အသံဆောင်းပါး နားဆင်ရန်
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအများစုကို စစ်တပ်က အဓိက ကျူးလွန်ပါတယ်။ စစ်တပ်ဟာ ပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့ တိုင်းရင်းသားလူနည်းစု ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်တခုအဖြစ် သုံးနေခဲ့သည်မှာ နှစ်ပေါင်းကာလကြာရှည်ခဲ့ပြီဖြစ်တယ်။ စစ်တပ်လို့ဆိုပေမဲ့ တပ်မတော်၏ညီငယ်လို့ သတ်မှတ်ထားတဲ့ ရဲတပ်ဖွဲ့၊ စစ်တပ်ရဲ့ တခြားသော လက်ဝေခံ အဖွဲ့တွေဖြစ်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေလည်း ပါဝင်တယ်။
ပဋိပက္ခတခုဖြစ်လာရင် ပဋိက္ခနှင့်တွဲဖက်ပြီးတော့ အကြမ်းဖက်မှုများ ပေါ်ပေါက်လာလေ့ရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ ပဋိပက္ခနဲ့ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မဖြစ်သည့်တိုင် ပဋိပက္ခရဲ့ မြေစာပင် (victim) ဖြစ်နေလေ့ရှိပါတယ်။ မြန်မာနိုင်ငံလို ပြည်တွင်းစစ် အရှည်ကြာဆုံးနှင့် စစ်အာဏာရှင်အစဉ်ဆက်စိုးမိုးရာ နိုင်ငံမျိုးကတော့ ပဋိက္ခနဲ့ဆက်စပ်တဲ့ လိင်အကြမ်းဖက်မှုများကို ကောင်းစွာရှင်သန်စေနိုင်တဲ့ ရေခံမြေခံဖြစ်နေပါတယ်။
United Nations ရဲ့ အဓိပွါယ်ဖွင့်ဆိုချက်အရ ပဋိက္ခနဲ့စပ်ဆက်တဲ့ လိင်အကြမ်းမှု (Conflict Related Sexual Violence-CSRV) ဆိုသည်မှာ ပဋိပက္ခတစ်ခုနဲ့ တိုက်ရိုက်၍ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်နွယ်မှုရှိသည့် အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးများနှင့် ယောက်ျားလေးများအပေါ်မှာ ကျူးလွန်သည့် လိင်အကြမ်း ဖက်မှုပုံစံတွေဖြစ်ပြီး မုဒိမ်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ အတင်းအကြပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ အတင်းအကြပ် ကိုယ်ဝန်ဆောင်စေခြင်း၊ အတင်းအကြပ် ကိုယ်ဝန်ဖျက်ချခြင်း၊ အတင်းအကြပ်သားကြောဖြတ်ခြင်း၊ အတင်းအကြပ် လက်ထပ်ထိမ်းမြားခြင်းနဲ့ အခြားသော အလားတူကြီးလေးသည့် လိင်အကြမ်းဖက်မှုတွေ ပါဝင်ပါတယ်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်သူများမှာ လက်နက်ကိုင်ဆောင်သောသူတွေနဲ့၊ ၎င်းတို့နဲ့ ဆက်စပ်နေတဲ့ ပြည်သူ့စစ်များနဲ့ ရာဇ၀တ်ဂိုဏ်းတွေပါ ပါ၀င်တယ်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခံရမှုဟာ နေရာတိုင်းမှာ ကြုံတွေ့နိုင်ပါတယ်။ ဥပမာ – ထိန်းသိမ်းခံနေရာများ၊ ထိန်းသိမ်းခံနေရာများဆီကို ခေါ်သွားသည့်အခါ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အခြေစိုက်နေရာများ (သို့မဟုတ်) အရပ်ဘက် ပြည်သူများ နေထိုင်ရာ ရပ်ရွာ၊ နေရာတွေမှာလည်း ကြုံတွေ့ဖြစ်ပွားနိုင်ပါတယ်။
လိင်အကြမ်းဖက်မှုတခုကို ပဋိပက္ခနဲ့ ဆက်နွယ်သော လိင်အကြမ်းဖက်မှု ဟုတ်၊မဟုတ် ဆုံးဖြတ်ရာမှာ အဓိကစည်းမျည်း(Key principle) ၃ ချက်နဲ့ စဉ်းစားနိုင်ပါတယ်။ ၎င်းတို့မှာ-
- ယာယီဆက်နွယ်မှု – လိင်အကြမ်းဖက်မှုသည် ပဋိပက္ခကာလနှင့် ဆက်နွယ်နေခြင်း (ဥပမာ- လက်နက်ကိုင် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဖြစ်ပွါးခြင်း)။
- ပထဝီအနေအထားအရ ဆက်နွယ်မှု – လိင်အကြမ်းဖက်မှုသည် ပဋိပက္ခ သက်ရောက်မှုရှိရာ ဒေသတွင်ဖြစ်ပွါးခြင်း (ဥပမာ- စစ်ပွဲဖြစ်ရာဒေသ သို့မဟုတ် ပဋိပက္ခရဲ့ သက်ရောက်မှု ခံရသောဒေသမှာ လိင်အကြမ်းဖက်မှုဖြစ်ပွါးခြင်း)။
