လျှိုဝင်သွား သည်ဟု စွပ်စွဲလျှင် ဝန်ခံရမည်သာ။ သို့သော် ဒီချုပ်အဖွဲ့ဝင်များကမူ ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းသည် ၂၀၀၈- ခြေဥအား အတွင်းသို့ဝင်၍ ပြင်ဆင်ခြင်းပရိယာယ်ဖြစ်သည့်အတွက် အလျော့ပေးခြင်းမဟုတ်- ဟု ခုခံကာကွယ်ပြောကြားခဲ့ ကြသည်။ အနိုင်ရခဲ့ပြီးသည့်နောက် လွှတ်တော်တွင်းသို့ ပထမဆုံးဝင်ရောက်ခြင်းနေ့တွင်ပင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကျမ်းသစ္စာ  ကျိန်ဆိုရာတွင် ၂၀၀၈- အခြေခံ ဥပဒေအား လိုက်နာစောင့်ထိန်းပါ့မည် ဟူသော ကျမ်းကျိန်စာသားကို ရွက်ဆို ကျမ်းကျိန် ခဲ့ရသည်ကိုတော့ ဒီချုပ်အဖွဲ့ဝင်များအနေဖြင့် ခုခံနိုင်ခဲ့ခြင်း မရှိတော့ပေ။

ပြည်ပရောက် ပုဂ္ဂိုလ်တစ်ဦးချင်းသည်၎င်း ၊ နိုင်ငံရေး အဖွဲ့အစည်းများသည်၎င်း လမ်းပျောက်ကုန်ကြပြီး အချို့မှာပြည် တွင်းသို့ ပြန်လာရန် ကြိုးပမ်းခဲ့ကြသည်။ အချို့မှာ နိုင်ငံရေးလောကအား စွန့်ခွါသွားကြသည်။  လွှတ်တွင်းသို့ ရောက်သွား ခဲ့သော ဒီချုပ်ခေါင်းဆောင်ကြီးများ၏  “ အနစ်နာခံခဲ့ကြတာကို လာမပြောနဲ “ ၊  “ သစ်ပင်ခုတ်တုန်းကတော့ သစ်ခုတ် သမားလိုခဲ့ပေမဲ့ အခုပန်းပုထုတဲ့ကာလမှာ သတ်ခုတ်သမားကို မလိုတော့ “ ဟူသော အဓိပ္ပါယ်မျိုးသက်ရောက်သည့် စကားများကြောင့် ဒီချုပ်ပါတီဝင်အချို့နှင့်  အနစ်နာခံ ဝန်းရံခဲ့ကြသူများ အသည်းကွဲခဲ့ကြရသည်။

အဆိုပါ သဘောထား ခံယူချက်များ ပြောင်းလဲသွားမှုမှာ ၂၀၁၅-ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သောကာလ၏ နောက်ပိုင်းတွင် ပိုမိုပေါ်လွင် လာခဲ့သည်။  ၂၀၁၂-၂၀၁၅  ကာလတုန်းကလို မဟုတ်တော့ဘဲ ကိုယ် တိုင် အစိုးရဖွဲ့ နိုင်ပြီဖြစ်သဖြင့်  ရာထူးလိုသူများဖြင့် ဝိုင်းဝိုင်းလည်နေခဲ့သည်။  ခက်ခဲပင်ပန်းစွာ ရုန်းကန်ခဲ့ရစဉ်က လူပုဂ္ဂိုလ်များ အနားမကပ်နိုင်တော့ဘဲ  ဘေးထွက်ထိုင်ကြရသည်။  ထပ်ပြီး အသည်းကွဲကြရသည်။

ယင်းမှာ ၂၀၁၂-တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲသို့  ဒီချုပ်ပါတီ အနေဖြင့် ပြန်လည်မှတ်ပုံတင်၍  ရွေးကောက်ပွဲဝင်ရန် ဖြစ်သည်။  သာမန်အားဖြင့်  ဝမ်းမြောက်ဖွယ်သဘောတူညီချက် ဖြစ်သော်လည်း  အဆိုပါသဘောတူညီချက်၏ နောက်ဆက်တွဲ ဂယက်များမှာမူ ပြင်းထန်လှပါသည်။

