အယ်ဒီတာ့အာဘော်

2022 July 1

ဂျူလိုင် (ဇူလှိုင်)လ၏ အဖြစ်ပျက်တို့က မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် အမှတ်တရရှိလှသည်၊၊ သခင်အောင်ဆန်းနှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များ လုပ်ကြံခံရသည်မှာလည်း သည်လ။ စစ်အာဏာရှင် ဗိုလ်နေဝင်းက ကျောင်းသားထု၏ သွေးကိုအဓိပတိလမ်းမပေါ်  စီးကျစေခဲ့သည်မှာလည်း သည်လ။ သမိုင်းအစဉ်အလာ ကြီးမားသည့် သမဂ္ဂအဆောက်အအုံကြီးကို သည်လ (၇)ရက်နေ့မှာ မှိုင်းခွဲဖြိုဖျက်ခဲ့သည်မှာလည်း ယနေ့အတိုင် တရားခံမပေါ်သေး။ စစ်အာဏာရှင်တို့မည်သည်လည်း ၎င်းတို့၏ ရက်စက်မှုအတွက် ဘယ်တော့မှ ဝန်ခံလေ့မရှိကြသည်မှာ ယနေ့ကာလတိုင်ပင် ဖြစ်သည်။ ၎င်းတို့ကို ဆန့်ကျင်လျှင် လူ၊ ရဟန်း၊ ကျောင်းသား၊ ကလေးမရှောင် သနားညှာတာကင်းစွာဖြင့် သတ်ပစ်ရန် ဝန်မလေးတတ်ကြ၊ သမဂ္ဂအဆောက်အအုံကဲ့သို့ ဖြိုဖျက်ရန် သမိုင်းကြောင်းကို ဖုံးကွယ်ရန် ဝန်မလေးတတ်ကြ။ ”နိုင်ငံတော်ကိုကယ်တင်ရန်” အထက်အမိန့်အရ ဟူသော စကားရပ်တို့က ၎င်းတို့ စစ်သင်တန်းကျောင်းကတည်းက တခုပ်တရ သင်ယူခဲ့ကြပုံရသည်။ ဤမူ၊အကျင့်တို့ကို အာဏာရှင်မျိုးဆက်တို့ အစဥ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်နေဆဲပင် ဖြစ်သည်။ ဤသို့ပင် ဆဲဗင်းဂျူလိုင်ဆိုသည့် နာကျည်းဖွယ် အတိတ်၏ အရိပ်တို့ကလည်း မုန်သုန်၏ တိမ်တိုက်တို့နှင့်အတူ ချိန်ခါမှီ ရောက်လာစမြဲပင်ဖြစ်သည်။                                                                                                                                      

အယ်ဒီတာ

                                                                                                                                         ဂျူလှိုင်