- မထင်မှတ်သော ဆက်နွယ်မှု – လူများရွှေ့ပြောင်းခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပဋိပက္ခအခြေအနေများကြောင့် ပဋိပက္ခမဖြစ်ပွားမီအခြေအနေတွင်ရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပွားနိုင်ချေကို အတိုင်းအတာတခုသို့ ဆိုးရွားစေခြင်းတို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိက္ခနဲ့ဆက်စပ်ပြီး လိင်အကြမ်းမှုတွေ ဖြစ်ပွားနေတာ ဆယ်စုနှစ်များစွာကြာပါပြီ။ နစ်နာသူတွေဟာဆိုရင် အမျိုးသမီးအများစုဖြစ်ပြီး အမျိုးသားတွေနဲ့ LGBTQ+ တွေလည်း ပါဝင်နေ ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအများစုကို စစ်တပ်က အဓိက ကျူးလွန်ပါတယ်။ စစ်တပ်ဟာ ပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့ တိုင်းရင်းသားလူနည်းစု ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်တခုအဖြစ် သုံးနေခဲ့သည်မှာ နှစ်ပေါင်းကာလကြာရှည်ခဲ့ပြီဖြစ်တယ်။ စစ်တပ်လို့ဆိုပေမဲ့ တပ်မတော်၏ညီငယ်လို့ သတ်မှတ်ထားတဲ့ ရဲတပ်ဖွဲ့၊ စစ်တပ်ရဲ့ တခြားသော လက်ဝေခံ အဖွဲ့တွေဖြစ်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေလည်း ပါဝင်တယ်။ စစ်တပ်ဟာ ဒီနည်းလမ်းနဲ့ လူထုအပေါ် အကြောက်တရား ရိုက်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှစ၍ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ဆိုင်ရာ ရောမစာချုပ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်၊ ပျံ့ပွားစေခြင်းအား လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
မုဒိမ်းမှုလိုမျိူး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရသူတွေအများစုကတော့ ကျူးလွန်ခံရ ပြီးနောက် အသတ်ခံရလေ့ရှိတယ်။ ကံကောင်းထောက်မစွာနဲ့ အသက်မသေဘဲ လွတ်မြောက်လာသူ တွေကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာတာရှည် ဒဏ်ရာတွေ ရလေ့ရှိပါတယ်။ ဒီလို ကျူးလွန်မှုတွေက ကျူးလွန်ခံရတဲ့သူတွေပေါ်မှာသာမက ကျူးလွန်ခံရသူရဲ့ မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အပေါ်မှာပါ လူမှုစီးပွား (socio economic) ဆိုးကျိုးသက်ရောက်ချက်တွေလည်း အများကြီးရှိပါတယ်။
ပဋိပက္ခတခုဖြစ်လာရင် ပဋိက္ခနှင့်တွဲဖက်ပြီးတော့ အကြမ်းဖက်မှုများ ပေါ်ပေါက်လာလေ့ရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ ပဋိပက္ခနဲ့ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မဖြစ်သည့်တိုင် ပဋိပက္ခရဲ့ မြေစာပင် (victim) ဖြစ်နေလေ့ရှိပါတယ်။ မြန်မာနိုင်ငံလို ပြည်တွင်းစစ် အရှည်ကြာဆုံးနှင့် စစ်အာဏာရှင်အစဉ်ဆက်စိုးမိုးရာ နိုင်ငံမျိုးကတော့ ပဋိက္ခနဲ့ဆက်စပ်တဲ့ လိင်အကြမ်းဖက်မှုများကို ကောင်းစွာရှင်သန်စေနိုင်တဲ့ ရေခံမြေခံဖြစ်နေပါတယ်။
ဖုံးဖိမရနိုင်ခဲ့သော သမိုင်းတွင် ကျုးလွန်မှု
စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်စွာ ကျုးလွန်မှုတွေက နိုင်ငံတကာထိအာရုံစိုက်စရာ ဖြစ်လာခဲ့ ပါတယ်။ စစ်တပ်ဟာ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်ကာလတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို နယ်မြေရှင်းလင်း စစ်ဆင်ရေးလုပ်ခဲ့ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုန်းစေချင်သော ရည်ရွယ်ချက် (genocidal intent)နဲ့ တခြားသော တိုင်းရင်းသားဒေသတွေမှာ ကျုးလွန်ခဲ့တဲ့ ပုံစံအတိုင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် လူမျိူးတုံးသတ်ဖြတ်မှုတွေ ပြုခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်များကို သတ်ဖြတ်ခြင်း၊ မျိုးဆက်ပွါးနိုင်သော အရွယ်ရောက်ပြီးသား မိန်းကလေးများကို စနစ်တကျရွေးချယ်ပြီး အဓမ္မပြုကျင့်ခြင်း၊ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစ ကလေးများကို တိုက်ခိုက်ခြင်း၊ မျိုးပွါးအင်္ဂါများကို ဖြတ်တောက်ခြင်း၊ ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိတော့နိုင်သည်အထိဖြစ်စေရန် ပြင်းထန်စွာဒဏ်ရာရစေခြင်း စသည့်လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်တဲ့ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ကျူးလွန်မှုတွေကိုစုံစမ်းဖို့နဲ့ အချက်အလက်တွေစုဆောင်းဖို့
မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Independent International Fact-Finding mission on Myanmar IIFFM) ကိုဖွဲ့စည်းခဲ့ပါတယ်။ IIFFM ရဲ့ ၂၀၁၉ အစီအရင်ခံစာမှာဆိုရင် တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်တခုအဖြစ်အသုံးပြုကာ တိုင်းရင်းသားနဲ့ လူနည်းစု အမျိုးသမီးများအပေါ် ၂၀၁၁ ခုနှစ်မှစ၍ ကျူးလွန်ခဲ့ကြောင်း’ဖော်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့စစ်တပ်က တိုင်းရင်းသားလူနည်းစု အမျိုးသမီးများ၊ မိန်းကလေးများ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်ဆင်သူများ၊ အမျိုးသားများနှင့် ယောက်ကျားလေးများအပေါ်တွင် လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊မအခြေပြု အကြမ်းဖက်မှုများကို ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခတွေမှာ ထင်ရှားစွာကျုးလွန်လျက်ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒီအချက်အလက်တွေက စုဆောင်းရရှိပြီး ကမ္ဘာ့စာမျက်နှာပေါ် ရောက်လာတဲ့ အချက်အလက်တွေသာဖြစ်ပြီး လူမသိသူမသိ ကျုးလွန်ခံရမှုအများအပြားလည်း ရှိနေနိုင်ပါသေးတယ်။
အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပဋိပက္ခနှင့် ဆက်စပ်သော လိင်အကြမ်းဖက်မှု ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးက အစီရင်ခံစာတခု ထုတ်ပြန်ထားပါတယ်။အဲဒီအစီရင်ခံစာထဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်တခုဖြစ် အသုံးပြုခဲ့ကြောင်း၊ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြားဖြစ်ပွားတဲ့ ပဋိက္ခတွေထဲမှာ လိင်အကြမ်းဖက်မှုတွေက သိသိသာသာ များပြားလာကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတကာဥပဒေများကို မထီမဲ့မြင်ပြုခြင်း
မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့အားလျော်စွာ နိုင်ငံတကာ ကွန်ဗင်းရှင်းများနဲ့ နိုင်ငံတကာသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ သဘောတူစာချုပ်တွေထဲမှာ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပုံစံ အားလုံးပပျောက်ရေး သဘောတူစာချုပ် (CEDAW) နဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်စာချုပ် (CRC) လိုမျိုး ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကာကွယ်ပေးတဲ့ နိုင်ငံတကာလူ့အခွင့်အရေး သဘောတူစာချုပ်တွေလည်း ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်နဲ့ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တို့က ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲ ကြေညာချက် Joint Communique ကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထို ပူးတွဲချက်အရဆိုရလျှင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးမှာ မြန်မာနိုင်ငံ အတွင်းရှိ လက်နက်ကိုင် အဖွဲ့များအားလုံးမှာ တာဝန်ရှိပါတယ်။ ပူးတွဲကြေညာချက်ပါ အကြောင်းအရာများနှင့် စပ်လျဉ်းပြီးတော့ လုပ်ငန်းစီမံချက်ရေးဆွဲရန်နဲ့ လုပ်ငန်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရန် အတွက် NLDအစိုးရ လက်ထက်မှာ အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီနဲ့ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
အာဏာသိမ်းပြီး များမကြာမီ SAC က ၂၀၂၁ ခုနှစ်၊ မတ်လမှာ သူတို့အလိုကျ ခန့်အပ်ထားတဲ့သူတွေနဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပဋိပက္ခနှင့် ဆက်စပ်သော လိင်အကြမ်းဖက်မှု ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးက အစီရင်ခံစာတခု ထုတ်ပြန်ထားပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်တခုဖြစ် အသုံးပြုခဲ့ကြောင်း၊ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြားဖြစ်ပွားတဲ့ ပဋိက္ခတွေထဲမှာ လိင်အကြမ်းဖက်မှုတွေက သိသိသာသာ များပြားလာကြောင်း ဖော်ပြထားပါတယ်။