နောက်ကြောင်း အနည်းငယ်ပြန်ဖို့ လိုပါသည်။  ၂၀၁၂- ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန် ပါတီကို ပြန်လည်ဖွဲ့စည်းစဉ်က အမှားတချို့ကို လုပ်ခဲ့မိသည်။ ပါတီပြန်လည်ဖွဲ့စည်းရေး ပါတီဝင်များကို လက်ခံသောအခါ လူသစ်လူဟောင်း သတ်မှတ် ချက်များမထားခဲ့ဘဲ  လူသစ်လူဟောင်းများအားလုံးကို တပြေးထဲ လက်ခံခဲ့ကြသည်။  ထိုစဥ်အခါက ဒီချုပ်သည်လည်း လွှတ်တော်ထဲသို့ ဝင်ရောက်နေပြီဖြစ်သောကြောင့်  စစ်တပ်၏အန္တရာယ် လျော့ပါးလာသည်ကို အကွက်မြင်ကြသော လူများက ပါတီထဲသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။ အချို့ဆိုလျှင် အုပ်စုဖွဲ့၍ ဝင်လာကြသည်။  ထိုအခါ နှစ်ပေါင်းများစွာ စားရမဲ့သောက်ရမဲ့ စီးပွါးပျက်ခံပြီး လုပ်ကိုင်လာကြသော ပါတီဝင်များသည် ပါတီထဲတွင် လူနည်းစုများ ဖြစ်သွားကြသည်။  မြို့နယ်အလိုက် အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ကြသောအခါ နှစ်ဆယ်ချီအနစ်နာခံခဲ့ကြ သူများက ငွေကြေးလည်းမတတ်နိုင်တော့ လူနည်းစုလည်းဖြစ်ပြန်သောအခါ မြို့နယ်ခေါင်းဆောင်နေရာများမှ ဖယ်ပေးခဲ့ ကြရပြီး နောက်ဝင်လာသည့် ရွှေကြာပင်များက နေရာရလာကြသည်။  ထိုကဲ့သို့ အဆင့်ဆင့် ရွေးချယ်ခဲ့ကြပြီး ပြည်လုံး ကျွတ်ညီလာခံ ကျင်းပသည့် ( တော်ဝင်နှင်းဆီ ) ခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင် ရွေးချယ်ကြသည့် အနေအထား သို့ရောက်လာပါသည်။  အတွင်းသတင်းများအရ  DASSK  သည်ပင်လျှင် ဥက္ကဌ ဖြစ်လာရန် မသေချာတော့သည့် အနေအထားဖြစ်လာသည်။  ကြံရာမရဖြစ်နေကြစဥ် ဝါရင့်ခေါင်းဆောင် ဦးလှဖေ၏ ဖဆပလ အတွေ့အကြုံကိုရယူပြီး ပထမ ဆုံးပါတီဥက္ကဌကို ရွေးချယ်ခဲ့ကြရသည်။  ဒါကတော့ ရှင်းပါသည်။ တစ်ဦးချင်းအနေဖြင့် DASSK အားမည်သူမျှ ယှဉ်ပြိုင်ကြမည်မဟုတ်သောကြောင့် DASSK  ဥက္ကဌ ဖြစ်လာပါသည်။ ဥက္ကဌက ဗဟိုအလုပ်အမှုဆောင် အမည်စာရင်းကို ပြုစု၍ ညီလာခံသို့ တင်သွင်းသောအခါမှ ဖြစ်သင့်ဖြစ်ထိုက်သည့် CEC  များကို ရွေးချယ်နိုင်ခဲ့သည်။  ဤနည်းဖြင့် ပန်းခင်းလမ်း ရောက်လာခါမှ အစဥ်အလာ မရှိဘဲ ခေါင်းဆောင်ဝင်လုပ်မည့်သူများ၏ ဘေးရန်မှ လွတ်မြောက်ခဲ့ရသည်။ အဆိုပါ အချက်သည် အရေးကြီးပါသည်။  မကွယ်မဝှက်တမ်းပြောရလျှင် ၂၀၁၅-နှင် ၂၀၂၀- ခုနှစ်များတွင် ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များတွင် အထင်အရှားတွေ့နိုင်ပါသည်။   DASSK ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်များကို အင်္ဂလိပ် စာသင်ခိုင်း၊ အမှိုက်ကောက်ခိုင်းခဲ့သည့်အချက်ကို ပြန်သတိပြုမိကြမည် ထင်ပါသည်။

၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြောက်ခံထားကြရသော လွှတ်တော်ကိုယ်စားလှယ်များသည်လည်း လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပြည်တွင်း/ ပြည်ပများတွင် မဆုတ် မနစ်တမ်း ရပ်ခံထားခဲ့ကြသည်။   အာဏာလွဲပြောင်းပေးရေး၊ လွှတ်တော်ခေါ်ယူပေးရေး၊ တွေ့ဆုံဆွေးနွေးရေး စသဖြင့် ကမ်းလှမ်းမှု မြောက်မြားစွာကို ကမ်းလှမ်းခဲ့သော်လည်း စစ်တပ်အစိုးရဖက်က အကြိမ်ကြိမ်ငြင်းပယ်ခဲ့သည်။

(အပိုင်း – ၂ ဆက်လက်ဖတ်ရှုပါရန်)

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)