အယ်ဒီတာ့အာဘော်

2022 August 2

နိုင်ငံရေးကြိုးစင်ပေါ် စိတ်လိုလက်ရ တက်သွားတဲ့ စကစ

ဇူလိုင်လ (၂၅) ရက်နေ့မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို စီရင်လိုက်တဲ့ အကြောင်း မြန်မာအာဏာပိုင်တွေက နိုင်ငံပိုင် သတင်းစာ တွေကနေတဆင့် ကြေငြာလိုက်ပါတယ်။

အဲဒီကြေငြာချက် ထုတ်ပြန်အပြီးမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်း အားလုံးနဲ့ ပြည်တွင်းက ပြည်သူတွေရဲ့ ရှုတ်ချမှုကို စစ်ကောင်စီ အနေနဲ့ လှလှကြီး ခံခဲ့ရပြီး တနည်းအားဖြင့် လူတကာ တံတွေးခွက်မှာ ရေစုန်ထပ်မျော သွားရပြန်ပြီ ဖြစ်ပါတယ်။

စကစ အနေဖြင့် ယခုကဲ့သို့ ရက်စက်ပြလိုက်ခြင်း အားဖြင့် လူထုအနေနဲ့ ကြောက်ရွံ့တုန်လှုပ်ပြီး ဆန့်ကျင်တာတွေ လျော့သွားမည်ဟု တွေးထင်ထားပုံ ရပြီး ဒီယူဆချက်ဟာ သူတို့ရဲ့ ရွှေ့ကွက်အမှားတခုကို ထပ်မံ ကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။

အထင်ရှားဆုံး သာဓက အနေဖြင့် ကုလ၏ ပြစ်တင်ရှုတ်ချကြောင်းထုတ်ပြန်ချက်တွင် ၎င်းတို့၏ နိုင်ငံရေးအရ အားကိုးအားထားရာ တရုတ်နှင့် ရုရှတို့ကပါ မကန့်ကွက်ခဲ့ကြပဲ ပူးပေါင်းလက်မှတ် ထိုးခဲ့ကြတာကို ကြည့်ရင် သိသာနိုင်ပါတယ်။

ထို့အပြင် အာဆီယံ ကလည်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပြီး နိုင်ငံရေးအရ ဆွေးနွေးမှုလမ်းကြောင်းကို ဆန့်ကျင်ခဲ့တာကြောင့် စကစတို့ရဲ့ နိုင်ငံရေးအရ ထွက်ပေါက်ဟာ ချောင်ပိတ်မိတာ မဟုတ်ပဲ သူတို့ကိုတိုင် ချောင်ထဲကို ခွေးတကောင်လို တိုးဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုရလျှင် နိုင်ငံ‌ရေးအရ ထွက်ပေါက်မဲ့လမ်းကို စိတ်ပါလက်ပါ သူတို့ကိုယ်တိုင် အရောက် သွားခဲ့တာဖြစ်ပြီး နိုင်ငံရေး ကြိုးစင်ကို တက်ပြီး ဆွဲကြိုးချ သေကြောင်းကြံစည်တာ ဖြစ်တယ်ဆိုတာ မဝေးတော့တဲ့ အနာဂတ်မှာ တွေ့မြင်ရတော့မှာ ဖြစ်ကြောင်း LAMP အဖွဲ့သားများမှ မမှိတ်မသုံ ယုံကြည်မိပါတယ်။

 အယ်ဒီတာ

                                                                                                                                  ဩဂုတ်