SAC ဘက်ကတော့ အစီရင်ခံစာက ဖော်ပြထားချက်ကို ယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ မြန်မာနိုင်ငံကို နိုင်ငံရေးအခြေခံပြီး သိက္ခာချရန်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ “တပ်မတော်သားများအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် ပြစ်မှုများ မကျူးလွန်စေရန် အရပ်ဘက်ဥပဒေအပြင်စစ်ဘက်ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရကြောင်း၊ ပြစ်မှုကျူးလွန်ကြောင်း ဖော်ထုတ်တွေ့ရှိပါကလည်း ပြင်းထန်ထိရောက်စွာ အရေးယူ အပြစ်ပေးလျက်ရှိပြီး အဓမ္မပြုကျင့် လူသတ်မှု ကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ်အထိ ချမှတ် ဆောင်ရွက်လျက်ရှိသည်” ဟု၍လည်း ပြန်လည်ချေပ ထုတ်ပြန်ထားပါတယ်။ SAC အနေနဲ့ လုံခြုံမှုပေးရမည့် လိင်ပိုင်းအကြမ်းဖက်ခံရသူတွေကို တစ်နေရာတည်းမှာ ဝန်ဆောင်မှုပေးတဲ့ စင်တာ (One Stop Women Support Center-OSWSC) တွေကို ပြည်နယ်နှင့်တိုင်းဒေသကြီး (၆)ခုမှာ ဖွင့်လှစ်ထားရှိပြီး လက်ခံစောင့်ရှောက် ကာကွယ်ပေးလျက်ရှိတယ်လို့ ဆိုပြီး အရှိန်အဟုန်ဖြင့် ကြိုးစားနေကြောင်းကို ၎င်းတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါတွေက သူတို့ရဲ့ ခေတ် အဆက်ဆက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ ဟန်ပြ လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မရှိသ၍ စစ်ကောင်စီကလည်း အကြမ်းဖက်လုပ်ရပ်တွေကို မြေပြင်မှာရပ်တန့်ခြင်းမရှိဘဲ တပွဲတိုး ဟန်ပြအလုပ်တွေနဲ့သာ နိုင်ငံတကာကို ချွေးသိပ်ဖို့ ဆတ်လက်ကြိုးစားနေပါလိမ့်မယ်။
(မြန်မာပြည်၏ လက်နက်ကိုင်ပဋိပက္ခများထဲမှ မတားဆီးနိုင်သေးသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (အပိုင်း – ၂) အား ဆက်လက် ဖတ်ရှုပါရန်)
Zynn
ရည်ညွှန်းကိုးကားများ
- ၂၀၂၃ ခုနှစ် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ပူးတွဲထုတ်ပြန် ကြေငြာချက် – အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီကာကွယ်ရေး(PoVAW) အဆိုပြုဥပဒေအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာနှင့် အဓိကကျသည့်အကြောင်းအရာပိုင်းဆိုင်ရာ အကြုံပြုချက်များ – အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)
- ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း-နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ
- ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့် ကော်မတီ၏ ထုတ်ပြန်ချက်
- အမျိုးသမီးများအကြမ်းဖက်ခံရမှု ဥပဒေအရ ကာကွယ်ပေးဖို့ အစိုးရ ပျက်ကွက်-မေခ
- မြန်မာနိုင်ငံရှိ UNFPA မြန်မာနှင့် အတူ ကနေဒါ၊ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံ အစိုးရတို့မှ တရားဝင် ထုတ်ပြန်ချက် (၂၀၂၁)
- 2008 Constitution of Myanmar
- Conflict-related sexual violence- United Nations Secretary-General
- Gender-based violence during the Khmer Rouge Regime stories of survivors from the Democratic Kampuchea(1975-1979) – Nakagawa Kasumi
- Joint communique of the Republic of the Union of Myanmar and the United Nations on prevention and response to conflict-related sexual violence (7/Dec/2018)
- Myanmar armed resistance group members accused of rape and murder – Maung Shwe Wah
- Preventing Gender-Based Violence in Myanmar-Cate Buchanan
- Sexual and gender-based violence in Myanmar and the gendered impact of its ethnic conflict- Human Rights Council
- The Handbook for United Nations Field Missions on Preventing and Responding to Conflict-Related Sexual Violence
- Two Years After the Attempted Coup: Recommendations for Burma – GIWPS
- UN Fact-Finding Mission on Myanmar Calls for Justice
- UNHEARD VOICES: Qualitative Research on Conflict-Related Sexual Violence in Myanmar (2016-2021)